Subscribe to our RSS Feed

သား ဆဲတက်နေပြီ အဖေ



ဆဲဆိုခြင်း ဆိုတာက ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် မကောင်းတဲ့ အရာတစ်ခုပါ။ ကလေးတစ်ယောက် ဆဲတက်နေတာက သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်ကျင်အနေအထား၊ မျိုးရိုးဗီဇ တို့နဲ့လည်း သက်ဆိုင်မယ်ထင်တာပဲ။ ပျားသကာ လိုချိုလှစေ ဆိုပြီး သင်ကြားခဲ့ရဖူးတယ်။ ပီယ၀ါစာ ချစ်ခင်ဖွယ် စကားကို ဆိုပါ။ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်းသော စကားကို မဆိုပါနဲ့ဆိုပြီးလည်း သင်ကြားခဲ့ရဖူးတယ်။ ချိုချိုသာသာ ပြုံးပြုံး ရွှင်ရွှင်နဲ့ ပြောရင် လူတိုင်း ကြိုက်ကြတယ်။ အခု ကျွန်တော် ဆဲ တက်နေပြီ။ အောင်မင်း တစ်ယောက် တစ်ယောက်တည်း ထိုင်ပြီး အတွေးနယ်ချဲ့နေတယ်။

"ငါ့ကိုများ နင်ကပြောတယ်ပေါ့လေ။ ဟုတ်လား။ ငါဘယ်သူလဲဆိုတာ နင်.... နားမလည်ဘူးလား.. ဟဲ.. ကောင်မရဲ့။"

"နင်ဘာသာ ဘာကောင်မဖြစ်ဖြစ်ပေါ့။ xxx မရဲ့။ ငါ့ညီမကို ပြောတာ နင့်ဘာသာ ထင်ချင်ရာထင်။ မိပွေးတဲ့နော်။ တစ်ပွေးတည်းရှိတယ်။ လာမစမ်းနဲ့။ ကိုယ်နဲ့မဆိုင် ဘာမှကို ၀င်မပြောနဲ့ သတ္တိရှိရင် ထွက်လာခဲ့"

ကြားနေကျ ရန်ပွဲတွေထဲ အောင်မင်း တစ်ယောက် သက်ပြင်းချမိတယ်။ အမြဲတမ်းလိုလို ဒီရပ်ကွက်မှာ ဒီလို ဆဲသံ၊ ဆိုသံ တွေနဲ့မ မိုးမလင်းရင် ပုံမှန်ကို မဟုတ်တော့ဘူး။ အသက်က ငယ်သေးတော့ ဘာကြောင့် ဒီလို ရန်တွေဖြစ်နေမှန်း မသိပေမယ့် ဆဲသံ ဆိုသံ ကတော့ အမြဲတမ်းကြားနေရတက်တယ်။

သူငယ်ချင်းတွေနဲ့ အချင်းချင်းလည်း ဆဲလိုက်ဆိုလိုက် စ နောက်နေပေမယ့် အချင်းချင်းတွေ စိတ်မဆိုးကြ။ ဒါပေမယ့် နှုတ်က ၀သီလို ပါသွားတော့ အိမ်မှာ တစ်ချက် သူငယ်ချင်းကို နှုတ်က ထွက်ပြီးပြောမိတယ်။

"xxxမသား။ မင်း ဘယ်သွားမလို့လဲ"

"ဒီနားပါကွာ"

ဖေါင်း

လူကို ပူထူသွားတယ်။ မျက်လုံးကလည်း ကြယ်တွေ၊လတွေ အကုန်မြင်လိုက်ရတယ်။ နှုတ်ခမ်းကလည်း သွေးအတောင့်လိုက် ထွက်ကြသွားတယ်။ အဖေက နောက်ကနေ ဇတ်ပိုးကို ရိုက်လိုက်ခြင်းပင်။ အကြောင်းအရင်းကတော့ "ဆဲ" တဲ့ အတွက်ကြောင့်ပင်။လူကြီးလူကောင်းတွေဆိုရင် မဆဲဘူး။ သားဆရာမ ဦးလေးဆိုကြည့် အဖေတို့လို့ စာမတက်၊ပေမတက်လူတွေကို ဆက်ဆံတာတောင်မှ ကျွန်တော်၊ ကျွန်တော်နဲ့ ယဉ်ယဉ်ကျေးကျေးပြောတယ်။ ဆဲ တယ်ဆိုတာက အရိုင်းအစိုင်းတွေ အလုပ်ပါသားရယ် ဆိုပြီး ဆုံးမတယ်။

အဲဒီအချိန်ကတည်းက အောင်မင်း မဆဲတော့။ မဆဲဖြစ်တာ တော်တော်ကြာနေပြီ။ ဒီလိုနဲ့ ရက်တွေ၊ လတွေ၊ နှစ်တွေ အလီလီ ပြောင်းလာလိုက်တာ အသက် ၂၅ နှစ်အရွယ်တောင် ရောက်လာခဲ့ပြီ။ အလုပ်ခွင်ထဲကို ရောက်နေပြီ။

"Fxxx out"
"What are you doing Mxxxxx Fxxxxx?"
"I don't want to see your Fxxxxxx face"

အိုး.. မိုးကိုမွှန်နေတာပါပဲ။ မိုးလင်းပြီးဆိုတာနဲ့ အဆဲသံတွေ စကြားနေရပြီ။ ကိုယ်တစ်ခုခု မှားပြီဆိုတာနဲ့ လာပြီ။ အဲဒီတော့ ကျွန်တော်လည်း ပြန်ပြီး ဆဲတက်နေတယ် အဖေ။ အထက်ကလူက အောက်ကလူကို ဆဲ။ အောက်ကလူက သူ့အောက်ကလူကို ဆဲ နဲ့ လည်ပတ်နေကြတယ်အဖေ။ ဒါပေမယ့် သူတို့တွေ ပညာတက်ကြတယ်။ ကြောင်လျှာသီး တကားကားနဲ့ အရမ်း စမက် ကျတဲ့ လူတွေ ဆဲနေကြတယ်။

"ဟေ့ကောင်အောင်မင်း။ တစ်ယောက်တည်း ဘာလုပ်နေတာလဲ"
တခန်းထဲနေတဲ့ သူငယ်ချင်း မင်းသိန်း ပြောတော့မှ အတွေးစပြတ်သွားတယ်။
"ဒီလိုပါပဲကွာ"

"မင်းကို ငါပြောရဦးမယ်သိလား။ ငါ့ အလုပ်ထဲကလေ ဟိုကောင် အင်ဂျင်နီယာဆိုတဲ့ ကောင်ကို ငါပညာပေးလိုက်တာ ဒီကောင်တော့ အထုတ်ထမ်းပြန်ရတော့မယ်"

"ဟင်"

"ဒီလိုကွ။ ဒီကောင်က ဆရာကြီးလိုလို ဘာလိုလိုနဲ့ကွာ။ တကယ်က အဲလောက်လည်း တက်တာ မဟုတ်ဘူး"
"နေပါဦး။ သူတက်မတက် ဆုံးဖြတ်ရမှာ အလုပ်ရှင်ပါကွာ။ အလုပ်ရှင် ကြိုက်လို့တောင် ခန့်လိုက်တာပဲ။ တကယ် မတက်တဲ့ သူက တဖြည်းဖြည်း သူ့ဘာသာ လွင့်သွားမှာပါ။ မင်း ပညာပေးစရာလည်း မလိုပါဘူးကွ"
"ထားပါကွာ။ မင်းကလည်း စကားစ မဖြတ်စမ်းပါနဲ့။ ဒီကောင်နဲ့ငါနဲ့က အတူတူဆိုပေမယ့် ဆိုဒ်ထဲမှာ နေရာကွဲတယ်ကွ။ အဲဒါ တစ်နေ့ သူ့နေရာဖက်ကို ကိစ္စ တစ်ခုရှိလို့ သွားတော့ ညနေခင်းမှာ Run မယ့် ရေပိုက်တွေ ရှိတယ်။ အဲဒီမှာ Valve တစ်လုံးတက်ဖို့ ကျန်နေတယ်။ ဘေးနားမှာလည်း တက်မယ့် valve က ရှိနေတယ်။ အဲဒါ ငါက ကောက်ပြီး ပိုက်မှာ နှစ်ရစ်လောက်၊ သုံးရစ်လောက် လက်နဲ့ ရစ်ပေးလိုက်တယ်။ သူတို့က ငါ လက်နဲ့တပ်ထားတဲ့ valve ကို မြင်တော့ သေချာ တပ်ထားတယ်ထင်ပြီး ကျန်တဲ့ အလုပ်တွေ လုပ်နေကြလေရဲ့။ ဟော..ညနေခင်း ။ ရေလည်း လွှတ်လိုက်ရော ဖောင်းဆိုပြီးတော့ ကွာ ။ ရေတွေ ထွက်လာလိုက်တာ အဲဒီကောင် မျက်နှာကို ထားစရာကို မရှိဘူးဟေ့။ သူဌေးကလည်း ဆူလိုက်တာ ပြောမနေနဲ့တော့"

အောင်မင်း နားထောင်နေရင်းနဲ့ ဒေါသ အလိပ်လိပ် ထွက်လာတယ်။

"ဟေ့ကောင်။ ငါxxမသား။ မင်းတော်တော် ယုတ်မာပါ့လားကွဟင်။ မင်းကြောင့် သူများ အပြစ်မရှိပဲ ထမင်းအိုးကွဲပြီ xxမသားရ။ အေး မင်းပြောသလို သူတကယ်ကို အရည်အချင်းမရှိရင် သိပ်မကြာပါဘူးကွာ။ အခုဟာ မင်းကကိုက မနာလိုဖြစ်နေပြီးတော့ သက်သက် လိုက်ယုတ်မာတာပဲ။ "

"ဟေ့ကောင်။ မင်း ငါ့ကို ဆဲစရာမလိုဘူး။ ငါလည်း မဆဲဘူး။ ငါ့ကို ဆဲတာလည်း မကြိုက်ဘူး။ "

"အော်...အော်.. လူယဉ်ကျေးကြီးပေါ့ဟုတ်လား။ အောင်မင်းကို ယဉ်ကျေးတယ်လို့ မထင်နဲ့။ ရိုင်းတယ်..ရိုင်းတာမှ ပက်ပက်စက်စက် ကို ရိုင်းတယ်။ သိလား။ ဟေ့ကောင် xမသား ။ မင်းလိုတော့ မယုတ်မာဘူးကွ။ ထွီ။ ဒီနေ့ကစပြီး မင်း ငါ့ကို စကားလည်းပြောစရာမလိုဘူး။ "

"နေစမ်းပါဦး။ ဟိုဖက်က မင်း အဖေမိုလို့ မင်းက နာရတာလားကွ။ "

"တော်စမ်း မင်းသိန်း။ ငါမင်းကို ဆက်စကားမပြောချင်ဘူး xမသား။ ယောက်ျားပဲကွာ ရှင်းချင်ရင် တည့်ရှင်း။ မင်းမိုလို့ နောက်ကျော ကို ဓါးနဲ့ထိုးရတယ်လို့ကွာ။ အေး..မင်းသိအောင် ငါ့ အဘိဓါန်ထဲက စကားလုံးတစ်လုံးမင်းကို ပြောပြမယ်။ ရန်သူကို တန်းတူအခွင့်အရေးပေးပြီးမှ တိုက်ပါ။ တဲ့။ နားလည်လား။ ရိုးရိုးမင်းမြင်အောင်ပြောရမယ်ဆိုရင် ငါ့ရန်သူက လက်ဗလာ၊ ငါ့လက်ထဲမှာ ဓါးတစ်ချောင်းရှိနေတယ်ဆိုရင် သူ့အတွက် ဓါးတစ်ချောင်း ရှာပေးရင်ပေး၊ မဟုတ်ရင် ငါ့လက်ထဲက ဓါးကို လွင့်ပစ် ပြီးမှ တိုက်မယ် လို့ဆိုလိုတာ။ ဒါက မင်းမြင်သာအောင်ပြောပြတာ မင်းသိန်း။ တော်ပြီကွာ။ ဒီအိမ်မှာလည်း မင်းနဲ့ အတူမနေတော့ဘူး ။ အိမ်ပြောင်းမယ်"

တကယ်ပဲ အရိုင်းအစိုင်းကောင် ဖြစ်နေပြီလား။ ပြန်စဉ်းစားလိုက်တယ်။
"မြွေမှန်ရင် တွင်းဝင် ဖြောင့်ရမယ်၊ လူမှန်ရင် ရိုးသားဖြောင့်မတ်ရမယ်" တဲ့ ငယ်ငယ်က အဖေ ပြောဖူးတယ်။
"ဆဲတယ် ဆိုတာ အရိုင်းအစိုင်းကောင်" တဲ့။
လမ်းလျှောက်ရင်း အတွေးတွေက ဟိုဟိုဒီဒီ။ ငါ မင်းသိန်းကို ဆဲ လိုက်တာ လွန်သွားလား မသိဘူး။ အမှန်တကယ်ဆို သူပြောတာတွေ မကြားချင်ယောင်ဆောင် နေရင် ပြီးရော။ ဒါမှမဟုတ် ဒီဖက် နားက ၀င် ဟိုဖက်နားက ထွက်ပေါ့။ အဲဒါဆို ဘာမှ ဒေါသထွက်စရာမလိုဘူး။ ဒါပေမယ့်လည်း မကြားတာမှမဟုတ်တာ ကြားနေတာပဲ။ မသိတာမှ မဟုတ်တာ သိနေတာပဲ။ အဲဒီတော့ ဒေါသ က ထွက်မှာ ထွက်မှာပဲ။ အဲဒီတော့ အဲလို စိတ်ထားရှိတဲ့ ကောင်အတွက် ဒီစကားက အထိုက်တန်ဆုံးပဲ။ ဟုတ်တယ်။ ငါ မလွန်ဘူး။

အဖေရေ....။ သားကို ခွင့်လွှတ်ပါ အဖေ။ မဆဲပါနဲ့လို့ပြောတာကို နားမထောင်တာမဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ပတ်ဝန်းကျင်မကောင်းပေမယ့် အဖေရဲ့ သွန်သင်မှုကြောင့်တော့ အဆဲ ပျောက်ခဲ့ရတယ်။ အခုတော့.......။

ဒါပေမယ့်လေ တွေ့ကရာ လူကို လိုက်ဆဲနေတာတော့ မဟုတ်ဘူးအဖေ။ မင်းသိန်းလို့ ယုတ်မာတဲ့ ကောင်တွေ အတွက်တော့ သား ဆဲတက်တယ်အဖေ။ အဖေ့ရဲ့သားက အရိုင်းအစိုင်း ဖြစ်ချင်ဖြစ်နေမယ်အဖေ။ ဒါပေမယ့် ဘယ်တုန်းကမှ မယုတ်မာခဲ့ဘူးအဖေ။ အရိုင်းအစိုင်းရဲ့ ဖြူစင်မှုကို တမလွန်က အဖေ ကျေနပ်မှာပါ။

အောင်မင်း တစ်ယောက် တစ်ယောက်တည်း ရေရွတ်ရင်း ထွက်လာခဲ့တယ်။
ရှေ့မှာ အမြုတ် တစီစီနဲ့ ဘီယာဆိုင်.......
ဆိုင်ထဲဝင်ကာနီးမှာ အောင်မင်းတစ်ယောက် ပြုံးလိုက်သေးတယ်။

လေးစားစွာဖြင့်
ခနွဲ (မြင်းခြံ)


Myanmar Express

The foolish, the clever and the wise (လူမိုက်၊ လူလိမ်မာ နဲ့ ပညာရှိ)


DESTINATION The foolish live their lives without a destination. Floating along aimlessly, Often finding themselves at the starting conditions. The clever often set unreachable destination, Bearing these burdens on their shoulders, Always reading where they stand with dis-satisfaction The wish knew their ultimate destination in life, Meeting small destination on the ladder to success, They achieve hope and happiness thought out their journey.


ပန်းတိုင်


လူမိုက်တို့သည် ဘ၀မှာ ရည်မှန်းချက် ပန်းတိုင်မရှိဘဲ နေထိုင်ကြသည်။
ဦိးတည်ရာ လွင့်မျောလျှက် ရံဖန်ရံခါ မူလအခြေနေတိုင်း ရှိနေတတ်ကြသည်။

(မှန်၏။ ပန်းတိုင်ပျောက်ပြီး အခြေအနေအရ ဟိုယောင်ယောင်၊ ဒီယောင်ယာင် လုပ်နေသော အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)



လူလိမ္မာတို့ သည်ရံဖန်ရံခါ မရောက်နိုင်သော ပန်းတိုင်များကိုချမှတ်ကြသည်။ ၄င်းတို့ဧ။် ပုခုံးတွင် ထိုဝန်ထုတ် ၀န်ပိုးကို ထမ်းလျှက် ရောက်နေသောနေရာကို စိတ်တိုင်းမကျဘဲ ရှိနေကြသည်။

ပညာရှိတို့ သည်ဘ၀ဧ။်အမြင့်ဆုံးပန်းတိုင်ကိုသိကြသည်။ အောင်မြင်မှု လှေကားထက်တွင် ပန်းတိုင်ငယ်များကိုတွေ့ လျှက် မျော်လင့်ချက်နဲ့ ပျော်ရွှင်မှုရကြသည်။

----xxxx----



THOUGHTS The foolish act and then afterward This leads to mistakes and endless trouble. The clever think first and act afterward, And often ride in labyrinth of imagination. May times their thoughts obstruct their courage. The wise act out of thought and think as they act, Making activity practical and possible. They are safe from illusion, save energy and time, And travel the smooth path to success

အတွေးစိတ်ကူးများ

လူမိုက်သည်ပြုလုပ်ပြိးမှစဉ်းစားသည်။
ထို့ ကြောင့် အမှားများနှင့် အဆုံးမဲ့ သောပြသာနာများဖြစ်စေသည်။

(မှန်၏။ အတွေးစိတ်ကူးညံ့ဖျင်းပြီး ဆုံးဖြတ်ချက်တို့မှားယွင်းမှုကြောင့် ဟိုမမှီ၊ ဒီမမှီ ဖြစ်နေသော အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)




လူလိမ္မာတို့ သည်ပထမဆုံးစဉ်းစားတွေးခေါ်ပြိးမှပြုမူဆောင်ရွက်သည်။ ရံဖန်ရံခါစိတ်ကူးယဉ်ဝင်္ကာပါတစ်ခုထဲ မှာစိးမျောကြသည်။ ၄င်းတို့ ဧ။်စိတ်ကူးများကရဲ စွမ်းနိုင်စွမ်းကိုဖျက်ဆိးသည်။

ပညာရှိတို့ သည်တွေးခေါ်စဉ်းစားပြိး ပြုလုပ်မှုတိုင်းတွေးခေါ်စဉ်းစားသည်။ လက်တွေ့ ကျပြိး ဖြစ်နိုင်ချေရှိသော လှုပ်ရှားမှုပြုလုပ်သည်။ သူတို့ သည် အတွေးအာရုံမှားခြင်းမှ ကင်းလွတ်ပြိး စွမ်းအားနှင့် အချိန်ကိုသက်သာစေသည်.. ထို့ကြောင့် အောင်မြင်ခြင်းသို့ သွားရာခရီိးလမ်းသည်ချောမွေ့ သည်။


----xxxx----




SPEAKING The foolish like to argue. They only create conflicts and contradictions. Instead of gaining knowledge. The clever like to ask. They create relationship and gain knowledge. The wise tend to remain silent; They observe deeply and propose the appropriate.


စကားပြောခြင်း

လူမိုက်သည်ငြင်းခုန်ရသည်ကိုနှစ်သက်သည်။ ဗဟုသုတရယူမည့်အစားဆန့် ကျင်ဘက် ပြောဆိုခြင်းသာ ဖန်တီိးသည်။

(သွေးထွက်အောင် မှန်၏။ ငြင်းခုန်ခြင်းကို အလုပ်ကြီး အကိုင်ကြီး တစ်ခုထင်ကာ တိုက်ပွဲ ဝင်နေကြ၏။ ဆန့်ကျင်ဖက်ကို ဖန်တီးပြောဆိုရာတွင် သူမတူအောင် ကျွမ်းကျင်ကြသော အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)





လူလိမ္မာသည်မေးမြန်းရသည်ကိုနှစ်သက်သည်။ သူတို့ သည်ခင်မင်ရင်းနှီိးသောအပေါင်းသင်းကိုဖန် တိးပြိးဗဟုသုတရရှိကြသည်။

ပညာရှိတို့ သည်ဆိတ်ငြိမ်စွာနေလိုသည်။ သူတို့ သည်နက်နဲစွာလေ့ လာမှုပြုလျှက် သင့်တော်သည့် အရာကို အကြံပြု ပြောဆိုကြသည်။


----xxxx----




CRITICISM The foolish enjoy criticizing others. And therefore lack sincere friends. The clever only criticizing themselves. Other find them difficult to understand and leave them alone. The wise do not criticizing anyone. They realize people are constantly changing and striving to be there best. They forgot all criticism and gain true friends.


ဝေဖန်ခြင်း

လူမိုက်တို့ သည် သူတစ်ပါးကို ဝေဖန်ရခြင်းဖြင့်ပျော်ရွှင်ကြရသည်။ ထို့ ကြောင်ရိုးဖြောင့်သောမိတ်ဆွေ မရှိကြပေ။

(မှန်၏။ ယောင်္ကျား၊ မိန်းမ၊ ကလေး နှင့် ခွေး ကိုပါ မကျန်အောင် ဝေဖန်ကြ၏။ ဝေဖန်ခြင်းကို အလုပ်ကြီးအကိုင်ကြီးသဘောထား၍ နှစ်ချိုက်စွာ လုပ်နေကြသာ အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)

လူလိမ္မာတို့ သည် မိမိကိုယ်သာဝေဖန်ကြသည်။ အခြားသူများသည် သူတို့ အား နားလည်ရန် ခက်ခဲသောအခါ ထားရစ်ခဲ့  ကြ သည်။

ပညာရှိတို့ သည်မည်သူတစ်ဥိးတစ်ယောက်ကိုမှဝေဖန်ခြင်းမပြု။ သူတို့ သည် လူတို့ သည်အမြဲတမ်း ပြောင်းလဲလျှက် အောင်းဆုံးဖြစ်အောင်ကြိုးပမ်းသည်ကိုနားလည်သည်။ သူတို့ သည်ဝေဖန်မှုအားလုံးကို မပြုလုပ်ရန်ဆုံးဖြတ်ထားသဖြင့် မိတ်ဆွေစစ်ကိုရရှိကြသည်။


----xxxx----




CHARACTER
The foolish are so overbearing. They leave no space for any improvement. The clever are willing to learn and practice everything. But can never learn all. The wise never consider themselves the best. But always perform to their best naturally.


ကိုယ်ပိုင်အရည်အသွေး

လူမိုက်တို့ သည်မိမိကိုယ်မိ ဟုတ်လှပြိ အထင်ရှိကြသည်။ မှန်ပြိဟု တထစ်ချ ယုံကြည်ကြသည်။ သူတို့ သည်မည်သည့်  တိုးတက်မှု ကိုမျှမရရှိပါ။

(မှန်၏။ ကိုယ်လုပ်တာကိုမှ အဟုတ်ထင်ကြ၏၊ ကိုထင်တာကိုမှ အမှန်ယူဆကြ၏။ ထို့ကြောင့် ၂၂ နှစ်ကြာသည်အထိ ဘာမှ တိုးတက်မှု မရရှိဖြစ်နေကြသော အတိုက်အခံ လူမိုက်ကြီး၊ လူမိုက်လေး များဆင်ခြင်စရာ)




လူလိမ္မာတို့ သည်အရာရာတိုင်းကိုလေ့ လာသင်ယူလေ့ ကျင့်ရင်စိတ်အားသန်လှသည်။ သို့ သော် အားလုံး ဘယ်တော့မှ မသင်ယူနိုင်ပါ။

ပညာရှိတို့ သည်မိမိသာလျှင်အကောင်းဆုံးဟု ဘယ်သောအခါမှမယူဆပေ။ သို့ သော်အမြဲတမ်း မိမိဘက်က အကောင်းဆုံးဖြစ်အောင် ပြုမူဆောင်ရွက်သည်။



ခင်မင်လေးစားသော
ရွှေအိမ်စည်ခေါ်မွန်ပျိုချော



Myanmar Express

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်


လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထမဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။


အခါမလပ်စောင့်ကြည့်

သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲထည့်သွင်းမထားဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထမဏ္ဍိုင်ထဲပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ်အခါမလပ်စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံတင်ပြတဲ့ တာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့်သတင်းစာနဲ့ သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။


ဘ၀ချင်းမတူ

စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ဆိုတဲ့အတွက် ကျန်တဲ့ဟာတွေကအလကားပဲ အသုံးမကျဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်းလိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့သဘာဝက အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြပ်ကြည့်ရှုတဲ့ ‘watch dog’ သဘာဝမဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာလုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံတင်ပြတဲ့အလုပ်ကိုလုပ်တာဖြစ်လို့ စတုတ္ထမဏ္ဍိုင်လို့ခေါ်တာဖြစ်တယ်။



လူသူတော်ကောင်းကြီးတွေ

စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကိုတာဝန်ကြီးတယ်။ နိုင်ငံသားတိုင်းလိုက်နာကျင့်ကြံရတဲ့ နိုင်ငံသားကျင့်ဝတ်အပြင် အင်မတန်တင်းကြပ်တဲ့ သတင်းသမားကျင့်ဝတ်တွေကိုလည်း လိုက်နာစောင့်ထိန်းရတယ်။သတင်းသမားကျင့်ဝတ်တွေကို အတိအကျအမှန်အကန် လိုက်နာစောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန်ဖြူစင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဆရာဂျာနယ်ကျော်ဦးချစ်မောင်လို၊ ဆရာလူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန်ရှားတဲ့လူသူတော်ကောင်းကြီးတွေပါ။ အင်မတန်ထူးချွန်ထက်မြက်တဲ့ သတင်းစာဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာရှားတယ်။ ကမ္ဘာမှာကိုရှားတာ။ တော်သူတွေပေါပါတယ်။ တော်လည်းတော်ပြီး လူသူတော်ကောင်းကြီးတွေလို့လည်းခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့တွေ့ဖို့ မလွယ်ပါဘူး။



လူတော်ဆိုတာ

လူတော်လူကောင်းလို့ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီးပြောဖို့ နည်းနည်းတော့လိုအပ်တယ်။ လူတော်ဆိုတာနဲ့ပတ်သက်လို့ကတော့ ပြောစရာမရှိပါဘူး။ ပညာရပ်နယ်ပယ်တစ်ခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင်တတ်မြောက်ထားသူကို လူတော်လို့ခေါ်ကြတာပါပဲ။ နိုင်ငံလူမျိုးကွဲပြားခြားနားမှုမရှိ၊ စံနှုန်းတစ်ခုတည်းပါပဲ။ တောင်အာဖရိကနိုင်ငံသား နှလုံးအစားထိုးခွဲစိတ်ကုသမှုလုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန်ရောက်တော့လည်း နှလုံးခွဲစိတ်ကုသဆရာဝန်ကြီးအဖြစ် အသိအမှတ်ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီးဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာတစ်ခုလုံး ကလည်းတွေး ခေါ်ပညာရှင်ကြီးအဖြစ် လေးစားကြပါတယ်။


လူကောင်းဆိုတာ

လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်းရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့နှုန်းစံက လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံတစ်ခုနဲ့တစ်ခု မတူကြလို့ဖြစ်တယ်။ အလွယ်ဆုံးဥပမာပေးရရင် အရက်ကိစ္စကိုပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့လူမျိုးတိုင်းလိုလိုကအပြစ်ကြီးတစ်ခုလို့ မယူဆကြတော့ဘူး။ အရက်သောက်တတ်လို့ လူကောင်းမဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာလက်ခံကျင့်သုံးတဲ့ မြန်မာလူမျိုးတွေကတော့ အရက်သောက်တာကို အပြစ်ကြီးတစ်ခု၊ သီလပျက်ယွင်းမှုတစ်ခုလို့သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပကရွေးရင် တခြားစာရိတ္တပိုင်းမှာ ဘယ်လောက်ပဲကောင်းကောင်း၊ အရက်သေစာသောက်စားသူဆိုရင် ၀င်ရောက်အရွေးခံခွင့်တောင်မရှိပါဘူး။ ဂေါပကအဖွဲ့တိုင်းရဲ့စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားကြတယ်။


တောင်ပေါ်မြေပြန့်ခြားနားမှု

ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့မြေပြန့်မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့်သားတွေက အရက်သောက်တာကို သီလပျက်ယွင်းမှုအဖြစ် ရှုမြင်ပေမယ့် အလွန်ချမ်းအေးတဲ့ တောင်ပေါ်ဒေသတွေမှာတော့ ဒီလိုမမြင်တော့ဘူး။ အအေးဒဏ်ကိုကာကွယ်ဖို့ လူကြီးလူငယ်ကျားမ မရွေးအရက်သောက်ကြတယ်။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုကွဲပြားမှုတွေရှိကြတာပဲဖြစ်တယ်။ အင်္ဂလိပ်ဘောလုံးသမားတွေ အိမ်ထောင်ဖက်အပေါ်သစ္စာမစောင့်မှုကြောင့် ပြဿနာဖြစ်ရတဲ့သတင်းတွေ အမြဲမပြတ်သတင်းစာတွေမှာဖတ်နေရတယ်။ အင်္ဂလိပ်တွေကဒီကိစ္စကိုတော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။ ပြင်သစ်ဘောလုံးလောကမှာတော့ ဒါမျိုးတွေကိုသတင်းစာတွေကရေးကြီးခွင်ကျယ် လုပ်ပြီးရေးလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက်အပြင်ချစ်သူ(Lover) ထားတာမျိုးကမဆန်းတော့တဲ့ကိစ္စအဖြစ် သဘောထားကြလို့ဖြစ်တယ်။ ယောက်ျား၊ မိန်းမဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။


မတားပါဘူး

အတိအကျ အခိုင်အမာပြောချင်တာတစ်ခုတော့ရှိတယ်။ မြန်မာလူမျိုးအဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှကာလပတ်လုံး မြန်မာလူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ်ဆိုတဲ့အချက်ဖြစ်တယ်။



မျက်စိရှက်လို့


အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင်ကိစ္စမှာလည်း နိုင်ငံနဲ့လူမျိုးအလိုက် ကွဲပြားခြားနားတဲ့နှုန်းစံတွေရှိကြတယ်။ သတင်းသမားဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျအမှန်အကန် ရေးသားတင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့လူမျိုးရဲ့ဓလေ့ထုံးစံယဉ်ကျေးမှုအလိုက် ခြားနားချက်တော့ရှိကြတယ်။ မှုခင်းသတင်းတစ် ပုဒ်ကိုဖော်ပြရာမှာ အနောက်နိုင်ငံများ က မှုခင်းကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ နာမည်လိပ်စာအတိအကျဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်းမီဒီယာအများစုက နာမည်နဲ့လိပ်စာနေရာမှာ ကွက်လပ်ထားဖော်ပြကြတယ်။ အနောက်နိုင်ငံသတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် အသားပေးဖော်ပြလေ့ရှိတဲ့ သတင်းတစ်မျိုးဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသားဖော်ပြဖို့ဆိုတာထား။ ဖတ်ရမှာတောင်မျက်စိရှက်လို့ ကျော်ဖတ်သွားရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏလာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားကောင်း တစ်ယောက်အခေါ်ခံရဖို့က နိုင်ငံခြားမှာထက်ပိုခက်တဲ့အကြောင်း အမြဲပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ်ကြီးမားတဲ့နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့အတွက်ဖြစ်တယ်။



သာသနာပြုနဲ့တူတဲ့အလုပ်

အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်းမဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက်လုံးဝမသောက်ပေမယ့် တခြားနည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်းသမားတွေလည်း အများကြီးရှိပါတယ်။ အဓိကအကျဆုံးကတော့ စာနယ်ဇင်းသမားအလုပ်ကို ခုတုံးလိုအသုံးချပြီး ကိုယ်ကျိုးစီးပွားရှာတဲ့အလုပ်မျိုး မလုပ်ဖို့ဖြစ်ပါတယ်။ စာနယ်ဇင်းအလုပ်ဆိုတာ သာသနာပြုလုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာသမားများနဲ့ လုံးဝမအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။


စီးပွားရေးပိတ်ဆို့မှု (Sanction) နှင့် ပတ်သက်၍


၁။ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားပါတီ ၅ ခု (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ) မှ ဒီလ ၁၆ ရက် တနင်္ဂနွေနေ့ တုန်းက တောင်းဆို ခဲ့ပါတယ်..။

၂။ မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ဒီလ ၁၆ ရက် တနင်္ဂနွေ နေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

၃။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပါတယ်...။

၎။ မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုတွေ ဒဏ်ခတ်ထားတာကို လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီလ ၂၁ ရက် သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

၅။ စီးပွားပိတ်ဆို့မှုတွေကို ဘယ်သူတွေက အားပေးနေလဲ?? နိုင်ငံတော် ချမ်းသာမှာ၊ ပြည်သူတွေ စီးပွားတိုးတက်မှာကို ဘယ်သူတွေ စိုးရိမ်နေလဲ?? နိုင်ငံတော် ဆင်းရဲအောင် ဘယ်သူတွေ အားပေးနေလဲ သိသာထင်ရှားလှ၏။ ၂၀၁၀ ခုနှစ် မေလ တုန်းကလည်း အလားတူ ဖြစ်စဉ် မျိုး ရှိခဲ့၏။ http://myanmarexpress.blogspot.com/2010/05/blog-post_15.html တွင် ကြည့်နိုင်သည်။

၆။ “တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို စာနာတယ်၊ ထောက်ထားတယ်၊ လေးစားတယ်။ သို့သော် ဒီကိစ္စတွေဟာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းရင်းသားတွေမှာ ထိခိုက် နစ်နာတယ်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား၊ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားတွေကို ဖျက်ဆီးနေတဲ့ စစ်အစိုးရရဲ့ လက်ချက်ကြောင့်၊ စစ်အစိုးရရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့်၊ စစ်အစိုးရရဲ့ စီးပွားရေး စီမံကိန်းတွေ မှားယွင်းမှုကြောင့်၊ စစ်အစိုးရရဲ့ တိုင်းပြည်ငွေကြေး ကိစ္စတွေမှာ ကွပ်ကဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တာတွေလား၊ အဲဒါတွေကို ပိုင်းခြားပြီး၊ သေချာစဉ်းစားပြီးတော့ တိတိကျကျ တင်ပြပါ။” ဟု NLD ပါတီရဲ့ အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ဆိုပါတယ်။

၇။ မဖွံ့ဖြိုးဘူးဆိုတဲ့ ကိစ္စမှာတော့ Factors တွေ အများကြီးထဲမှာ Sanction ဆိုတာလည်း တခုပါတယ်ပေါ့ဗျာ။ အဲဒီဒေသတွေမှာ Fရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကDI ပေါ့၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ Technology တွေ မရောက်တာထက် စာရင် ရောက်လာရင်တော့ တစုံတရာ Improve ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ Sanction ကို ရုပ်ရုံနဲ့တော့ တိုင်းရင်းသားဒေသ အားလုံးဟာ တခါတည်း အပြီးအပိုင် ဖွံ့ဖြိုးတိုးတက်သွားမယ်လို့တော့ ကျနော်တို့ ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးဖို့အတွက် တာဝန်ရှိတဲ့ အချက်အလက်တွေကတော့ အများကြီး၊ အများကြီးရှိတယ်။ အဲဒီထဲမှာ Sanction ဆိုတာ အချက်တခု ပါတယ်ပေါ့ဗျာ။" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြော၏။

၈။ မြန်မာနိုင်ငံရဲ့ ပြည်သူ လူထုတွေဆီက နိုင်ငံရေး လောကကို ဂယက် ရိုက်စေတယ်။ စီးပွားရေးအရ အလုပ်လက်မဲ့တွေ များလာတယ်။ အဲဒီ အတွက်ကြောင့် ကျန်းမာရေး ကိစ္စတွေ၊ ပညာရေး ကိစ္စတွေကို ဆုံးရှုံး သွားစေတယ်။ မြင့်မားလာရမယ့် အစား နိမ့်ကျလာတဲ့ အခါမှာ စားဝတ်နေရေး ကိစ္စထဲမှာ ရုန်းကန်နေရတော့ နိုင်ငံရေးထဲ စိတ်ဝင်စားမှုက လျော့နည်း သွားတယ်။ ကျွန်တော်တို့ ကတော့ စီးပွားရေး ပိတ်ဆို့တာဟာ ကျွန်တော်တို့ နိုင်ငံကို အားမပေးတဲ့ အပြင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်ရာ တိုးတက် ကြောင်းတွေကို အဟန့်အတား ဖြစ်စေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီဟာကို ဆန့်ကျင်တယ်။” ဟု ၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ဦးသန်းဦး က ပြောခဲ့သည်။

၉။ နဂိုကတည်းက sanction နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့တဲ့ နည်းနဲ့ လုပ်တာကို ဆန့်ကျင်တယ်လေ။ အဲဒီအတွက်ကိုပဲ လှုပ်ရှားမှု တစ်ခုအနေနဲ့ ပြုလုပ်ခဲ့တယ်။ လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ သက်သက်မဲ့ အနိုင်ကျင့်တယ်လို့ နိုင်ငံရေး ဗန်းပြပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ၀င်စွက်ဖက်ပြီးတော့ ဒီလိုလုပ်တာ အနိုင်ကျင့်တယ်လို့ပဲ ယူဆပါ တယ်" ဟု ၀ံသာနု NLD ပါတီမှ ဒေါ်နန်းရွှေကြာ က ပြောခဲ့သည်။

၁၀။ “စီးပွားရေး ပိတ်လိုက်တော့ ဘာဖြစ်လဲဆိုတော့ လူတွေရဲ့ စားဝတ်နေရေး၊ အဆင်မပြေနိုင်ဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ မပေါများတော့ဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူးပေါ့။ မလာတော့ ပြည်သူတွေ စားဝတ်နေရေး ဒုက္ခရောက်တယ်။ ဒုက္ခရောက်မယ် ဆိုလို့ရှိရင် ပြည်သူတွေ အနေနဲ့ အကျပ်အတည်း ဖြစ်လာလို့ရှိရင် လမ်းပေါ်ထွက် ဆန္ဒပြတာတို့ လုပ်မယ်ပေါ့ဗျာ။ အဲဒီလို လုပ်လို့ရှိရင် စစ်အုပ်ချုပ်ရေး အစိုးရ ပြုတ်ကျမယ်ဆိုပြီးတော့ သူတို့က အဲလို ရည်ရွယ်တာပေါ့နော်။ ပြည်သူကို အကျိုးပြုတာ မဟုတ်ဘူး။ တကယ် မဖယ်ရှားနိုင်ရင် ရည်ရွယ်ချက် ကလေ၊ နောက်တစ်ခုက သူတို့ လုပ်လိုက်တဲ့ ရည်ရွယ်ချက်က စစ်အုပ်ချုပ်ရေး အစိုးရကို ဖျက်သွားမယ်ဆိုတဲ့ မူက မမှန်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အဲလိုလုပ်ပြီးပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း စီးပွားရေး ပိတ်ဆို့တာကို လက်ခံတယ်။ တိုင်းပြည် အတွက် လိုအပ်တဲ့ အခန်းကဏ္ဍက လမ်းပေါ်ထွက် ဆန္ဒပြမယ်ပေါ့ဗျာ။ ပြပြီဆိုရင် ဒီအစိုးရကလည်း ကျွန်တော်တို့ကို နှိမ်နင်းမှပဲ။ နှိမ်နင်းတယ်ဆိုရင် ကျွန်တော်တို့ သေမယ်ဗျာ။ ထောင်ကျ မယ်ဗျာ။ အဲဒါတွေက ပြည်သူကို လက်တွေ့ မကျဘူး။ သူတို့ လုပ်ရပ်က ပြည်သူကို အကျိုးမပြုဘူး။ ပြည်သူကို အကျိုးယုတ်စေတယ်။" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ မှ ဦးအောင်မျိုးဦး က ပြောခဲ့သည်။

၁၁။ “Sanctions ကို မထောက်ခံဘူး ဆိုတာက ဒီစီးပွားရေး ပိတ်ဆို့မှု အရေးယူလိုက်တဲ့ အတွက်ကြောင့် ပထမ အချက်က ပိတ်ဆို့ခံရတဲ့ နိုင်ငံမှာ စီးပွားရေး ကျဆင်း သွားမယ် ဆိုရင် ကျပ်တည်း သွားမယ် ဆိုရင် စာရိတ္တတွေ ပျက်ပြားလာမယ်။ ခိုးလာ လုလာ ဆိုးလာမယ်။ ပညာ မသင်နိုင်တဲ့ အတွက်ကြောင့် အသိတရားတွေ နိမ့်ကျသွားမယ်။ အဲတော့ ဒီမိုကရေစီနဲ့ ပိုပြီးတော့ ဝေးသွားမယ်။ ဒီမိုကရေစီ ဆိုတာက စီးပွားရေး တိုးတက်ရမယ်။ လူနေမှု မြင့်ရမယ်။ အသိမြင့်ရမယ်။ တစ်ဆင့်ပြီး တစ်ဆင့် ညီမှ ဖြစ်မှာကိုး။ အဲဒါကြောင့် ဒါကို နံပါတ် ၁ အနေနဲ့ ကန့်ကွတ်တယ်။ နံပါတ် ၂ အနေနဲ့ ဒီနေ့ကာလက ဆန်ရှင်ကာလ မဟုတ်တော့ဘူး။ ၁၉ ရာစုက အင်္ဂလန်ကနေ ဆန်ရှင် လုပ်တယ်ဆိုရင် အနည်းနဲ့ အများထိတယ်။ တစ်ကမ္ဘာလုံးမှာ အရင်းရှင် စနစ်ကပျံ့ပြီး ပေါ်ပေါက်နေတာ။ အရင်းရှင်စနစ် ဆိုတာ ဗဟိုဦးစီး ရှိတာ မဟုတ်ဘူး။ ဒါကြောင့် စီးပွားရေး ပိတ်ဆို့မှုလုပ်တာဟာ သူတို့အတွက် မထိရောက်ဘူး။ ဟု ခေတ်သစ်ပြည်သူ့ပါတီ မှ ဦးထွန်းအောင်ကျော် က ပြောခဲ့သည်။

မြန်မာနိုင်ငံကို တစစီ ပိုင်းမယ့် အမေရိကန်၏ အစီစဉ်


မိမိတို့၏ အယူအဆ မှားယွင်းမှု၊ စီမံမှုညံ့ဖျင်းခြင်းကြောင့် တစ်နေ့တခြား ဒီရေလို တိုးလာတဲ့ အစိုးရရဲ့ခြေလှမ်းတွေကို မတားနိုင်တဲ့ အဆုံး ပြည်သူအားလုံး ဆင်းရဲစေတဲ့ စီးပွားပိတ်ဆို့မှုကို ထောက်ခံတဲ့ NLD


စီးပွားရေး ချို့နေသည့် မိသားတစ်စုမှ ကလေးငယ်တစ်ဦး


ငွေ ၁၀၀၀ ကို လုနေကြသည့် လူတစ်စု


ဘာပြောပြော ၁၉၉၀ ရွေးကောက်ပဲနဲ့ ကာကွယ်ပြောဆိုနေတဲ့ ဦးတင်ဦး နှင့် ၆၅၊ ၇၄၊ ၈၈၊ ၉၀၊ ဒီပဲရင်း၊ စက်တင်ဘာ.. စတဲ့ သမိုင်းဝင် ရှေးဟောင်း အထောက်အထား ဆိုတာတွေကိုပဲ အမြဲထမ်းပိုးထားတဲ့ ဒေါ်စုကြည်


ဝီကီလိခ်ကြောင့် အရှက်လှလှကွဲခဲ့ရတဲ့ အမေရိကန် ပြန်ထောင်စု


သံတမန်ဆက်ဆံတဲ့ နိုင်ငံများအပေါ် အမေရိကန်ရဲ့ မကောင်းခဲ့မှုအမှန်တရားများကို အရေအတွက် သိန်းချီပြီးဖွင့်ချမှုကြောင့် ခြေချုပ်မိနေတဲ့ ဂျူလီယံ အာဆန်း


ကမ္ဘာ့အလည်မှာ မျက်နှာမပြရဲဖြစ်ခဲ့ရတဲ့ အမေရိကန် ပြန်ထောင်စု



ဘယ်သူမှ တန်ဖိုးမထားတဲ့ အမေရိကန်


မြန်မာပြည်သူအားလုံး ဆင်းရဲတွင်းနက်စေမည့် နိုင်ငံတိုင်းအပေါ် ကြီးစိုးချယ်လှယ်လိုသည့် အမေရိကန် ပြည်ထောင်စု၏ စီးပွားပိတ်ဆို့မှုကို အားပေးသည့် ဒေါ်စုကြည်

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ