Subscribe to our RSS Feed

အများသိရအောင် ဖော်ပြပေးပါနော် (ပေးစာ - ၁၄)

ယနေ့ခေတ် အခြေအနေတွင် မြန်မာ နိုင်ငံတွင်နေထိုင်လျှက်ရှိကြသော မြန်မာအမျိုးသမီးငယ်များနှင့် ပြည်ပနိုင်ငံများ ဖြစ်သော ထိုင်း ၊ မလေးရှား ၊ စင်ကပူ ၊တရုတ် အစရှိသော နိုင်ငံများသို့ ရောက်ရှိ အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာနိုင်ငံသား မြန်မာအမျိုးသမီးငယ်များသည် မိမိတို့ နေထိုင်လျှက်ရှိသော နိုင်ငံထက် ပိုမိုကောင်းမွန်သော နိုင်ငံများသို့ သွားရောက် ရန် ဆန္ဒရှိကြသည်မှာ အမှား တခုဟု ပြောစရာမရှိသော်လည်း အွန်လိုင်းပေါ်တွင် တွေ့ဆုံရသော လူတယောက်အား အယုံလွယ်မိခြင်းကြောင့် ဆုံးရှုံးသွားကြရသော အရှက် သိက္ခာ များ အတွက်ကိုတော့ အင်မတန်မှ စိတ်မကောင်းစရာအဖြစ် ခံစားရသလို ရှိလာသည့်အတွက် ဒီစာအား ရေးတင်လိုက်ရခြင်းဖြစ်ပါသည်။

အင်္ဂလန် နိုင်ငံ Sheffield မြို့သို့ လွန်ခဲ့သော 9 နှစ်ခန့်က ရောက်ရှိနေထိုင်လျှက်ရှိသော ဇော်ဝင်း (မြန်မာအမည်) (ခ)MR CHODHARY(အင်္ဂလန်နိုင်ငံသားခံယူပြီးမှ ပြောင်းလိုက်သောအမည်) သည် အွန်လိုင်းကို အသုံးပြု့ ကာ မြန်မာနိုင်ငံအတွင်း နေထိုင်လျှက်ရှိသော အမျိုးသမီး ငယ်များနှင့် ထိုင်း . မလေးရှား ၊ စင်ကပူ ၊ တရုတ် အစရှိသော နိုင်ငံများရှိ မြန်မာ အမျိုးသမီးငယ်များအား အင်္ဂလန်နိုင်ငံသို့ လာနိုင်အောင် လုပ်ပေးမည်ဟု မက်လုံးများပေးကာ နှမချင်း မစာမနာစွာဖြင့် မဖွယ်မရာများကို ပြုလုပ်နေပါသည်။ ထိုသို့ အွန်လိုင်း sex လုပ်ထားသော စာသားများ၊ ဓါတ်ပုံများနှင့် ဗီဒွီယိုဖိုင် အဖြစ် မှတ်တမ်းလုပ်ထားသော အရာများကို မြန်မာနိုင်ငံသားများ ရေးသားနေသော porn blog များသို့ မိမိ အမည်များ လွဲပြောင်းကာပေးပို့နေပါသည်။

ဇော်ဝင်း(ခ) MR CHODHARY သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မွေးဖွားခဲ့သော ရိုဟင်ဂျာ လူမျိုးတယောက်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ Sheffield မြို့တွင် ဗမာအမျိုးသမီး မနီလာနှင့် ပေါင်းသင်းကာ သား နှစ်ယောက် ဖခင်လည်း ဖြစ်ပါသည်။သို့သော် လွန်ခဲ့သော 1 နှစ်ခန့်က သူ၏ အမျိုးသမီး မနီလာနှင့် သားနှစ်ယောက်ကို အင်္ဂလန်နိုင်ငံ Sheffield မြို့တွင် ထားရစ်ခါ သူ၏ မွေးဇာတိဖြစ်သော ရခိုင်ပြည်နယ်သို့ မိဘ များ နာမကျန်းဖြစ်သည်ဟု အကြောင်းပြကာ ပြန်သွားခဲ့ပါသည်။ ထို့သို့ ပြန်သွားပြီး မိမိနှင့် လူမျိုး ၊ ဘာသာတူသော မွတ်စလင် အမျိုးသမီးအား မိမိကိုယ် မိမိ လူပျိုဟု ပြောခါ လက်ထပ် ပေါင်းသင်းခဲ့ပြန်ပါသည်။ ထို့နောက်တွင်တော့ အင်္ဂလန်နိင်ငံရှိ ဇနီးနှင့် သားများထံ ဟန်မပျက် ပြန်လာခဲ့ပါသည်။ ထိုသို့ ပြန်လာပြီး 2 လလောက်အကြာတွင်တော့ ဇနီးကြီးဖြစ်သူ မနီလာမှာ မိမိခင်ပွန်းဖြစ်သူသည် မြန်မာပြည်ပြန်သွားစဉ်က နောက်ထပ် အိမ်ထောင်ပြုလာခဲ့သည်ကို သိရှိသွားပြီး လင်မယားကွာရှင်းလိုက်ကြပါသည်။

ဇော်ဝင်း(ခ)MR CHODHARY သည် ယခုအခါ မယားငယ်အဖြစ် ယူထားသော မွတ်စလင် အမျိုးသမီးအား သွေးဆောင် ဖျားယောင်း မက်လုံးပေးသလို မျိုး အွန်လိုင်းကို အသုံးပြု့ ကာ မြန်မာအမျိုးသမီးငယ်များအား ဖျက်ဆီး စော်ကားနေသည်ကို သိရှိနိုင်ကြပါရန် ရှောင်ရှား နိုင်ကြပါရန် ရေးသား ဖော်ပြလိုက်ရပါသည်။



ဇော်ဝင်း(ခ) MR CHODHARY
ဖုံး နံပတ် 00447886654779
Gmail........zawkhan@gmail.com
skype account..... zaw.win2 (အမျိုးသမီးများ အား မဖွယ်မရာလုပ်နေသောအကောင့်)

စပွန်ဆာဆိုတာ လာဘ်ပေးလာဘ်ယူ လုပ်တာပဲ

နေမကောင်း ဖြစ်နေတာကို လာမေးရင်းနဲ့ ဂျာနယ်သမား လူငယ် တစ်ယောက်က နိုင်ငံရေးပါတီတွေနဲ့ လူတွေအကြောင်း သိချင်တာလေးတွေကို နေကောင်းတဲ့အခါ လာမေးခွင့်ပြုပါလို့ ခွင့်တောင်းတယ်။ ဘယ်သူတွေရဲ့ နောက်ကြောင်းက ဘယ်လိုမှန်း မသိတော့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ပါလို့ အကြောင်းပြတယ်။

ပွဲစားတွေလား
စကားပြောတာ ဖြစ်ဖြစ် ထမင်းဝါးတာ ဖြစ်ဖြစ် အင်နာဂျီ သုံးရတယ်။ လူကောင်းတွေလို ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင် အလျံပယ် ရှိနေတာ မဟုတ်တော့ အင်နာဂျီသုံးပြီး တစ်ခုခု လုပ်လိုက်တာနဲ့ အောက်စီဂျင် ကုန်သွားတယ်။ ချက်ချင်း ဟောဟဲ ဟောဟဲ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မလှုပ်ရှားမိအောင် သတိထားနေရတယ်။ ရောက်ကတည်းက သူပြောတာကိုသာ နားထောင်နေခဲ့ပေမယ့် နောက်ဆုံး ပြောလိုက်တဲ့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ ဆိုတဲ့ သူ့စကားကို ကြားလိုက်ရတော့ မနေနိုင်တော့ဘူး။ ချက်ချင်း တုံ့ပြန်ပြောလိုက်မိတယ်။ တင်ပေးရအောင် ဂျာနယ်သမားတွေက ပွဲစားတွေလားလို့ မေးလိုက်တယ်။

ဆက်ဆံရေးဗျူဟာ
ဒီခေတ် စာနယ်ဇင်းတွေထဲမှာ 'တင်ပေးတယ်' ဆိုတဲ့ စကား သိပ်အသုံးများတယ်။
''သမီးတို့ ဒီလို ဖြစ်လာတာ စာနယ်ဇင်းတွေက တင်ပေးလို့ပါ''
''စာနယ်ဇင်းဆိုတာ အနုပညာသမားတွေ အတွက် ပေါင်းကူးတံတားပါ'' ''စာနယ်ဇင်းတွေက မြှောက်စားလို့ ဒီနေရာ ရောက်လာတာပါ''
ရုပ်ရှင်မင်းသမီး၊ မင်းသား၊ အဆိုတော်၊ မော်ဒယ်လ် စတဲ့ ဖျော်ဖြေရေးနယ်က လူတွေက လူထုဆက်ဆံ ရေး ဗျူဟာ အနေနဲ့ ပြောတဲ့စကားတွေကို အဟုတ်မှတ်ပြီး မီဒီယာသမားတွေ ကိုယ်တိုင်က ဂုဏ်ယူနေကြတယ်။ ငါတင်ပေးလိုက်တာပေါ့ ဆိုပြီး လူထူထူရှိရင် ကြွားတတ်တယ်။ တကယ်တော့ ဒီစကားတစ်ခွန်းက သတင်းမီဒီယာသမားကို ပီအာသမား လိုလို၊ ကြော်ငြာသမား လိုလို၊ အေးဂျင့် လိုလို အဆင့်မျိုးရောက်အောင် ဆွဲချပစ်လိုက်တယ် ဆိုတာကိုတော့ မသိရှာကြဘူး။

ကြားပွဲစားမဟုတ်
သတင်းသမား ဆိုတာ သတင်းပေးဖို့က လွဲပြီး တခြား ဘာတာဝန်မှ မရှိဘူး။ အဖြစ်မှန် အချက်အလက် အမှန်ကို မိတ်ကပ် မလိမ်းဘဲ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ရေးသား တင်ပြပေးဖို့သာ ဖြစ်တယ်။ ဘယ်သူ့ကိုမှ တင်ပေးဖို့ တာဝန် မရှိဘူး။ ဘယ်သူနဲ့ ဘယ်သူ့ကြားမှာမှ ပေါင်းကူး ဆက်သွယ်ပေးစရာလည်း မလိုဘူး။ သတင်းသမားဆိုတာ ဖျန်ဖြေရေးသမား (mediator) မဟုတ်သလို စေ့စပ်ရေးသမား(negotiator) လည်း မဟုတ်ဘူး။ ကြားပွဲစားလည်း မဟုတ်ဘူး။ဖျန်ဖြေရေးသမား၊ စေ့စပ်ရေးသမား ဖြစ်ဖို့က အထူး ကျွမ်းကျင်မှု လိုအပ်တဲ့ အလုပ်မျိုး ဖြစ်တယ်။ နိုင်ငံရေးကို ခြေခြေမြစ်မြစ် တတ်သိနားလည်ဖို့ လိုအပ်သလို၊ သံခင်းတမန်ခင်း (Diplomacy)ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရှိဖို့လိုတယ်။ လူတိုင်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။


သတင်းသမားက ဘယ်သူ့ကိုမှ တင်မပေးဘူး၊ မြှောက်မပေးဘူး။ ဘယ်သူ မြှောက်ပေးတာ တပည့်မွေးတာမှလည်း လက်မခံဘူး။ ဘယ်သူ့ လက်ကိုင်တုတ်မှ အဖြစ်မခံရဘူး . . .

တတ်ယောင်ကားတွေရဲ့ အန္တရာယ်
အလုပ်ဆိုတာ ကျွမ်းကျင်ရာလိမ္မာ ဆိုတဲ့ စကားအတိုင်း ကိုယ်ကျွမ်းကျင်ရာကို လုပ်မှ ဖြစ်မြောက်တယ်။ ငါတို့လည်း စာဖတ်တတ်တာပဲ။ စာဖတ်ပြီးလုပ်ရင် ဘာကြောင့် မဖြစ်ရမှာလဲလို့ သဘောထားလို့ မရဘူး။ ဆေးကျောင်းတက်ပြီး စနစ်တကျ ဆေးပညာ မသင်ယူဘဲ ဆေးစာအုပ်တွေဖတ်ပြီး ဆရာဝန် လုပ်လို့မရဘူး။ ဇွတ်လုပ်ရင် ဆရာဝန် မဖြစ်ဘဲ လူသတ်သမားပဲ ဖြစ်လိမ့်မယ်။ ဒီခေတ်က အင်တာနက်ခေတ် ဆိုတော့ ဘာမဆို အလွယ်တကူ ရှာလို့ရတာကြောင့် အထူး ဆင်ခြင်သတိထားဖို့ လိုတယ်။ တတ်ယောင်ကား သမားတွေရဲ့ အန္တရာယ် သိပ်ကြီးတယ်။ မြန်မာနိုင်ငံမှာက ဒီမိုကရေစီတို့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တို့၊ လူ့အခွင့်အရေးတို့ ဆိုတဲ့ စကားတွေကို ကျယ်ကျယ် မပြောဝံ့တဲ့ အခြေအနေက နေပြီး ရုတ်တရက် အထိုက်အလျောက် ပြောလို့ရတဲ့ အခြေအနေကို ရောက်လာတော့ ခေတ်ပေါ် ဒီမိုကရေစီ ဂုရုတွေ နေရာပေါင်းစုံက ပေါ်ထွက်လာပြီး ဒီမိုကရေစီ တရားတွေ ဟောကြားနေကြတာ ခုတလော နေရာတကာမှာ တွေ့နေရတယ်။

သားကောင်း၊ လင်ကောင်း၊ ဖခင်ကောင်း
ဒီလို ဂုရုတွေထဲမှာ လူမျိုးစုံပါတယ်။ တချို့က လက်ဝဲသမား ယောင်ယောင် တော်လှန်ရေးသမား ယောင်ယောင်နဲ့ တောခိုတမ်း ကစားရာကနေပြီး နောက်တော့ 'နှောင်ကြိုးမဲ့ကမ္ဘာ' အကောင်းဆုံးလို့ အော်ပြီး ဖဆပလ အစိုးရက ဆုချတဲ့ ရာထူးလေး တစ်ခုနဲ့ ငြိမ့်နေတယ်။ သိပ်မကြာခင် မြန်မာ့ဆိုရှယ်လစ်ခေတ် ဆိုတာ ရောက်လာပြန်တော့ ဗုဒ္ဓအလိုကျ အညမညဟာ အမှန်ဆုံးပဲလို့ ကြွေးကြော်ပြီး ရာထူးတစ်ခု ရပြန်တယ်။ ဒီလူတွေပဲ ခုကျတော့ ဒီမိုကရေစီ ဂုရုကြီးတွေ ဖြစ်နေကြပြန်ပြီ။ တချို့ကျ အဲဒီလို မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်အခါကမှ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိခဲ့ဘူး။ မရှိရုံသာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူမိုက်တွေရဲ့ အလုပ်လို့တောင် နှာခေါင်းရှုံ့ကြသေးတာ။ ငယ်စဉ်ဘ၀ တစ်လျှောက်လုံး သားလိမ္မာလေး အဖြစ် ကြီးပြင်းလာခဲ့ပြီး အရွယ်ရောက်တော့လည်း လင်ကောင်း၊ သားကောင်း၊ ဖခင်ကောင်း တစ်ယောက် ဖြစ်အောင် စီးပွားရေးပဲ ကုန်းရုန်းပြီး လုပ်ခဲ့တယ်။

စီးပွားရေး ဂုရုကြီးတွေ
စီးပွားရေး လုပ်ရာမှာလည်း သူတို့က အင်မတန် လိမ္မာကြတယ်။ လူတိုင်းနဲ့ တည့်အောင်ပေါင်းပြီး လိုချင်တာ ရအောင် ယူတတ်တယ်။ လိုင်စင်ခေတ်မှာ လိုင်စင်ရအောင် ယူနိုင်စွမ်း ရှိသလို၊ ပါမစ်ခေတ်မှာလည်း ပါမစ်မျိုးစုံရအောင် ယူနိုင်တယ်။ အခု ခေတ်ရောက်တော့ 'တို့ခေတ်ရောက်ပြီဟေ့'လို့ လက်ခမောင်းခတ် ကြွေးကြော်ပြီး 'စီးပွားရေးဂုရု'ကြီးတွေ လုပ်နေကြတော့တယ်။ စီးပွားရေးသမားက စီးပွားရေးလုပ်တာ သဘာဝကျတယ်။ ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် စီးပွားရေးကို ရိုးရိုးသားသား မလုပ်ဘဲ 'ဂုရု' ကြီးလုပ်ပြီး 'ဖရီးမားကတ်' တို့ 'လစ်ဘရယ်လိုက်ဇေးရှင်း' တို့ 'ဒီမိုကရက်တိုက်ဇေးရှင်း'တို့ လျှောက်ပြောနေတာကတော့ နားကြားပြင်းကပ်လှတယ်။

ကိုယ့်အလုပ်ကိုယ်လုပ်
စီးပွားရေးသမားက စီးပွားရေး လုပ်ပါ။ ဒါဟာ တိုင်းပြည် ကြီးပွားရာ ကြီးပွားကြောင်း တစ်ဖက်တစ်လမ်းက ပါဝင် လုပ်ဆောင်တာပဲ။ ကျောင်းဆရာက စာသင်ပါ။ ဆရာဝန်က ဆေးကုပါ။ ကားဆရာက ကားမောင်းပါ။ ဆံသဆရာက ဆံပင်ညှပ်ပါ။ ကျွမ်းကျင်ရာ လိမ္မာကြတာပဲ။ အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်နေကြရင် ပြီးရောပေါ့။ ဆိုက်ကား နင်းတတ်တာနဲ့ မော်တော်ကား တက်မောင်းလို့တော့ ဘယ်ဖြစ်မှာလဲ။ အလားတူပဲ ကျွန်တော်တို့ သတင်းသမားတွေလည်း သတင်း အလုပ်ကို မှန်မှန်ကန်ကန်၊ တိတိကျကျ လုပ်ဖို့လိုတယ် ဆိုတာ သတိထားသင့်ကြတယ်။ သတင်းသမားရဲ့ အလုပ်က သတင်းရေးဖို့နဲ့ တချို့ သတင်းတွေကို ရှင်းသထက်ရှင်းအောင် ပိုင်းခြားစိတ်ဖြာ လုပ်ပေးဖို့ပဲ ဖြစ်တယ်။

အားတော့မရှိလှဘူး
သတင်းအလုပ်ကို 'လူထုဆက်သွယ်ရေးလုပ်ငန်း'တို့၊ ကြော်ငြာလုပ်ငန်းတို့၊ အေဂျင်စီလုပ်ငန်းတို့ ကုမ္ပဏီကြီးတွေနဲ့ ပါတီ အဖွဲ့အစည်းတွေရဲ့ ပြန်ကြားရေး အရာရှိ လုပ်ငန်းတို့နဲ့ ရောထွေး မပစ်သင့်ဘူး။ ပြောသာပြောရတာ။ အားတော့ မရှိလှဘူး။ နိုင်ငံတကာက သတင်းစာ ပညာသင်ကြားတဲ့ တက္ကသိုလ်ကြီးတွေ အတော်များများမှာ သတင်းစာပညာ ဘာသာရပ်ဟာ 'လူထု ဆက်သွယ်ရေး လုပ်ငန်း' ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ သင်ကြားနေကြတော့တယ်လို့ သတင်းစာပညာ သင်ကြားတဲ့ ဆရာတွေ ကိုယ်တိုင်က စိတ်ပျက်လက်ပျက် ညည်းညူသံတွေ တစ်နေ့တခြား ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားနေရလို့ ဖြစ်တယ်။

စပွန်ဆာဆိုတာ လာဘ်ပေးတာ
မြန်မာ မီဒီယာလောကမှာ တွင်ကျယ်နေတဲ့ 'တင်ပေးတယ်' ဆိုတဲ့ စကားက 'လူထုဆက်သွယ်ရေးလုပ်ငန်း'က လာတဲ့ စကား ဖြစ်တယ်။ သတင်းလောက စကား မဟုတ်ဘူး။ သတင်းသမားက ဘယ်သူ့ကိုမှ တင်မပေးဘူး၊ မြှောက်မပေးဘူး။ ဘယ် သူမြှောက်ပေးတာ တပည့်မွေးတာမှလည်း လက်မခံဘူး။ ဘယ်သူ့ လက်ကိုင်တုတ်မှ အဖြစ်မခံရဘူး။ ဒီခေတ်စကားနဲ့ လိုတိုရှင်း ပြောရရင် ကိုယ်က ဘယ်သူ့ကိုမှ 'စပွန်ဆာ' မလုပ်ရသလို သူများက ကိုယ့်ကို 'စပွန်ဆာ' လုပ်တာလည်း ဘယ်တော့မှ လက်မခံရဘူး။ သတင်းသမားအဖို့ 'စပွန်ဆာ' လက်ခံတယ် ဆိုတာ လာဘ်ပေးလာဘ်ယူ လုပ်တာနဲ့ အတူတူပဲ။ သတင်းသမားဟာ 'စပွန်ဆာ' ကို 'ပါဏုပေတံ' အသက်ထက်ဆုံး 'ဝေရာမဏိ' ရှောင်ကြဉ်ရတယ်။

ရှက်လည်းရှက်တယ်
ဒီအကြောင်းရေးတာ အပ်ကြောင်းထပ်နေပြီ။ ဒါပေမယ့် သတင်းအလုပ်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး ရှာနေတာမျိုးတွေက လျော့သွားတယ် မရှိဘူး။ ဒီဘက်ပိုင်းမှာ ပိုတောင် ဆိုးလာတယ်။ လုပ်ပိုင်ခွင့် ရှိသူတွေ နားကပ်ပြီး 'အနားပြာ' လုပ်ရင်းနဲ့ ရသမျှ အခွင့်အရေး 'ပိုက်စိပ်တိုက်' ရအောင်ယူသူနဲ့ နိုင်ငံရေးသမား လက်သစ်တွေကို တင်ပေးသလိုလို မြှောက်စားသလိုလို လုပ်ပြီး အသုံးချဖို့ ကြိုးစားသူနဲ့ သံရုံးတကာ ၀င်ထွက်သွားလာပြီး ''ကျွန်တော့်ကိုဖိတ်ပါ''လို့ မျက်နှာပြောင်တိုက် ပြောတဲ့သူနဲ့၊ စီးပွားရေး သမားတွေ အတွက် ခဏခဏ ကြော်ငြာရေးပေးပြီး ကြော်ငြာခနဲ့တန်အောင် စပွန်ဆာကြေး ကောင်းကောင်း ပြန်ယူသူနဲ့ မကြားချင်အဆုံး၊ မမြင်ချင်အဆုံး ဖြစ်နေတယ်။ ဒါကြောင့် ထပ်ခါထပ်ခါ ရေးနေရတာ ဖြစ်တယ်။စာဖတ် ပရိသတ်ကို အားလည်းနာတယ်။ရှက်လည်း ရှက်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေရလို့။

စောင့်မျှော်ပေးပါ
ခုချိန်မှာ အိုစမာဘင်လာဒင် ကိစ္စ၊ လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင် ကိစ္စ၊ အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး ကိစ္စ၊ အာဖဂန်နစ္စတန် နိုင်ငံကို အိန္ဒိယသမ္မတ သွားရောက်တဲ့ ကိစ္စ၊ အစ္စရေးနိုင်ငံ အနေနဲ့ ၁၉၆၇ ခုနှစ် စစ်ပွဲ မတိုင်မီက နယ်နိမိတ် အထိ ပြန်ဆုတ်ပေးဖို့ အိုဘားမားက ပြောလိုက်တဲ့ ကိစ္စ စတဲ့ ကိစ္စပေါင်းများစွာ ကမ္ဘာ့ ထိပ်တန်း သတင်းကြီးများ အဖြစ် လူတိုင်း စိတ်ဝင်စားနေကြချိန်မှာ ဒီအကြောင်းတွေကို ခွဲခြားစိတ်ဖြာ ပြရမယ့်အစား ရေးပြီးသား အကြောင်းအရာကိုပဲ ထပ်ပြီး ရေးမိတဲ့ အတွက် စာဖတ်သူများကို တောင်းပန်ပါတယ်။ စာဖတ်သူများ စိတ်ဝင်စားတဲ့ အကြောင်းတွေကို ကြိုးစား ရေးသားသွားဖို့ စိတ်ထဲမှာ အမြဲတမ်း ရှိပါတယ်။ စိတ်ရှည်ရှည်ထား စောင့်မျှော်ပေးကြပါ။


လူထုစိန်ဝင်း


မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းအစည်းအရုံးအဖွဲ့ဝင်များသို့ (ပေးစာ - ၁၃)


မြန်မာ့အလင်းသတင်းစာပါဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများ စည်းအရုံး ၏ ထုတ်ပြန်ချက်ဆိုတဲ့ စာတစ်စောင်ဖတ်ရလို့ (PWVB) ကို စတင်ဖွဲ့စည်းစဉ်က ပါဝင်ဦးဆောင်ခဲ့တဲ့အဖွဲ့ဝင်တစ်ဦး အနေဖြင့် အခြားအဖွဲ့ဝင်များသိရှိစေရန် ထုတ်ပြန်ချက်ထပ်မံဖော်ပြလိုက်ပါတယ်။

အကြောင်းမသိသူတွေကတော့ မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံးဆိုတဲ့နာမယ်ကြား ရပြီး အရမ်းကိုကြီးကျယ်ခိုင်မာတဲ့ အဖွဲ့ကြီးတစ်ခုလို့ထင်မိနေကြပါတယ်။ တကယ်တော့ လူ့အခွင့်အရေး အကြီး အကျယ်ချိုးဖောက်တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ကနေထွက်ပြေးလာတဲ့ တစ်ယောက်စ၊ နှစ်ယောက်စ ကြောင့် PWVB အဖွဲ့ဟာ ပြည်ပနိုင်ငံတွေမှာ နေလို့ကောင်းအောင်၊ ငွေတောင်းလို့ ကောင်းအောင် နာမယ်ကြီးကြီး တပ်ထားတဲ့ အဖွဲ့တစ်ခုဆိုပြီး အထင်သေးခံနေရတာပါ။ အမည်ခံဘဲရှိပြီး ဘာတစ်ခုမှ ဖြစ်မြောက်အောင် လုပ်ဆောင်တာမတွေ့ရသေးပါဘူးဆိုတဲ့ စစ်အစိုးရကနေ ဝါဒဖြန့်ဆောင်းပါးရေးတာတွေ့ရင် ပြန်လည်ချေပမယ်။ ဗမာစကားနဲ့ရိုင်းရိုင်းပြောရရင်တော့ “ဖင်ပိတ်ငြင်းမယ်” ဆိုတဲ့ လူတွေရှိနေလို့ PWVB အဖွဲ့နာမည်ပျက်နေရတာပါ။

PWVB မှာ အဖွဲ့ဝင်အဖြစ်ပါနေသူတွေဟာ တကယ်ပြောရရင် စစ်အစိုးရနဲ့ မကင်းရာမကင်းကြောင်း ဖြစ်ခဲ့ဘူးတဲ့သူတွေပါ။ အချင်းချင်းမညီညွတ်ဘဲ ငွေကြေးကိစ္စများ ပြဿနာဖြစ်ပြီး သတင်းပေးမှုတွေကြောင့် ပြည်တွင်းမှာရှိနေတဲ့ သတင်းထောက်တွေ၊ အဆက်အသွယ်တွေ တော်တော်များများ အဖမ်းခံနေရပါတယ်။ သွေးလှူဒါန်းမှု အကူအညီပေးနေတဲ့ ကိုနေမျိုးဇင် တို့အဖွဲ့ အဖမ်းခံရ တာဟာ အချင်းချင်းသတင်းပေးလို့ အဖမ်းခံ ရတာဖြစ်ကြောင်း ခိုင်လုံတဲ့နေပြည်တော်သတင်းများအရ သိရပါတယ်။ ငွေကြေးရှုပ်ထွေးမှုတွေ ဝိုင်းလည်နေတဲ့ PWVB အဖွဲ့အတွင်းမှာ ငွေကြေးထောက်ပံ့မှုရရှိဖို့ အတွက်ဆိုရင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ကြောင်း အတိအလင်းကြေညာရမယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးတွေ အသံကောင်း ဟစ်နိုင်ရမယ်ဆိုပြီး PWVB အဖွဲ့ခေါင်းဆောင် (ဥက္ကဌ)လို့ အမည်ခံပြီး လုပ်စားနေတဲ့ ဘက်ပြောင်းသူကြီးက ယူဆနေပါတယ်။

မသိသူတွေက အထင်ကြီးကောင်းကြီးနိုင်ပေမဲ့ အတွင်းသိ အစင်းသိတွေကတော့  ဥက္ကဌ၊ ဒုဥက္ကဌဆိုတဲ့ ရာထူးတပ်ထားသူတွေ ဘယ်လိုလှုပ်ရှားနေတယ်ဆိုတာ ထုတ်ဖော်နိုင်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို အရေခြုံပြီး ကိုယ့်အတွက်သာလုပ်နေတဲ့သူတွေဖြစ်လို့ ယုံကြည်စရာ မရှိပါဘူး။ ဟိုတလောက နျူးကလီးယားကိစ္စဝါဒဖြန့်ခဲ့တဲ့ စိုင်းသိန်းဝင်း လေတလုံးမိုးတလုံးနဲ့ အခုဘယ်ရောက်နေပြီလဲ။ ဘယ်နိုင်ငံကမှ နိုင်ငံရေးခိုလှုံခွင့်မပေးတော့ နောက်ဆုံး မှာ ဂရင်းကဒ်ရအောင်လုပ်ပြီး တတိယနိုင်ငံကို ကူးပြောင်းဖို့ နည်းလမ်းရှာနေရပါတယ်။

PWVB ကို စတင်ဖွဲ့စည်းခဲ့တဲ့သူတစ်ဦးအနေနဲ့ အကြံပြုခြင်တာက PWVB ဟာ မြေပြင်မှာ တကယ် မလှုပ်ရှားနိုင်သေးဘဲ Online မှာသာရှိတဲ့ အဖွဲ့ဖြစ်လို့ အများသဘောတူညီ လက်ခံနိုင်တဲ့ ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေ ထုတ်စေချင်ပါတယ်။ တစ်ဦးတစ်ယောက်ထဲကနေ စိတ်ကြိုက် ဖန်တီးရေးသားပြီး မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများအစည်းအရုံး (PWVB) နာမယ်နဲ့ ငွေကြေးထောက်ပံ့မှုရအောင် လုပ်တာမျိုးမဖြစ်စေချင် ပါဘူး။ ဒါကြောင့်မို့ PWVB အဖွဲ့အနေနဲ့ ပီပီပြင်ပြင် ဆက်လှုပ်ရှားမယ်ဆိုရင် အဖွဲ့ဝင်အခြင်းခြင်း ငွေကြေးကိစ္စ အရှုပ်အရှင်းနဲ့ အပြန်အလှန်စွပ်စွဲခြင်း၊ Proposal ပြပြီး ငွေတောင်းခံခြင်းများ မလုပ်ကြပါရန် မေတ္တာရပ်ခံတယ်။

PWVB ရဲ့ ဘလော့မှာ http://pwvb.blogspot.com/ ဖြစ်သည်

မျိုးချစ်စစ်သည်ဟောင်းတစ်ဦး
ခေတ္တဘန်ကောက်
(+၆၆)၈၉၆၇၆၈၂၂၃

အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ


b4721

ပစ္စည်းတစ်ခုကို တန်ဖိုး ဘယ်ရွေ့ဘယ်မျှ ဆိုပြီး ဈေးနှုန်း ရေးရေး မရေးရေး ဘယ်လောက်တော့ တန်တာဘဲ၊ ဘယ်လောက်တော့ တန်မှာလဲ စသဖြင့် ယေဘုယျလောက်တော့ သိကြ၊ လက်ခံကြတတ်ပါတယ်။
လူတွေဆိုရင် . . .

ရန်ကုန် ၀ိဇယမီးပွိုင့်မှာပါ။
ကားတွေ ဥဒဟို ဖြတ်သန်း မောင်းနှင်နေချိန်မှာ မီးပွိုင့်က စိမ်းလိုက်၊ ၀ါလိုက်၊ နီလိုက်နဲ့။ တစ်ခုသော စိမ်းဝါနီမှာပေါ့ဗျာ။ ဘယ်ဘက်ကွေ့ကြောမှာ ကွေ့နေကြတဲ့ ကာတွေထဲက ကားကြီးကားကောင်း တစ်စီးကွေ့ရင်း
မီးနီမိသွားတယ်။ ဒီတော့ ကွေ့လက်စ နေရာ လမ်းဆုံရဲ့ အလယ်ခေါင်မှာ ရပ်တယ်။
မြင်လိုက်တာနဲ့ အင်မတန့် အင်မတန်မှ ဈေးကြီးမှန်း သိသာတဲ့ကားကြီးပေါ့။ အဲဒီကားကြီး ကိုးလို့ကန့်လန့် ရပ်ထားတော့ မီးပွိုင့် လွတ်လာတဲ့ကားတွေ ဒုက္ခရောက်ကုန်တယ်။ တည့်တည့်သွားဖို့ထားတဲ့ ယာဉ်ကြောနှစ်ကြောထဲက တစ်ကြောက လုံးဝ ပိတ်သွားတယ်။
တစ်ဖက်ကနေ တည့်တည့်သွားမယ့် အငှားကား ယာဉ်မောင်းကတော့ သည်းခံနိုင်ဟန် မရှိတော့ပါဘူး။ ကားခေါင်းထဲကနေ ခေါင်းပြူပြီး ''ခင်ဗျားတို့ ဘယ်လိုလုပ် ရပ်ထားတယ်။ နောက်ပြန်ဆုတ်ပါလား။ ဒီမှာ ကားတွေပိတ်ကုန်ပြီတဲ့''။
စိတ်တိုတိုနဲ့ အော်ပါရော။
ကားကောင်းကြီးကတော့ ခပ်တည်တည်နဲ့ နောက်မဆုတ်တဲ့ အပြင် ကားပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ မိန်းမကြီးတစ်ယောက် အငှားကားယာဉ်မောင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြန်အော်ပါရော။ ''ဟဲ့ နင်ခိုင်းတိုင်းလုပ်ရအောင် နင်က ဘာကောင်မို့လို့လဲ။ အောက်တန်းစား တက်စီသမားကများ လူပါးဝလို့''
ပြောတဲ့စကားနဲ့ လေယူလေသိမ်းနဲ့ မျက်နှာပုံစံ၊ အသားအရည် အရောင်အသွေးက အဲဒီမိန်းမကြီး ကိုယ်စားပြုတဲ့ မျိုးနွယ်စုကို အထင်သား ဖော်ပြနေတယ်။
စိတ်တိုဒေါသထွက်စွာနဲ့ အငှားကားယာဉ်မောင်း တံခါးဖွင့်ပြီး လမ်းပေါ်ဆင်းလာတယ်။ အဲဒီအချိန်မှာပဲ တစ်ဖက်မီးပွိုင့်က စိမ်းသွားတာနဲ့ ကားအကောင်းစားကြီး ၀ူးကနဲ မောင်းထွက်သွားတယ်။ မိန်းမကြီးက တံထွေးတစ်ချက် ထွီကနဲထွေးရင်း လမ်း ပေါ်က အငှားကား ယာဉ်မောင်းကို စေ့စေ့ကြည့်သွားတယ်။ လမ်းပေါ်က ကားဆရာခမျာ လက်သီးလက်မောင်းတန်းပြီး ဒေါသထွက်လွန်းလို့ တုန်ပြီး ကျန်နေခဲ့တယ်။
အဲဒီမိန်းမကြီးကို မိုက်ရိုင်းခွင့်လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။

ရန်ကုန် အေဒီလမ်းမီးပွိုင့်မှာပါ။
ပြည်လမ်းရဲ့ ယာဉ်ကြောသုံးခုထဲက ဘယ်ဘက် အစွန်ဆုံးကြောကို ဘယ်ကွေ့တဲ့ကားတွေအတွက် သီးသန့်ပေးထားပြီး မီးပွိုင့်မှာလဲ မီးစိမ်း သီးခြားအချက်ပြ တပ်ဆင်ထားပါတယ်။
ပြည်လမ်း မီးနီ မိနေချိန်မှာ အရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ကားကြီးတစ်စီး မောင်းဝင်လာတယ်။ ဘယ်ကွေ့ကြောအတိုင်း လာပြီး ရှေ့ဆုံးမှာရပ်တယ်။ ကားရဲ့နံပါတ်က သာမန်ကားနံပါတ်တွေလို မဟုတ်ဘူး။
နံပါတ်သက်သက် အဖြူရောင်နံ ပါတ်ပြားနဲ့။ ကားရှေ့မှာလဲ အလံတိုင်ငယ် တစ်ခုကို သားရေအစွပ် အမဲနဲ့ ကပ်ထားတယ်။ ဘယ်အလံမှန်းတော့ မသိရဘူးပေါ့။ ဗဟုသုတရှိ သူတွေကတော့ ဘယ်ကကားလည်း သိမှာပါ။
မီးစိမ်းတယ်။ ဘယ်ကွေ့ကြောက ကားတွေ လွတ်လွတ်လပ်လပ် ကွေ့နိုင်ဖို့ သီးသန့် အချက်ပြမီးစိမ်းက ပေါ်လာတယ်။ မြားစိမ်းစိမ်းရယ်။ ၂၀၊ ၁၉၊ ၁၈၊ ၁၇ . . .စသဖြင့် တဖြည်းဖြည်း ငယ်သွားတဲ့ ဂဏန်းတွေက အချိန်ကိုပြလို့။
ကွေ့ဖို့ သီးသန့်ခွင့်ပြုထားတဲ့ လိုင်းရဲ့ထိပ်က ကားအကောင်းစားကြီးက လုံးဝမလှုပ်။ နောက်ကားက မီးဖွင့်ပိတ်လုပ်ပြီး သတိပေးတယ်။ မမြင်တာလား။ ဂရုမစိုက်တာလား။ ကားအကောင်းစားကြီးရယ်။ ငြိမ်လို့ ခပ်တည်တည်ပဲ။
ကွေ့ကြောသီးသန့် မီးစိမ်း အပြီးမှာ တည့်တည့်သွားမယ့် မီးစိမ်း ပေါ်လာတယ်။ ၀ူး ခပ်တည်တည် ကားအကောင်းစားကြီး ခပ်တည်တည်ပဲ တည့်တည့် မောင်းထွက်သွားတယ်။ ကွေ့ဖို့ ခွင့်ပြုချိန်မှာ မကွေ့လိုက်ရတဲ့ တသီတတန်းနဲ့ ကားတွေ နောက်မှာရပ်ပြီး မေတ္တာပို့ ကျန်ခဲ့တယ်။
အဲဒီကားမောင်းတဲ့ နိုင်ငံကြီးသားကို စည်းကမ်းဖောက်ဖျက်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။

နာမည်ကြီး နိုက်ကလပ် တစ်ခုမှာပါ။ မပြောပါရစေနဲ့တော့။ ညကလပ်ပါဆိုမှ တရားမှတ်တဲ့လူတွေ ဘယ်လာကြမှာလဲ။ သန်းခေါင်ကျော်လို့ တစ်နာရီတောင် ခွဲနေပြီ။
ကားရပ်တဲ့နေရာမှာ ကားတွေက ဒင်းကြမ်း။ အများစုက ခပ်မိုက်မိုက်ကားတွေ။ အဲဒီကားတွေက ဈေးက မိုးပေါ်မှာဆိုတာ တော်ရုံတန်ရုံလူ သိပါတယ်။ အဲဒီထဲက ကားတစ်စီးရဲ့ နံပါတ်ပြားက ဖြူ၊ နက်၊ နီ၊ ပြာ တစ်ခုမှမဟုတ်တဲ့ တခြားအရောင်။
ကားဝယ်ယူတင်သွင်း ခွင့်ပြုချက် မူလရထားသူပဲဖြစ်ဖြစ်၊ သူ့ဆီကနေ တစ်ခြားသူတစ်ယောက်ယောက်က ခဏယူသုံးတာပဲ ဖြစ်ဖြစ်၊ ယာဉ်မောင်းက ခိုးထွက်လာတာမျိုးပဲ ဖြစ်ဖြစ်၊ ဘာတွေဖြစ်ဖြစ်ပါ မလျော်မကန်ကြီးပါလား ဟရိုး ဆိုပြီး အော်ချင်မိတာ အမှန်ပါ။
အဲဒီသူတို့ကို လုပ်ချင်ရာလုပ်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။


ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။ လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ . . .

အဆင့်မြင့် စားသောက်ဆိုင်ကြီး တစ်ခုမှာ။ အထပ်အမြင့်ကြီးမှာ ဖွင့်ထားလို့ အဆင့်မြင့်ပြောတာ မဟုတ်ဘူး။ သန့်ရှင်းသပ်ရပ် လှပခန့်ညားပြီး ဈေးကလဲ အင်မတန်ကြီးတာမို့ ပြောတာ။ နောက်ပြီး ဇွန်းခရင်းတွေကလဲ ငွေသားစစ်စစ်တွေ။ လာတဲ့သူတွေကလဲ ကြေးရတတ်တွေပဲများတာ။
အဲဒီတစ်ခုသော သီးသန့်ခန်းမှာ ရေပေါ်ဆီတစ်စု ညစာ သုံးဆောင်ကြတယ်။ ထုံးစံအတိုင်း စားစားသောက်သောက် ပြောပြောဆိုဆိုနဲ့ပေါ့။ သူ့ ရိုးလက်နာရီက ဘယ်လောက်တန်တာ။ ငါ့ကိုရမ်နာရီက ဘယ်လိုဈေးကြီးတာတွေလဲ ပါတယ် ဘောလုံးပွဲ၊ ရုပ်ရှင်၊ ကိုရီးယားမင်းသား၊ မင်းသမီး ဘာညာစုံပါရော။
အဲဒီမှာတင် ဟိုတစ်ယောက်က ငါနဲ့ဘယ်မှာ ဘယ်လိုဖြစ်ဖူးတာတို့၊ ဘာတို့ညာတို့ကို နာမည်တွေနဲ့ ပျစ်ပျစ်နစ်နစ် တစ်ယောက်နဲ့တစ်ယောက် အားကျမခံ ပြောကြပါရော။ တကယ်ပဲလား။ ပါးစပ်အရသာခံ ပြောတာလား။
ဘာပဲဖြစ်ဖြစ် မကောင်းတာအ မှန်။ စောင့်ရမယ့် ''စည်း''ကို ကျော်ပြီး ပြောချင်ရာ ပြောကြာတာဗျာ။ နောက်ပြီး စားပွဲထိုးလေးကို လှမ်းပြောသေးတယ်။ ''နင် ငါတို့ အခုပြောနေတာတွေကို ဘယ်သူ့မှ လျှောက်မပြောနဲ့နော်''တဲ့။
သေချာပါတယ် ပြောမှာ။
အဲဒီပုဂ္ဂိုလ်များကို တစ်ဖက်သား ထိခိုက်နစ်နာအောင် အသရေဖျက်ပြောခွင့် လိုင်စင်ပေးထားတာ မဟုတ်ဘူး။

အဆင့်မြင့် ဂေါက်ကွင်းကြီး တစ်ခုမှာ။
ပိတ်ရက်ဖြစ်တော့ ထုံးစံအတိုင်း လူကများလှသပေါ့။ ဒီတော့ တီရုံမှာ စထွက်ရဖို့ အရေးက စောင့်ရတယ်။ ကြာတယ်။ စရိုက်မဲ့အဖွဲ့၊ ရိုက်ဖို့ပြင်နေတဲ့ အဖွဲ့၊ နောက်လိုက်မဲ့ အဖွဲ့ စသဖြင့် အနည်းဆုံး သုံးဖွဲ့လောက်
နေရာယူထားတာဆိုတော့ လူဆယ့်လေးငါးယောက်လောက် ရှိသပေါ့ဗျာ။ သူငယ်ချင်း မိတ်ဆွေတွေကို နှုတ်ဆက်ခွဲရသလို ကြွားချင်တဲ့ ပုဂ္ဂိုလ်များဆိုလည်း ကြွားဖို့ အင်မတန် အဆင်သင့်ချိန်ပေါ့။
''ဟဲ့ကေင်မလေး၊ ငါ့ဒရိုင်ဗာ အသစ်ယူခဲ့စမ်း''
ကျယ်ကျယ်ဟဟ အသံထွက်လာတော့ ဂေါက်သီးရိုက်မယ့် လူတွေရော၊ ကျန်တဲ့ ကယ်ရီ၊ ထီးမိုး၊ တီဇုံဝန်ထမ်း စတဲ့ လူတွေရဲ့ အာရုံက အသံလာရာဆီကို ရောက်သွားကြတယ်။
''ငါ့ကို ဂေါက်တုတ် အသစ်နော်၊ အဲဒီ တစ်ချောင်းထဲကို သိန်းငါးဆယ် ပေးရတာ''
ဘာကြီးလဲဟ၊ သူ့ဖာသား ငါးဆယ်မလို့ ငါးရာဖြစ်ဖြစ်၊ ငါးထောင်ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အားကျအထင်ကြီးတဲ့ မျက်လုံးတွေလဲရှိရဲ့။ ဆက်လာတဲ့စကားက နားထဲကို ခါးသီးစွာ ၀င်လာတယ်။
''ကောင်းကေင်းကိုင်ခဲ့၊ ထိခိုက် ပွန်းပဲ့သွားလို့ကတော့ ငါနဲ့တွေ့မယ်။ အဲဒီလောက်ပိုက်ဆံ နင်ဟိုဟာလုပ်ရှာတောင် တစ်သက်လုံးရမှာ မဟုတ်ဘူး''
သွားပြီ။ ကယ်ဒီလေးမျက်နှာ ရဲကနဲ ဖြစ်သွားတယ်။ အနားက ဂေါက်သမားတချို့ မျက်နှာလည်း မည်းကနဲနဲ့။
အဲဒီလူကို နိုင်ထက်စီးနင်း ပြုကျင့်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။

ရန်ကုန်က နာမည်ကျော် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုမှာ သူငယ်ချင်းတစ်စု လက်ဖက်ရည်သောက်၊ မနက်စာစားရင်း စကားပြောနေကြတယ်။ မရှိမရှား ပုံစံတွေကြားမှာ တစ်ယောက်ကတော့ စီးပွားရေး အလွန်ကောင်းပုံ ပေါက်ပါတယ်။ သူ အဆင်အပြင် အဆင်တန်ဆာတွေက သက်သေလေ။
''ကဲရှင်းမယ်၊ ပိုက်ဆံတွက်''
ပိုက်ဆံအိတ်ကြီးကို ဘုတ်ကနဲ ထုတ်ယူပြီး ပြောတယ်။ ''ဒါနဲ့ဟိုကောင်၊ မနက်ဖြန်မနက် ၆ နာရီတိတိ စရိုက်မှာနော်။ ကွင်းကြေး သောင်းကျော်ရော၊ ကယ်ဒီမုန့်ဖိုးပါ ငါပေးနေတာ။မင်းဘာကုန်ရတာ မို့လို့လဲ။ ဂေါက်သီးလေး လာရိုက်ပေးပါတယ်။ အရေးထဲ ပင့်ရဖိတ်ရနဲ့၊ မင်းဖာသာဆို ဒီလိုကွင်းမျိုး သွားနိုင်လို့လား''
အပြောခံလိုက်ရတဲ့ သူငယ်ချင်းရဲ့ ရင်ထဲမှာ ကျင်ခနဲ နာသွားတယ်။ သံယောဇဉ်နဲ့ လုပ်ပေးနေတာတွေကိုကွာ၊ မင်းလက်အောက်ငယ်သားလဲ မဟုတ်ရပေါင်ကွာ။ စိတ်ထဲက စကားတွေက နှုတ်ဖျားကို ရောက်မလာပါဘူး။ နောက်ပြီး အမြဲတမ်းလဲ အားချင်မှအားမှာ၊ ပြီးတော့ အချိန်၊ လစ်ဟာသွားတဲ့ မိသားစုတာဝန်။တခြားဟာတွေတော့ ဖယ်ထားလိုက်ပါတော့။
ပစ္စည်းရှိတဲ့လူ အနေနဲ့ ပစ္စည်းမဲ့တဲ့လူကို စိတ်ဒဏ်ရာရအောင် လုပ်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။

ပုံပြင်လေးတစ်ပုဒ်ပါ။ သူဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။ (အိပဲ့၊ အိပဲ့ ငှက်သဗ္ဗာန် ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။)
''ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အ၀တ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး''
''ဟုတ်ကဲ့''
ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။
''အခု တစ်နေ့ ဘယ်လောက်ရတုံး''
''အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့''
''၀င်ငွေဘာမှမရပါလား။ တယ်ညံ့သကိုး''
ခဏနေပြန်တော့ ''မင်းမှာ အိမ်ရောရှိရဲ့လား''
''မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာ နေတာ''
''အိမ်ကလေး တစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး''
ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုး ဆိုလိုက်နဲ့ မြစ်လယ် ရောက်လာတယ်။ အဲဒီမှာတင် ရုတ်တရက် မိုးမှောင်ကျလာပြီး လေပြင်းအတိုက် လှိုင်းအရိုက်မှာ သမ္ဗန်မှောက်ပါရော။
''ဟိတ်ကောင်၊ ငါရေမကူးတတ်ဘူးကွ၊ ငါ့ကိုဆယ်ပါဦး''
''ရေလေးတောင် မကူးတတ်တဲ့ သူဌေးကြီး၊ တယ်ညံ့သကိုး'' ပြောပြောဆိုဆိုနဲ့ သမ္ဗန်သမားဟာ ရေကူးပြီး ထွက်သွားပါရော''
ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။
လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ။
ကိုယ်အဆင်ပြေစေဖို့ တီထွင်ခဲ့တဲ့ ပစ္စည်းတွေကြောင့် အဆင်မပြေ ဖြစ်ရတာတွေလဲ ရှိလာတယ်။
အားလုံးကို ဆိုလိုတာ မဟုတ်ပါ ဘူး။ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာချိန်မှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတယ်။ ဂရုဏာတရားတွေ ပျောက်ကွယ်လာတယ်။ သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာတယ်။ ပုံမှန် ဆက်ဆံရေးတွေ ကွယ် ပျောက်လာတယ်။
''ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်''လို့ ပြောတတ်ကြပါတယ်''
ကိုယ်တစ်ယောက်ထဲနဲ့ ပြီးသွားမယ်ဆိုရင် ပြဿနာ မရှိပါဘူး။ ကိုယ့်လူမျီုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်အလွှာ၊ ကိုယ့်ပတ်ဝန်းကျင် စသဖြင့် ရိုတ်ခတ်မှုက အနည်းအများ ရှိမှာ။ ဒါ အသေအချာ။

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းရဲ့အိမ် ကျောက်သင်ပုန်းမှာ ရေးထားတဲ့ စာလေးတစ်ပိုဒ် ရှိပါတယ်။ ကောင်းတယ်ဗျ ဆိုပြီး သဘောကျသမို့ မှတ်သားခဲ့ဖူးတာ ဖောက်သည်ချပါရစေ။ (ခွင့်တော့
မတောင်းတော့ပါဘူး။ အစ်ကိုကြီးရေ)
''အဖိုးတန်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင် အသုံးပြုနိုင်ရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ ရိုးသားစိတ်ကောင်းထားပြီး လူ့လောက ကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးဆောင်ရွက်မှ တကယ့် လူ့အဖိုးတန်တဲ့ဗျား။''


မောင်စံပေါ

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ