Subscribe to our RSS Feed

နာမည်ကြီးချင်ရင် ဥပဒေကို ဆန့်ကျင်လုပ်



Myanmar Express

War Front & Home Front



Myanmar Express

အစိုးရအတိုက်အခံအဖွဲ့အစည်းများတွင် ဂေး များ အများအပြား ရှိနေ (ပေးစာ - ၂၁)



ဒီဆယ်စုနှစ်အတွင်းရန်ကုန်မြို့မှာလ္လိင်တူဆက်ဆံမှုတွေ တော်တော့ကိုတိုးတက်များပြားလာတာတွေ့ရပါတယ်။ ယောင်္ကျားချင်းချစ်ကြပြိးမိဘအိမ်ကဆင်းလာပြိး
တစ်အိုးတစ်အိမ်ထူထောင်တာတွေလဲတွေ့ရပါတယ်။ မိန်းမပုံ ၀တ်ထားတဲ့ ယောင်္ကျားနဲ့ ယောင်္ကျားပီ ပီ သသ ပုံယောင်္ကျားယူတာမျိုး ထက် ကျနော်ဆို လို တာ ယောင်္ကျားပီပီ သသ ပုံ ၂ယောက် ယူကြတာကို ပြောတာပါ။ မသိရင် တော့ ညီ အကို လား၊တူ အရီးလား၊သားအဖလား၊ ဆရာ တပည့် လား ၊သူ ငယ် ချင်းတွေ လားပေါ့ ။ သိရင်တော့ “လုပ်ဘော်ကိုင်ဘက်”ပါဘဲလို့ ကျနော်နဲ့ သိတဲ့ gayတစ်ယောက် က အရွှန်းဖောက်ပါတယ် ။ စစ ခြင်းကတော့ အံ့ သြပါတယ် ။

ဒီခေတ်ကြီးမှာဒီလောက်မိန်းမချောပေါတာလို့ပေါ့။ ဒါပေမဲ့မြင်တာကြားတာများလာတော့လဲရိုးလာပါတယ်။ မဆန်းတော့တဲ့ကိစ္စတစ်ခုပေါ့၊ တယောက်နဲ့တစ်ယောက်မေးရင်တောင် သူကဟိုဟာလား၊လို့မေးကြပါတယ်။ ဟိုဟာကတော“့gay”လ္လိင်တူဆက်ဆံသူပေါ့လေ။ gayတွေထဲမှာတချို့ကအမျိုးသမီးတွေ နဲ့ အိမ်ထောင် မပြု ကြပေမဲ့ အချို့ ကတော့ ဟန်မပျက် အိမ်ထောင် ပြု ကလေးယူကြ ပါတယ်။ သူတို့ရဲ့ ရာထူးအဆင့် အတန်းနဲ့ အိမ်ထောင်မပြုလို့
မဖြစ်လို့ (သို့)လူ ရို သေ ရှင် ရို သေခံ ဖို့ပါဘဲ။

ကွေးအောင် ပါ ကတတ်တဲ့ အလှဖန်တီးရှင် မာမီ အောင်မျိုးမင်း

အခုလိုgayယဉ်ကျေးမှုဖုံးလွှမ်းလာပြီဆိုရင်တော့နောင်ဆယ်စုနှစ်တစ်ခုထဲမှာကို ဆန့်ကျင်ဘက်လ္လိင်နဲ့ ဟန်ဆောင်လက်ထပ်တဲ့gayတွေရှိတော့မယ်မထင်ပါဘူး။ စီးပွားရေးလုပ်ငန်းအသိုင်းအ၀ိုင်းကgayတွေကြတော့သူတို့
အိမ်ထောင်ပြုမိန်းမယူတဲ့အခါမှမိဘလက်ငုတ်လက်ရင်း စိးပွားရေးကနေကိုယ်ပိုင်လုပ်ငန်းအဖြစ်ခွဲထွက်လို့ရသွားတယ်။ ကိုယ့်လက်ကိုယ့်ခြေဖြစ်ပြီးဟန်ဟန်ပန်ပန်ကိုယ့်ဝင်ငွေနဲ့ကိုယ်လှုပ်ရှားနိုင်သွားမှာမို့ အိမ်ကပေးစားတဲ့မိန်းမကိုယူကြပါတယ်။ ဒါမှသူငယ်နဲ.နွှဲလို့ရမှာကိုး(သူငယ်ဆိုတာသူတို့တိတ်တိတ်ပုန်း ချစ်ပြီးထောက်ပန့်ထားတဲ့ငယ်ငယ်ရွယ်ရွယ်ကောင်လေးတွေပေါ့။) ဒါမျိုးလုပ်စားနေတဲ့ကောင်လေးတွေရန်ကုန်မှာအများကြီးရှိပါတယ်။ gayတွေကပညာတတ်ငွေရှာ နိုင်သူဖြစ်လေလေသူတို့ဘေးမှာရုပ်ရည်လေးဘဲရှိပြီး၊ပညာမတတ်၊ အတတ်ပညာမရှိ၊ငွေမရှာနိုင်လို့ဒီတခုဘဲနသိုးကြိုးပြတ်လုပ်တတ်တဲ့ ကောင်လေးတွေကလင်လုပ်ဖို့အသင့်ပါဘဲ။ ဒါပေမဲ့သူတို့လဲတချိန်မှာ၂ဖက်ချွန်ဖြစ်လာကြပါတယ်။ ဒါနဲ့ဘဲလူပျိုgay…အိမ်ထောင်သည်gay…တဖက်ဘဲ ချွန်တဲ့ gay.. ၂ဖက် ချွန် gayကနေ ၃ဖက်ချွန် gay တွေ ကကမ္ဘာပေါ်ကနေ မြန်မာကို ပါ အရှိန် အဟုန်ကြီးကြီးမားမားနဲ့ ပျံ့ နှံ့ လာခဲ့ပါဘီ။ ယူကာစက မိန်းမ အပေါ် ကျားစိတ် ကျားမာန်တွေ ထားခဲ့ တဲ့ gayတွေ က ကလေးလဲ ရပြီးရော မောင် နှမလို ဖြစ်သွားကြတယ်လို့ မရိပ်မိတဲ့ ရိုးရိုးအအ မိန်းမတွေ ရှိတယ်။ ရိပ်မိတဲ့ မိန်းမ ကျတော့ ကွဲ ကြတာရှိသလို ရှက်လို့ ကြိတ်မှိတ်သည်းခံနေရတဲ့ မိန်းမတွေ လဲတပုံတပင်ပါဘဲ။

သိသိသာသာ လိုင်း ဝင်သွားတဲ့ ဒီဗွီဘီ က နားကပ်ကြီးနဲ့ အံ့ဘုန်းမြတ်

ဒီလိုgayတွေရဲ့အိမ်ထောင်ဖက်မိန်းမတွေကသူတို့ခင်ပွန်းရဲ့ဂုဏ်သိက္ခာကိုကာကွယ်တဲ့ခံတပ်ကြီးပါ၊ ဒိုင်းတခုလိုကာကွယ်ပေးတဲ့ခံတပ်ကြီးတခုလို တားဆီးပေးနေရတဲ့မိန်းမတွေရဲ့ကိုယ်မှာ နှိပ်စက်ခံရတာမရှိပေမဲ့စိတ်ဒဏ်ရာကအပြည့်ဘဲလို့ gayမိန်းမတစ်ယောက်ကပြောပါတယ်။ သူမတို့ရဲ့ချစ်ခင်ပွန်းတွေကတော့ကသူငယ်ချင်းလို့ပြောတဲ့သူ၊ တပည့်လို့ပြောတဲ့သူ၊ညီလို့ပြောတဲ့သူတွေနဲ့ဘဲလ္လိင်ဆက်ဆံပါတော့တယ်။ ယနေ့မြန်မာရဲ့နာမည်ကြီးအတိုက်အခံတွေ၊
တော်လှန်ရေးသမားကြီးတွေထဲမှာgayတွေအများကြီးရှိပါတယ်။

မသိမသာ ဝင်နေသည့် ဇာနည်မောင်

တချို.တွေကဆိုမိန်းမရှုပ်တယ်လို.နာမည်ထွက်ပါတယ်။ ဒါပေမဲ့သူတို့ကတခါတရံခံလဲခံပါတယ်။၂ဖက်ချွန်gayပါ။ Gayမှာက…..မွေးရာပါ။အပေါင်းအသင်းဖျက်။အကြမ်းဖက်ခံရ။ မလွန်ဆန်နိုင်သူမို့လိုက်ရောမိ တစ်ကြိမ်တို့အပြင်ရာဂသောင်းကြမ်းလွန်းရာကဖြစ်တဲ့ gayကလဲ ရှိသေးတာကိုး။ စာချိုးတောင် ရှိသေးတာဘဲ။ ဒါကြောင့် ဘယ်သူက ဘယ်လို ဆို တာ ကြိုတွေးလို့ ရတာ ရှိသလို မရတာတွေလဲ ရှိနေတာလက္ခံ ကြရမှာပါ။

လက်ရှိ gayတွေ ထဲအကြမ်းဖျဉ်း ၃မျိုးခွဲတယ်။ (၁) ကိုယ်က ချည်း ယောင်္ကျားနေရာကနေပြီးချသူပါ။( ဒါပေမဲ့ မိန်းမထက်ယောင်္ကျားကို ဘဲကြိုက်တယ်။) (၂)ယောင်္ကျားအချင်းချင်းမှာကိုယ်ကလဲချပေးတယ်။ ပြီးရင်ကိုယ်ကလဲခံတယ်။ (၃)ယောင်္ကျားတိုင်းနဲ့ ကိုယ်ကဘဲအမြဲ အခံဘက်ကဘဲနေတာပါ။ ဒါကြောင့်“gay ”ဆိုတိုင်း ကိုယ်ချတိုင်းညိမ် ခံမဲ့ကောင် ရယ်လို့ မထင်ပါနဲ့။အမျိုးသမီးထက် အမျိုးသားအချင်းချင်းမှာဘဲသူတို့ရဲ့စိတ်ဆန္ဒက အပြင်းပြဆုံးအပြည့်ဝဆုံးပါဘဲ။


ထည့်ချင်တာကို ထည့်ချင်သလိုသာ ထည့်သွားကြပါတော့....

Gayဆိုတာလ္လိင်တူဆက်ဆံသူဘဲဖြစ်တယ်။ မိန်းမယောင်္ကျားဘာတခုမှမဟုတ်ဘူး။ ယောင်္ကျားမိန်းမလို့သတ်မှတ်ထားတဲ့လ္လိင်မရှိဘူး။ အမျိုးသမီးအခြင်းခြင်းဆက်ဆံတာကြိုက်သူတွေ ကိုလဲgayလို့ခေါ်နိုင်ပါတယ်။ tomboyယောင်္ကျားရှာတွေလဲမြန်မာမှာရှိပါတယ်။ မိန်းကလေးကျောင်းထွက၊်အကိုမောင်တွေထဲကြီးပြင်းလာသူ၊ ခန္ဒာကိုယ်ထဲကျားဟိုမုန်းများသူတွေပေါ့။ ခေတ်ပညာတတ်ပြီးအတတ်ဆန်းတဲ့lesbianတွေကတော့စင်္ကာပူနဲ့ဂျပန်ပြန်
အမျိုးသမီးတွေထဲများပါတယ်တဲ့။gayလို့ခြုံခေါ်တဲ့အထဲဒါတွေလဲပါပါတယ်။ သူတို့ကလဲယောင်္ကျားတယောက်ထက်အချင်းချင်းမှာပိုညှိနှိုင်းလို့လွယ်တယ်။ အတွေ.အထိနူးညံ့တယ်။ကိုယ်ဝန်မရနိုင်တာအတွက်ကြိုက်တယ်လို့ပြောတယ်။ သူတို့ကတော့ကရိယာအကူအညီတွေနဲ့ယောင်္ကျားတယောက်နဲ့မိန်းမ တယောက်ဆက်ဆံသလိုလိုဆက်ဆံကြတယ်တဲ့။ ဒါပေမဲ့သူတို့အိမ်ထောင်အကြောင်းအမျိုးမျိုးနဲ့ကျတဲ့အခါ သူတို့နဲ့ရတဲ့ယောင်္ကျားကိုစိတ်မထင်ရင်သူတို့လက်ချက်မိနိုင်လို့မိန်းမယူမှ မိန်းမလျှာဘ၀လုံးလုံးရောက်သွားမှာစိုးရပါတယ်။

ဂျပန်မှ အတိုက်အခံအမျိုးသမီးများ အမျိုးသားများကဲ့သို့ အလုပ်လုပ်နိုင်

မြန်မာမှာဒီလိုမိန်းမတွေရှိနေပါတယ်။ နိုင်ငံခြားလောက်တော့မများသေးဘူးပေါ့။ သူတို့ကလုံအောင်အုပ်ထားနိုင်သေးလို့သတင်းကယောင်္ကျားgayတွေလောက်မပျံ.သေးပါဘူး။ မြန်မာကယောင်္ကျားလေးgayမြန်နှုံးကတော့နိုင်ငံခြားစံနှုံးကိုကျော်တက်နိုင်မယ်ထင်ရတယ်။
လက်ရှိမြန်မာgayထဲ အတိုက်အခံ၊ ဒုက္ခသည်တွေ၊ NGOတွေနဲ့သံဃာတချို.တွေတောင်တွေ့နေရပါတယ်။ သံဃာတော်တွေနဲ့ အတိုက်အခံတွေက အွန်လိုင်းကချစ်ဖော်ရှာကြတာတွေလဲများနေပါတယ်။

မလေးရှားမှာ အတိုက်အခံများက အရှက်ကြီးပြီး မျက်စောင်းထိုးတတ်ကြ

တစ်ခါက ဂျေဂျူဝိုင် ဆိုတဲ့ဘုန်းကြီး တစ်ပါးနဲ့ ဘန်ကောက်က အတိုက်အခံ သတင်းဌာနမှာအလုပ်လုပ်တဲ့ မဆုမွန်တို. သတင်းကို အားလုံးသိပြီးဖြစ်ကြပမှာပါ။ ကျွန်တော်ကကျနော့်ဘာသာဝင်သံဃာတွေကိုရော တော်လှန်ရေးသမားတွေကို gayလုံးဝမဖြစ်စေချင်ပါဘူး။

တခြားလူတွေကတော့Goodတယ်ထင်ရင်doသာdoပေါ့။ အခုနှစ်ပိုင်းတွေမှာgayရုပ်ရှင်တွေကလဲမြန်မာမှာရောကမ္ဘာမှာရောပျံနေပါတယ်။ brokeback mountain/ frozen flower/ I love you phillip morris/ Boat trip /The king and the clown စတာတွေပေါ့။ ဒါတွေက မိသားစုကြည့်တဲ့ ကားတွေ ဘဲ ရှိပါသေးတယ်။ man to man အပြာကားတွေ က အများကြီးပါ။ ဒီတော့ ကမ္ဘာကြီးမှာ ဒီ homosexual gay sexual တွေ ဟာအရေးပါပျံ့နှံ.နေပြီဆိုတာမြင်သာပါတယ်။ ကျနော်ကတော့မြန်မာရဲ့အပြောင်းအလဲမြန်နှုံးမြင့်ပုံကိုအံ့သြပါတယ်။

အရင်တုန်းကကျွန်တော်တို့ခေတ်ကဆိုအမတွေညီမတွေဘတ်စကားစီးရင် အနောက်ကထောက်တတ်တဲ့တဏှာရာဂအိုးတွေကြောင့်ရှက်တတ်ကြောက်တတ် သူမိန်းကလေးတွေငိုမလိုဖြစ်ရလို့“ထောက်ဆူးချွန်”တို့“တွယ်ချိတ်”တို့ဆောင်ကြရတယ်။ အခုခေတ်ပြောင်းပြီ။အနှိုက်အခံရဆုံး၊အထောက်အခံရဆုံးက ယောင်္ကျားလေးတွေဖြစ်သွားပါတယ်။ နယ်ဘက်ကကလေးတွေထဲမှာလဲဖြားယောင်းပြီးလ္လိင်ကိစ္စပြုကျင့်ခံရတာ ငယ်ရွယ်သေးတဲ့ယောင်္ကျားလေးတွေဖြစ်နေပါတယ်။

ဒါကြောင့်နီးစပ်ရာအရွယ်မရောက်သေးတဲ့ကလေးငယ်တွေကို တစိမ်းယောင်္ကျားတွေနိင်ငံခြားသားဧည့်သည်တွေနဲ့ယုံယုံကြည်ကြည်မလွှတ်ထားဖို့ အသိပညာဖြန့်ပေးဖို့လိုပါတယ်။နှိုက်ချင်လို့ဘတ်စ်ကားတက်စီးရတာနဲ့ ၊ထောက်ချင်လို့ဘတ်စကားတက်စီးတာနဲ့ယောင်္ကျားချင်းပေါ်ရည်ရွယ်ချက် တွေထား၇ှိလာတာဒီခေတ်ရန်ကုန်ပါတဲ့။
ဒါဆိုဒီsexကိစ္စတခုထဲနဲ့gaysexualကိစ္စတွေဖြစ်ကြသလားလို့မေးရရင် %ပြည့်တော့မဟုတ်ဘူး။ဒါပေမဲ့ အများအားဖြင့်ကတော့ဟုတ်တယ်။ ဒါပေမဲ့gayတွေဆိုတာတွေကလဲနှလုံးသားနဲ့လူသားတွေပါ.။ ကိုယ့်ဆိုးမျိုးအနွံအတာခံသ၊ူကိုယ့်ကိုတွယ်တာသူချင်း၊ အကျိုးအမြတ်ထုတ်သူသက်သက်မဟုတ်ဘဲနားလည်ပေးတတ်သ နဲ့ဆုံရင်တော့ချစ်မိကြတယ်။

မိန်းများအပေါ် စိတ်ဝင်စားမှုနည်းကာ လိုင်းပြောင်းသွားရာမှ မိန်းမက နောက်မီးလင်းသည်အထိ ဖြီစ်သွားရတဲ့ အမေရိကန် အစိုးရဝန်ထမ်းကြီး သားညွန့်ဦး

တကယ်ချစ်ပြီးတကယ်တည်မြဲသွားတဲ့gayစုံတွဲတွေရှိပါတယ် ။သတ္တိရှိကြတယ်ပြောရမှာပေါ့။ ဘာဖြစ်လို့“လ္လိင်တူ”ကြိုက်ရတာလဲမေးရင်“လ္လိင်တူ”လို့အကြိုက်တူတယ။် အလိုက်သိတယ။်နားလည်မှုပိုရှိတယ်။အထာပိတယ်။ အ၀တ်အစားရေမွှေးအသုံးအဆောင်ကအစတူတူသုံးလို့ရတာ
ဘယ်လောက်မိုက်လဲလို့ပြောကြတယ်။ နောက် ပြီးတခုပြောပြစရာကရန်ကုန်မှာ စားသောက် စရာ အရည် တခုခုထဲ ထဲ့တိုက်ရတဲ့ ဆေးတွေ ထဲ ---ခံချင် စိတ် ဖြစ်လာစေတဲ့ဆေး တွေ ရှိနေသေးတယ်။ ယေင်္ကျားချင်း လ္လိင်စိတ်ကို လှုံ့ဆော်ပေး ဖို့ ဒီခေတ်မှာအကြမ်းဖက် ဖို့တောင် မလို တော့ ပါဘူး။ ဆေး ၀ါး အကူတွေ က ရှိနေ တယ်လေ။ ဒါကြောင့်စိတ်မပါဘူးဆိုသူများတိုက်တာမသောက်နဲ့ အိမ်သာထသွားတုံးထပ်ဖြည့်ထားတဲ့ ဘီယာမျိုးကိုမသင်္ကာရင်မသောက်ပါနဲ့။

ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့gayတယောက်ကတော့ “မီးအပေါ်သစ္စာမရှိတဲ့ချစ်သူဟောင်းကိုလက်စားခြေချင်လို့ချော့မော့ပြီး လက်ဆောင်ပေးမယ်လို့ခေါ်တယ်။ပြီးတော့ထမင်းကြွေးအရက်တိုက်လိုက်တယ်။ အားဆေးဆိုပြီးဆေးတချို့လဲချော့တိုက်လိုက်တယ်။နောက်ပိုင်းအတွေ့မခံတော့ဘူး။ အဲဒီဆေးတွေက၂ပါတ်ကြာမှအစွမ်းပြတာ။ရင်သားစူထွက်လာတဲ့ဆေးတွေလေ”လို့ပြောတယ်။ ကျနော်လဲတော်တော်၇င်ဘတ်ယားပြီးကျောချမ်းသွားပါတယ်။ တော်သေးတာပေါ့။သူကပီဘိမိန်းမသားဘ၀ဖြစ်နေလို့မဟုတ်ရင်ဟိုခံချင်စေတဲ့ဆေးကြွေးပီး
ဖွင့်လိုက်မှာတွေးမိသေးတယ်။

Gayဘယ်လိုစဖြစ်ကြသလဲလို့တယောက်ကိုမေးတော့“gayတွေမှာ မွေးရာပါgayဗီဇမျိုးစေ့လေးတွေက မွေးကတည်းကပါပြီးသား။ တချို.က သိသာပေမဲ့ တချို.က မသိဘူး။ ရေခံ မြေခံလေးကလဲ ကောင်း၊ မိုးလေး က တပြိုက် နှစ်ပြိုက် ရွာချပြီ ဆို ရင်ဘဲ အဲ ဒီပန်းကလေးကထပွင့်တော့တာဘဲ။ မပွင့် ဘဲ ကို မနေနိုင်တော့တာ”လို့ gayတစ်ယောက်က အရွှမ်းဖောက်ပါတယ်။ gayတွေ က အပြောင် အရွှန်းနဲ့ စကားကို ထိမိအောင် တော်တော် ပြောတတ်သူတွေပါဘဲ။

gayဆိုတဲ့ မူရင်းဝေါဟာရ ကို က gay= carefree+ uninhibited, happy< bright and showy လို့ ဆိုပါတယ်။ အပြည်ပြည် ဆိုင် ရာ gay အဖွဲ့အစည်းကြီးအလံ ဖြစ်တဲ့ LGBT အလံ က သက်တန့် တခုလို အရောင် (၇)မျိုးနဲ့ပါ။ Gayတွေကယောင်္ကျားတွေအများစု နေ့ဓဒူဝဆုံတွေ့ရတဲ့နေရာတွေမှာပိုများတယ်။ ဥပမာ။ထောင်။ သင်္ဘေားသား၊ နိုင်ငံခြားရောက် မြန်မာအတိုက်အခံ အစု အဖွဲ့တွေ စတာတွေ က စတင်ခဲ့ပေမဲ့ အခုကတော့ နယ်စုံသွားပါပြီ။ ကျနော့်အသိgayတစ်ယောက်ကတော့သူ စပြီးယောင်္ကျားချင်း အတွေ့ အကြုံ ရသွားတာ ခင်မင်တဲ့ အကို ကြီးတွေနဲ့ အရက် အတူသောက်ရင်းမူးသွားချိန်မှာအနိုင်ကျင့်ခံလိုက်ရတာ။ စစ ခြင်း မှာရှက်ပြီး ကိုယ့် ဟာကိုယ် သတ်သေချင်သွားတယ် ၊ ဘယ်သူ့ ကိုမှလဲပြောမပြ ဖြစ်ဘူး.။ ဒီ ကြားထဲ မိန်းမသားတွေနဲ့ လ္လိင်ကိစ္စသွားလာတဲ့ ကိစ္စရှိခဲ့ပေမဲ့ ဟို ကိစ္စ ကို ပြန်ပြန်တွေးမိနေရင်း အဲဒီ အကို ကြီးနဲ့ ပြန်တွေ့ ဖြစ်တယ် ။ နောက် ပိုင်းတော့ ကိုယ့် ဘာသာ အမဲရှာ ဖြစ်တယ်လို့ပြောတယ်။ နောက်Gayတယောက်ကတော့ယောင်္ကျားလေးတန်မဲ့ ပိုင်းလုံးလုပ်စားသူပါ။ သူက အသက်ကြီးကြီး အိမ်ထောင်ရှိ(သို့) အိမ်ထောင်ပျက်မိန်းမတွေနဲ့ မိန်းမလျာလောကကို တားကက် ထားပါတယ်။ အဲ ဒီလူတွေ နဲ့ အခကြေးငွေ ကြောင့် မဟုတ်ဘဲချစ် ကြိုက် ဟန်ဆောင် လ္လိင်ဆက်ဆံပြီးနောက်မှ လို အပ်တဲ့ အ၀တ် အစား အသုံးစရိတ်အသုံးအဆောင် မှန် သမျှဝယ် ခိုင်းတတ်သူပါ။သူ သုံးတဲ့ ဖုန်းက အစပေါ့။ ၀ယ်တော့ မ၀ယ်ခိုင်းပါဘူး။ငှားခိုင်းပါတယ်။ အိမ်လဲ ငှားခိုင်းတတ်ပါတယ်။ ။သူနဲ့ချစ်ဖော်ပြောင်းသွားရင်သူ့နံပါတ်နဲ့သူ့အိမ်လိပ်စာကပြောင်းသွားတတ်ပါတယ်။ က“ဘာလာလာဒေါင်း”တဲ့ကောင်ပါ။ချဆိုချတယ်။ခံဆိုခံတယ်။ ဒါ ပေမဲ့မင်းဘာကိုပိုကြိုက်လဲမေးတဲ့အခါယောင်္ကျားချင်းပိုကြိုက်တယ် လို့ပွင့်ပွင့်လင်းလင်းဖြေတယ်။အဲဒီလိုပြောတဲ့အချိန်မှာကျနော့် ကို ကြည့်တဲ့ သူ့ အကြည့် ကတော်တော်လေးထူး ဆန်းပါတယ်။ ဘုရား-ဘုရား တ ရလောက်တယ်ပေါ့။

နောက် gay တစ်ယောက်ကတော့အစ ထဲကသိမ်မွေ့ နူးညံ့တဲ့ကောင်ပါ ။ အမတွေအမေတွေနဲ့ဘဲနေခဲ့တော့လေ။ သူ့ကိုမေးတော့ပထမဆုံးချစ်သူက ကျောင်းနေဖက်သူငယ်ချင်းအတန်းဖော်ယောင်္ကျားလေးပါဘဲ။ ဖြစ်ကြတာလဲကျောင်းအိမ်သာမှာပါဘဲ။ ၂ယောက်လုံးကတကယ်ချစ်တာ။ ဒါကြောင့်သူ့ပတ်ကင်ပျက်တဲ့ကိစ္စလုံးဝနောင်တမ၇ဘူးတဲ့။ သူ့ကောင်လေးကနိုင်ငံခြားထွက်သွားတယ်။ မိန်းမလဲယူသွားဘီ။။သူကတော့ဒီမှာရောက်လာတဲ့ဘိုတစ်ယောက်နဲ့ livingtogetherပါတဲ့။တခြားပွေ၂ရှုပ်၂ကဏ္ဍလုံးဝမရှိဘူးလို့ပြောပါတယ်။ နောက်တစ်ယောက်ကတော့သူ့အတွေ့အကြုံကိုပြောတာgayလို့တော့မခံယူဘူး။ ဒါပေမဲ့အတွေ့အကြုံရှိဘူးကြောင်းပေါ့။ ဒါကတော့သူ့အကြောင်းသူပြောတာဘဲဟုတ်မဟုတ်ကတော ခင်ဗျားတို့တွေးယူပေါ့လေ။ သူကအင်္ဂလန်ကျွန်းတစ်ကျွန်းရဲ့ကျောင်းကိုသွားတက်ရတဲ့မြန်မာကျောင်းသား ။အဲဒီမှာယောင်္ကျားလေးအချင်းချင်းအနိုင်ကျင့်တဲ့ကိစ္စအမြဲရှိတယ် ။လုပ်တဲ့သူတွေကအနောက်နိုင်ငံကကောင်တွေ၊အရှေ့ကအလုပ်ခံဘူးတဲ့သူတွေက ကြိုပြောပြီးအဲလိုအချိန်မှာခံနိုင်ရည်၇ှိမဲ့ရှုရတဲ့ဆေးတမျိုးပါကြိုပေးထားတယ်ပြောတယ်။ ဒီကျောင်းရောက်တဲ့ကျောင်းသားတိုင်းကြုံရတဲ့welcomeအတွေ့အကြံဖြစ်ပြီး နောက်တခေါက်အလိုမတူဘဲဘာမှထပ်မလုပ်ဘူးတဲအနှောက်အယှက်လဲမပေးဘူး ။ကြိုက်တတ်ရင်ဆက်သွယ်၊မကြိုက်တတ်ရင်စော်ထားပေါ့။

“ထူးဆန်းပါ့ကြားရတာ။မင်းခံခဲ့ရလား”ဆိုတော့“ခံရတာပေါ့”တဲ့ ပြန်ဖြေတဲ့မျက်နှာကခပ်တည်တည်ပါဘဲ။ ကြိုက်လား”ဆိုတော့“ကျနော်ကဖွန်သမား။စော်ဘဲကြိုက်တယ်” လို့ပြောသွားပါတယ်။ သြော်မိဘတွေကတော့ဘယ်သိမလဲနိုင်ငံခြားပို့ကျောင်းထားရတာငွေလဲကုန်၊ သားတော်မောင်လဲပွင့်၇တဲ့အဖြစ်ကိုဘယ်ကလေးမှလဲပြန်ပြောမှာမဟုတ်တဲ့ကိစ္စလေ။ သူကတော့ထမင်းစားရေသောက်တကြိမ်တခါလုတိုင်းကြုံဘူးမဲ့ကိစ္စလိုဘာမှ စိတ်အနှောက်အယှက်ဖြစ်စရာစိတ်ဓါတ်ကျစရာမဟုတ်ဆိုတဲ့ပုံစံပါဘဲ။

အတိုက်အခံအများအပြားနှင့် လက်ပွန်းတတီးနေဖူးသည့်
(သမန်းဝံပုလွေ)

နိုင်ငံရေးသမားတွေကို ကူညီထောက်ပံ့ဖို့



Myanmar Express

မြန်မာအမျိုးသမီးများ သတိထားရမည့် ဒီမိုကရေစီ ဘက်တော်သား (ပေးစာ - ၂၀)


ကျွန်မနာမည်က သန္တာအောင် အသက်က ၁၇နှစ်၊ စင်္ကာပူမှာ စီးပွားရေးစီမံခဲ့ခွဲမှုပညာကို လာရောက် သင်ယူနေတာပါ။ အစ်ကိုတစ်ယောက်နဲ့ အတူတူနေတယ်လေ။ မြန်မာပြည်ကနေပြီးတော့ မိဝေး ဖဝေးနဲ့လာနေရတာ
အခက်တွေများစွာရှိပါတယ်။ ပထမတစ်ခုကတော့ အိမ်လွမ်းတာဖြစ်ပြီး နောက်တစ်ခုက ဘာသာစကားအခက်အခဲပါ။ IELTS ကို 5.5 ရခဲ့သည့်တိုင်အောင် ကျွန်မမှာ သူတို့ရဲ့ စကားဝဲသံကို မမှတ်နိုင်သေးတော့ တော်တော်ခက်ပါတယ်။
အပေါင်းအသင်းကလဲ ရှားတယ်။ မြန်မာတစ်ချို့တော့ရှိပေမယ့် နေတဲ့နေရာက ဝေးတော့ ကျောင်းက အပြန်အိမ်ပြန်ရောက်ရင် ဘာမှလဲ လုပ်စရာ သိပ်မရှိတော့ ပျင်းဖို့တော်တော် ကောင်းတယ်။

၂၀၀၇ခုနှစ် အောက်တိုဘာမှ ကျွန်မ စင်္ကာပူကို စရောက်တာပါ။ အခုရောက်တာ ၂လလောက်ရှိပြီ။ အလုပ်ကလဲ လုပ်လို့မရသေး။ အစ်ကိုကလဲ ည ၈နာရီလောက်မှ ပြန်ရောက်တော့ တယောက်ထဲရှိနေတဲ့ အချိန် အင်တာနက်သုံးဖြစ်လာတယ်။ ရန်ကုန်မှာနေတုန်းက မသုံးဖြစ်ပေမယ့် အခုတော့ အင်တာနက်က ကျွန်မရဲ့ ဒုတိယကမ္ဘာငယ်လေးတစ်ခု ဖြစ်လာပါတယ်။ MIRC ကနေပြီးတော့ သူငယ်ချင်းတွေရှာပြီး Chat ရတယ်။ အများစုကယောက်ျားလေးတွေပါ။ ကျွန်မက Chatting သုံးပေမယ့် သူတို့နဲ့ ကြူရတာ ဝါသနာမပါသလို ကျောင်းကသူငယ်ချင်းတွေပြောတဲ့ စကားက နားထဲမှာ အထပ်ထပ် ပြန်ကြားနေရတယ်။

“Online အချစ်က မယုံရဘူး” ဒီစကားကို သိပ်မယုံချင်ပေမယ့် တော်တော်များများကပြောနေတော့လဲ လက်ခံရတာပေါ့။ တစ်နေ့တော့ မထင်မှတ်ပဲ သူနဲ့တွေ့ဆုံဖြစ်ခဲ့တယ်။

အဲ့ဒီ့နေ့က ထူးထူးဆန်းဆန်းပဲ အကောင့်ထဲမှာ လူက တော်တော်နည်းနေပါတယ်။ အမှတ်တမဲ့ သူ့အကောင့်ကို ကြည့်မိတယ်။ များသောအားဖြင့် ကျွန်မက “Hi” လုပ်ရင် ပြန်မလုပ်တဲ့ လူက ရှားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက ကျွန်မပုံတင်ထားတာလေ။ ကြုံတုန်းလေးထည့်ကြွားရဦးမယ် ကျွန်မက တရုတ်သွေးပါတော့ အသာက ဖြူသလို ချောလဲတော်တော်ချောတယ်။ “ဟီး စတာနော်”။ ဘာပဲပြောပြော သူကတော့ ထူးဆန်းတယ် ကျွန်မသူ့အကောင့်ကို ခဏခဏ စကားစပြောဖူးပါတယ် တခါမှ ပြန်မပြောဘူး။ အဲ့ဒီ့နေ့က ဘာရယ်မဟုတ်ပဲ စပြီး ကျွန်မခေါ်လိုက်မိတယ်။

“ ဟိုင်း”
“ဟလိုပါဗျာ”
“ယူက ဘယ်သူလဲ”
“ကျွန်တော်လား ဟင် ကျွန်တော်ကို မသိဘူးလား”
“အင်း မသိဘူး ယူနဲ့ တခါမှ မချက်ဖူးဘူးလေ”
“အော် ဟုတ်လား ကျွန်တော်လဲ မသိဘူး”
“ယူ ကျွန်မအကောင့်ကို ဘယ်ကရလဲ”
“မေ့နေပြီ…. Forward မေးလ်ကနေလိမ့်မယ်”
“ထားပါတော့ ဒါနဲ့ ယူ့နာမည်ပြောပြလေ”
“အော် ဟုတ်သား မသိဘူးဆိုတော့ ပြောပြရတာပေါ့”
“ ကျွန်တော့်နာမည်က ရဲရင့် ဒီက ညီမနာမည်လဲပြောဦးလေ”
“ကျွန်မနာမည်
သန္တာ
“နာမည်နဲ့ လူနဲ့မလိုက်ဘူးနော် လူလှသလောက် နာမည်က တုံးတယ်”
“ဘာဖြစ်လဲ”

………………………………………..

အဲ့ဒီ့နေ့ကမှ ကျွန်မတို့ စကားအများကြီးပြောဖြစ်ကြတယ်။
သူက ကနေဒါက နာမည်က ရဲရင့်၊
သူ့အကြောင်းတွေ ကျွန်မတော်တော်သိလိုက်ရတယ်
အထူးသဖြင့် သူက ဂိမ်းသရဲလေ။ ယောက်ျားလေးတော်တော်များများ ဂိမ်းဆော့ကြတယ်ဆိုပေမယ့် သူက ပိုပြီးဆော့သလိုပဲ။ သူကို ခေါ်ရင် ပြန်မပြောဖြစ်ဖြစ်နေတာ ဂိမ်းဆော့နေလို့တဲ့။နောက်တော့ ကျွန်မနဲ့ သူတော်တော်ခင်သွားတယ်။ ဘာကြောင့်မှန်းတော့မသိပါဘူး။ အမြဲတမ်းမဟုတ်တောင် တော်တော်များများ သူနဲ့ပဲ ချက်ဖြစ်လာတယ်။တခါတလေ သူ့ကို စိတ်ညစ်ရင် သတိတွေဘာတွေရတတ်လာတယ်။

“ ဘာလုပ်နေတာလဲ ကို”
“အော်
သန္တာ အစ်ကိုမအားသေးဘူး ခဏ”
ဒီလိုရက်တွေကလဲ အများကြီးပါ။ ကျွန်မနဲ့ချက်တိုင်းလဲ သူက အားတာမဟုတ်ပါဘူး။ ဒါပေမယ့် သူနဲ့ပဲ ချက်ချင်ပါတယ်။ သူနဲ့ချက်နေဖြစ်တဲ့ရက်တွေဆို တခြားသူတွေနဲ့ မချက်ဖြစ်တော့ဘူး။ ဒါက ဘာကိုခေါ်သလဲ ကျွန်မလဲ မသိတော့ပါဘူးရှင်။ ကျွန်မတို့ သံယောဇဉ်တွေများလာတယ် ထင်တယ်။ ဒီနေ့ ကျွန်မတို့ စသိတာ ၃လပြည့်လို့ သတ်မှတ်ထားတဲ့နေ့လေ။ ကျွန်မတို့ ဆီက ၈နာရီမှာ သူအွန်လိုင်းပေါ်တက်လာတယ်။

သန္တာ အစ်ကို သန္တာကိုပြောစရာရှိတယ်”
“အာ အရင်ကလဲ ပြောစရာရှိလို့ ပြောနေတာ မဟုတ်ဘူးလား”
“ဟုတ်ဘူးလေ ဒီနေ့ အထူးပြောစရာရှိတာ”
“ဘာလဲ ဒီကိုလာမလို့လား”
“ဟုတ်ဘူး လာနိုင်ပါဘူးဗျာ ပိုက်ဆံမရှိဘူး”
“မရှိရင်လာလို့ မရဘူးလား”
“ဟာ မရစ်နဲ့ကွာ”
“ရစ်နေတာဟုတ်ပါဘူး စနေတာ”
သန္တာကို ချစ်တယ်”

ရုတ်တရက်တက်လာတဲ့ သူ့ဆီက စာကြောင့် နည်းနည်းတော့ တုန့်ခနဲဖြစ်သွားတယ်။ စိတ်ထဲမှာလဲ အံ့သြလို ဝမ်းသာမိသွားတယ်လို့လဲ ထင်တာပဲ။ အဲ့ဒီ့နေ့က ဘယ်လိုခံစားရသလဲ ဆိုတာ အခုထက်ထိ မတွေးတတ်သေးပါဘူးရှင်။

“မနောက်နဲ့လေ”
“မနောက်ပါဘူး တကယ်ပြောတာ”
“ မမြင်ရပဲ ဘယ်လိုချစ်လဲ”
“သိဘူး ချစ်တာပဲ သိတာ”
“ ဘာကြောင့်ချစ်လဲဆိုတာ အဓိပ္ပာယ်ရှိအောင် ရှင်းပြနိုင်ရင် ပြန်ချစ်မချစ် စဉ်းစားပေးမယ်”

ဒီလိုနဲ့ သူတစ်လလောက် အွန်လိုင်းပေါ်မတက်တော့ပဲ ပျောက်သွားတယ်။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်မသူ့ကို သတိရပါတယ်။ဒီလိုနဲ့ သူနဲ့ ကျွန်မခင်တာ ၄လမြောက်တဲ့နေ့မှာ သူနဲ့ပြန်တွေ့တယ်။

သန္တာ အစ်ကို သန္တာကိုဘာကြောင့်ချစ်လဲ သိပြီ”

ရုတ်တရက် ပေါ်လာတဲ့ စာကြောင်းလေးကြောင့် ကျွန်မလန့်သွားသလို စိတ်ဝင်စားမိသိသွားတာလဲ သေချာပါတယ်။

“အင်း ပြောပြလေ”
“ အစ်ကို
သန္တာ ကိုချစ်တာက မုန့်ဟင်းခါးတစ်ပွဲနဲ့တူတယ်”

ကျွန်မ ရီချင်သွားတယ်။ အဲ့ဒါက ကိုကြီးအိုးဝေ သူ့စာတွေထဲမှာ ထည့်ရေးနေကျ စာသားတွေ။ အိုးဝေအောင် အိုဘားမား ထဲမှာ ကိုကြီးအိုးဝေရေးတဲ့ အဲ့ဒီ့ စာသားဖတ်ဖူးတာ။ အဲ့ဒီ့စာသားကြောင့်ပဲ ကိုကြီးအိုးဝေနဲ့ ကျွန်မ ခင်ခွင့်ရခဲ့တာထင်တယ်။ သူစာတွေဖတ်ရင်း သူနဲ့ ရင်းနှီးသွားတယ်။ သူပြောပြတာက အဲ့ဒီ့စာသားက သူအကြိုက်ဆုံးတဲ့ တာယာမင်းဝေရေးတဲ့ ဝတ္ထုထဲမှာပါတယ်ပြောတယ်။ ဒါပေမယ့် ကျွန်မသိတာကတော့ အဲ့ဒါ ကိုကြီးအိုးဝေရဲ့ အမှတ်တရအရှိဆုံး စာသားတစ်ခုပဲ။

“မပြောနဲ့တော့ ဘာဆက်ပြောမှာလဲ သိတယ်”
“ဟာ မသိလောက်ပါဘူး
သန္တာရယ်”
“ အဲ့ဒါ ကိုကြီးအိုးဝေ သင်ပေးလိုက်တာမဟုတ်လား”
“ ဟင်
သန္တာ က အိုးဝေနဲ့ သိတယ်”
“ သိတာပေါ့ သူက
သန္တာ မွေးစား အစ်ကိုလေ”

“ ဟင် ဘယ်လိုကြီးလဲ”
သန္တာ က ချစ်လို့ အစ်ကို အဖြစ်မွေးစားထားတာ”
“ အော် သိပြီ
သန္တာ အကောင့်ကို သူ့ဆီက ရတာထင်တယ်”
“ အင်း သူနဲ့ အစ်ကိုက သိလို့လား”
“ သူက အစ်ကို သူငယ်ချင်းလေ သူက စာရေးတာများလို့ ပေါတောတော ဖြစ်နေတာ”
“ အဲလို မပြောပါနဲ့ သူများ အစ်ကို ကို”
“ အစ်ကိုပြောနေတဲ့ အကြောင်းအရာပျောက်သွားပြီ”
“ကဲပါ ကိုအိုးဝေ့သူငယ်ချင်းမို့လို့ ယုံလိုက်မယ် ညီမမွေးနေ့ရောက်ရင် အဖြေပေးမယ်”

ဒီကိစ္စက ကိုအိုးဝေနဲ့ မဆိုင်ပါဘူး။ ကျွန်မဖာသာ သူ့ဖက်ပါချင်ချင်ဖြစ်နေတာ။ မိန်းလေးမို့လို့ မူနေရတာလေ။ ဒါကလဲ မိန်းကလေးတွေရဲ့ အမူအကျင့်လဲဖြစ်သလို ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတစ်ခုပဲ မဟုတ်လား။ ကျွန်မမွေးနေ့ရောက်ဖို့ က ၂လနီးပါးလောက်တော့လိုသေးတယ်။ စဉ်းစားထားတာလဲမရှိလို ပေးမယ့်အဖြေကလဲ တစ်ခုတည်းပဲရှိတာပါ။ ဒီကြားထဲမှာ သူက ကျွန်မနဲ့ပြောရင် တစ်နေ့ တစ်ခွန်းလောက်ပဲဖြစ်ဖြစ် ကျွန်မကို ချစ်တဲ့အကြောင်း အမြဲတမ်းထည့်ပြောတယ်။

“နေကောင်းလား”
“ အင်း ကောင်းတယ် အစ်ကို အစ်ကိုရော နေကောင်းလား”
“ ကောင်းတယ်
သန္တာကို သတိရနေတာနဲ့ပဲ နေမကောင်းဖြစ်ဖို့တောင် သတိမရတော့ဘူး”
“ဟုတ်လို့လား မယုံပါဘူး”
“ဘယ်လို သက်သေပြရမလဲ”
“သိဘူး”
“ချစ်တယ်ဗျာ
သန္တာကို အရမ်းပဲချစ်တယ်”
“ ဘာမှလဲ မဆိုင်ဘူး”

ဒီလိုနဲ့ပဲ ကျွန်မတို့ ပိုပြီး သံယောဇဉ် ငြိတွယ်မိလာတယ်။ ကျွန်မမွေးနေ့ရောက်တဲ့ နေ့မှာ ကျွန်မ အင်တာနက်မသုံးဖြစ်ဘူး။ အဲ့နေ့မတိုင် ပထမနေ့ကတည်းက မအိပ်ပဲနေတယ်။ ည ၁၂နာရီကျော်တာနဲ့ သူ့ကို မေးလ်ပို့လိုက်တယ်။ မေးလ်ထဲမှာပါတာက တစ်ကြောင်းထဲပါ “
သန္တာ အစ်ကို့ကိုချစ်တယ်” ကျွန်မမှာ ရှက်တာရော ရင်ခုန်တာရော အဲ့ဒါတွေရောပြီး ကျွန်မ အွန်လိုင်းပေါ် မတက်ရဲတော့ဘူး။ ဒီလိုနဲ့ လေးရက်မြောက်တဲ့ တနေ့မှာ ကျွန်မဆီကို ဖုန်းတခါဝင်တယ် ကြည့်လိုက်တော့ ကိုကြီးအိုးဝေ့ pfingo အကောင့်ဖြစ်နေတယ်။ ကိုကြီးကို ဖုန်းနံပတ်ပေးထားဖြစ်တာက သူက အိမ်နဲ့ အဆက်အသွယ်မရရင် သူ့ကိုပဲ အကူအညီတောင်းတောင်းပြီး မုန့်ပို့ပို့ခိုင်းနေရတာလေ။ သူ့ဆီဖုန်းဆိုတော့ အိမ်က မုန့်ပို့ပေးတာ အကြောင်းကြားတာထင်ပြီးကိုင်လိုက်မိတယ်။ ကြားလိုက်တာက ကိုကြီးအသံမဟုတ်ဘူး။

သန္တာ ဘာလို့ရှောင်နေတာလဲ ညနေ အွန်လိုင်းပေါ်တက်ခဲ့နော်”

ကို ရဲရင့် အသံပဲ။ ကျွန်မနဲ့ သူတစ်ခါတလေ voice ချက်ဖြစ်တယ်လေ။ အမြဲတမ်းမဟုတ်ပေမယ့် တခါတလေပေါ့။ သူက အဲ့ဒါပဲပြောပြီး ဖုန်းချသွားတယ်။ညရောက်တော့ သူနဲ့ ချက်ဖြစ်တယ် မျက်နှာပူနေပေမယ့် ကျွန်မ အွန်လိုင်းပေါ်တက်လိုက်မိတယ်။

သန္တာ အချစ်သူတွေဖြစ်သွားကြပြီနော်”
“ အင်း”
“ မခွဲကြေးနော်”
“အင်း”
“ ဘာလို့ အင်းပဲပြောနေတာလဲ”
“ ရှက်လို့”
“ ဟာ ဘာရှက်စရာရှိလဲ ချစ်သူတွေချင်းပဲကို”
“ မသိဘူးကွာ ဘာတွေမေးနေတာလဲ”

ဒီလိုနဲ့ပဲ ကျွန်မတို့ ချစ်သူဖြစ်ခဲ့ကြတယ်။ ကျွန်မကျောင်းပြီးသွားရင် ယူဖို့အထိလဲ တိုင်ပင်ထားသေးတယ်လေ။ ဒီကြားထဲမှာ တခါတလေ VZO ပါပြောကြသေးတယ်။ ကျွန်မ စာမေးပွဲရှိတဲ့နေ့တွေဆို သူက Pfingo နဲ့ ဖုန်းခေါ်ပြီး အားပေးလေ့ရှိသလို သူစာမေးပွဲရှိရင်လဲ သူ့ဖုန်းကို ကျွန်မခေါ်ပြီး မနက်တိုင်း အားပေးတတ်ပါတယ်။ သူပြောတာကတော့

“စာမေးပွဲ မဖြေခင်
သန္တာ အသံကြားရတာ စာတွေအကုန်ရသွားသလိုပဲ”

ဒီစကားတွေနဲ့ပဲ ကျွန်မပျော်ခဲ့တာပါ။ ဒီလိုနဲ့ပဲ ကျွန်မတို့ ချစ်သူ သက်တမ်း ၈လပြည့်ခါနီးမှာ ကျွန်မ ဗီဇာမဲပေါက်လို့ အမေရိကားကို သွားဖို့အကြောင်း ပေါ်လာတယ်လေ။ ကျွန်မ ရန်ကနေဒါကို လာမယ် ဆိုတော့ ကိုရဲရင့် ကပြောတယ် တွေ့ကြရအောင်တဲ့။ ကျွန်မက မတွေ့ရဲဘူးဆိုတော့ ချစ်သူတွေဖြစ်ပြီး အပြင်မှာ မချစ်ကြရင် ဘာလုပ်ရမှာလဲလို့ပြောတယ်။ ဒီလိုနဲ့ပဲတွေ့ဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့။ ကျွန်မ အမေရိကားရောက်တော့ ရောက်စဆိုတော့ အလုပ်တွေရှုတ်နေတာ တော်တော်နဲ့ မတွေ့ဖြစ်ဘူးပေါ့။ ဒါပေမယ့် တစ်နေ့ အိမ်က အစ်ကိုစောင့်ပေးတဲ့နေ့တော့ သူ့ကိုချိန်းလိုက်မိတယ်။

“ အစ်ကို ညနေအားလား”
“ အင်း အားတယ်အောင် ဘာလဲတွေ့ကြမလို့လား”
“ဟုတ်တယ် နှစ်ယောက်တည်းတော့ မတွေ့ချင်ဘူး သူငယ်ချင်းတစ်ယောက်ခေါ်လာခဲ့မယ်နော်”
“ ဘာလဲ ကြောက်လို့လား အစ်ကိုက ကိုက်မစားပါဘူးနော်”
“ဟုတ်ပါဘူး နှစ်ယောက်တည်းကျတော့ ကြောင်တောင်တောင်ကြီးဖြစ်နေတာကိုး“

အဲ့ဒီ့နေ့က တွေ့ဖြစ်ကြတယ်။ ကျွန်မရယ် ကျွန်မရယ် ကျွန်မသူငယ်ချင်းတစ်ယောက်ရယ်၊ ကိုရဲရင့်ရယ်။ ကျွန်မတို့ စကားတွေမပြောရဲကြဘူး။ ဒီလိုနဲ့ပဲ ကိုထူးမြတ်ရော ကျွန်မပါ စကားပြောရဲလာတယ်။ ကိုရဲရင့် က အပြင်မှာ အသားပိုမဲပြီး နှာခေါင်းပိုကြီးပေးမယ့် ကြည့်ကောင်းပါတယ်။ သူငယ်ချင်းကတော့ ပြောတယ် ကိုရဲရင့် က ရုပ်ဆိုးတယ်တဲ့။ ဘာမှမသိတော့ဘူး။ နောက်တော့ ကျွန်မမွေးနေ့နဲ့လဲ နီးနေတဲ့အတွက် အကြိုတစ်ပွဲလုပ်ဖြစ်တယ်။ ဒီလိုနဲ့ ကျွန်မ စင်္ကာပူပြန်ဖြစ်သွားတယ်လေ။

ကျွန်မတို့ အွန်လိုင်းပေါ်မှာပဲ ငယ်ချစ်တွေလိုဖြစ်သွားကြတယ်။ ကျွန်မတို့ကြားမှာ ရင်းနှီးမှုပိုရလာတယ်လို့ တခါတလေ ခံစားရသလို တခါတလေ ပိုဝေးသွားတယ်လို့ ခံစားရတယ်။ သေချာတာ တစ်ခုက သူများတွေပြောတဲ့ အွန်လိုင်း အချစ်က မယုံရဘူးဆိုတာ ကျွန်မ လက်ခံစရာမလိုတော့ဘူးလို့ တွေးမိတယ်။ ကိုထူးမြတ်က ကျွန်မကို တစ်ကယ်ချစ်တာပါလို့ ကျွန်မယုံတယ်။ ကျွန်မလဲ နောက်ဆုံးနှစ်ဆိုတော့ စာတွေဖိလုပ်နေရင်း အရင်လို အွန်လိုင်းပေါ်
အမြဲတမ်း မတက်ဖြစ်ဘူးလေ။ တခါတလေတော့ ချက်ဖြစ်ကြပါတယ်။

“အကို နေကောင်းလား”
“အင်း ကောင်းတယ်
သန္တာ
“ ဘာတွေလုပ်နေတာလဲ
သန္တာကိုတောင် မခေါ်နိုင်အောင်”
“ အင်းခဏနော် ဂိမ်းဆော့နေတာ ပြီးတော့မယ်”

ဒီလိုရက်တွေက တနေ့ထက်တစ်နေ့ပိုများလာတယ်။ တခါတလေ VZO ပြောဖြစ်ကြတယ်လေ။ သူ့မျက်နှာက အရင်ကလောက် တက်ကြွမှုတွေ မတွေ့ရတော့ဘူး။ အသက်ကြီးလာလို့ ရင့်ကျက်လာတယ်လို့ ကျွန်မထင်မိတယ်လေ။ တခါက ကိုကြီးအိုးဝေနဲ့တွေ့လို့ မေးမိတယ်။

“ ကိုကြီး ကိုရဲရင့်နဲ့တွေ့ဖြစ်လား”
“ တခါတလေပေါ့ ဘာဖြစ်လို့လဲ ညီမရဲ့”
“ပုံစံတွေပြောင်းနေလို့လေ”
“ ဟုတ်လား ကိုကြီးတော့ သတိမထားမိပါဘူး”

ဘာမှရေရေရာရာ မသိရပါဘူး။ မသိတာလဲ မဆန်းပါဘူး။ သူတို့လဲ သူတို့ ကိစ္စနဲ့ သူတို့မဟုတ်လား။ ကျွန်မကတော့ သူ့ကိုချစ်တယ်။ သူလဲ ကျွန်မကိုချစ်မယ်လို့ ယုံကြည်နေမိတုန်းပဲ။ တနေ့ သူနဲ့ အွန်လိုင်းမှာတွေ့တော့ ထူးထူးဆန်းတွေမေးနေတယ်။

သန္တာ အကိုကသန္တာကို ပစ်သွားရင် တခြားတစ်ယောက်ရှာမှာလား”
“ ရှာပါဘူး ဘာလဲ အစ်ကိုက
သန္တာကို လမ်းခွဲမလို့လား”
“ ဟုတ်ပါဘူး သဘောမေးကြည့်တာ”
“ တကယ်လို့ အစ်ကိုသေသွားရင်
သန္တာ နောက်တစ်ယောက်ထပ်ရှာနော်”
“ ဟယ် နမိတ်မရှိ နမာမရှိတွေ ဖွဟဲ လွဲပါစေ ဖယ်ပါစေ”
“ အလကားစတာပါ”
သန္တာအိမ်က အကိုနဲ့ သဘောတူတယ်တဲ့”
“ ဟုတ်လား ဘယ်လိုပြောလိုက်တာလဲ”
“ ဒီလိုပဲ တစ်ချို့ဟာတွေတော့ လိမ်ရတာပေါ့”
“ အင်းကောင်းပါတယ်”
သန္တာပန်လာရင် အကိုနဲ့သန္တာအိမ်ကိုပေးတွေ့မယ်”
“ အင်း အင်း”

ကျွန်မတို့ ဆက်ဆံရေးက ၁နှစ်ကျော်ပြီး ၂နှစ်ပြည့်တော့မယ်။ ကျွန်မမွေးနေ့ နှစ်ခါဖြတ်သန်းခဲ့ရတယ်။ နှစ်ခါလုံးမှာ သူက အနီရောင် ဖက်လုံးလေးတွေပေးတယ်။ ကျွန်မက သူရဲ့ မွေးနေ့ ၃ခါ ဖြတ်သန်းခဲ့ဖူးတယ်။ လူလိုအပ်မယ် ထင်တာလေးတွေ ပိုက်ဆံစုပြီး ဝယ်ပေးဖြစ်တယ်လေ။ အခုလဲ သူက လိုချင်တယ်ဆိုတဲ့ iphone ဝယ်ပေးဖို့ ပိုက်ဆံစုနေဖြစ်တယ်။ တကယ်တမ်းကျတော့ ကျွန်မတို့က သာယာမှုတွေဖြစ်ခဲ့ကြတာပါ။ ကျွန်မလဲ ညနေပိုင်းမှာ အချိန်ပိုင်းအလုပ်တွေ လုပ်နေရပြီလေ။ ဒါကြောင့်ပဲ အွန်လိုင်းပေါ်မှာတောင်တွေ့ဖို့က ခက်ခဲလာတယ် ဒီလိုနဲ့ပဲ ကျွန်မ
ကျောင်းပြီးခဲ့ပြီလေ။ ရန်ကုန်ကို ပြန်လာဖို့ ကိစ္စသူ့ကိုပြောပြတယ်။ အချိန်ဆိုတာကလဲ အကုန်လွယ်တာပဲ သူနဲ့ ချစ်သူဖြစ်တာ နှစ်နှစ်ပြည့်တော့မယ်။

“ အကို
သန္တာ နောက်တပတ်ထဲ ပြန်လာရမယ် သိလား”
“ ဟုတ်လား အတော်ပဲ အကိုလဲ
သန္တာကို ပေးစရာရှိနေတာ”
သန္တာလဲ အကို့ကို ပေးစရာရှိတယ်”
သန္တာနဲ့ အစ်ကို ချစ်သူဖြစ်တာ နှစ်နှစ်ပြည့်တိတိပြည့်တဲ့နေ့မှာ တွေ့ကြမယ်လေ”
“ အင်း သဘောပဲလေ”

ကျွန်မ စုထားတဲ့ ပိုက်ဆံလေးနဲ့ ဝယ်ထားတာ့ iphone ရယ် နောက်ပြီး တန်ဖိုးမကြီးပေမယ့် လှတဲ့ ဆင်တူလက်စွပ်လေး နှစ်ကွင်းရယ်လေ။ သူ့ကိုပေးဖို့ပေါ် ထူးဆန်းတာက ကျွန်မ ဘာပေးမှာလဲဆိုတာကို သူမမေးဘူး။ ကျွန်မက သူဘာပေးမှာလဲမေးတော့လဲ “
သန္တာကိုပေးရင် သိမှာပါတဲ့” ဒါလေးပဲပြောတယ် ဘယ်လိုမေးမေး မေးမရဘူးဖြစ်နေတယ်။ သိချင်းစိတ်ကလဲ မပြောပြမှပဲ ပိုပိုလာတယ်။

ဒီနေ့ ကျွန်မရန်ကုန်ပြန်ဖို့ လေဆိပ်ဆင်းရတယ်။ စိတ်ထဲမှာ မိဘတွေနဲ့တွေ့ရမှာရော ကိုရဲရင့်နဲ့တွေ့ရမှာရော စိတ်တွေက နှစ်မျိုးစလုံးကြောင့်ပျော်နေရတယ်။ ၁နှစ်ကျော်ကျော်လောက် ထပ်ပြီးဝေးကွာနေတဲ့ ရန်ကုန်လေဆိပ်ကတော့ အရင်နဲ့ မတူ တမူထူးခြားနေပြီပဲ။ ကျွန်မ နယူးယောက်ရောက်တော့ ဖုန်းခေါ်ကြည့်တယ် မရဘူး သူဖုန်းမကိုင်ဘူး။ ကိုကြီးအိုးဝေကို မေးကြည့်တော့ သူတို့ နှစ်ယောက် မတွေ့ဖြစ်တာကြာပြီတဲ့။

ကိုကြီးအိုးဝေအတွက် လက်ဆောင်သွားတဲ့နေ့က ကိုကြီးကို ကိုရဲရင့်နဲ့ ကျွန်မ မိဘတွေတွေ့ပေးဖို့ စီစဉ်ထားတဲ့ အကြောင်းပြောပြတော့ မျက်နှာပျက်သွားတာ သတိထားမိတယ်။ ဒါပေမယ့် ဘာမှ မပြောဘူး။ ကြည့်ရတာ တခုခုကို
ဖုံးကွယ်ထားသလိုပဲ။ ဒီလိုနဲ့ တစ်ပတ်လောက်ကြာသွားခဲ့တယ်လေ။ ကျွန်မနဲ့ ကိုရဲရင့် ချစ်သူဖြစ်တာ နှစ်နှစ်တိတိပြည့်ခါနီး သုံးရက်အလိုမှာ ကျွန်မမျှော်နေတဲ့ ကိုထူးမြတ်ဆီက ဖုန်းလာတယ် “
သန္တာ အကိုတို့ မနက်ဖြန်တွေ့ကြရအောင်” တဲ့။ “အင်းအင်း” ကျွန်မလဲ ပျော်တော့ အဲ့လိုပဲပြောလိုက်မိတယ်။ သူ ဖုန်းချသွားတယ် ဘာမှမပြောတော့ဘူး။

အဲ့ဒီ့နေ့က မိုးတွေ ရွာနေတယ်။ သည်းသည်း မည်းမည်းရွာနေတယ်။ ကျွန်မကအရင်ရောက်ပြီး စောင့်နေတယ်။ ၅မိနစ်လောက်နေတော့ သူဝင်လာတာ တွေ့လိုက်ရတယ်။ ဘာမှမလဲ မေးတာတောင် ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်နေတယ်။ ကိုရဲရင့် ကပဲ ကော်ဖီ နှစ်ခွက်မှာလိုက်တယ်လေ။ ကျွန်မက လက်ဆောင်ပေးမလို့ လုပ်တုန်း ကိုရဲရင့် က ဖိတ်စာ စာအိတ်လေး တစ်လုံးထုတ်ပေးတယ်။

“ ဘာလဲ အကို”
“ ယူပြီး ကြည့်လိုက်ပါ”

ကျွန်မဖွင့်ပြီးကြည့်လိုက်တာက………………….

မယုံနိုင်ချင်စရာပါပဲ……။ သူ့….. မင်္ဂလာဖိတ်စာ……။ ကျွန်မ နှလုံးသွေးရပ်မလိုဖြစ်သွားခဲ့ပြီ……။

သန္တာ အကို တောင်းပန်ပါတယ် ဘယ်လိုမှ မတတ်နိုင်တော့လို့ပါ”
အစ်ကိုတို့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ဘဝ ကို သန္တာ သိပါတယ်... အစ်ကို့ထက် အဆပေါင်းများစွာ သာတဲ့လူမျိုးတွေ သန္တာဘေးမှာ အများကြီးရှိပါတယ်.. အစ်ကိုတို့လောကထဲကို သန္တာ ကို ဆွဲမခေါ်ရက်ဘူး
“ အကို့ကို ခွင့်မလွှတ်ပါနဲ့ တခုတော့ပြောပါရစေသန္တာကိုချစ်တယ်”
“ အကိုသွားတော့မယ်နော်”

ကျွန်မ ဘာမှ မပြောလိုက်နိုင်ဘူး။ သူထွက်သွားပြီ……။
နောက်လှည့်မကြည့်တော့ဘူး….။ ကျွန်မကို တစ်ချက်လေးတောင် ကြည့်မသွားဘူး….။

နောက်မှ သိလိုက်ရတာက အခု သူနဲ့ ယူဖို့ လုပ်ထားတဲ့ကောင်မလေးက သူ ၁၀တန်းကတည်းက ချစ်သူဖြစ်နေကြတာ၊ မလေးရှား LA ကနေ ဒီလထဲမှာမှ ကနေဒါကို ရောက်တာ တဲ့။

ကျွန်မဘာမှမပြောနိုင်တော့ဘူး….။ မျက်ရည်တွေ အလိုလိုစီးကျနေတယ်။
ကားပေါ်ရောက်တော့ ကျွန်မဖိတ်စာကို ကြည့်မိလိုက်တယ်။ ကိုရဲရင့် တို့ မင်္ဂလာဆောင်က သဘက်ခါပါလား။ ကျွန်မတို့ နှစ်နှစ်တိတိပြည့်တဲ့ ရက်ပဲ။ ကျွန်မ ငိုနေပြီ။ ရပ်လို့မရတော့ဘူး…..။

နိုင်ငံရေးသမား ဆိုသူတွေကို ကျွန်မ တစ်ခုပဲ တောင်းဆိုပါရစေ.... နိုင်ငံခြားမှာ နေပြီး မြန်မာပြည်ထဲက ပြည်သူတွေကို သုခ ရဖို့ မကျိုးစားကြရင်နေကြပါ။ ကိုယ့်အနီးအနားက မြန်မာပြည်သူတွေကို မျက်ရည်ကျအောင် မလုပ်မိကြဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ် ရှင်....။

(တကယ့်ဖြစ်ရပ်ကို နာမည်များလွှဲပြီး ဖော်ပြထားပါသည်)
သန္တာအောင်

Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ