Saturday, June 18, 2011
Myanmar Express Group

ကြာကူလီ စိုင်းသိန်းဝင်း ၊ အင်ကြင်းနိုင် တို့ ၏ သရုပ်ပြပုံ ..


မအင်ကြင်းနိုင် ရေ...
ပြည်ပ မီဒီယာမှာ မဟုတ်တာ အော်ရတာများသွားလို့ အကျင့်ပါသွားလို့ များ လုပ်ကြံလီစယ် ၀ှက်ကွယ် တတ်သွားတာလား လို့ပဲ အရင်မေးရမလို ဖြစ်နေပါပီ ..။ ဒီနေ့  FB မှာ မအင်ကြင်းနိုင်ရဲ့  "ရုရှပြန်စစ်ဗိုလ်အုပ်စုလုပ်ရပ်
အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း" ... ဆိုတဲ့ Note လေး ဖတ်မိလို့  ဒီစာကိုရေးဖြစ်သွားတာပါ ..။ မအင်းကြင်းနိုင်ရဲ့  Note တွေကို တစ်ပိုဒ်ချင်းစီ ကျွန်တော် မေးချင်တာလေး ရေးချင်တာလေး များရှိလို့ ရေးလိုက်တာလို့ ပဲပြောရမှာပေါ့ ..။ မအင်းကြင်းနိုင် ရေးထားတဲ့ Note လေးကို ကျွန်တော် မရှင်းတာလေး တစ်ခုချင်းမေးပါရစေ ..။
၁ ။ _____________-ပထမ အပိုဒ်မှာ မအင်ကြင်းနိုင် ရေးထားတာ က _______________
"ရုရှပြန်စစ်ဗိုလ်အုပ်စုတွေရဲ့ အင်တာနက်ဘလော့များတွင် ပုဂ္ဂိုလ်ရေးအရမကပဲ အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင် ရေးသားဖေါ်ပြလာတာတွေ့ရပါတယ်။
ဒီဘလော့တွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ရေးသားနေတဲ့ ဘလောဂ်တွေလည်းဖြစ်ပါတယ်။" လို့ အစပျိုးထား လေတော့.. ရုရှားပြန် တဲ့ သူတွေ က ထောင်သောင်းချီ ရှိပါတယ် .. ဘယ်သူ ဘယ်ဝါ က စိုင်းသိန်းဝင်း မေးလ်ကို ရယူသွားတယ်ဆိုတာ(FB name) မအင်းကြင်းနိုင်သိရဲ့ သားနဲ့ .. ရုရှားပြန် စစ်အုပ်စုလို့ စသုံးကတည်း က ၀ါးလုံးရှည်နဲ့ မစင်သုတ်ရမ်းပြီး လူစုရုံးအောင် ပိုစ့်အထွက်မှာ ပွဲခေါ်လိုက်တဲ့သဘော ဆိုတာ ရေးထားတဲ့ မအင်းကြင်းနိုင် ကောင်းကောင်းသိမှာပါ ..။ ကျွန်တော် ဘလော့တော်တော်များများဝက်ဆိုဒ် တော်တော်များများ ကို ဖတ်ဖြစ်ပါတယ် ..။ ဘလော့ အားလုံးက ကိုယ်သန်ရာ သန်ရာကို ဇောင်းပေးရေးကြတာချည်းပါပဲ ..။နိုင်ငံ ကို ဖျက် ကိုယ်ကျိုးအတွက် ပြည်ပ မီဒီယာမှာ မဟုတ်မမှန်တွေ လုပ်ကြံသတင်းလွှင့် နေတဲ့ သူများ ရှိသလို ၊ အဲ့လို လွင့်တဲ့သူတွေ ကို ဝေဖန်တဲ့ (၀ါ).ကိုယ်ကျိုးသမားတွေ အကြောင်း ဇောင်းပေးရေးတဲ့ ဘလော့ တွေ ပေါ်လာတော့ ကိုယ့်ငယ်ပုံလေးက အစ တင်ပြရှုံ့ ချတော့ပါးစပ်လေး အဟောင်းသားမျက်လုံးလေးအ၀ိုင်းသားနဲ့ကြည့်နေရတဲ့သူတွေလဲရှိတယ်မဟုတ်လား(ငြင်းလို့မှမရတာ)။ပြော ချင်တာက" ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံအဖွဲ့ စည်းတွေကိုနည်းမျိုးစုံနဲ့တိုက်ခိုက် ရေးသားနေ တဲ့ ဘလော့ဂ် များ"ဆိုတာလေးကိုပါ ..။ ကိုယ်တိုင်က ကော သူများ ကို သွားမတိုက်ခိုက်ဘူးလား(မဟုတ်မမှန်သတင်းတွေနဲ့ ) ..ကိုယ်က သူများ ကို ဆွဲစိတ် တုန်းက ပြုံးပြုံးကြီးလုပ်နေခဲ့ပြီး ကိုယ့်ကို ဆွဲစိတ်တော့ နာ တတ်သလားလို့ မေးချင်တာပါ(မဟုတ်ဘူးဆိုပြန်ငြင်းဆိုချက်ထုတ်လေ ) ...ကဲ ဘလော့တွေ အကြောင်းထားပါလေ ... ဒုတိယ အပိုဒ်လေးကိုဆက်မေးပါ့မယ် ..။
၂ ။ ______________-ဒုတိယ အပိုဒ်မှာ မအင်ကြင်းနိုင်ရေးထားတာ က________________
"၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့ ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ်။ ခိုးယူသွားတဲ့အကောင့်ကို ပြန်ယူပြီးနောက် ၀င်ရောက်ထားတဲ့ IP တွေကို စစ်ကြည့်တဲ့အခါ မြန်မာပြည်က ဆိုတာတွေ့ရပါတယ်။အင်တာနက်ရာဇ၀တ်မှု (cyber crime )ကို ကျူးလွန်ပြီး၊ ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့ ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်းရေးသားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျမရဲ့ ယုံကြည်ရပ်တည်ချက်အရ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတာ အဲဒီအချိန်ကတည်းက ဒီစစ်ဗိုလ်တွေကို ပြတ်ပြတ်သားသားတုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမအပေါ်တိုက်ခိုက်ရေးသားချက်တွေကို ရုရှပြန်စစ်ဗိုလ်တွေရဲ့ face book တွေမှာ အချင်းချင်းဖြန့်ဝေရေးသားတာတွေ့မြင်ရပါတယ်။"
လို့ ရေးထားတော့ အဲ့မှာ မရှင်းတာလေး တစ်ခု မေးချင်လာပြန်ရော .....
" မအင်ကြင်း အကောင့် အယူခံရတာလား စိုင်းသိန်းဝင်း အကောင့် အယူခံရတာလား ??? "....ကျွန်တော် အင်တာနက် မှာ ဖတ်မိသလောက်တော့ .. စိုင်းသိန်းဝင်း အကောင့် အယူခံရပြီး.. မအင်ကြင်း ရဲ့  လက်နှိပ်ဓာတ်မီး ခါးကြားထိုးရင်း ခလုပ်ဖိမိတဲ့ ဇာတ်လမ်း က မီးခိုးကြွက်လျှောက် ဖြစ်ခဲ့တာမဟုတ်ဘူးလား ????အောက်ကပုံကိုကြည့်ပါ ...။

Gtalk သုံးတဲ့ သူတိုင်း သိပါတယ် .. တကယ်လို့ မအင်ကြင်းနိင်အကောင့် အယူခံရတယ်ဆို Chat List မှာ မအင်ကြင်းနိုင် က me ဖြစ်ပြီး တစ်ဖက် ကပြောတဲ့သူ က (စိုင်းသိန်းဝင်း) ဖြစ်ရမှာပါ..။ ခုက စိုင်းသိန်းဝင်း အကောင့်အယူခံ ရတာ ဆိုတော့ Chat list မှာ me နဲ့  Ingjin ဖြစ်နေတာ ကိုကြည့်ချင်းအားဖြင့်....
"၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့ ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ် " လို့ ဆိုထားတာ က လီဇယ် လိမ်ညာ ရေးသားထားတယ်ဆိုတာ ပေါ်လွင်သွားလောက်ပီပေါ့နော် ..။နောက်ပြီး မအင်ကြင်းနိုင်အကောင့် အခိုး မခံရပဲနဲ့  မအင်ကြင်း က အင်တာနက် ရာဇ၀တ်မှု့ (cyber crime )ကျူးလွန်တယ်လို့ ဘယ်သူကို တရားစွဲမှာလဲ ၊ အဲ့လို တရားစွဲတာကို ဘယ်သူ က ဘယ်လိုတာဝန်ယူပေးရမလဲ ??? ..။ ကံမကောင်းရင် .. လုပ်ကြံလီဇယ်တိုင်တန်းမှု့  ၊ စစ်ပြေးနဲ့ ပူးပေါင်းကြံစည်မှု (ခိုးရာပါ ပစ္စည်း လက်ခံဝှက်ထားပေးတာတောင်ရာဇ၀တ်မှု့ မြောက်တာ.. စစ်ပြေးနဲ့ပူပေါင်းကြံစည်မှု့ ဆိုရင်တော့တရားခွင်နဲ့  ပါဝင်ပတ်သတ်လာမယ်ထင်ပါတယ်)... ဆိုတာ ကို့  မအင်ကြင်းသိပြီးသားဖြစ်မှာပါနော် ..။ငါတို့ က ပြည်ပမှာ ငါတို့ က အမေရိကန် နိုင်ငံသား ၊ ငါတို့ အဖေကြီး ယန်းကီး တွေ ရှိတယ် ဆိုရင်တော့လဲ တစ်မျိုးပေါ့ဗျာ ..။
တကယ်တော့ မအင်ကြင်းနဲ့ စိုင်းသိန်းဝင်းကို အကြောင်းအချင်းချင်း ရေးသားဖြန့် ဝေတာမဟုတ်ပါဘူး.. အမှန်တရား က ပြန့်ကားသွားတာပါ :) ..( ဖြန့်ဝေတာနဲ့ ပြန့် ကားတာ ကွဲပြားမယ်လို့တော့ထင်ပါတယ် )
"ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့ ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်းရေးသားခဲ့ပါတယ်။" လို့ ရေးထားတာ က___" ကြမ်းပိုးကိုလိပ်ဖြစ်အောင် "သွေးဆောင်ပြောနေတဲ့ RFA သတင်းထောက်ကြီးမအင်ကြင်းနိုင်ကိုအမှန်တကယ် အဲ့လို ခြိမ်းခြောက် အကြပ်ကိုင်ခံခဲ့ရရင် RFA နဲ့ ပြည်ပ မီဒီယာတွေ ကနေ တစာစာဟစ်အော်ကြွေးနေလောက်ပီလို့ ကျွန်တော် ထင်ပါတယ် ..။ ခု မအင်ကြင်းနိုင်ရေးထားတာ က ဘာနဲ့ အလားသဏ္ဍန်တူလဲဆိုတော့.....တက္ကသိုလ် နေလင်းအောင် ရေးတဲ့ သိုင်းဝတ္ထု ထဲက "မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ လူသုံးယောက်မှာ လဲကျသွား၏" နဲ့ တူနေပြီ ဗျ ..။မဟုတ်မမှန်တာလား ?? လုပ်ကြံတာလား ?? ဆိုတာတော့ မအင်ကြင်းနိုင်သာ သိမှာပါ ...။
၃ ။ ____________________ တတိယအပိုဒ်မှာ မအင်ကြင်းနိုင်ရေးထားတာ က_______________
ကျမနဲ့ ခင်ပွန်းဖြစ်သူနှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံတွင်း ကျောင်းသားနိုင်ငံရေးလှုပ်ရှားထဲဖြတ်သန်းခဲ့ကတည်းက မမှန်မကန်စွပ်စွဲ ပုတ်ခတ်မှုတွေ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ရင်ဆိုင်ခဲ့ရလို့ ဒီကိစ္စမှာ ရင့်ကျက်ပြီးသားဖြစ်နေပါပြီ။အိမ်ထောင်ရေးဘ၀မှာ လုံးဝ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ခြောက်နှစ်အရွယ် ရင်သွေး သမီးငယ်ကိုပါ ထိခိုက်လာတဲ့အတွက် မိခင်တဦးအနေနဲ့ ရုရုပြန်စစ်ဗိုလ်တွေရဲ့လုပ်ရပ် အပေါ်တုန့်ပြန်ပြောဆိုဖို့ လိုအပ်လာပါတယ်။
လို့ ရေးထားတော့ Ko Irons ရဲ့  ဖော်ထုတ်တင်ပြ စဉ်က ဖော်ထုတ်ရခြင်းအကြောင်းလေး ကို ပြေးမြင်ယောင်မိသား ....
စိုင်းရဲ့ ကြင်း အကြောင်းဖတ်ရန်
https://www.facebook.com/notes/kyaw-thu-aung/%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%B2%E1%80%B7-%E1%81%BE%E1%80%80%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%AD%E1%80%AF-/132522356826715
"_____ဖော်ထုတ်ရခြင်းအကြောင်း
ရင်း__
ကျွန်တော်ဟာ စိုင်းသိန်းဝင်းရဲ့ ကိုယ်ကျင့်တရား ပျက်ယွင်းမှု့တွေ ပါရှိသော အချက်အလက်တွေကို ရရှိထားတဲ့တာ ကြာပေမဲ့ မဆိုင်သူတွေ ထိခိုက် နစ်နာမှာ မလိုလားတဲ့ အတွက် နံမည် အပြည့်အစုံနဲ့ မဖေါ်ထုတ်ခဲ့ပါဘူး၊ အထူးသဖြင့် VOA သတင်းထောက် သားညွန့်ဦးနဲ့ RFA သတင်းထောက် မအင်ကြင်းနိုင်တို့ရဲ့ သမီးငယ်လေး စိတ်ထိခိုက်မှာ မလိုလားတဲ့အတွက် နံမည်အပြည့် အစုံနဲ့ မဖေါ်ထုတ်ခဲ့တာပါ။အွန်လိုင်းမှာလဲ မေးတွေ မဖြန့်ခဲ့သေးပါဘူး စိုင်းသိန်းဝင်းတစ်ယောက်ထဲကိုပဲ သူ့ရဲ့ ယောင်္ကျား ပိုင်းလုံး စိတ်ဓါတ်ကို နောင်ကြဉ်သွားအောင် ၊ ဆက်လက် မကျူးလွန်အောင် ရိပ်ဖမ်း သံဖမ်းပဲ ၊ နဲ့ မထင်မရှား သာ ဖေါ်ပြခဲ့တာပါ။
ဒီလို ရိပ်ဖမ်း သံဖမ်းပဲ ဖေါ်ပြတာကိုပဲ စိုင်းသိန်းဝင်း က ကျွန်တော်ဆီမှာ သတင်း အတိအကျ မရှိဘူးလို့ ယူဆခဲ့ပုံရပါတယ်၊ Chat History မထားကြောင်း၊ ဖျက်ပစ်ထားကြောင်း ပြောဆိုထားပါတယ်။ ထိုပြောဆိုထားတဲ့ မေးလ်ကိုလဲ ထပ်မံရရှိပြန်ပါတယ်။တစ်ကယ်တော့ သူတိုက နှစ်ယောက် ပြောခဲ့တာတွေက ကျန်နေရစခဲ့်ပါတယ်။ စိုင်းသိန်းဝင်းဟာ သူ ရဲ့ အမှားကို ကို ၀န်မခံပဲနဲ့ ကျွန်တော်ကပဲ သူ့ရဲ့ လုပ်ကြံဖန်တီးသယောင်၊ မကောင်းပြောနေသယောင် နဲ့ ကြေညာချက် ထုတ်ပြီး ခပ်တည်တည် လိမ်ခဲ့ပါတယ်။ သူ့ ဘေးပတ်ဝန်းကျင်က ကြားသိချက်အရ စိုင်းသိန်းဝင်း ဟာ သူနဲ့ ရင်နှီးတဲ့ လူတစ်ချို့ကို သူ မကောင်းတာ မလုပ်တဲ့အကြောင်း၊ သူ့ကို မကျေနပ်တဲ့သူက သူ့ သိက္ခာကျအောင် လုပ်ဖြင်း ဖြစ်ကြောင်း ခပ်တည်တည် ဆက်လက် လိမ်လည်ပြောဆိုခဲ့တာကြောင့် သူကမိတ်တွေ တစ်ချို့ကပါ သူ့မှန်တယ် ထင်နေကြပါတယ်။ ဒီတော့ အဲဒီ စိုင်းသိန်းဝင်းရဲ့ လိမ်လည် အယုံသွင်းမှုကို ခံနေကြရတဲ့ သူတွေ ကိုယ်တိုင် စိုင်းသိန်းဝင်းရဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ သိသွားအောင် ဖော်ထုတ်လိုက်ပါတယ်။"
ဆိုတဲ့ ဖော်ထုတ်သူ ရဲ့  ရည်ရွယ်ချက်မြှားဦး က ဘယ်သူ ဆီမှာလဲ ဆိုတာ စာဖတ်သူတိုင်း သိပါလိမ့်မယ် ..။ အပြစ်တင်မယ် ဆို မအင်ကြင်း ခါးကြားထိုးတဲ့ ဓာတ်မီး ခလုပ်ကြီး ပဲ အပြစ်တင်ရမယ်ထင်သဗျ ..။သူက ပေါ်လွင်အောင် (ဘူးခံငြင်း)ထလင်းတာကိုးဗျ ..ဒီတော့လူသိမပေါ့.မဟုတ်ပေဘူးလား ။။ ဒီတော့ ၆ နှစ်အရွယ် ကလေး ငယ်ကို မညှာတာ တာ ဘယ်သူတွေများဖြစ်မလဲလို့ ကိုယ့်ကိုယ် မှန်ကြည့်ပြီးမေးကြည့်ပါအုံး..။ထစ်ခနဲ ဆို ရုရှားက စစ်ဗိုလ်တွေ.. ထစ်ခနဲ ဆို ရုရှားပြန်တွေ ..။ ကိုယ့်ဘာသာ နောက်မီလင်းတာပေါ်လို့ ရှက်ရမ်းရမ်းတာရမ်းပါ ရုရှားပြန်တွေနဲ့ ဘာဆိုင်တုန်းဗျာ ။ထားပါလေ အရင်လို မအင်ကြင်းတို့  မြန်မာပြည်သားတွေကို လှိမ့်ချင်းတိုင်းလှိမ့်လို့မရတော့လို့  ရုရှားက လူတွေကို လှည့်ပတ်ပုတ်ခတ် တာသိပ်အဆန်းကြီးတော့မဟုတ်တော့ပါဘူး..။ရေးထားတဲ့ အပိုဒ်လေးကတော့ ကလေးငယ်ကို ငဲ့ညှာသလိုလေး အသားပေးရေးထားပေမယ့်.. ကျွန်တော် သိထားသလောက်တော့ ..သားသမီးကိုချစ်တဲ့မိဘတိုင်း ၊ ကိုယ့်အိမ်ထောင်ဖက်ကို စုံမက်တဲ့ မိန်းမ တိုင်းက ကာမပိုင်ယောက်ျားမသိအောင် မကောင်းတာလုပ်ဖို့ မစဉ်းစားပါဘူး ..။ တကယ့်တကယ် သေချာတွေးကြကြေးဆို..."ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး" ဇာတ်ကို ထုတ်ပြ တားဆီးပေးတဲ့ Ko Iron ကိုတောင် ကလေးငယ်အတွက်ကျေးဇူးတင်ရမှာ..။မအင်ကြင်းနိုင်ကတော့ ဘယ် ကျေးဇူးတင်မလဲလေ ..တိတ်တိတ် ပုန်း ဇာတ်ထုပ် ကို KO Iron က ဆွဲထုတ်ထားတာ ကိုးးးးးးးးးးဗျ...။
၎ ။ ____________________စတုတ္ထအပိုဒ် မှာ ပြောထားတာ က__________________
အခုလို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင်ရည်ရွယ်ချက်သက်သက်နဲ့ နိုင်ငံတော်ငွေတွေသုံးပြီး ပညာသင်ခဲ့တဲ့ ရုရှပြန်စစ်ဗိုလ်အုပ်စုလုပ်ဆောင်နေတာဟာ မြန်မာစစ်တပ်ရဲ့မူဝါဒလား ၊ အစိုးရသစ်ရဲ့မူဝါဒလား ဆိုတာမေးခွန်းထုတ်ရပါလိမ့်မယ်။
လို့ေ ရးထားတာ က တော့ ..ကိုယ့်ဘာသာ ကိုယ် နောက်မီးလင်းမယ့် ကိစ္စ ဗူးပေါ်သလို ပေါ်မှ ရှက်ရမ်းရမ်းပြီး အစိုးရ နဲ့ မြန်မာ စစ်တပ် ဘက် လှည့် ပြီး ရန်တိုက်ပေးတာနဲ့ မတူဘူးလားဗျာ တကယ်တော့ ဒီကိစ္စ က ပုဂ္ဂိုလ်ရေး အရ ထိခိုက်နစ်နာအောင် လုပ်တာ တော့မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ် ..။.."ညောင်မြစ်တူးရင်း ပုတ်သင်ဥ ပေါ်" တယ်လို့ ပဲ ပြောရမယ် ..။ မအင်ကြင်းနိုင်ရေ " ပုတ်လို့ပေါ် ဟုတ်လို့ကျော် "ဆိုတဲ့ စကားပဲ နာယူ ထားလိုက်ပေါ့ဗျာ..။ မအင်းကြင်း သာ တစ်ခြားတစ်ယောက်နဲ့ ခုလိုဆို.. စိတ်ထဲမှာ ရှုံ့ ချ ယုံကလွဲပြီး ဘယ်သူမှ သူများအိမ်ထောင်ကွဲအောင် အင်တာနက်ပေါ်ချပြမှာ မဟုတ်ပါဘူး..။(ဒါတောင် စိုင်းသိန်းဝင်းက ဒုတိယမြောက်ရဲ့ ပထမ ဟုတ်ရဲ့ လားဆိုတာတော့ ကာယကံရှင်ပဲသိမှာပါ.).. ခု ပြဿနာမှာ မအင်ကြင်းနိုင် က ကြက်သွန်နဲ့ပေါင်းလို့ အထောင်းခံရတဲ့ ငရုတ်သီးပါ ..။
၅ ။___________________ ပဉ္စမ အပိုဒ်မှာ မအင်ကြင်းနိုင်ရေးထားတာ က________________
"နိုင်ငံပိုင်ငွေနဲ့ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို အလွဲသုံးစားလုပ်ကာ အရပ်သားလူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်အကြပ်ကိုင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့
ရုရှပြန်စစ်ဗိုလ်တွေလုပ်ရပ်တွေဟာ ပါ။"
လို့ ပြောထားတော့ စာရေးဆရာကြီး လူထု ဦးစိန်ဝင်း ရေးဖူးတဲ့ စာကြောင်းလေး "မပြုံးပဲ ၀ါးလုံးကွဲအောင်ရယ်ချင်တယ်" ဆိုတာလေး ကို ပြေးသတိရမိသေးသဗျ ..။ နိုင်ငံပိုင်ငွေတွေ နဲ့ ပညာသင်ပြီး ၊
အမိနိုင်ငံပြန်ပြီးတာဝန် ထမ်းဆောင်နေတဲ့သူတွေ ကို နည်းပညာ အလွဲသုံးစားလုပ်တယ်လို့ ရေးတော့ "၊ ငါးဖယ်က ပြောင်းပြန်လန်၊နံ့သာဖြူက E စော်နံ " ဆို သလိုမျိုး ဖြစ်မနေဘူးလား..။ နိုင်ငံ (လ၀) ခိုးပြီး ထွက်ပြေးတဲ့ (၀ါ) မအင်ကြင်းင် ပလီပလာ တီတီတာ ပြောတဲ့ စိုင်း ဆိုတဲ့ကြာကူလီ ကြီး ကိုတော့ ရုရှားက ပြန်သွားတဲ့ ရော့ကတ် ပညာရှင်ကြီးသဖွယ် အသားပေးရေးတာတွေ ကို ကျွန်တော်တို့ ကြိတ်ကြိတ်ရယ်နေရတာ ကြာခဲ့ပြီ :) ၊။ အင်း.. မအင်ကြင်းနိုင်လဲ ယန်းကီးတွေနဲ့ ဆက်ဆံ တာများလို့လား မသိဘူး ယန်းကီးတွေ အသံ နဲ့ "အနာဂတ်တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ပါ ရင်လေးစရာပါ" တဲ့ လား ..။မအင်းကြင်းနိုင်ရေ..
ဟန် ပြ အချစ်နဲ့  ကိုသားညွန့် ဦး ကို ချစ်မ၀ လို့ မြန်မာနိုင်ငံ သားတွေ ကို ပါ ဆွဲသွင်းချစ်ပြနေတာလားလို့ ပဲ မေးပါရစေတော့..။
၆ ။___________________ဆဌမ အပိုဒ်မှာ မအင်ကြင်းနိုင်ရေးထားတာ က____________
နောက်ပြီး ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာလက်ခံလို့မရတဲ့ Cyber Crimes၊ အမျိုးသမီးနဲ့ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊ လူလူချင်းထိခိုက်နစ်နေစေတဲ့လုပ်ရပ်တွေ ရုရှပြန်စစ်ဗိုလ်တွေကျူးလွန်နေတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေက အရေးယူဖို့လိုအပ်ပါတယ်။ ..လို့ ရေးထားတဲ့အထဲမှာ "ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာလက်ခံလို့မရတဲ့ Cyber Crimes " ဆိုတဲ့ စာကြောင်းကို သေချာ စဉ်းစားကြည့်တော့ "မယဉ်ကျေးတဲ့ လူ့ အဖွဲ့အစည်းမှာတော့ Cyber Crimes ကိုလက်ခံလို့ရတယ်ပေါ့"..ဒါဆိုကျွန်တော်မှာ တစ်ခုမေးစရာရှိလာပါပီ ယဉ်ကျေးမှု့ ရှိတဲ့ လူတွေ ကကော လင်ရှိမယား ၊ မယာရှိ လင်နဲ့ ဖောက်ပြန်ဖို့ အချိန်းချက် ၊ အိညှောင်အိညှက် လုပ်ကြလို့လား ??? တကယ်တော့ အဲ့အမျိုးသမီးရဲ့ ဂုဏ်သိက္ခာကို စော်ကားတာမဟုတ်ပါဘူး.. အဲ့ အမျိုးသမီး ရဲ့ ဂုဏ်သိက္ခာက နဂိုကတည်းက စော်ကားဖို့ ကို မရှိအောင် ကျနေတာ ..။ဘယ်နှယ့်ဗျာ လင်နဲ့ သမီး မျက်နှာ မထောက် ပလီပလာနဲ့  "ကိုစိုင်းပြောမှာ ..အမျိုးသမီး အကြောင်းတွေ ပါရင်ကျော်ရမယ်" ဆို ပြီး jj ၀င်တာ ဘာလို့များပါလိမ့် ?? ခိုးစား တာ မိတော့မှ ပါးစပ်သုတ်ပြီး ခေါင်းခါပြသလို ဖြစ်နေပြီ မအင်ကြင်းနိုင်ရေ... (ပါးစပ်က မငြင်းနိင်ရှာဘူး ခိုးစားထားတာ ပလုပ်ပလောင်းဖြစ်နေလို့ မ၀ါးတော့ မ၀ါးရသေးပါဘူး )..။ အမှောင်ထဲ မှာ ဖြစ်ချင်တာဖြစ်ပြီး မီးမောင်းတစ်ချက်အဝှေ့ မှာ သရုပ်မှန်လေး ပေါ်သွားရှာတာ ကို တာဝန်ရှိ အာဏာပိုင်များ အရေးယူပေးပါဗျ ဆိုတော့ ... ကိုယ်တိုင်ကော..... ကိုယ်တိုင်ကော မှန်ကန်နေရဲ့ လား လို့ နီးစပ်ရာလူတွေကို
မေးကြည့်ပါအုံး..။
၇ ။ _______________ သတ္တမ အပိုဒ်မှာ မအင်ကြင်းနိုင်ေ ရးထားတာ က_________________
အခုကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံ ရုရှားပြန်စစ်ဗိုလ်တွေကို ဖော်ထုတ်အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ပတ်သက်လို့ ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက်လုပ်တဲ့အပေးအယူမဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူလုပ်မှာပါ။ တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာအဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။
လို့ ရေးထားတော့.. .စဉ်းစားမိတာက
ဒီကိစ္စ ရဲ့ ဖြစ်စဉ် အတိုချုပ် က စိုင်းသိန်းဝင်း(နိုင်ငံသစ္စာဖောက်စစ်ပြေး) အီး မေးလ်ကို Ko Iron က ယူသွားတယ် ..။
_ စိုင်းသိန်းဝင်း ကြာကူလီ လုပ်အဲ့အကြောင်းနဲ့ စိုင်းသိန်းဝင်း ရဲ့  သရုပ်ကိုဖော်ထုတ်တယ် ..
_ စိုင်းသိန်းဝင်းက မဟုတ်မှန်ကြောင်း ၊ မတရား အစွပ်စွဲခံရပါကြောင်း ၊ သူကို မနာလိုသူတွေက လုပ်ကြံတာဖြစ်ပါကြောင်း လိမ်လည်ကြေငြာပြောကြားနေတော့ Ko Iron က မေးလ် အမှန် Chat Lite ကို မချပြလိုကြောင်း ၊ မသက်ဆိုင်သူများ ပတ်သတ် ဆက်နွယ်ပြီး ကလေး ငယ်၏းစိတ်ဓာတ်ဒဏ်ရာ ရသွားနိုင်မည်ဖြစ်ကြောင်း ပြောခဲ့တာကိုလဲ ဖတ်ခဲ့ရဖူးတယ်..။ _ ဒါကိုပဲ မင်းတို့ထက် အမြဲ ခြေအလှမ်းတစ်ရာ သာတယ်ဆိုတဲ့ ပြည်ပြေး ရော့ကတ်ပညာရှင် စိုင်းသိန်းဝင်း က ဖောရှော ရိုက်နေတယ် ထင်ပြီး ၊ ဖိတ်ပိတ်ငြင်းတော့ Ko Iron က ခုလို ချပြတော့ ဇာတ်လမ်း က အဲ့က စတာပေါ့..။
" ဖော်ထုတ်အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ပတ်သက်လို့ ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက်လုပ်တဲ့အပေးအယူမဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူလုပ်မှာပါ။တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာအဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။" ...ဆိုတာ က .. အစိုးရသစ် ကိုတိုင်ကြားတာလား ၊ ချိန်းခြောက်တာလား ခွဲခြားလို့ကိုမရဘူး :) ..။ "နိုင်ငံတကာအဖွဲ့အစည်းအဆင့်ဆင့်" ဆိုတာ ငပွကြီး တွေကို ပြောတာလား ..။အဲ့တာဆိုရင်တော့ သွားတိုင်မနေနဲ့ သူတို့လဲ Hackers တွေ လက်သတ်မွေးပြီး သူတို့ မကျေနပ်တဲ့ လူတွေ ရဲ့ အချက်အလက်ကို ခိုးနေကြတာပဲ ..။
ဒီဇာတ်လမ်းရှုပ်ကြီးကို "မဟုတ်မမှန် စွပ်စွဲခံရတာ ပါ" တိုင်ကြားချင်သပါ့ ဆိုရင် မေးလ်ပိုင်ရှင် စိုင်းသိန်းဝင်း က တိုင်ကြားရမှာ ..။ ဘာကြောင့်လဲ ဆိုတော့ အထက်မှာပြောခဲ့သလိုပဲ မေးလ် Hacking အလုပ်ခံရတာက စိုင်းသိန်းဝင်းဖြစ်နေတာကိုး.....အဲ့တာ ကို စိုင်းသိန်းဝင်း က ကြာကူလီ ဇာတ်လမ်းတွေ ပေါ်လို့ ရှက်ရှက်နဲ့ Facebook တောင် တက်မသုံးရဲတာကို ကြက်သွန်နဲ့ပေါင်းလို့ အထောင်းခံရတဲ့ ငရုပ်သီး (မအင်ကြင်းနိုင်) က တိုင်မယ် တောမယ် ဆိုတော့.. အိုးက မပူ စလောင်းက ပူ ဆိုတာ မျိုး ဖြစ်နေတာထက် ရှက်ရမ်းရမ်းနေတယ်ဆိုတာ ဒီဇာတ်လမ်းကို အစဆုံးဖတ်ဖြစ်တဲ့သူတိုင်းသိမှာပါ ..။
၈ ။ __________________နောက်ဆုံး အပိုဒ်မှာ မအင်ကြင်းနိုင် ရေးထားတာ က______________
"ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။
၁. ဦးသိန်းစိန်၊ နိုင်ငံတော်သမတရုံး၊ ပြည်ထောင်စုသမတမြန်မာနိုင်ငံ
၂. ဦးဝဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
၃. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်
၎. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ
၆. ပြည်တွင်း ပြည်ပသတင်းဌာနများ
အင်ကြင်းနိုင်
ဝါရှင်တန်ဒီစီ
အမေရိကန်ပြည်ထောင်စု
+1 202 731 1791
Ingjinnaing@gmail.com
လို့ ရုပ်တည်ကြီး ရေးထားတော့.. သာမာန်ဖတ်သွားတဲ့ သူကတော့ ...
" အစိုးရသစ်ဘယ်လိုတာဝန်ယူပေးမလဲ စောင်ကြည့်ရမှာပေါ့" လို့စဉ်းစားကောင်းစဉ်းစားကြပါလိမ့်မယ် ..။
ဒါပေမယ့်  ကျွန်တော် နဲနဲစဉ်းစားမိတာ က
_ အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်ဆိုတာ ဘယ်လို တိုင်တာလဲ FB က အကောင့်မှာ ရေးပြီးတိုင်တာလား ဒါမှ မဟုတ် တရားဝင် စာတင် တိုင်တာလား
_ ဘာကိုတိုင်တာလဲ နောက်မီး လင်းတဲ့ ကိုယ်ရေးကိုယ်တာကိုဖော်ထုတ်လို့လား ??
အင်တာနက်ရာဇ၀တ်မှု (cyber crime ) အရ တိုင်ရအောင်လဲမေလ်း အဖောက်ခံရတာက စိုင်းသိန်းဝင်း (ကြာကူလီ)
_ စိုင်းသိန်းဝင်း မေးလ် အဖောက်ခံရလို့ တိုင်ပါတယ်ဆိုရအောင်လဲ ကာယကံရှင်တောင်တုတ်တုတ် မလှုပ်တာ ၊
မအင်ကြင်းနိုင် ရေးထားတာကလဲ စိုင်းသိန်းဝင်းအကြောင်းမပါပဲ သူနဲ့ ဘာမှ မပတ်သတ်သလို ရေးထားတော့ ဘယ်လိုနားလည်ရမလဲ
_ စိုင်းသိန်းဝင်းနဲ့ပြောခဲ့တာတော့ မှန်ပါတယ်..ဒါပေမယ့် ကျွန်မ မေးလ်ကို သူ ခိုးတယ် ပြောရအောင်လဲ Ko Iron ဖော်ပြထားတာ က စိုင်းသိန်းဝင်း မေးလ်က ရတဲ့ Data တွေ
_ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ တိုင်ပါတယ် ဆိုရင်တော့ .@bot.talk.google.com တွေ ပါ Hack ထားပါတယ်လို့ သူကိုယ်တိုင်ကြေငြာတဲ့ BHG ကို အရင်တိုင်ရမယ်ထင်တယ်
ဒီတော့ မအင်းကြင်းနိုင်ရဲ့ အချစ်တော် သူများတွေ ထက် ခြေလှမ်းတစ်ရာ အမြဲသာတယ် ဆိုတဲ့  ကြာကူလီ စိုင်းသိန်းဝင်းကို ပဲ ကိုယ့်အီးမေလ်း ကို လုံခြုံအောင် မထိန်းနိုင်ဘူးလားလို့ သွားမေးလိုက်တာ ကမှ "အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါသည်" ဆိုတာ ထက် နဲနဲ ရေးတေး ရာတာ ရှိအုံးမယ်ထင်ပါတယ် ..။
နိဂုံးချုပ်မှာမြင်မိတာ___
တိုင်ကြားသယောင်ယောင်(တိုင်ကြားချင်လဲတိုင်ကြားမှာပါ) ၊ သူအီးမေလ်း အဖောက်ခံ ရသယောင်ယောင် နဲရေးထားတဲ့  အဲ့ဒီ Note နဲ့  ဆက်စပ်ပြီး ကျွန်တော် တွေးမိလိုက်တာ က များမကြာသော အချိန်ပိုင်းအတွင်းမှာ RFA နဲ့  ပြည်ပ မီဒီယာများ မှာ ___"cyber crime အပေါ် အစိုးရသစ် တာဝန်ယူ မှု့ မရှိ"____ ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း လံကြုပ်သတင်းတစ်ပုဒ် ခပ်တည်တည် ကြီး ထုတ်ပြန်ကြအုံးမယ်ဆိုတာပါပဲ ..။ ဒါကလဲ အထူး အဆန်းတော့ မဟုတ်ပါဘူး လုပ်ကြံ လွင့်တာ ပြည်ပ မီဒီယာ ရဲ့ ဝါသနာ ကိုး .။
အဲ.. ပြောဖို့ မေ့ခဲ့တော့မလို့ ..။ ပြန်စာ ရေးလို့  Ko Iron လို့ထင်မနေပါနဲ့ အုံး..။ ကျွန်တော် က ကိုယ့် Gmail တောင် ကို Functions စုံအောင်မသုံးတတ်သေးတဲ့သူပါ..။
တိမ်တမာန်
Myanmar Express