Subscribe to our RSS Feed

ဒီမိုရရှိထားသော မြန်မာများ

ဒီနေ့တော့ ညပိုင်းလေးအားနေတာနဲ့ အွန်လိုင်းပေါ်တက်ပြီး ဟိုကြည့်ဒီကြည့် ဟိုဆိုက်ဝင်ဒီဆိုက်ဝင်နဲ့ အွန်လိုင်းပေါ်မှာ ခဏလောက် ခြေရှုပ်ကြည့်တာပေါ့ ။ မြန်မာဆိုက်တွေ တစ်ခုပြီး တစ်ခု ပြောင်းပြီးသွားကြည့်တယ် သတင်းတို့ စာတို့ဖတ်ရအောင် ၊ အွန်လိုင်းဆိုတာလဲ တက်သစ်စ ၀ါသနာရှင်တွေ လွတ်လပ်စွာ ကလောင်သွေးနိုင်တဲ့ နေရာတစ်ခုဖြစ်နေပြီကိုး ။ အဲလိုပဲ သွားရင်းလာရင်း စိတ်ပျက်စရာတစ်ခု တွေ့လာတယ် တစ်ခြားဟုတ်ရိုးလား အွန်လိုင်းသူရဲကောင်းကြီးတွေလို့ပဲ ခေါ်ရမလား ဒီမိုကယ်တင်ရှင်ကြီးတွေလို့ ပဲပြောရမလား ဘယ်ဆိုက်သွားသွား အဲဒီ သူရဲကောင်းကြီးတွေနဲ့ လွတ်တယ်ကိုမရှိတာ။ 18+ဆိုက်တွေတောင် မလွတ်ဘူးဗျာ(လွန်တယ်နော်) ။

နိုင်ငံကောင်းစားရေး လို့အော်နေတဲ့ သူတွေ တင်ထားတာတွေကတော့ ဒီပုတ်ထဲက ဒီပဲ ဖန်တရာကြေပြဇာတ် အပ်ကြောင်းထပ်တဲ့ ဓါတ်ပြားဟောင်း ဘယ်လို ဘယ်လို ချီးကျူးထောမနာ ပြုရမှန်းကို မသိတဲ့ နိုင်ငံမကောင်းကြောင်းတွေနဲ့ နအဖ မကောင်းကြောင်းတွေချည်ပဲ ။ ဘယ်ဆိုက်ကို သွားသွား သူတို့နဲ့လွတ်တယ်လို့ကို မရှိဘူး ။ ဒီလူက ဒါတင် ဒီလူက ၀င်ပြီး သြဘာတွေပေးနဲ့ သူ့အရပ်နဲ့သူ့ဇာတ် လိုက်တော့လိုက်ဖက်သား ။ တစ်ချို့ နေရာတွေမှာ တွေ့မိပါရဲ့ တစ်ချို့တစ်လေပေါ့ သူတို့ရေးထားတာတွေ တင်ထားတာတွေကို ထောက်ပြဝေဖန်တဲ့သူတွေဆို ၀ိုင်းဝန်းပြီးတော့ ကလော်တုတ်ထားတာတွေ … လေးလည်း လေးစားမိပါရဲ့ ။

ဒီမိုသူတောင်းစားလား ဒီမိုသူရဲကောင်းတွေလားတော့မသိဘူး သူတို့ဆိုက်တွေမှာ တွေ့နေကြ စာသားတွေကတော့ စစ်အစိုးရ နအဖ အစိုးရကို စစ်ခွေးတွေတို့ ခွေးအစိုးရလို့ ပြောပြောနေကြတာတွေ …. အော် ကိုယ့်ကိုကိုယ် မစဉ်းစားမိကြတာလားမသိ ။ နအဖ ကခွေးတွေသာဆိုရင် အဲခွေးတွေအောက်မှာ နှစ် ၂၀ ကျော်လုံး ဘာမှသောက်ဖြစ်မရှိတဲ့ ခွေးချေးတွေဖြစ်နေတယ်ဆိုတာကိုပေါ့ … ပြည်တွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မနေရဲလို့ ပြည်ပထွက်ပြေးတယ် ပြည်ပရောက်မှ လက်သီးလက်မောင်းတွေတန်းပြီး အော်ချင်တာအော်နေတဲ့ ခွေးလောက်တောင် အဆင့်မရှိတဲ့ ခွေးချေးတွေဖြစ်နေတယ်ဆိုတာ မေ့နေတယ်ထင်ပါ့။ တွေ့နေရ မြင်နေရ ကြားနေရတာတွေကလဲ စိတ်မချမ်းသာစရာ လမ်းမပေါ်တက်ပြီး အော်ချင်တာ လျှောက်အော် ပြောချင်တာတွေပြောပြီး ဆန္ဒပြနေတဲ့ အချိန်ဆို လူအရေအတွက် လက်တစ်ဆုပ်စာ လောက်ပဲ အော် ကိုယ်ကျိုးစွန့် ဒီမိုကြီးတွေ ။

အဲဒီတိုင်းပြည်တွေမှာ ရှိုးပွဲတွေရှိပါပြီဆိုလို့ကတော့ ခေါင်းဖြူစွယ်ကျိုး ဒီမိုအဖိုးအိုက စပြီး အိမ်သာဆေး ကြမ်းတိုက် ကူလီထမ်းတဲ့ ပြည်ပြေးဒီမိုတွေပါမကျန် မူးရူးပျော်ပါးနေလိုက်ကြတာ … ဒေါ်စုကြည် ပြောတဲ့ ဒုတိယပင်လုံဆိုတာမေ့လို့ ဒူးအထက်က ဖင်တောင် သိပ်မလုံတဲ့ ဒီမို လုံမပျိုတွေကလဲ ပျော်လို့ပါးလို့ပေါ့ ။ အမေ့ကိုချစ်ပါတယ် အမေ့ကိုလေးစားတယ် အမေ့ကို အားကျတယ် အဲဒါကြောင့် အမေ့လိုပဲ နိုင်ငံခြားသား လင်လုပ်နေတယ်ဆိုတဲ့ ဒီမိုအာဇာနည်မယ်တွေကလဲ တစ်ပုံတစ်ပင် ။

မီးက အရင်တုန်းက ဒုက္ခသည်ပါ။ ခုတော့ ခုတော့

အမေ အမေ ဆိုလို့ မြင်နေကြားနေတဲ့ ဒေါ်စုရဲ့ လုပ်ဆောင်ချက်တွေကလဲ လေးစားထိုက်ပါ့ ။ နိုင်ငံတကာ ဆုများရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ညီပေစွ ။ အကျယ်ချုပ်လွတ်တယ်ဆိုတည်းက ဈေးရောင်းလိုက် လုပ်အားပေးလိုက် ဆိုက်တွေထောင်လိုက်နဲ့ အော် အင်မတန်ကို မြန်မာ့ဒီမိုကရေစီ အရေးအတွက် လွန်စွာအရေးပါတဲ့ လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ခဲ့တာပဲ ။ ဒီကြားထဲ ဟိုတစ်လောက သူ့ပါတီ(တရားဝင်ပါတီမဟုတ်တော့ပါ)က ကြော်ငြာချက် ထုပ်ပြန်လိုက်သေးတယ် စီးပွားရေး ပိတ်ဆို့မှုတွေက ပြည်သူတွေပေါ် သက်ရောက်ခြင်းမရှိပါဘူးတဲ့ ။ အော် လေးစားထိုက်တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကြီးပဲ ။ အောက်စဖို့ဒ် တက္ကသိုလ် ကနေပြီး နိုင်ငံရေးနဲ့စီးပွားရေး ပညာရပ်တွေ လေ့လာခဲ့တယ်လို့ ကြားဖူးတာပဲ အဲလိုလူတစ်ယောက်က နိုင်ငံတစ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့တာ နိုင်ငံသားတွေကို မထိခိုက်ဘူး ဆိုတဲ ကြေငြာချက်တွေ ထုပ်ပြန်တာ အံ့သြစရာတစ်ခုပဲ ။ ရူးပဲရူးနေတာလား နဂိုတည်းကပဲ ရူးနေတာလားတော့မသိဘူး ပုံမှန်အတွေးအခေါ်ရှိတဲ့ လူတစ်ယောက်ကို မေးကြည့်ရင်တောင်သိနေတဲ့ ကိစ္စတစ်ခုကို သူ့မသိဘူးလို့ ဘာဖြစ်လို့ အတင်းခေါင်းခါငြင်းနေပါလိမ့် ။ အဲဒါနဲ့တင်အားမရသေးဘူး ပိတ်ဆို့မှုတွေ ထပ်တိုးထားဖို့ကိုတောင် ၀မ်းသာအားရ တောင်းဆိုနေတယ်ဆိုပါလား ။ မြန်မာလူမျိုး ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ မကြီးပြင်းခဲ့လို့ မြန်မာစိတ်ဓါတ် ခေါင်းပါးလွန်းတာလား ။


စီးပွားရေးတော့ မဖွင့်လိုက်ပါနဲ့ရှင်
တခြား ကြိုက်တာ လာဖွင့်ပါ အားလုံးနဲ့တွေ့ဖို့ အဆင်သင့်ပါပဲ

စာအုပ်တစ်အုပ်ထဲမှာ ဖတ်မိတယ် အာဇာနည်မြင်းကောင်း ကမွေးဖွားလိုက်တိုင်း အာဇာနည် မြင်းမဖြစ်နိုင်ဘူးတဲ့ မှန်လိုက်တာ ။ ဆရာကြီး ဦးအောင်သင်းရဲ့ စာပေထဲက လူငယ်သမိုင်း ဆိုတဲ့ ဟောပြောပွဲ ဟောပြောချက်တွေထဲက စကားတစ်ခွန်းကို တွေးမိတယ် ကိုယ့်အမျိုး ကိုယ့်မိဘ လက်ထက်ကထက်တစ်ဆင့်မြင့်အောင်လုပ်နိုင်တဲ့သူကို အမျိုးမြင့်သူ အမျိုးမြတ်သူလို့ ခေါ်တယ်တဲ့ ၊ ကိုယ့်မိဘက်လက်ထက် ထက်ကို နိမ့်ပါး လျှော့လျှားသွားအောင် လုပ်တဲ့သူကိုတော့ အမျိုးယုတ်သူတဲ့ ။ တစ်ကယ်မှန်တဲ့စကားပဲ ဦးအောင်ဆန်း ၊ဒေါ်ခင်ကြည် တို့ပေးထားတဲ့ နာမည်က အောင်ဆန်းစုကြည် တဲ့ သူ့လက်ထပ်ရောက်မှပဲ မစ်အဲရစ် ဖြစ်ရလေ ။ တစ်မျိုးလုံး ဗုဒ္ဒဘာသာ သူ့သားတွေလက်ထပ်ကျတော့ သြကာသတောင် ရပါ့မလား ဘာသာရေးဆိုတာ လူမျိုးတစ်စုရဲ့ အဓိက ဆိုတာ မသိလေရောသလား ။ ထားပါ အဲဒါတွေက ပြီးခဲ့တဲ့ ကိစ္စတွေ လက်ရှိရော တွေသမျှတော့ ဘာမှမကောင်းသေးဘူးထင်တာပဲ ဟိုနိုင်ငံကလူကို ဟိုဟာလေး လှမ်းပြောလိုက် ဟိုနိုင်ငံက ကို ဟိုလိုလေး မိန့်ခွန်းပြောလိုက်နဲ့ အော်အော် အင်မတန်နီးစပ်လာပါပြီ ဒီပုံစံမျိုးနဲ့ဆိုရင်တော့ ခေါင်းဆောင် ဒေါ်စုနဲ့ ဒီမိုတစ်သိုက်ကတော့ အရိုးဆွေးလို့ မြေသြဇာဖြစ်ရင်တောင်မှ ဒီမိုဆိုတာ ဘာမှန်းသိမယ်မထင် ။

တစ်ခါတစ်ရံလည်း စိတ်မကောင်းဖြစ်မိပါရဲ့ အွန်လိုင်းပေါ်မှာ မြန်မာ လို့ ရိုက်ပြီးရှာလိုက်ရင် ပေါ်ထွက်လာတဲ့ ပုံတွေက စိတ်ဆင်းရဲစရာ ။ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အင်မတန် မြင့်တင်ပေးနေတာပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ နေရာတိုင်း အရာရာတိုင်းဟာ အဆိုးအကောင်းဒွန်တွဲနေတယ်ဆိုတာ မေ့နေတယ်ထင်ပါရဲ့ ။ မြန်မာနိုင်ငံကြီးကို ချစ်ပါတယ်ဆိုတဲ့ ဒီမိုတစ်သိုက်ရဲ့ လုပ်ရက်ကတော့ အံ့သြ ဖို့ကောင်းလေစွ ချီးကျူဖို့ ကောင်းလေစွ ။ ဒီကြားထဲ လမ်းမပေါ်မှာ တုံးလုံးချွတ်နေတာတို့ ဗရုပ်သုတ်ခ အော်ဟစ်နေတာတို့ ဖရို့ဖရဲစုတ်ပျက်သတ်စွာနဲ့ ဆန္ဒပြနေတာတို့ အဲလိုပုံတွေက ပါလာသေးတယ် ။ ဒီထက်ပိုပြီးရင်နာဖို့ကောင်းတာက ကုလားမ က ဆာရီခြုံပြီး မြန်မာနိုင်ငံအလံကို တက်နင်းနေတာ …. အားပေးတဲ့သူကလဲ အားပေးတယ် ဓါတ်ပုံရိုက်ပြီးတင်တဲ့သူကလဲ တင်တယ် ဘယ်လိုစိတ်ဓါတ်မျိုးတွေနဲ့များ လုပ်ဆောင်နေကြပါလိမ့် ။

လမ်းပေါ်မှာ ကိုယ်တုံးလုံးချွတ်လို့ရတာမှ ဒီမိုကရေစီ

အလံကို ချနင်းတာမှ ဒီမိုကရေစီအစစ်


သူတို့အလံတောင် သူတို့တန်ဖိုးမထားတာ ငါတို့လည်း နင်းတယ်ကွာ


ကလားလည်း ဒီမိုကရေစီကုလားမ ပဲ
နင်းတယ် နင်းတယ် မြန်မာတွေ ခေါင်းပေါ်ကအလံကို ကုလားနင်းတယ်


သူတို့တွေ ဘာတွေမကျေမနပ်ဖြစ် နေကြပါလိမ့် နိုင်ငံတော်ကိုလား အစိုးရကိုလား ? နိုင်ငံတော်အလံဆိုတာ တစ်နိုင်ငံလုံး ရဲ့ အထွဋ်အမြတ်ဆိုတာကိုရော နားလည်ရဲ့လား ? တိုင်းတစ်ပါးသား တစ်ယောက်ယောက်လုပ်ရင် အတင်းဖြစ်ညှစ် နားလည်ပေးလို့ရသေးတယ် မြန်မာနိုင်ငံသားတွေကိုယ်တိုင်က နိုင်ငံအလံကို လုပ်ချင်တိုင်းလုပ်နေကြတာ ဘယ်လိုစိတ်မျိုးနဲ့ အားပေးရမလဲ …. ။

ဒါပေမယ့် သူတို့ကို သူတို့သတိမထားမိတာ တစ်ခုတော့ရှိနေတယ် ။ ဒီမိုအဖွဲတွေ ဒီမိုကရေစီတင်မဟုတ်ဘူး ဒီမိုကရေစီရဲ့ ဟိုဘက်တောင်လွန်ပြီးရနေတာလေ ။ ဟုတ်ပ …. ဒေါ်စုအပါအ၀င် ဒီမိုဒေါ်လာစားများက အွန်လိုင်းပေါ်မှာ ဒီမိုကရေစီရနေကြတာပဲ လုပ်ချင်တာလုပ် ပြောချင်တဲ့ပြော ဆဲချင်တဲ့သူကိုဆဲ ဆင်ဆာမရှိ ပြဌာန်းချက်မရှိ လွတ်လပ်စွာ ဆဲဆိုနေကြတာပဲ ။ ဟုတ်ပါတယ် သူတို့တွေကလဲ အဲဒီ ဒီမိုကရေစီနဲ့ပဲ ပျော်မွေ့နေပြီး ဒီလိုနဲ့ပဲ ရေစုန်မျောနေအုန်းမှာပါပဲ ။ ဆက်လက်ပြီး ရေစုန်မျောဖို့ လက်ကျောမတင်း အချောင်သမား ဒီမိုလက်သစ်တွေလဲ ထွက်ပေါ်လာအုံးမှာပါပဲ ။

ဒီမိုကရေစီ လမ်းကြောင်းကို တအားသွားချင်သူများ သတိထား

မပြောဘူးမပြောဘူးနဲ့ ပြောရင်းပြောရင်းကနေပြီး လေကြောနဲနဲ ရှည်မိသွားတယ်ဗျာ ။ လာရောက်ဖက်ရှုမယ့် ဒီမိုဒေါ်လာစားတွေကလဲ ဆဲကြဆိုကြအုံးမှာပါပဲ ။ ဒါကထုံးဆံဖြစ်နေတာလဲဖြစ်မှာပါ ။ ဒါမှမဟုတ် အဲလို ဆဲဆိုမှ ထင်းမင်းဖိုးလေး ရတဲ့သူတွေလည်း ပါချင်ပါမှာပေါ့ ။ ဆဲမယ့်သူတွေလည်း ဒီမိုကရေစီအွန်လိုင်းမှာ လွတ်လပ်စွာ အားရပါးရ ဆဲဆိုနိုင်ကြပါစေဗျာ ။


(ဒီမိုလုလင်)

သတိ ဆန္ဒပြစဉ် အီးမပေါက်ရ










နောက်တစ်ခေါက် ဆန္ဒပြချိန်တွင် မလေးရှားမှ အတိုက်အခံတို့အား အီးပေါက်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်သွားမည်ဖြစ်သည်...


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ