Subscribe to our RSS Feed

ပေးစာ - ၁၀

ကောင်မလေးတစ်ယောက် (မ----) စင်္ကာပူမှာ ကျောင်းပီးလို့ အလုပ်ရှာနေတုန်းပါ.. ကောင်မလေးက သူ့ အမေနဲ့အတူနေပါတယ်.... အရွယ်ကလေးကလဲ ရလာပီဆိုတော့ ရည်းစားလေးထားကြည့်တာပေါ့....

တနေ့ ကောင်လေးက ကောင်မလေးကို သူနဲ့အတူနေဖို့ တောင်းဆိုပါတယ်...(ကောင်လေးကလဲ မြန်မာနိုင်ငံကပါပဲ.. နိုင်ငံရေးဘလော့တွေမှာ ဝင်ရေးတတ်ပီး facebook တွေမှာ အမြဲဆဲဆိုနေတတ်ပါတယ်)

ဟိုမှာ တွေ့ ရင်းကြိုက်သွားကြတာပေါ့.... ကောင်လေးကအဲ့လိုနေဖို့ တောင်းဆိုတော့ ကောင်မလေးကလဲ ဘာမှမဖြစ်လောက်ပါဘူးဆိုပီးတော့ လက်ခံလိုက်ပါတယ်... ပီးတော့ ကောင်လေးက ကောင်မလေးနဲ့အတူ နေစဉ်ဖြစ်ရပက်များ အားလုံး(အစအဆုံးကို) video camera နဲ့ မှတ်တမ်းတင်ပီး အင်တာနက်ပေါ်ကို upload လုပ်လိုက်ပါတယ်... ကောင်မလေးက ဒီကိစ္စကိုလဲ သိရော ကောငလေးကို တာဝန်ယူဖြေရှင်ေးပးဖို့ ပြောပါတယ်....

(ကိုယ်ဝန်ရှိသွားတယ်ဆိုရင်တောင် ဆရာဝန်တွေနဲံတိုင်ပင်ပီးတော့ ဖြေရှင်းလို့ရပါသေးတယ်.. ခုဟာက အင်တာနက်ဆိုတော့တော်တော့်ကိုမလွယ်တဲ့ ကိစ္စပါ.)

ကောင်လေးက ဘာမှမဖြေရှင်းပေးဘဲ ခေါင်းရှောင်သွားပါတယ်... သူ့မိဘတွေက နိုင်ငံရေးခိုလုံထားသူတွေဖြစ်လို့ မြန်မာနိုင်ငံကိုလည်း ဘယ်တော့မှမပြန်လာဘူး၊ မကျေနပ်ရင် ကြိုက်တဲ့နေရာတိုင်နိုင်တယ်လို့ ပြောပီး အမေရိကားကိုတောင် ထွက်ပြေးသွားပီလို့ သိထားပါတယ်.. ကောင်မလေးကတော့ နောက်ဆုံး ဘာမှမတတ်သာတော့ပဲ တိုက်ပေါ်ကနေ ခုန်ချပီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပါတယ်...

ကောင်မလေးအမေမှာ အခု ဖြေရာမရဖြစ်နေသလို...ကောင်မလေးအဖေကိုလဲ ရင်မဆိုင်ရဲတာကြောင့် ရန်ကုန်ကိုလဲ မပြန်နိုင်ဖြစ်နေရပါတယ်... ဒါပေမဲ့ လူစိတ်မရှီတဲ့ (လူလို့ တောင်ပြောလို့ မရတဲ့ကောင်ပါ) (ကိုယ့်မြန်မာအချင်းချင်းကိုတောင် အညှာမတာ လုပ်ရက်တယ်...) ကောင်ကိုတော့ မြန်မာနိုင်ငံမှာ အမှုဖွင့်ထားပါတယ်...

ဒီကောင် မြန်မာပြည်ကိုတော့ ဒီတစ်သက်ပြန်လာလို့ မရတော့ပါဘူး..ပြန်ရောက်တာနဲ့  ထောင်ထဲတန်းရောက်မှာပါ..... ဒီလို လူစိတ်မရှိတဲ့ကောင်ကြောင့် အမြတ်တနီုးတန်ဖိုးထားထားတဲ့ကောင်မလေးတစ်ယောက် မိဘရင်ခွင်ထဲကနေ ထွက်ပီး အဆုံးစီရင်သွားရရှာပါတယ်..

အဲ့ဒါကြောင့် ပြောချင်တာက စင်္ကာပူရောက်မြန်မာ မိန်းခလေးများ ( ဘယ်နိုင်ငံပဲရောက်ရောက်..ကိုယ့်နိုင်ငံအတွင်းမှာတောင် စိတ်မချရဘူး.) ဘယ်ရည်စားနဲ့မှ အတူမနေမိစေဖို့ ပါ... အထူးသဖြင့် မြန်မာနိုင်ငံကို ဘယ်တော့မှပြန်မလာဘူးလို့ ဆုံးဖြတ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ နိုင်ငံရေးသမားတွေကို အဝေးဆုံးက ရှောင်ဖို့ပါပဲ...

ဂျပန်က နိုင်ငံရေးသမားတွေကလည်း အမြဲတမ်းအရက်မူးနေတတ်ပြီး ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်မလိုက်ပဲ ဘာမှနားမလည်တဲ့ သူ့မိန်းမကို ဆဲဆိုကြိမ်းမောင်ပြီး ဆန္ဒပြပွဲတွေ အတင်းသွားခိုင်းကြပါတယ်.. ပီးရင် ဆန္ဒပြလို့ရလာတဲ့ ပိုက်ဆံနဲ့ ထမင်းထုတ်တွေကို မောမောပန်းပန်းပြန်လာတဲ့ မိန်းမတွေအရင် သူတို့က စားကြပါတယ်... တချို့ အထောက်အပံ့တွေ အများကြီးရထားပြီးသား နိုင်ငံရေးသမား ကြီးတွေက ကျောင်းစရိတ်မပြည့်စုံတဲ့ မြန်မာကျောင်းသူ ကိုယ့်သမီးအရွယ်လေးတွေကိုပဲ အတူနေခိုင်းပြီး ကျောင်းစရိတ်ထောက်ပံ့ကြတာ အများကြီးရှိပါတယ်...

မလေးရှားက နိုင်ငံရေးသမားတွေကလည်း ဒုက္ခရောက်နေတဲ့ မြန်မာအမျိုးသမီးများကို ကူညီပေးမယ်ဆိုပီး ခေါ်သွားကာ အတူနေကြတာတွေအများကြီးဖြစ်နေပါတယ်..

နိုင်ငံခြားရောက်မြန်မာမိန်းခလေးများအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ဘယ်ယောင်္ကျားကိုမှ မယုံကြပါနဲ့.. ကိုယ့်နိုင်ငံမဟုတ်ဘူးဆိုတာကို အမြဲသတိထားပြီး ဖြစ်လာရင်မိန်းခလေးဖက်ကပဲ နစ်နာရတယ်ဆိုတာကို အမြဲသတိပြုကြပါ.. အပြင်မှာ ရည်းစားမထားကြပါနဲ့.. ရည်းစားထားမယ်ဆိုရင်လည်း သိက္ခာရှိသူ၊ ကိုယ်ကျင့်တရားကောင်းသူနဲ့ လူသိရှင်ကြား ဂုဏ်ယူစရာအလုပ်လုပ်နေပြီး မြန်မာနိုင်ငံကို အချိန်မရွေးပြန်နိုင်သူ၊ မိဘဆွေမျိုးများနဲ့ ဆက်သွယ်နိုင်သူကို ရွေးချယ်ပါ...

အကောင်းဆုံးကတော့ အပြင်မှာရည်းစားထားမယ့်အစား အွန်လိုင်းမှာပဲ ရည်းစားထားကြပါ.. အွန်လိုင်းမှာ အွန်လိုင်းမှာ ရည်းစား ၁၀၀၀ ထားရင်တောင် မိန်းခလေးအတွက် အပြင်မှာ တစ်ယောက်ထားတာလောက် အဖြစ်မဆိုးပါဘူး...။ အထူးသဖြင့် အနာဂါတ်မခိုင်မာတဲ့ နိုင်ငံရေးသမားတွေ၊ ညစ်ညမ်းရိုင်းဆိုင်းတဲ့ နိုင်ငံရေးသမားတွေကို ရှောင်ပါ... နိုင်ငံရေးသမားတွေဟာ အင်တာနက်ပေါ်က နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆဲဆိုမိုက်ရိုင်းတတ်သလောက် မိန်းခလေးတွေကိုတော့ မျှော်လင့်ချက်အကြီးကြီးတွေကို ပတ်ချွဲနှပ်ချွဲနဲ့ ယုံကြည်အောင် ပြောတတ်ကြပါတယ်..။ မိန်းခလေးတွေကြွေအောင် ဘယ်နိုင်ငံကို ဘယ်လိုချိတ်လိုက်ရင် ဘာတွေဖြစ်မယ်၊ ဘာအခွင့်အရေးတွေရမယ်၊ ဘယ်နိုင်ငံတွေကို ကြိုက်သလိုသွားခွင့်ရမယ် ဆိုပြီး မိုးလောက်မြင့်တဲ့ မျှော်လင့်ချက်တွေ ပေးတတ်ကြပါတယ်..။ ဒါပေမယ့် ဘယ်နိုင်ငံရေးသမားမှ လူမွှေးလူတောင် ပြောင်ပြောင်ယောင်ယောင် တစ်ယောက်မှာ ခုချိန်ထိမရှိခဲ့ပါဘူး။


အွန်လိုင်းမှာ ရည်းစားထားကြတဲ့ မြန်မာမိန်းခလေး ၉၀ ရာခိုင်နှုံးကတော့ ရုရှားကစစ်ဗိုလ်တွေကို ပိုပြီးရွေးချယ်ကြတာ၊ ရည်းစားထားကြတာများပါတယ်.. ရုရှားကစစ်ဗိုလ်တွေနဲ့ ရည်းစားမထားဖို့ အစိုးရကို မကျေနပ်သူတွေက အမျိုးမျိုးပြောကြပေမယ့် လူအကြောင်းပေါင်းကြည့်မှ သိ ဆိုသလိုပဲ ပေါင်းကြည့်သူများက အတွင်းစိတ်ကို သိပြီး လေးစားအားကိုးမိကာ အနာဂါတ်သေချာတဲ့ လူတွေကို ဘဝအတွက်ရွေးချယ်ကြပါတယ်။

နိုင်ငံရေးသမားတွေထက် ရုရှားက စစ်ဗိုလ်တွေနဲ့ ရည်းစားထားသူက ဘာကြောင့်ပိုများနေရတာလဲဆိုရင်တော့ပ အဓိက က ပညာအရည်အချင်းနဲ့ ပြောဆိုနေထိုင်မှု အဆင့်အတန်း အရမ်းကွာခြားလို့ပါပဲ.. ပညာရှိသူတစ်ယောက်နဲ့ ပညာမဲ့သူတစ်ယောက် စကားပြောပုံခြင်း အရမ်းခြားနားတာ လူတိုင်းသိပါတယ်.. ဒီမိုကရေစီဘက်တော်သားဆိုသူတွေက ပညာမဲ့သူက ၉၉ ရာခိုင်နှုံးကျော်ဖြစ်နေပါတယ်.. နိုင်ငံရေးလောကမှာ အချင်းချင်း နိပ်ကွပ်ခံရသလောက်၊ နိုင်ငံခြားမှာ နိုင်ငံခြားသား အသီးသီးက ပညာမဲ့လို့ နိပ်ကွပ်ခံရသလောက် ကောင်မလေးတွေကိုတော့ သူတို့ကိုယ်သူတို့ ဆရာကြီးအထာနဲ့ ပြောတတ်ကြပါတယ်..

ရုရှားက စစ်ဗိုလ်တွေကို ရည်းစားထားတာက တခြားနိုင်ငံရေးသမားတွေထက် အများကြီးကောင်းပေမယ့် သာဓကတွေလည်း အများကြီးရှိပါတယ်.. ကောင်းတဲ့အချက်တွေကတော့ ကိုယ့်ဆီကိုမလာနိုင်တာရယ်၊ ကိုယ်နဲ့အတူမနေနိုင်တာရယ်၊ ပညာတတ်တာရယ်၊ ဘဝအာမခံချက်ရှိတာရယ် စသည်ဖြင့်ပါ.. ဒါပေမယ့် သူမလာနိုင်လို့ ကိုယ်ကသွားမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်.. မြန်မာ မိန်းခလေးတစ်ယောက်အနေနဲ့ ယောင်္ကျားလေးရှိတဲ့ နိုင်ငံရပ်ခြားထိသွားပြီး အတူနေတယ်ဆိုတာ ပြောစမက်တွင်လောက်တဲ့ အမှားတစ်ခုပါ..

ရုရှားက စစ်ဗိုလ်ကို ကြိုက်မိ အတူနေမိလို့ နိုင်ငံရေးသမားတွေကို ကြိုက်မိ အတူနေမိသလိုမျိုး အတူနေထားတဲ့ ဗွီဒီယို ဖိုင်တွေ ထွက်မလာသေးဘူး၊ တိုက်ပေါ်က ခုန်ချသေ တဲ့ အဖြစ်မျိုးတွေ ပေါ်မလာသေးဘူး ဆိုပေမယ့် သတိရှိတာ အကောင်းဆုံးပါပဲ... ဘယ်သူ့ကိုမှ ထိခိုက်စေချင်တာ မရှိပါဘူး.. မြန်မာမိန်းခလေးအားလုံး ကံကောင်းကြပါစေ.. ကိုယ်တွေ့ဖြစ်ရပ်များစွာဖြင့်.. ယမင်း အဉ္စလီဦး (နော်ဝေ)

လက်ညှိုးဆိုတာ ထိုးဖို့လား? ထောင်ဖို့လား?



Myanmar Express

လေမဟုတ် အလုပ်နဲ့ ပြဖို့လို


ခွင့်မပန်ဘဲ ရုတ်တရက် တစ်လလုံးလုံး စာရေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် စာဖတ်ပရိသတ်များကို တောင်းပန်ပါရစေ။ စိတ်စေတနာနဲ့ တစ်နယ်တစ်ကျေးက၊ နိုင်ငံရပ်ခြားက ဖုန်းဆက်ကြ စာရေးကြပြီး စုံစမ်း မေးမြန်းကြသူများနဲ့ အိမ်အရောက်လာပြီး ကြည့်ရှုကြသူ လုံးကိုလည်း ကျေးဇူးတင်ကြောင်း ဦးစွာပထမ ပြောကြားလိုက်ရပါစေ။


ပူလိုက်အေးလိုက်

အားလုံး စိတ်ပူကြတဲ့အတိုင်း နည်းနည်း နေထိုင်မကောင်း ဖြစ်သွားလို့ပါ။ ဒီနှစ် မတ်လက ရာသီဥတု တော်တော်ဖောက်ပြန်တယ်။ ပူလိုက် မိုးရွာချလိုက်၊ အေးချင်အေးလာလိုက်နဲ့ ခုတစ်မျိုးတော်ကြာတစ်မျိုး အစိုးမရ ဖြစ်ချင်တိုင်း ဖြစ်နေတာ။ အိန္ဒိယ သမုဒ္ဒရာထဲ မုန်တိုင်း ဖြစ်ပြီး မြန်မာပြည်ထဲ ၀င်မလိုလို သတင်းတွေကလည်း ဖြစ်နေသေးတယ်။ နောက်တော့ မတ်လထဲမှာ မြန်မာပြည်ကို မုန်တိုင်းဝင်တဲ့ ထုံးစံမရှိဘူးလို့ ရဲရဲပြောခဲ့တဲ့ မိုးလေ၀သ ဦးထွန်းလွင်ရဲ့စကားမှန်လို့ တော်သွားတာပေါ့။ ဒါတောင် အယ်လ်နီညိုနဲ့ လာနီညာ ကလိတဲ့ ဒဏ်ကတော့ မလွတ်ဘူး။ လမ်းပေါ်မှာ တံလျပ်ငွေ့တွေ တလူလူပျံပြီး ကျောကော့အောင် ပူနွေးနေရာက ရုတ်တရက် လေတွေတိုက်ပြီး မိုးတွေ ရွာချင်ရွာချပြန်ရော၊ အပူသက်သာသွားလို့ ၀မ်းသာမလို ဖြစ် ခါရှိသေး နောက်နေ့ မိုးလင်းတော့ ခြစ်ခြစ်တောက်လာပြန်ရော၊ အစိုးရတာ တစ်ခုမှမရှိဘူး။ ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေတော့တာပဲ။


ရောဂါသည်က သိတယ်

မတ်လကုန်ခါနီး တစ်ရက်ကတော့ တစ်သက်မှာ တစ်ခါမှမကြုံဖူးတဲ့ ရာသီဥတု ဖောက်ပြန်မှုတစ်ခုကို တွေ့ရတယ်။ ထူးဆန်းအံ့သြဖွယ်လို့ ပြောရမလား၊ ပြောမယုံ ကြုံဖူးမှသိလို့ ပြောရမလား ဆိုတာတောင် မဝေခွဲတတ်တော့ဘူး။ ထူးဆန်းတာတော့ ထူးဆန်းတယ်။ အဲဒီနေ့ကို လူကောင်းတွေကတော့ သတိပြုမိချင်မှ ပြုမိကြမယ်။ ရောဂါသည်ကတော့ ကောင်းကောင်း မှတ်မိနေတယ်။ အဲဒီနေ့က မိုးလင်းကတည်းက ပူတာ လူကို ဟောဟဲလိုက်နေတယ်။


Action speak louder than word အပြောထက် လက်တွေ့က ပို အရေးကြီးတယ် ဆိုတဲ့ စကားအတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စကို လေမဟုတ် အလုပ်နဲ့သက်သေပြကြပါလို့...

နည်းနည်းလေး လှုပ်မိတာနဲ့ ငါးလိုပါးစပ် ဟပြီး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှုနေရတယ်။ ထမင်းဝါးရတာတောင် မောတယ်။ ညနေစောင်းတော့ လေပြင်းတိုက်ပြီး မိုးတွေရွာချလိုက်တယ်။ မိုးကသိပ်များတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တော်တော်အေးသွားလို့ ညဖက် စောင်ခြုံအိပ်ရတယ်။


နွေမိုးဆောင်း တစ်ပေါင်းတည်း

မနက်ကျတော့ မိုးမရွာဘူး။ အုံ့ရုံပဲအုံ့တယ်။ ဒါပေမဲ့ ဆောင်းလိုချမ်းနေတယ်။ တစ်နေ့လုံး မိုးအုံ့လိုက်၊ လေပြင်းတိုက်လိုက်နဲ့ စောင်ခွာလို့ မရဘူး။ မတ်လနွေခေါင်ခေါင် နေ့လယ်ခင်းကြီးမှာ စောင်ခြုံပြီး ကွေးနေရတယ် ဆိုတာ ယုံနိုင်စရာ မရှိဘူး။ အညာ သား တစ်ယောက် အနေနဲ့ ရန်ကုန် ဆောင်းရာသီမှာတောင် နေ့လယ်ကြီး တစ်ခါမှ စောင်ခြုံမကွေးခဲ့ဖူးဘူး။ အခုမှ ကြုံဖူးရတယ်။ သဘာဝတရားရဲ့ ဆန်းကြယ်မှုတွေ အမျိုးမျိုး ကြားဖူး၊ ကြုံဖူးပါရဲ့။ နေ့ရဲ့သင်္ကေတ နေမင်းကြီးနဲ့ ညရဲ့သင်္ကေတ လမင်းကြီးတို့ ကောင်းကင်ထက်မှာ နှစ်ပါးဆိုင်ပြီး အပြိုင်ထွက်နေတာ မြင်ဖူးပါတယ်။ နွေခေါင်ခေါင် မိုးကြိုးပစ်တာ ကြားဖူးသလို၊ ဆောင်းတွင်းကြီး မိုးရွာတာလည်း ကြုံဖူးတယ်။ ဒါပေမဲ့ မနေ့ကလို တစ်နေ့တည်းမှာ နွေမိုးဆောင်း သုံး ရာသီ တစ်ပြိုင်တည်း ကျရောက်တာမျိုးတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးဘူး။ ကြားလည်းမကြားဖူးဘူး။


တင်စားတာမဟုတ်

ဥတုသုံးမျိုး တစ်ပေါင်းတည်းကျတယ် ဆိုတာက သဘောလောက်သာ မဟုတ်ဘူး။ တင်စားပြောတာ မဟုတ်ဘူး။ တကယ်ပီပြင်တာ။ နွေကနွေလို ခြစ်ခြစ်တောက် ပူသလို၊ မိုးကလည်း မိုးပီပီသသ အုံ့ဆိုင်းမှုန်မှိုင်းပြီး ရွာချတာ။ မိုးရပ်သွားတာတောင် အုံ့မှိုင်းနေတုန်းပဲ။ ချမ်းတဲ့နေရာကျတော့လည်း ရန်ကုန်ဆောင်းနဲ့မတူဘဲ အညာဆောင်းလို စောင်ခြုံထဲက မထွက်နိုင်တဲ့ အချမ်းမျိုး။ ထူးထွေတည့်အံ့ရာသောဝ်လို့ ဆိုရမယ့် အခြေအနေပဲ။
နောက်နေ့ရောက်တော့ ချမ်းတယ်ဆိုတာ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ချက်ချင်းပဲ ပူလာလိုက်တာ ကိုယ့်အသား ကိုယ်ထိရင်တောင် အငွေ့ထွက်လာသလို ခံစားရတယ်။ ရာသီဥတုက လူတွေကို ကျီစားနေသလို
အောက်မေ့မိတယ်။


ကျေးဇူးတင်ကြောင်းပြောချင်လို့

နွေမိုးဆောင်း တစ်ပေါင်းတည်းကျတဲ့ဒဏ်ကို မကျန်းမာတဲ့ ခန္ဓာကိုယ်က မခံနိုင်ဘူး။ အသက်ရှုကြပ်ပြီး မောလာတယ်။ ခါတိုင်းလို ရှုဆေးရှုလိုက်တာနဲ့ သက်သာမသွားဘူး။ ဗင်တိုလင်ရှုဆေးကို စက်နဲ့မှုတ်သွင်းပြီး ရှုလည်း ခဏပဲ သက်သာသွားတယ်။ ပြီးတော့ ကြပ်မြဲကြပ်ပြီး မောမြဲမောနေတော့တယ်။ နည်းနည်းလေးမှ အလှုပ်မခံတော့ ဆေးရုံလည်း မသွားနိုင်ဘူး။ အနီးကပ် စောင့်ရှောက်ပေးနေတဲ့ ဆရာလေးကိုပဲ အကြောင်းကြားရတယ်။ ဆရာလေးရဲ့ ဂရုစိုက်မှုကြောင့် သေကောင်ပေါင်းလဲတော့ မဖြစ်လိုက်ဘူး။ ခံတော့ တော်တော် ခံလိုက်ရတယ်။ တစ်လလုံး စာမရေးဘဲ နားလိုက်တယ်။ အခုတော့ သက်သာလာပြီ ဖြစ်တာက တစ်ကြောင်း၊ စိတ်ပူကြတဲ့ စာဖတ်ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောချင်တာက တစ်ကြောင်းကြောင့် ဒီစာကို ရေးလိုက်ရတာ ဖြစ်တယ်။


ကွန်ကရစ်ဖုန်းဆိုးတောကြီး

ရှိတုန်းက တန်ဖိုးမထားဘဲ မရှိတော့မှ အဖိုးတန်မှန်းသိတာ လူ့သဘာဝပဲ။ အညာသားဖြစ်လို့ တော်ရုံ အပူလောက်ကို မမှုပါဘူး။ အခု ရောဂါရတော့မှ အပူကိုကြောက်ပြီး သစ်ရိပ်ဝါးရိပ်တွေကို တမ်းတမိတယ်။ ဒါပေမဲ့ အချိန်က အများကြီးနှောင်း သွားပြီ။ ကျောင်းသားဘ၀က နေပြောက်မတိုးတဲ့ ရန်ကုန်-မန္တလေး မီးရထားနဲ့ ကားလမ်းတစ်လျှောက်က ကျွန်းတောကြီးတွေ မရှိတော့ဘူး။ ၀ါဆိုပန်းခူး ထွက်ကြတဲ့၊ မင်္ဂလာဒုံနဲ့ ထောက်ကြန့်ဘက်က တောအုပ်တွေ ပျောက်ကွယ်သွားပြီ။ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ကြည့်ပြီး အပြန် ပန်းဆိုးတန်း တစ်လျှောက်မှာ ကလေးတွေနဲ့ အလုအယက် ပန်းကောက်ခဲ့ကြတဲ့ ခရေပင်ကြီးတွေ မရှိတော့ဘူး။ စိမ်းညို့နေတဲ့ ခရေပင်ကြီးတွေ၊ မန်ကျည်းပင်ကြီးတွေနဲ့ ကုက္ကိုပင်ကြီးတွေ နေရာမှာ ခုတော့ ကွန်ကရစ် ဖုန်းဆိုးတောကြီးပဲ ရှိတော့တယ်။


တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု

ဒါကိုပဲ မြို့ပြဖွံ့ဖြိုးတိုးတက်မှုလို့ ခေါ်နေကြသေးတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ်ပျက်စီးမှုကို လူတွေ ခွဲခြားမသိကြဘူး။ ရောဂါရမှ သိကြရတယ်ဆိုရင် ဘယ်ကောင်းမှာလဲ။ အခု ဆယ်စုနှစ် တစ်ခုလောက် အတွင်းမှာ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ပညာပေး လှုံ့ဆော်မှုတွေ တော်တော်လေး လုပ်ကိုင်လာကြတာ တွေ့ရလို့ စိတ်သက်သာရသေးတယ်။ အနယ်နယ် အရပ်ရပ်မှာ သစ်ပင်စိုက်တဲ့ သတင်းတွေလည်း ကြားသိ
တွေ့မြင်နေရတယ်။ အခုစိုက်တဲ့အပင်တွေ သစ်ပင်ကြီး ဖြစ်လာဖို့က ကိုးနှစ်၊ ဆယ်နှစ် အချိန်ယူရဦးမယ်။ လောလောဆယ် သက်တမ်းလေးငါးဆယ် ရှိနေတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲခြင်း မပြုလုပ်ဖို့လည်း တားဆီးကာကွယ်ဖို့ လိုပါတယ်။ လမ်းဖောက်လို့ အဆောက်အဦဆောက်လို့ ဆိုပြီး သက်တမ်းရင့် သစ်ပင်ကြီးတွေကို လက်လွတ်စပယ် ခုတ်လှဲခြင်း မပြုဖို့ လိုပါတယ်။


သက်သေပြပါ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးတို့၊ သစ်ပင်စိုက်ရေးတို့ လှုံ့ဆော် ဟောပြောနေကြတာ အလွန်ကောင်းတယ်။ လက်တွေ့ များများစိုက်ကြရင် ပိုကောင်းတယ်။ အခုတော့ အစိုက်နဲ့အခုတ် တစ်ဖက်စောင်းနင်း ဖြစ်နေတယ်လို့ ထင်တယ်။ များများစိုက်ပြီး နည်းနည်းပဲ ခုတ်ကြပါလို့ တောင်းပန်ချင်တယ်။ ဖုန်းဆိုးတောဖြစ်ပြီးမှ အိုအေစစ် ပြန်ဖြစ်အောင်လုပ်ဖို့ မလွယ်ပါဘူး။ Action speak louder than word အပြောထက် လက်တွေ့က ပို အရေးကြီးတယ် ဆိုတဲ့ စကားအတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စကို လေမဟုတ် အလုပ်နဲ့သက်သေပြကြပါလို့ နှိုးဆော်လိုက်ရပါတယ်။


လူထုစိန်ဝင်း

ဘယ်လောက်ပဲအားစိုက်စိုက် ဖြဲထားတဲ့အရာအတိုင်းပဲ ရမယ်




Myanmar Express


၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ