Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်မှ ဧရာဝတီသို့ ပေးစာ


Hacker တစ်ဦးဆီမှ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်မှ ဧရာဝတီသို့ ပေးစာ ဖြစ်ပါတယ်...။


Hacking NLD -



DASSK SAY -

NLD နှင့် ဒေါ်အောင်ဆန်းစုကြည် သတင်း၊ အဆိုတော် မေဆွိ သတင်းအပါအဝင် ကောလဟာလ သတင်းတွေ အမြဲလိုလို လွှင့်နေတဲ့ ဧရာဝတီ ကို ဒေါ်အောင်ဆန်းစုကြည် သဘောမကျတာ အတော်ကြာနေပြီဖြစ်ပါတယ်...။ ဒီတစ်ကြိမ်တော့ ထိုင်ခုံမြဲအောင် ဘယ်လိုပြန်ဖြေရှင်းမလဲ ကြည့်ရအုံးမယ်..။

ဂျပန်ရောက် မြန်မာများအတွက် ဂုဏ်ပြုစကား


ဂျပန်ငလျင်ကြီးလှုပ်ပြီး သုံးရက်မြောက်နေ့မှာ တိုကျိုရောက် တပည့်မတစ်ယောက်က ဖုန်းဆက်ပြီး ဘေးမသီရန်မခ ရှိနေတဲ့အကြောင်း သတင်းပေးတယ်။ တိုကျိုမှာနေကြတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ဘာမှမဖြစ်ကြဘူးလို့ ပြောကြတယ်။

ဖုန်းလေးတစ်ဆက်ကြောင့်
ကျောင်းသူကျောင်းသား တပည့်တွေ အများစုက တိုကျို၊ တိုင်ပေနဲ့ အမေရိကမှာ ရှိနေကြလေတော့ ငလျင်သတင်း ကြားတာနဲ့ သူတို့တစ်တွေအတွက် စိတ်ပူရတယ်။ အင်တာနက်နဲ့ ဖုန်းအဆက်အသွယ်တွေ ပြတ်တောက်နေတော့ ပူရုံအပြင် ဘာမှမတတ်နိုင်ဘူး။ မိသားစု တချို့ကလည်း စိတ်ပူပြီး အဆက်အသွယ်များ ရသလားလို့ လှမ်းမေးကြတယ်။ တပည့်မလေးက ဖုန်းဆက်အကြောင်းကြားလို့ ၀မ်းသာရသလို ကျေးဇူးလည်း တင်မိတယ်။ လက်လှမ်းမီရာ မိသားစုများကိုလည်း မြန်မာတွေ ဘေးမသီရန်မခ ရှိကြတဲ့အကြောင်း သတင်းကောင်း ပါရတယ်။ ဒါကြောင့် ဖုန်းဆက်တဲ့ တပည့်မကို ကျေးဇူးတင်မိတယ်လို့ ပြောရတာ ဖြစ်တယ်။ သူ့ဖုန်းလေး တစ်ဆက်က ကြောင့်ကြစိတ်တွေနဲ့ ပူပင်သောက ရောက်နေကြရှာတဲ့ မိ သားစုပေါင်းများစွာရဲ့ ရင်တွေကို အေးသွားစေတယ်လေ။

အရေးကြီးတော့သွေးနီးကြ
ဒါတင်မကသေးပါဘူး။ တပည့်မ ဖုန်းဆက်ပြောတဲ့အထဲမှာ တိုကျိုမှာရှိတဲ့ မြန်မာတွေ အတော်များများဟာ နီးစပ်ရာ အချင်းချင်းစုပြီး မြန်မာတွေ အနေများတဲ့ ရပ်ကွက်တွေကို လှည့်ပြီး သတင်းမေးကြတယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးကြတယ်။ တချို့ကတော့ ဂျပန်ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးနေတဲ့ ဓာတ်ရောင်ခြည် ကာကွယ်ရေး သတိပေးချက်တွေကို မြန်မာလိုပြန်ပြီး မြန်မာရပ်ကွက်တွေကို လိုက်လံ ဖြန့်ဝေပေးနေကြတယ်။ ရထားတွေ၊ ဘတ်စကားတွေ ဘာမှမရှိတော့ ခြေကျင်လျှောက် ဝေနေကြရတယ်။ သိပ်ချီးကျူးဖို့ ကောင်းတယ်လို့ ပြောပြတယ်။ ဈေးဆိုင်တွေလည်း ၀ယ်မရတော့လို့ တချို့ စားစရာပြတ်ကြတယ်။ အပိုရှိတဲ့ လူတွေက ဆန်နဲ့ခေါက်ဆွဲခြောက်တွေ မျှဝေပေးကြတယ်။ တချို့များ သောက်စရာရေတောင် မရှိကြတော့ဘူးလို့လည်း ပြောပြပါတယ်။ အရေးကြီးတော့လည်း သွေးနီးကြသားပဲကိုးဆိုပြီး ၀မ်းသာပီတိဖြစ်ရတယ်။

ဂုဏ်ယူရတဲ့စရိုက်
အချင်းချင်း သွေးစည်းကြရုံသာ မဟုတ်ဘူး။ စီးစရာ ယာဉ်ရထားမရှိလို့ အဝေးကြီးလမ်းလျှောက်ပြီး အိမ်ပြန်ကြရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးအမေတွေ တွေ့ရင်လည်း မြန်မာတွေက အထုပ်ကူဆွဲပေး၊ ကလေးချီ ပေးနဲ့ တတ်နိုင်သမျှ ၀ိုင်းကူကြလို့ ဂျပန်တွေကတောင် ချီးကျူးကျေးဇူးတင်ကြတယ်လို့လည်း တပည့်မက ထည့်ပြောသွားသေးတယ်။ လူတစ်ဖက်သားကို ကြင်နာတတ်၊ စေတနာထားတတ်တဲ့ မြန်မာ့စရိုက်ကတော့ ခေတ်တွေဘယ် လောက်ပြောင်းပြောင်း၊ ပြောင်းလဲမသွားပါလားလို့ တွေးပြီး အခြောက်တိုက် ၀င်ပြီး ဂုဏ်ယူလိုက်ရသေးတယ်။ အမျိုးဂုဏ်မြှင့်တင်ပေးတဲ့ လူငယ်တွေကို ချီးကျူးမိပါတယ်။

ဓာတ်ရောင်ခြည်ယိုစိမ့်
ဂျပန်ကတပည့်မ ဖုန်းချသွားပြီး မကြာမီမှာပဲ ဆန်ဖရန်စစ္စကိုမှာနေတဲ့ တပည့်တစ်ယောက်က ဖုန်းဆက်ပြီး ဂျပန်မှာ နျူကလီးယားဓာတ်ပေါင်းဖိုတွေ မီးလောင်လို့ ဓာတ်ရောင်ခြည် ယိုစိမ့်နေပြီ။ အမြဲတမ်းဖွင့်ထားတဲ့ ပြတင်းပေါက်တွေ ပိတ်ထားပါ။ မိုးရွာရင် အိမ်သားတွေ အပြင်မထွက်ပါစေနဲ့။ မိုးရေအထိမခံပါနဲ့လို့ စိုးရိမ်တကြီးနဲ့ သတိပေးတယ်။ ဆူနာမီ လှိုင်းလုံးကြီးတွေရဲ့အရှိန်က သူတို့ ဆန်ဖရန်စစ္စကို အထိ ရိုက်ခတ်တယ်လို့လည်း ပြောပြတယ်။ သူတို့ဆီမှာလည်း မုန်တိုင်းကြောက်ရ၊တောမီးလောင်တာ ကြောက်ရနဲ့ နေလို့မကောင်းတော့ဘူးလို့လည်း ညည်းတယ်။ မြန်မာပြည်ကို လွမ်းတယ်ဆရာရယ်လို့ တမ်းတရှာတယ်။

တွံတေးသိန်းတန်အခွေမှာ
သူဟိုရောက်နေတာ နှစ်အစိတ်လောက်ရှိပြီ။ ပြန်လာချင်တယ်လို့ ခဏခဏပြောပေမဲ့ ပြန်မလာနိုင်ပါဘူး။ ဟိုမှာသားတွေ၊ သမီးတွေနဲ့ အခြေကျနေပြီ ဖြစ်တော့ ပြန်လာဖြစ်မယ် မထင်ပါဘူး။ ခဏတဖြုတ် အလည်အပတ် သဘောလောက်သာ လာနိုင် တော့မှာပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တစ်ခါသူပြန်လာပြီး တစ်ပတ် ရဟန်းခံသွားသေးတယ်။ သူက ရန်ကုန်ပေါက် တရုတ်လူမျိုးပါ။ ဒါပေမဲ့ မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးမှ ထွက်သွားတာ ဖြစ်တယ်။ ဟိုရောက်ပြီး လေး၊ ငါးနှစ်လောက်ကြာတော့ လူကြုံတိုင်း တွံတေးသိန်းတန် အခွေတွေချည့် မှာလေ့ရှိတယ်။ အခုနောက်ပိုင်းကျတော့ တရားခွေတွေပါ ပို့ပေးပါလို့ မှာတတ်တယ်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးတဲ့ မြန်မာလူမျိုး မဟုတ်သူတွေတောင် မြန်မာပြည်ကို မလွမ်းဘဲ မနေနိုင်ပါလားလို့ တွေးမိပြီး သူတို့အားလုံးအတွက် စိတ်မကောင်းဖြစ်ရတယ်။

သြဘာနိမိတ်ထွန်း
မြန်မာလူမျိုးတွေသာ မြန်မာပြည်ကိုလွမ်းတာ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးနဲ့ မြန်မာပြည်မှာ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် လာနေဖူးတဲ့ နိုင်ငံခြားသားတွေလည်း မြန်မာပြည်က မပြန်ချင်ကြဘူး။ မတတ်သာလို့ ပြန်သွားရရင်တောင် မြန်မာပြည်ကို အမြဲတမ်း တသသ ဖြစ်နေတတ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံး၊ လေးဆယ်လောက်က မြန်မာပြည်မှာ နေဖူးခဲ့တဲ့ နိုင်ငံခြားက မိတ်ဆွေတွေဆို ခုချိန်ထိ မြန်မာကို လွမ်းလို့ မဆုံးနိုင်ကြသေးဘူး။ အဆက်အသွယ်မပြတ် လုပ်ကြတယ်။ အခါအခွင့်သင့်တိုင်း ပြန်လာလည်ကြတယ်။ တချို့ဆို ဆွေမျိုးရင်းချာလိုတောင် အပြန်အလှန် သံယောဇဉ် ဖြစ်နေကြရတယ်။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေက ချစ်စရာကောင်းသလို မြန်မာနိုင်ငံကလည်း အင်မတန် နေချင်စရာကောင်းတဲ့နိုင်ငံ ဖြစ်တယ်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ ဒေသလို့တောင် ဆိုရိုးရှိခဲ့တာ မဟုတ်လား။

သယံဇာတကြွယ်ဝ
မြန်မာပြည်က ဥတုသပ္ပာယ မျှတတယ်။ အပူအအေး လွန်ကဲမှု မရှိဘူး။ နှင်းတွေကျ ရေတွေခဲ ဆိုတာမျိုး မရှိသလို ပူလွန်းလို့ ဧကသိန်းချီပြီး တောမီးလောင်ကျွမ်းတယ် ဆိုတာမျိုးလည်း မရှိဘူး။ စားနပ်ရိက္ခာ ကောက်ပဲသီးနှံနဲ့ မြေပေါ်မြေအောက် သယံဇာတ မျိုးစုံပေါကြွယ်ဝတယ်။ ရေနံနဲ့ဓာတ်သတ္တုမျိုးစုံလည်း ရှိတယ်။ အခြေခံ စားဝတ်နေရေးအတွက် လောက်ကတော့ ဘယ်နိုင်ငံခြားကိုမှ အားကိုးနေဖို့ မလိုဘူး။ ကိုယ့်ဟာကို လိုလေသေးမရှိ ပြည့်စုံတယ်။ ဒါကြောင့်လည်း ရှေးက အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ၊ ပေါ်တူဂီ စတဲ့ နယ်ချဲ့နိုင်ငံကြီးတွေ အားလုံးက အငမ်းမရ သူ့ထက်ငါဦးအောင် မြန်မာပြည်ကို သိမ်းပိုက်ချင်ခဲ့ကြတာ ဖြစ်တယ်။

ကန်သမ္မတရဲ့ မှတ်ချက်
မြန်မာ့ကျွန်းသစ်ဆိုတာ ကမ္ဘာပေါ်မှာ သူ့လောက်ကောင်းတဲ့သစ်မျိုး ဘယ်မှာမှ မရှိဘူး။ နယ်ချဲ့သမားတွေ နှစ်ပေါင်းတစ်ရာကျော် ခုတ်လှဲရောင်းချခဲ့တာ မကုန်နိုင်ဘူး။အဲဒီလောက်ပေါတာ။ ဒုတိယကမ္ဘာစစ် မတိုင်မီကဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ နံပတ်တစ် ဆန်တင်ပို့ ရောင်းချတဲ့နိုင်ငံ ဖြစ်ရုံမက ငွေနဲ့ခဲ ဓာတ်သတ္တုအများဆုံး တင်ပို့တဲ့နိုင်ငံလည်း ဖြစ်ခဲ့တယ်။ လူတွေကလည်း အင်မတန် စိတ်နှလုံးနူးညံ့သိမ်မွေ့ပြီး သဒ္ဓါ ရက်ရောကြတယ်။ ခွင့်လွှတ်သည်းခံစိတ် ကြီးမားတယ်။ စိတ်ယဉ်ကျေးမှု အင်မတန် အထက်တန်းကျတယ်။ မြန်မာပြည်က နမ္မတူ ဘော်တွင်းမှာ အင်ဂျင်နီယာအဖြစ် လာရောက် အမှုထမ်းဖူးပြီး နောင်တော့ အမေရိကန်နိုင်ငံရဲ့ ၃၁ ဦးမြောက် သမ္မတဖြစ် သွားခဲ့တဲ့ ဟားဘတ်ဟူးဗား (Herber Hoover 1847-1964)က ''မြန်မာလူမျိုးများဟာ အာရှတိုက် တစ်ခုလုံးမှာ ပျော်ရွှင်ချမ်းမြေ့မှု အစစ်အမှန်ကို ရရှိထားတဲ့ တစ်ခုတည်းသောလူမျိုး ဖြစ်တယ်''လို့တောင် မှတ်ချက်ချခဲ့ဖူးပါတယ်။

လှိုက်လှိုက်လှဲလှဲ
ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မချစ်လို့ ကျောခိုင်းစွန့်ခွာသွားကြတာ မဟုတ်ပါဘူး။ အခြေအနေက တွန်းပို့လို့သာ မလွှဲမရှောင်သာ သွားကြရတာပါ။ ကိုယ့်ရပ် ကိုယ့်ရွာကို မလွမ်းတဲ့လူ၊ မပြန်ချင်တဲ့သူ ဘယ်ရှိမှာလဲ။ သူတို့အားလုံးရဲ့ အမျိုးချစ်စိတ်က ဂျပန်ငလျင်ကြီးလို ကိစ္စကြီးကြုံတွေ့လာတော့ အထင်းသား ပေါ်ထွက်လာခဲ့တာပဲ မဟုတ်လား။ မြန်မာအချင်းချင်းပဲဆိုပြီး ကူညီစောင့်ရှောက်ကြ၊ ရိုင်းပင်းကြတယ်လေ။ ဒီအတွက် လူငယ်တွေကို ချီးကျူးမိတယ်။ မြန်မာချင်းသာမက အကူအညီ လိုအပ်နေတဲ့ ဂျပန်လူမျိုးတွေကိုလည်း ကူညီကြတယ်ဆိုလို့ ပိုပြီး ၀မ်းသာရတယ်။ ဘိုးစဉ်ဘောင်ဆက် စိတ်ယဉ်ကျေးမှု အထက်တန်းကျခဲ့တဲ့ မြန်မာတို့ရဲ့ စရိုက်ကို ဆက်ခံပြီး မြှင့်တင်ပေးခဲ့ကြတဲ့အတွက် လူငယ်လုံမငယ်လေးတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်။


လူထုစိန်ဝင်း



Myanmar Express

လူသုံးမျိုး

w62430

'မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီnွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ 'နိုင်ငံရေးအလုပ်ကို မနှစ်မြို့တဲ့ လူစားများရဲ့ပါးစပ်က အမြဲတမ်း ကြားရလေ့ရှိတဲ့စကား ဖြစ်တယ်။


မြန်မာမှာမကွဲတာမရှိတဲ့

သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်လည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်း ကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်းကွဲ၊ သခင်တွေလည်းကွဲ၊ မကွဲဖူးတဲ့ အဖွဲ့အစည်း တစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလို ပြောကြတာလဲလို့ ကြည့်လိုက်ရင် အများစုဟာ ဘယ်ခေတ်ဘယ်အခါမှာမှ အများအရေးကို ပါဝင် ဆောင်ရွက်လေ့မရှိဘဲ ကိုယ့်အရေး ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထား လုပ်ဆောင်လေ့ရှိသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။


သက်သက်ရမယ်ရှာတာ

တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုးရွာကျိုး သူတို့ မလုပ်တာကို ခုခံကာကွယ်ဖို့အတွက် သက်သက်မဲ့ ရမယ်ရှာပြီး ပြောကြတာ ဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်းခွဲမရအောင်တူတယ် ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တစ်ထပ်တည်း တစ်သားတည်းကျအောင် တူတယ်ဆိုတာ မရှိဘူး။ ဒါသဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အမြွှာချင်းတောင်မှ စိတ်ချင်း အတော်တူပေမယ့် အားလုံး တစ်သားတည်းကျအောင် တူတာတော့ မဟုတ်ဘူး။ မတူတဲ့ နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့သားသမီးလည်း အလားတူပဲ။ စရိုက်မတူတာတွေ ရှိသလို အကြိုက်မတူတာတွေလည်း ရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲ။


လူ့ဘုံ လူလောကဆိုတာ မတူတဲ့လူတွေ အတူတွဲပြီး မတူတဲ့ အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက တဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်။


စစ်မဖြစ်ဖူးတဲ့ နိုင်ငံမရှိ

မြန်မာလူမျိုးတွေမှ သူများထက် ထူးပြီးကွဲကြတာ မဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့နိုင်ငံ တစ်ခုမှမရှိပါဘူး။ တိုးတက်ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာလည်း အယူအဆ မတူကွဲပြားကြလို့ သူ့ပါတီကိုယ့်ပါတီ ဆိုပြီး သီးခြား ခွဲထောင်ထားကြတာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အာဏာရပါတီကြီး ဖြစ်ခဲ့တဲ့ အယ်လ်ဒီပီပါတီဆိုရင် ပါတီတစ်ခုတည်းမှာကို သီးခြားအုပ်စုကွဲတွေ တစ်ဒါဇင်လောက် တရားဝင် တည်ရှိနေတာ ဖြစ်တယ်။


လူလားမမြောက်သေးလို့

ကွဲကြ၊ ပြဲကြတယ် ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း မတူလို့ မဟုတ်ဘူး။ ဦးနှောက် လူလားမမြောက်သေးလို့နဲ့ နိုင်ငံရေး မရင့်ကျက်သေးလို့ ဖြစ်တာ။ လူလားမြောက် ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ လူ့သဘာဝပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင်ကိုင်နိုင်တယ်။ လူ့ဘုံ လူ့လောကဆိုတာ မတူတဲ့လူတွေ အတူတွဲပြီး မတူတဲ့ အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက တဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်။


ထင်းစည်းဥပမာ

တစ်သွေးတစ်သားတည်း ပေါင်းစည်းညီညွတ်တယ်။ ရေကိုသားလို့ အကြားမထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကားအဖြစ်ပြောတာ သက်သက်ပဲ။ ထင်းစည်းတစ်စည်းလို စည်းလုံးညီညွတ်တယ်ဆိုတဲ့ ပုံဆောင်စကားကမှ လူ့လောကမှာ သဘာဝကျစွာ ဖြစ်နိုင်တဲ့ ပေါင်းစည်း ညီညွတ်ရေး ဖြစ်တယ်။ ထင်းစည်း တစ်စည်းမှာ အမျိုးအစားမတူတဲ့ အတိုအရှည် မညီတဲ့ ထင်းချောင်းတွေကို ကြိုးတစ်ချောင်းနဲ့ စုပြီး စည်းထားလိုက်တာ ဖြစ်တယ်။ ပေါင်းစည်းထားတဲ့အတွက် လိုရာအရပ်ရောက်အောင် သက်သက်သာသာ လွယ်လွယ်ကူကူနဲ့ သယ်ပိုးသွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။


ဘုံအကျိုးစီးပွားအတွက်

လူ့လောက ဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ် မတူကွဲပြားခြားနားတဲ့ လူအများအပြားဟာ တူညီတဲ့ ပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ဘုံအကျိုးစီးပွားဆိုတဲ့ ကြိုးနဲ့စုစည်းပြီး ခရီးသွားနေတာ ဖြစ်တယ်။ တူညီတဲ့ ပန်းတိုင်ဆို တာကတော့ အေးချမ်းသာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ၊ မကြောင့်မကြ လွတ်လွတ်လပ်လပ် နေထိုင်နိုင်တဲ့ သာယာရွှေပြည် ဖြစ်ပါတယ်။ အဲဒီ သာယာရွှေပြည်ကိုရောက်ရင် လူမျိုးမရွေး ဘာသာမရွေး အသားရောင်မရွေး လူသားအားလုံး ခံစားရမှာဆိုတော့ ကိုယ်လည်းခံစားရမယ်။ သူလည်း ခံစားရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက ညီညွတ်ရေး ဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွား တစ်ခုအတွက် ပူးတွဲနေထိုင် လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်တယ်။


ဒီမိုကရေစီကျင့်စဉ်

ဘုံအကျိုးစီးပွားတူရင် တွဲလုပ်တယ်။ မတူရင် တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါသဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်ကကိုယ်ကြိုက်တဲ့ လမ်းက သွားသလို၊ သူလည်း သူကြိုက်တဲ့လမ်းက သွားပါစေ။ ဒါလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ်မြတ်နိုးသလို သူလည်း သူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး သူ့အခွင့်အရေး ကို တန်ဖိုးထား လေးစားတာ။ သူ့အခွင့်အရေး၊ သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီကျင့်စဉ် ဖြစ်တယ်။


လူသုံးမျိုး

ဒီလိုပြောတဲ့အတွက် အားလုံးဟာ မိတ်ဆွေဖြစ်တယ်။ ရန်သူမရှိဘူးလို့ ပြောတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွင်း လူကောင်း၊ လူဆိုး၊ လူယုတ်မာ ဆိုတာကတော့ ဘယ်ခေတ်ဘယ်အခါမဆို ရှိနေတာပဲ ဖြစ်တယ်။ လူကောင်းကို မိတ်ဆွေအဖြစ် သဘောထားရမယ် ဆိုတာကတော့ ပြောစရာမလိုဘူး။ လူတိုင်းသိတယ်။ လူဆိုးကျတော့ ခွဲခြားစဉ်းစားစရာ ရှိတယ်။ တချို့က အရက်သေစာ သောက်စားမူးယစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံလုပ်သူကို လူဆိုးလို့ ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့စွဲလို့ သောက်တယ်။ လောင်းကစားတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့ သူမျိုးကိုတော့ မိတ်ဆွေအဖြစ် မပေါင်းသင်းချင်ရင်တောင် ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ်နေစရာတော့ မလိုဘူး ထင်ပါတယ်။


အမှားကိုမြင်လို့ ပြုပြင်ရင်

တချို့ ဆင်းရဲလွန်းလို့ ကြံမိကြံရာ ကြံရင်းနဲ့ ခါးပိုက်နှိုက်ဖြစ်၊ သူခိုးဖြစ်သွားတာမျိုး ရှိတယ်။ သူတို့ဟာ လူဆိုးတော့ လူဆိုးပဲ။ ဒါပေမဲ့ မတရား နိုင်ထက်စီးနင်းနဲ့ နှိပ်စက်ညှဉ်းပန်း မလုပ်ဘူး။ သူတစ်ပါး သားပျိုသမီးပျိုကို ထိပါးစော်ကား မပြုဘူး ဆိုရင်တော့ လူယုတ်မာလို့ခေါ်တဲ့အဆင့် မရောက်သေးဘူးလို့ ဆိုချင်တယ်။ သူတို့အမှားကိုသိလို့ နောင်တတရားရ ပြုပြင်တယ်ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင်ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်ရှေး အခါက နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆစ်တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန် သားကောင်းသမီးကောင်းတွေ ဖြစ်လာခဲ့ကြတဲ့ သာဓက ရှိပါတယ်။


ငတေမာပြီးရော

တချို့ကျတော့ သောက်စားမူးယစ် မရှိဘူး။ လောင်းကစား မလုပ်ဘူး။ ဓားပြလည်း မတိုက်ဘူး။ ဒါပေမဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့စိတ်နဲ့ တစ်ရွာလုံး ငတ်ပြီးသေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ ထုတ်ရောင်းမပေးနိုင်ဘူးဆိုပြီး လူတွေတစ်ယောက်ပြီး တစ်ယောက် သေသွားတာကို ငုတ်တုတ်ထိုင်ကြည့်နေနိုင်တယ်။ တချို့က နိုင်တုန်းဖိထောင်းထားမယ် ဆိုတဲ့စိတ်နဲ့ အားနည်းသူတွေကို နိုင်ထက်စီးနင်း ညှဉ်းပန်းနှိပ်စက် တတ်တယ်။ တချို့ကျတော့ မသိနားမလည်သူတွေကို လိမ်ညာလှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေး စုပ်တတ်တယ်။ တချို့က သူတော်ကောင်း ဟန်ဆောင်ပြီး လူမသိအောင် မတော်မတရား အလုပ်တွေ လုပ်တတ်တယ်။


မောရုံသာ အဖတ်တင်

ဒီလူစားမျိုးတွေကိုတော့ လူဆိုးဓားပြထက်တောင် ကြောက်စရာကောင်းလို့ လူယုတ်မာဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ ဘယ်အခါမှ အပေါင်းအသင်း မလုပ်အပ်သူတွေ ဖြစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ်သား သား သတ်မှတ်ပြီး ခေါင်းမဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာတရားကို ဘယ်တော့မှ တန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ်တင်ပါလိမ့်မယ်။

(လူထုစိန်ဝင်း)


၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ