ထားပါတော့.. ခုပြောချင်တာကတော့ တတိယနိုင်ငံတွေပါ။ အထူးသဖြင့် အမေရိကားလိုပေါ့။ တတိယနိုင်ငံတွေကို ရောက်လာတဲ့ မြန်မာတွေကို ၃ မျိုး ခွဲလို့ရပါတယ်။
(၁) ကိုယ်စွမ်းကိုယ်စ ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်အဆက်အသွယ်နဲ့ လာကြသူတွေ
(၂) ကံဇာတာကောင်းပြီး ဗီဇာ မဲပေါက်လို့ ကံကောင်းလို့ရောက်တဲ့သူတွေ
(၃) ဒုက္ခသည်စခန်းကနေ အသနားခံပြီးရောက်လာတဲ့ ပေစုတ်စုတ်တွေနဲ့ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် လူတောမတိုးသူတွေပါပဲ..။ သုံးမျိုးလုံးက ကိုယ့်အကန့်နဲ့ကိုယ်နေကြတာပါ။ ပထမတန်းစားအဖွဲ့တွေက အောက်က နှစ်မျိုးနဲ့ တော်ယုံ ပေါင်းလေ့မရှိပါဘူး။ သိက္ခာကျမှာဆိုးတာကြောင့်လည်းပါပါတယ်။ ဒုတိယ တန်းစားကတော့ ဟိုမရောက် ဒီမရောက်ပါ။ ဒါပေမယ့် ကံကောင်းလို့ရောက်လာပြီး ဘာမှ ဘက်ဂရောင်းမရှိတော့ ကျွဲလို နွားလို ရုန်းနေရသူတွေပါ။ အောက်ဆုံးတန်းက အဖွဲ့တွေကတော့ ဘယ်သူမှ အဖက်မလုပ် အပေါင်းသင်းမလုပ်တဲ့လူတွေပါပဲ။ သူတို့အချင်းချင်းလဲ သိပါတယ်။ ဒါပေမယ့် အပြင်မှာနေပုံထိုင်ပုံက ပေစုတ်စုတ် ကုပ်ချောင်းချောင်းပေမယ့် ဘလော့နဲ့ facebook တွေမှာတော့ တကယ့်လူတွင်ကျယ်တွေပါပဲ။
သူများနိုင်ငံသားနဲ့ယှဉ်လိုက်ရင် လူမွှေးလူတောင် မပြောင်နိုင်သည့် အော်ဇီရောက် မြန်မာဘလော့ဂါကြီး ငယ်နိုင်(အိမ်ပေါ်မဟုတ်ပါ)
အဓိကပြောချင်တာကတော့ ဒီလိုပါ။ အနောက်နိုင်ငံ တနိုင်ငံဖြစ်သောအမေရိကားကိုမြန်မာနိုင်ငံအပါအ၀င်တခြားနိုင်ငံတွေကပါ ပြေင်းရွေ့ အခြေ ချလာသူတွေဟာ မနည်းပါဘူး။ ကျွန်တော် ပို့ စ်ခေါင်းစဉ်မှာ မြန်မာနိုင်ငံသားတွေလို့  မသုံးနှုံးပဲ မြန်မာနိုင်ငံ ကလူတွေ လို့ ကျွန်တော်သုံးနှုံးလိုက်ရတာဟာ ၊ တချို့ သော အမြင်ကျဉ်းသော တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံသား လို့ ပြောတာနဲ့  ၊ ငါတို့ ကို ပြောတာ မဟုတ်ဘူး မြန်မာလူမျိုးတွေကိုပြေတာဆိုပြီး ယူဆ တတ်ကြပါတယ် ။ ထို့ ကြောင့် မြန်မာနိုင်ငံသားတွေ လို့  မသုံးနှုံးပဲ မြန်မာနိုင်ငံက လူတွေ လို့ ရေးလိုက်တာပါ ။ ဒါမှအကုန်လုံး အကျုံးဝင်မှာလေ။
ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံကနေထွက်ခွာလာသော လူတွေဟာ အမေရိကားကို ပုံစံအမျိုးမျိုး၊ အကြောင်းအမျိုးမျိုး နဲ့ အခြေချလာရောက်နေထိုင်နေကြရပါတယ်။ အမေရိကား ကိုစရောက်ပြီ ဆိုကတည်းက သူ့ ရဲ့ ဥပဒေ ၊ သူ့ ရဲ့ ယဉ်ကျေးမှု ၊ သူတို့ ရဲ့ စရိုက်တွေနဲ့ လိုက်လျှောညီထွေစွာ နေထိုင် နိုင်အောင် ကြိုးစားရပါတယ် ။ ရောမ ရောက်ရင် ရောမ လိုကျင့်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အကျင့် မလွန်ဖို့ တော့ သတိထားကြစေချင်ပါတယ်။ နိုင်ငံ ကိုပြောင်းလဲပြီးနေထိုင်လို့ ရပေမယ့် အမျိုးဆိုတာကိုတော့ ပြောင်းလဲလို့ မရဘူးဆိုတာ သတိထားကြစေချင်ပါတယ် ။ ဒီနေရာမှာ အဓိကပြောချင်တာကတော့ အမေရိကား မှာအတုခိုးစရာတွေ အများကြီးပါ ။ အတုယူစရာတွေ ရှိသလို ၊ လိုက်ပြီးမတုပသင့်တာတွေ အများကြီးပါ ။ အမေရိကား မှာ တန်းစီ စနစ်ကိုနေရာအတော်များများ မှာ ကျင့် သုံးပါတယ်။ ကျွန်တော် တွေ့ ရသလောက်ကတော့ အမေရိကန်နိုင်ငံသားတွေဟာ စည်းကမ်းရှိစွာ တန်းစီ တာကိုတွေ့ ရပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံက လူတွေကတော့ အတင်းတိုး ၊ ကြားဖြတ်ကြပါတယ်။ ကား မှတ်တိုင်တခု မှာ ကျွန်တော် ကြုံတွေ့ ခဲ့ တာ တခုကိုပြောပြပါ့မယ်။ ကျွန်တော်ဟာ မြို့ ထဲ ကိုကိစ္စ တခု ဖြင့်သွားဖို့  ဘ(စ်)ကားစီး စောင့်ရင်း ကြုံတွေ့ ခဲ့ တာပါ ။ ကားမှတ်တိုင် မှာ လူ အတော် အများများ စောင့်ဆိုင်းနေကြပါတယ် ။ ဒီအထဲမှာ မြန်မာနိုင်ငံက လူတွေလည်း အပါအ၀င်ပါပဲ ။ ကားရောက်လာတာ နဲ့ အားလုံးဟာ တန်းစီလိုက်ကြပါတယ်။ အမေရိကားမှာက အမျိုးသမီး ၊ ကလေး ၊ ကလေးမိခင်တွေ ကို ဦးစားပေးပြီး ကားပေါ်ကိုတက်ခိုင်းကြပါတယ်။ အဲဒီမှာတင် မြန်မာနိုငငံက လူတွေက ကြားဖြတ်ပြီး အတင်းကို လုတက်ကြပါတယ် ။ကျွန်တော် ကိုလည်းတွန်းသွားပါသေးတယ် ။ကျွန်တော် သူတို့ ကို နားမလည်ပါဘူး ။ ဒီနိုင်ငံ ကလူတွေ သူတို့ ကို ဘယ်လိုအကြည့်နဲ့ ကြည့်နေလဲဆိုတာ သူတို့ တွေ မသိကြ ပါဘူး ။
နောက်ပြီး မြန်မာနိုင်ငံက လာသောလူငယ်တွေ ၊ သူတို့  အချင်းချင်း ပြောနေကြတာက ကိုယ်ကျွမ်း ကျင်သော မိခင်ဘာသာ စကား ၊ ပြောနေရင်းက ပါးစပ်ထဲက ထွက်ကြလာတာက တဖပ်ဖပ်(fuck ၊ fuck) တရှစ်ရှစ်( shit၊shit ) ((ရိုင်းသွားရင် ခွင့်လွတ်ပါ)) .နဲ့ ပါ ။ ကျွန်တော် က သူတို့ ကိုကြည့်ရင်းက အရမ်း ရယ်ချင်ပါတယ်။ ဘေးကလူတွေ သူတို့ ကိုကြည့်နေတာ သူတို့ သတိမထား မိပါဘူး။ ဘေးပတ်ဝန်းကျင် ကို ဂရုမစိုက်ပဲ တဖပ်ဖပ် ၊ တရှစ်ရှစ် လုပ်နေကြတာပါ။ တော်တော်လေး အရသာတွေ့ နေကြတဲ့ပုံပါပဲ ။ နောက် အမေရိကားမှာ လူမည်းတွေဟာ အ၀တ်အစားကို ပွပွကြီးတွေ ၀တ်ကြပါတယ် ။ ဘောင်းဘီ ဆိုလည်း ဒီ လိုပဲဝတ်ကြပါတယ် ။ HIP HOP ပုံစံပါပဲ ။ အမေရိကားမှာ အနွေးထည်ဝတ်ပြီး HIP HOP သီချင်း ဆိုတာ က အမေရိကားနိုင်ငံက အေးလို့ ပါ။ မြန်မာနိုင်ငံက HIP HOP အဆိုတော်တွေကတော့ နွေခေါင်ခေါင်ကြီး လည်း အနွေးထည်ကြီး ခေါင်းမြီးခြုံလို့ ပါပဲ ။
အခုအမေရိကားမှာ လူမည်း( ကပ္ပလီ) တွေဘောင်းဘီဝတ်ကြတဲ့ ပုံကတော့၊ ဂျင်းဘောင်းဘီ ကို ဖင်(တင်ပါး) ((ရိုင်းရင်ခွင့်လွတ်ပါ)) ..တ၀က်ပေါ်အောင် ၀တ်ကြပါတယ်။ အဲဒီ ဂျင်းဘောင်းဘီ ရဲ့  အောက် မှာ အားကစားဘောင်းဘီ အတိုကိုအောက်ခံ အဖြစ်နဲ့ ဝတ်ထားပါတယ်။ တော်သေးတာပေါ့ မပေါ်လို့ ။ သူတို့  ကိုယ်ခန္ဓာနဲ့  သူတို့ ဝတ်ပုံ၊ ပြောပုံ၊ ဆိုပုံ ကတော့ ဟုတ်နေတာပါပဲ။ ကျွန်တော် မျက်စီထဲမှာတော့ ၀က်ဝံမည်းကြီး ကို ဘောင်းဘီ တ၀က်ပဲပေးဝတ်ထားသလိုပါပဲ ။ မျက်စီထဲ မြင်ယောင်ကြည့်ကြပါ ။အဲဒီမှာ ကျွန်တော် တို့ ရဲ့ ကိုကာလသား ပေါက်စတွေက လိုက်တုကြတော့တာပဲ ။အမေရိကားမှာက အသက် ၁၈နှစ် ပြည့်တာနဲ့  လူကြီးဖြစ်ပြီ ၊ ကောင်းတာ ၊ ဆိုးတာ ၀င်မပြောနဲ့ ဆိုတာပါပဲ။ ဒါက သူတို့ ရဲ့  ပုံစံ ပါ။ အဲဒီမှာ မြန်မာနိုင်ငံက ကိုကာလသားပေါက်စတွေက ကြည့်တော့ ညောင်နာနာ နဲ့  လေတိုက်ရင် လဲတော့မယ့် ပုံစံနဲ့ ၊ ဒီလူမည်း( ကပ္ပလီ)တွေလို ဂျင်းဘောင်းဘီပွပွ ကို ( ဖင်)တ၀က်ပဲပေါ်အောင် လိုက်ဝတ်ကြတော့ တာပါပဲ။ ကျွန်တော် ဒီလိုရေးလို့  ကိုယ်နိုင်ငံဘက်ကို နှိမ့်ကျတယ် ၊ တခြားနိုင်ငံသားကို အထင်ကြီးတယ် လို့ မသတ်မှတ်ပါနဲ့ ။ ကျွန်တော် ဟာ ဘယ်နိုင်ငံပဲ ရောက်ရောက် မြန်မာနိုင်ငံသွေး ဆိုတာ အမြဲရှိသူပါ။ အတုမခိုးသင့်တာ အတုခိုးကြတဲ့ ကိုယ်နိုင်ငံသား တွေကိုကြည့်ပြီး မချင့်မရဲ ဖြစ်လို့ ပါ။ အမေရိကား က လူမည်း(ကပ္ပလီ)တွေ သူတို့ ရဲ့ မိဘတွေ ဆုံးမတာ မဆုံးမတာ၊ အတူနေတာ မနေတာ၊ သူတို့ ရဲ့ အပိုင်း။ မြန်မာနိုင်ငံက ထွက်လာကြတဲ့  ကိုကာလသားပေါက်စတွေကတော့ အမိမြေက ထွက်လာကတည်းက မိဘ၊ အကို၊အစ်မ၊ အဘိုး၊အဘွား တွေ ပါလာကြတဲ့သူတွေ ရှိသလို ၊မပါလာကြတဲ့ သူတွေလည်းရှိမှာပါ။ ပါလာခဲ့ရင်လည်း ဒီလိုဝတ်ရင်သင့်တော်ပါ့မလား၊ ကိုယ်ပုံစံ နဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလား၊ ကိုယ်ဒီလို ၀တ်စားတာရင် ကိုယ်နဲ့ ပက်သတ်တဲ့  အသိုင်းအ၀ိုင်းက ကိုယ့်ကိုတမျိုးမြင်မလားဆိုတာ ဆင်ခြင်သင့်ပါ တယ်။
နော်ဝေရောက် ဘုရားစူး ဒုက္ခသည် မြန်မာတစ်ဦး(.... မဟုတ်ပါ။ မဗေဒါရဲ့ ပထမယောင်္ကျားရဲ့သမီး ရုရှားပြန် ဒီဇင်ဘာ ပါ)
ကျွန်တော် ငယ်ငယ်တုန်းက စိတ်နဲ့ ဆို တုတ်နဲ့ လိုက်ရိုက်မိမှာပါ။ ဟုတ်ပါတယ် ။ ကျွန်တော် အေ ဖ က သစ်စက်မှာလုပ်တော့ တုတ်တွေကို ပုံစံအမျိုးမျိုးလုပ်ပြီး အိမ်ကိုယူလာပါတယ်။ ကျွန်တော် က ည ဆိုတာနဲ့ တုတ်တချောင်းကို အဖေ ၊ အမ မသိအောင် ယူကာ အပြင်ထွက် အုတ်ခုံပေါ်မှာ သူငယ်ချင်း နှစ်ယောက်နဲ့ အတူထိုင်ကာ ကိုယ့်မျက်စိ နဲ့ အချိုးမကျရင်တော့ အဲဒီတုတ်နဲ့  လိုက်ရိုက်တော့တာပါပဲ။
သက်သက်မဲ့ အကြောင်းမဲ့ လိုက်ရိုက်သလိုမျိုးပါပဲ။ အခုတော့ အကောင်း၊အဆိုးဆိုတာ သိနေပါပြီ ။ လူဆိုတာ မှားမှန်းသိတာ နဲ့  ပြင်နိုင်ရပါမယ်။ ကိုယ်လုပ်တာ မှားမှန်း သိရဲ့ သားနဲ့ အကြောင်းတစ်ခု ကို ရိုးမယ်ဖွဲ့ ပြီး ဆင်ခြင်ပေးတာဟာ ၀န်မခံရဲ တဲ့ သူလို့ ၊ သတ်မှတ်ရမှာပါပဲ။ ကိုယ်မှာ့ ပြင်သင့်တာကို ပြင်ပြီး ယူသင့်တဲ့ အတု ကိုယူရမှာပါ။ ကွမ်း ကို လူမြင်မကောင်းအောင် ၀ါးပြီး ဟိုနေရာ ဆိုလည်း ဗြစ် ကနဲ ၊ ဒီနေရာ ဆိုလည်း ဗြစ်ကနဲ ထွေးတတ်တဲ့  အကျင့်တွေကြတော့ မပြင် ကြပဲ ၊ မယူသင်တဲ့ အတုခိုးမှုကြတော့ မြန်ပါ့ဗျာ.. တခါတုန်း ကလည်း အမေရိကား မှာ ဖြစ်သွားပါသေး တယ်။ ကွမ်း ကိစ္စပါပဲ ။ အွန်လိုင်း မှာ ဟိုးလေးတကျော်ကျော်ပါပဲ ။ ကွမ်းစားပြီး အ၀တ်လျှော်တဲ့  နေရာ တွေမှာ ကွမ်းတံထွေး တွေထွေးကြလွန်းလို့  ၊ ဆိုင်ပိုင်ရှင်က မြန်မာ မလာရ လို့ ဆိုပြီး စာကပ်လိုက်ရော တဲ့ ။ ကောင်းရော ..........
ကျွန်တော် ပြောချင်တာက အမေရိကား ကိုလာကြတဲ့  မြန်မာနိုင်ငံကလူတွေ ကို ယူသင့်တဲ့ အမူအကျင့်တွေ ကို ယူပြီး ၊မယူသင်တဲ့ အမူအကျင့်တွေတော့ ယူမှာစိုးလို့ ပါ ။ မြန်မာနိုင်ငံ က ထွက်ခွာ လာသူအားလုံးဟာ အမေရိကားကို ရောက်တာနဲ့  ဘ၀င်စိတ်ကြီးဝင်သွားပြီ ၊ မာန်၊ မာန တွေ တက်ကုန် ကြပါတော့တယ်။ သူတို့ က အရင်တုန်းက ဘယ်လိုပုံစံနဲ့  နေခဲ့ရသလဲ၊ စားခဲ့ရသလဲဆိုတာတွေ ကိုမေ့ ကုန်ကြပြီး ၊ အမေရိကားရောက်မှ ဘ၀တွေ မေ့ကုန်ကြပါတယ် ။ ဒီအထဲမှာ အကုန်လုံးတော့ မပါပါဘူး တချို့ တ၀က်ပါပဲ ။ ဒါကြောင့် မိမိ ဘယ်လိုပုံစံနဲ့  လာကြသလဲဆိုတာ မမေ့ချင်ပါနဲ့  လို့ သတိလေးပေး လိုက်ချင်ပါတယ် ။
ရွယ်တူကောင်လေးတစ်ဦး၏ ငယ်ပါကို ငှက်ပြောသီးမစားရတာ ၁၀ ရက်ရှိနေသည့် မျောက်မတစ်ကောင်ကဲ့သို့ အငမ်းမရ အတင်းလိုက်ကိုင်နေသည့် Paishinmalay Jenniferလေးစားလျှက်......( saitony)........
Myanmar Express



