Subscribe to our RSS Feed

ဒေါ်လာမျိုးဆက် အဓွန့်ရှည်စေသော်

ဆောင်းလေရူးသည် တသုန်သုန် တစ်ဝှေ့ဝှေ့တိုက်ခတ်လျှက် ရှိသည်တစ်ကား။ ဘော်ငွေ သော်တာလ၀န်းလေးကမူ ဇန်န၀ါရီည၏ ကောင်းကင်ထက်ဝယ် ချိတ်ဆွဲ တွယ်ကပ် တင့်တယ်လျှက် ရှိပေဘိတကား ။ အကျွန်ုပ် သည် မတွေ့ရတာ အတော်ကြာပြီဖြစ်သော အိုင်ပီ မိုးချီးဇွန်း ၏ ဖိတ်ကြားချက်အရ ပြည်ပြေးအဖွဲ အတိုက်ခံများ ဆီသို့ ဆိုက်ကပ် ခိုနားလျှက် ရှိတော့ပေသည်တမုံ့ ။ အနို့ဖြစ်ရာ အနှီညချမ်းကမူ အကျွန်ုပ်နှင့် ဒေါ်လာထိုင်စား အတိုက်အခံများဟုဆိုသူများသည် စားပွဲဝိုင်းကြီးပေါ်တွင် ကောင်းပေ့ဆိုသော စားကောင်းသောက်ဖွယ်များကို တည်ခင်းပြီး ဒေါ်လာအရေးကြိုးပန်းချက်များနှင့် ရှေ့လျှောက် လုပ်ဆောင်ရန်များကို ဆွေးနွေး တိုင်ပင်လျှက်ရှိသည်တကား ။


အမှန်ဆိုစေမူ ကျွန်ုပ်သည် ဌာနေကြီးသို့ မရောက်ဖြစ်သည်မှာ အချိန်အနည်းငယ်ပင် ကြာခြေပြီ ကျွန်ုပ်မရောက်ဖြစ်သည်မှာလဲ ဒေါ်လာခွဲတမ်း နည်းသောကြောင့်တစ်ခုတည်းမဟုတ်ပဲ ကျွန်ုပ်၏ အမြှောင် အငယ် အပျော် မယားပေါင်းသောင်းခြောက်ထောင်ထံသို့ ၀င်ရောက်ခစားနေရသောကြောင့်လဲ ပါပေသည် ။


သို့သော်လည်း ယခုမူ ကျွန်ုပ်မသွားလို့ မဖြစ်သောအကြောင်းများကြောင့် မဖြစ်မနေရောက်လာရခြင်းဖြစ်ပေသည် အကြောင်းမှာကား မြောက်များစွာသော ပြည်ပြေးအတင်းပြော ပါတီများမှ တစ်ခုဖြစ်သော ကျွန်ုပ်တို့ အဖွဲ့တွင် အနည်းငယ်သော အရိုးအရင်းလေး ကိုက်ဝါးရရုံ အတန်ငယ်မျှ မြောက်ပေးလိုက်ရုံနှင့် ဥတက်အောင်ကမည်ဟု ဆုံးဖြတ်ချက်ချထားဟန်ရှိသော ပြည်ပြေးလက်သစ် ဒေါ်လာချစ်လေးများမှာ အညွန့် တစ်လူလူနှင့် ထွက်ပြုပြီး လာချေပြီဟု အိုင်ပီ မိုးချေးဇွန်း၏ ပြောပြချက်အရ ကျွန်ုပ်မှာ ပိတိထောပဏာရ ၀မ်းသာစွာဖြစ်သောကြောင့် ယအခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်လေသည် ။ ထို့ကြောင့်ပင် အိုင်ပိ မိုးချီးဇွန်း ပြုလုပ်သော ညစာစားပွဲသောက်ပွဲမုးပွဲရစ်ပွဲ တွင် အနှီ ဒေါ်လာစားလက်သစ်လေးများ နှင့် တွေ့ဆုံသမှု ပြုခဲ့ရခြင်းပင် ဖြစ်တော့ ဘိချေပါသည်တမုံ။


ကျွန်ုပ်က…

“ကိုင်း… အိုင်ပီ မိုးချီးဇွန်းရေ..

အဆွေကသာ ဥင်္ီးဆောင်ပြီး ဒေါ်လာစား နိုင်ငံရေးသမား ပွင့်သစ်စများနှင့် မိတ်ဆက်သမှု ပြုပါလင့်”

ကျွန်ုပ်က ၏သို့ဆိုလိုက်သည်နှင့် ယမကာတန်ခိုးနှင့် ယစ်ခိုးဝေနေသော မျက်လုံးများဖြစ့် ပွင့်သစ်စ ဒေါ်လာစားများအား ဝေ့လျှက်ကြည့်ရှုပြီး

၂၀၁၀ ခုနှစ်အတွက် မှတ်သားသင့်ဆုံး သတင်းထူး
(အဖွဲ့ချုပ်အလံ TATOO ကို ဒီဆိုင်မှာထိုးခဲ့တာပါတဲ့)


“ဟောသည့် လူငယ်ကတော့ ပညာဥာဏ်နည်း လူတော့ထဲမှာ မဟုတ်တာအကုန်လုပ်ပြီး ရှက်ကြောက်ဗျာဟာ မရှိလတဲ့ ခေတ်သစ်ဂုဏ်ဆောင် ဒေါ်လာမောင်ပါပဲဗျ.. သည် သူငယ်လေးကတော့ မတန်မရာ အမည်ကညာ မှတ်ယူထားတဲ့ အင်္ဂလိပ်စပ် ထိန်လင်း တက်တူးထိုးတဲ့အကြောင်း သူ့တိရှပ်မှ သရဲပုံလေး အကြောင်းများကို ပြည်သူများစိတ်ဝင်စားအောင် ခက်ခဲပင်ပန်းစွာဖြင့် နောင်လာနောက်သား သားမြေးမြစ်များ အမှတ်ယူလောက်အောင် သတင်းထူးမှာ ရေးသားနိုင်တဲ့ သူငယ်လေးပေါ့…”

“သြော် သြော် ဒေါ်လာစား စွမ်းပကားများနှင့် ပြည့်စုံသူပေပဲ”


ဒီမိုကရေစီရဖို့ဆိုရင် သားကတော့ ဒီလိုပဲ ချွတ်ချပစ်လိုက်တာပဲ


အိုင်ပီမိုးချီးမှပင် ဆက်လက်ပြီး မိတ်ဆက်ပေးသည်မှာ

“ဟောသဟိုက ဒေါ်လာမျိုးဆက် ထင်မှတ်လောက်အောင်ပင် စွမ်းဆောင်နိုင်သူဖြစ်၏ အကြင်သူ၏ အရည်အချင်းကား မြှောက်ပေးလျှင် အကုန်လုပ်၏ ဒေါ်လာရဘလျှင် ချေးပင်စား၏ ငယ်ပါတန်းလန်း မရှက်တမ်းပဲ လမ်းမထက်လည်း တက်ရဲပေ၏ … နိုင်ငံရေးအမြင်ကား လွန်စွာကျွယ်ဝ၏ မောခ့် လီနင် စတာလင် ဆိုတာ ယောင်ယမ်းပြီးမျှပင် မကြားဖူး နိုင်ငံတော်သီချင်းပင် အစအဆုံး မရပေ သို့ကြောင့် နှောင်းချိန်ကာ အနည်းငယ်အတွင်းမှာ အင်မတန်ကြော်ကြားလာအံ့ ။”

အိုင်ပီမိုးချီးမှ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ အရည်အချင်းများကို ထုပ်ဖေါ်မိတ်ဆက်ပြီး…

“အကြင်လူငယ်တွေကား ကျွန်ုပ်တို့ ပြည်ပြေးအတင်းပြောအဖွဲကြီး၏ အနာဂတ်လူငယ်များဖြစ်ပေရာ ထိုသူများသည်လည်း ဒေါ်လာအရေးအတွက် ဆွေတရာ မောင်တစ်ကျိတ် ပင့်ဖိတ်ပြီးလျှင် ၀ိုင်းဝန်း အတင်းပြော ရန်ပင် အကြံအစည် ရှိသူများဖြစ်ပေသည် ထို့ကြောင့် ကျွန်ုပ်တို့ အဖွဲကြီးမှာလဲ အဘယ်ခေတ် အဘယ်အချိန်မျှ တိမ်ကောမည် မဟုတ်တန်ရာ..။”

ဟု အားရ၀မ်းသာ ပြောလေသည်…

ထိုသို့ သောက်စားပြောဆိုရင်း ကျွန်ုပ်မှာ တစ်စုံတစ်ရာကို သတိရပြီး အိုင်ပီ မိုးချီးအား မေးလိုက်လေသည်

“အိုင်ပီ မိုးချီးရေ ကျွုန်ုပ်ယခုမှပင် သတိရပြီး မေးစရာ တစ်ခုပေါ်လာလေပြီ….”

အိုင်ပီမိုးချီးမှ

“မေးလဗျာ”

“ဒေါ်လာအရေး အသက်မပေးပေမယ့် ကလေးသူငယ် ကစားဟန်ဖြင့် အမြင့်ခုန်ချတဲ့ ဟို ကုလား မြဂွေးသမီး ငွေချေးပွင့်ငုံ ဆိုတဲ့ ကုလားမလည်း မတွေ့တာ အတော်ကြာပြီး ငြိမ်ချက်သား ကောင်းနေပါလားဗျ”

“အော် အဲကုလားမလဲ ဖအေကုလား လင်ငနွား အားကိုးနဲ့ နေရာလေးများရမလားလို့ ချောင်ကလောင် ဇနပုတ်ကထွက်ပြီး ရှိသမျှ အစွမ်းနဲ့ ဖြစ်ညှစ်ရမ်းကြည့်တာပေါ့ အခြေအနေမကောင်းတော့လဲ အလာရှေ့မှာ ဘလီတက်နေလား လင်ရှေ့မှာ အပီနှပ်နေလားတော့ မသိပါဘူး …”



ပေါင်မုန့်စားရင်တောင် ဒါမျိုးမှ မီးမီးကြိုက်ကြိုက်


“အော်အော်… ကောင်းပါ့ဗျာ ခွဲတမ်းပေးဖို့ တစ်ယောက်လျှော့တာပေါ့….

ကဲ … အိုပီ မိုးချီးရေ အချိန်အခါလည်း လင့်နေတော့ ကျွန်ုပ်လည်းပြန်အုံးမှဗျ ဒီနေ့ ပွဲကိုလာရတာ ကျွန်ုပ်ဖြင့် တယ်အားရှိသဗျ အခုလို ဒေါ်လာစားလူငယ်လေးတွေနဲ့ သူတို့ရဲ့ အရည်အချင်းတွေကို မြင်ရတာဖြင့် လွန်စွာ နှစ်ထောင်းအားရဖြစ်သဗျာ…..”

“အင်းပေါ့ဗျာ ဒါကတော့ ကျွန်ုပ်တို့လိုပဲ အရည်အချင်းအတွေးအခေါ်စဉ်းစားဥာဏ်နည်းတဲ့ သူတွေ မွေးမြူထားရမပေါ့ ဒါမှလဲ ကျုပ်တို့ရည်ရှည်လုပ်စားလို့ရမှာပေါ့…”

“အင်းပါဗျာ … ကဲကဲ ကျုပ်သွားပြီဗျို့”

ကျွန်ုပ်သည် စီးတော် ကားပေါ်သို့ မတက်ခင် အိုင်ပီမိုးချီးအား မည်သူမျှ မကြားအောင် စကားတစ်ခွန်းကို တိုးတိုးလေးပြောခဲ့လေသည်…

“အိုင်ပီရေ နိုင်ငံရေးသမားတိုင်း နိုင်ငံမကောင်းကြောင်းမပြောဘူးဗျ ဒါပေမယ့် နိုင်ငံမကောင်းကြောင်း ပြောပြီး ဒေါ်လာစားတတ်ရင်တော့ နိုင်ငံရေးသမား အမည်ခံလို့ရတယ်နော့”

ထိုသို့ပြောပြီး ကျွန်ုပ်မှာထွက်လာခဲ့လေသည် နောက်တွင်ကျန်ခဲ့သော အိုပီမိုးချီးဇွန်၏ အစီပျံဖောင်းပွနေသော မျက်နှာသည် ကျွန်ုပ်စကားကြောင့် ရှောက်သီးပုတ်ကဲ့သို့ဖြစ်နေမည်မှာ ဧကန်မလွဲပင် ဖြစ်ချေမည်။



ပင်တိုင်ဆောင်းပါးရှင်
နေနက်




Myanmar Express

mmDailyNews ၏ ၂၀၁၀ မြန်မာ့နိုင်ငံရေး သတင်းမှတ်စု


ချစ်သော ပရိသတ်များသို့

၂၀၁၀ ပြည့်နှစ်အတွင်း လူထုရဲ့ စိတ်ဝင်စားမှု အခံရဆုံး မြန်မာ့နိုင်ငံရေး သတင်းများကို ကျွန်တော်တို့ ကြိုးစား စုစည်း တင်ဆက်ပေးလိုက်ပါတယ်။ ဒီသတင်း ရီဗျူးလေးဟာ မြန်မာအွန်လိုင်းစာမျက်နှာများပေါ်မှာ ပရိသတ်များ ကြိုက်နှစ်သက်ကြတဲ့ သတင်းမှတ်တိုင်လေးတစ်ခု၊ အချင်းချင်း ဝေမျှစရာ သတင်းရီဗျူးလေးတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်မိမှာပါ။ ဆက်လက်ပြီး ကဏ္ဍအလိုက် ၂၀၁၀ ဆိုင်ရာ သတင်းရီဗျူးများကို တင်ဆက်ပေးသွားဦးမှာမို့ စောင့်မျှော်ဖတ်ရှု နိုင်ပါတယ်။

mmDailyNews
အယ်ဒီတာများ စုစည်း ရေးသားသည်



ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်အပ်ထားသော ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီလ ၁၅ ရက်နေ့က စိမ်းလဲ့ကန်သာ နိုင်ငံတော်အိမ်တော်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။


ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ၁၉၉၀ ပြည့်နှစ် ရလဒ်အား ပယ်ဖျက်ကြောင်း ကြေညာ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အရေးယူ ဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိဘဲ ပျက်ပြယ်ပြီ ဖြစ်ကြောင်းနှင့် ဆယ်စုနှစ် နှစ်ခုခန့်အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်သည့် ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနများမှ မတ်လ ၈ ရက်နေ့က ကြေညာခဲ့သည်။


ရွေးကောက်ပွဲ ကော်မရှင် စတင်ဖွဲ့စည်း

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အငြိမ်းစား စစ်ဥပဒေချုပ် ဦးသိန်းစိုး ဦးဆောင်စေ၍ ဖွဲ့စည်းကြောင်း မတ်လ ၁၀ ရက်နေ့က ကြေညာခဲ့သည်။


ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ကြေညာ

ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ နည်းဥပဒေများကို မတ်လ ၁၇ ရက်နေ့က ကြေညာခဲ့သည်။


NLD ပါတီ ရွေးကောက်ပွဲ မ၀င်ဖြစ်တော့ခြင်း

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ အများစု ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေး ပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်ရန် ဗဟိုဦးစီး အဖွဲ့ဝင်များက တညီတညွတ်တည်း ဆုံးဖြတ်၍ မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာကာ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းမှ ထွက်ခွာ ခဲ့သည်။


တည်ဆဲ တပ်မတော် အစိုးရဘက်မှ ရွေးကောက်ပွဲဝင်ရန် စတင် ဖွဲ့စည်း

ဧပြီလကုန်ပိုင်းတွင် တည်ဆဲအစိုးရ၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့နှင့် အရာရှိကြီး အချို့ တပ်မတော်ရာထူးများမှ အနားယူခဲ့ကြပြီး ၁၉၉၃ ခုနှစ်က စတင်၍ လူမှုရေး အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကြသည်။


အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည်သို့ လာရောက်

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ပဲလ် သည် မေလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။

စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့




ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခု

နှစ်ဆန်းပိုင်းတွင် နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင်များ အားလုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် ပုဂ္ဂလိကပိုင် စက်သုံးဆီအရောင်းဆိုင်များ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွင့်လှစ်ခဲ့သည်။


၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများ တက်ရောက်ခွင့် စတင်ရရှိ

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးခဲ့ကြသော မြန်မာ့အမျိုးသားခေါင်းဆောင် အာဇာနည်ကြီးများအား တသလွမ်းဆွတ် ဂါရ၀ပြုသော အထိမ်းအမှတ်ဖြင့် ၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမြဲအတိုင်း ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့ရာ နိုင်ငံရေးပါတီများ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် စတင် တက်ရောက်ခွင့် ရရှိခဲ့ကြသည်။


အာဆီယံနိုင်ငံများ အပေါ် ဟီလာရီကလင်တန်၏ အမြင်


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က အာဆီယံနှင့် သက်ဆိုင်သော ဒေသတွင်း ဖိုရမ်များသည် အာရှတိုက် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ကျသော ဗိသုကာများပင် ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံသို့ ဇူလိုင်လက ရောက်ခဲ့စဉ် သုံးသပ်ပြောကြားခဲ့သည်





မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများမှ လွဲ၍ မည်သည့် နိုင်ငံခြားသား ခရီးသည်ကိုမှ ဆိုက်ရောက်ဗီဇာ မပေးတော့ဟုဆို



မြန်မာနိုင်ငံတွင် ယခုနှစ် မေလ ၁ရက်နေ့က စတင်၍ ပထမဆုံး စတင် ကျင့်သုံးခဲ့သည့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးသည့် စနစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် ရပ်နားခဲ့ပြီး ယခုလ ၈ ရက်နေ့မှ စတင်၍ ခြွင်းချက်ဖြင့်သာ ကျင့်သုံးတော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ ကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။





အာဆီယံနိုင်ငံ အချင်းချင်း ကုန်သွယ်ခွန် ကင်းလွတ်ခွင့် (AFTA) ကို ၂၀၁၁ ခုနှစ်တွင် စတင်ကျင့်သုံးတော့မည်ဟု ကြေညာ





အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ဒေသတွင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ကုန်သွယ်ခွန် ကင်းလွတ်ခွင့်စနစ်ဖြင့် ကုန်သွယ်မှုကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်၍ ကျင့်သုံးတော့မည် ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့က သတင်းရရှိသည်။









တရားမ၀င်ယာဉ်များ လိုင်စင်ထုတ်ပေးနေခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ဆိုင်း



တရားမ၀င်မော်တော်ယာဉ်များကို ၈၅% အခွန်ဆောင်စေ၍ လိုင်စင်ထုတ်ပေးနေခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့မှ စ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ဆိုင်းခဲ့သည်။
မြ၀တီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မူဆယ်၊ ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင် စသော နယ်မြို့များတွင် စက်တင်ဘာ လဆန်းမှစ၍ ဤလုပ်ငန်းစဉ်ကို ရပ်နားခဲ့ပြီး စက်တင်ဘာ လကုန်ပိုင်းတွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရပ်နားလိုက်ခြင်း ဖြစ်သည်။




ဆင်ဖြူတော် တစ်စီး ထပ်မံ ပေါ်ထွန်းလာခဲ့

စက်တင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံပိုင် မီဒီယာများက ပဉ္စမမြောက် ဆင်ဖြူတော် ပေါ်ထွန်းကြောင်း ကြေညာခဲ့သည်။


ထိုင်း-မြန်မာ နယ်စပ်၌ လက်နက်ကိုင်“၀”လူမျိုးအချို့နှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့





စက်တင်ဘာ ၂၇ နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနှင့်နယ်စပ်၌ လက်နက်ကိုင်“၀”လူမျိုးအချို့နှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း Bangkok Post သတင်းအရ သိရှိရသည်။ အိတ်များသယ်ယူလာသော “၀”လူမျိုးလက်နက်ကိုင် (၆)ယောက်အုပ်စုတစ်စု (၀.ပြည်ထောင်စုတပ် UWSAမှဟု သတင်းစာက ဖော်ပြထား)က မြန်မာနယ်စပ်မှ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသရှိ Doi Langသို့ ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုင်းစစ်တပ်က စစ်ဆေးကြည့်ရှုရန် ရပ်တန့်ခိုင်းခဲ့ရာမှ သေနတ်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်မှ Col Somsak Nin-ubon ၏ ပြောကြားချက်များဖြင့် ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြသွားခဲ့သည်။





ရွေးကောက်ပွဲနှင့် ရက်တိုက်နေသော MNL ပွဲစဉ်များ ရက်ရွှေ့ပြောင်း ကျင်းပခဲ့
၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ရက်တိုက်လျှက် ရှိသော မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို ရက်ရွှေ့ဆိုင်း ကျင်းပခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်အလို ဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့ တောင်ကြီးမြို့တွင် ကျင်းပမည့် ကမ္ဘောဇအသင်းနှင့် ဥဿာယူနိုက်တက်တို့ ပွဲစဉ် နှင့် မုံရွာမြို့တွင် ကျင်းပမည့် ဇေယျာရွှေမြေအသင်းနှင့် ရတနာပုံအသင်းတို့ ပွဲစဉ် နှစ်ခုကို တစ်ရက်စောကာ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသွားခဲ့ပြီး ရွေးကောက်ပွဲ ရက်နှင့် တိုက်နေသော နိုဝင်ဘာ ၇ရက်နေ့ သုဝဏ္ကကွင်းတွင် ကျင်းပမည့် နေပြည်တော်FCနှင့် မကွေးFC တို့ပွဲစဉ်ကို နိုဝင်ဘာ၉ရက် သို့မဟုတ် ၁၀ ရက်နေ့သို့ ရွှေ့ပြောင်း ကျင်းပခဲ့သည်။





နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့များကို ဖိတ်ကြားရန် အစီအစဉ်မရှိဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ပြောကြားခဲ့



၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများမှ အပ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများကို ဖိတ်ကြားရန် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွင် အစီအစဉ် မရှိကြောင်း၊ နိုင်ငံတကာမှ သတင်းထောက်များ လာရောက်ခွင့် ပြု မပြု ဆိုသည့်ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အပိုင်းသာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးမှ ယခုလ ၁၈ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သံတမန်များသည် သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ထိုနိုင်ငံအသီးသီးမှ လူများကို ထပ်မံဖိတ်ကြားရန် မလိုတော့ဟု ထင်မြင်မိကြောင်း၊ မြန်မာနိုင်ငံသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အတွေ့အကြုံရှိကြောင်း၊ ရွေးကောက်ပွဲဟူသည် အခြားနိုင်ငံများအတွက် မဟုတ်ဘဲ မိမိတို့ နိုင်ငံအတွက်သာ ဖြစ်၍ ပြည်သူလူထု ရှေ့မှောက်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လျှင် ပြည်သူအများ၏ ယုံကြည်မှုကို ရရှိလာမည် ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့၊ နေပြည်တော်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအကြို ပြင်ဆင်ထားမှုလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံတွင် မဲပေးပုံ သရုပ်ပြပွဲတွင် ပြည်တွင်းပြည်ပမှ သတင်းထောက်များ၏ မေးမြန်းမှုကို ဤကဲ့သို့ ပြန်ကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါပွဲတွင် တက်ရောက်ခဲ့သူ ပြည်တွင်းသတင်းထောက် တစ်ဦးက mmDailyNews သို့ ပြောပြခဲ့သည်။








မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ မြန်မာနိုင်ငံ အမျိုးသား အားကစားဥယျာဉ်ကို တည်ဆောက်မည်





မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ အမျိုးသား အားကစားဥယျာဉ် တစ်ခုကို တည်ဆောက်တော့မည်ဟု သိရသည်။ အရှေ့တောင်အာရှနှင့် အာရှ အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရန် အတွက် ရည်ရွယ်ဆောက်လုပ်သော အဆိုပါ အမျိုးသား အားကစားဥယျာဉ်သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား ၁၂၄ ဧက အကျယ်ရှိသော မြေပေါ်တွင် ဆောက်လုပ်သွားမည်ဟု ကြားသိရသည်။

မြန်မာနိုင်ငံ အမျိုးသား အားကစားဥယျာဉ် စီမံကိန်းတွင် ပရိသတ် သုံးသောင်းဆန့် ဘောလုံးကွင်းတစ်ကွင်း၊ ပိုက်ကျော်ခြင်း အလေးမ တင်းနစ် ဘိုးလင်း စသည်တို့အတွက် အားကစားရုံများ၊ ရေကူးကန်၊ သေနတ်ပစ်ကွင်း၊ မြားပစ်ကွင်းနှင့် စက်ဘီး လေ့ကျင့်ရေးကွင်းများကို ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။










အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ တန်ဖိုးရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်း



သင်္ဘောဆိပ်ကမ်း၊ အကြီးစားနှင့် အလတ်စား စက်ရုံများ ရေနံလှောင်ကန်များ နှင့် ကျောင်းများ ဆူပါမားကတ်များ၊ ပန်းခြံများ၊ ကွန်ဒိုတိုက်ခန်းများ ပါဝင်သော မြို့တစ်မြို့တို့ပါဝင်သော ဇုန်ငါးဇုန် ခွဲခြား ထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို ထိုင်းနှင့် အီတလီ ပူးတွဲကုမ္ပဏီ မှ အမေရိကန် ၁၃ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။
အဆိုပါ မြန်မာ့ပထမဆုံး အထူးစီးပွားရေးဇုန် (Special Economic Zone) ဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် တန်ချိန် နှစ်သောင်းမှ ငါးသောင်းအထိ ရှိသော ပင်လယ်ကူးသင်္ဘောကြီးများ ၂၅ စင်းအထိ တပြိုင်နက် ဆိုက်ကပ်နိုင်မည် ဖြစ်သော ဆိပ်ခံတံတား ၂၂ ခု၊ သင်္ဘောတည်ဆောက်ပြုပြင်ရေး စက်ရုံများ၊ ရေနံထုတ်လုပ်ရေး စက်ရုံများ၊ သံမဏိစက်ရုံ၊ တစ်နေ့လျှင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သော ရေအားလျှပ်စစ် စက်ရုံများနှင့် ရေနံပိုက်လိုင်းများ ပါဝင်မည် ဖြစ်သည်။

အဆိုပါ အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်ဒေသအထိ အရှည် ၁၀၆ မိုင်ရှိ ရှစ်လမ်းသွား အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်သွားမည် ဖြစ်ပြီး အဆိုပါလမ်းမကြီးသည် ထိုင်းနိုင်ငံ ကန်ချနာဘူရီမြို့၊ ဘန်ကောက်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ ဆစ်ဆိုဖုန်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ဆစ်ဆိုဖုန်မြို့တွင် လမ်းမကြီးနှစ်ခု ထပ်မံခွဲသွားမည် ဟု သိရသည်။













နိုင်ငံတော် အလံသစ်ကို စတင် ပြောင်းလဲ အသုံးပြု



ဝါစိမ်းနီ သုံးရောင်ခြယ် ကြယ်ဖြူ တစ်လုံးပါ နိုင်ငံတော် အလံသစ်ကို အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ် ၃ နာရီ ကျော်ခန့်က တစ်နိုင်ငံလုံး စတင် လွှင့်ထူ ပြောင်းလဲ အသုံးပြုစေခဲ့သည်။

နှစ်နှစ်ဆယ်အတွင်း ပထမဆုံး အနေဖြင့် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပ
မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၂၀ ခန့်အတွင်း ပထမဆုံး ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့က တစ်နိုင်ငံလုံး၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် တည်ဆဲအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် သတင်းယူခဲ့ကြသည့် ပြည်ပသတင်းဌာနပေါင်း ၁၉ ခု ခန့် ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၉ သန်းကျော်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် ရှိပြီး၊ ရွေးကောက်ပွဲဝင် ပါတီ ၃၇ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၀၇၁ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး၊ စုစုပေါင်း ၃၁၅၃ ဦး တို့သည် လွှတ်တော်သုံးရပ်၏ အမတ်နေရာ ၁၁၇၁ နေရာတို့အတွက် မဲရုံပေါင်း လေးသောင်းခန့် မှ ရလဒ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပြီးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက လွှတ်တော် သုံးရပ်ပေါင်းတွင် ပျမ်းမျှ ၈၀% ခန့် အနိုင်ရရှိသွားခဲ့သည်။




မြ၀တီမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့ သေဆုံးဒဏ်ရာများ ရရှိ၊ ဘုရားသုံးဆူမြို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွါး



ကေအန်ယူ အဖွဲ့တစ်ဖွဲ့သည် နိုင်ဝင်ဘာလ ၈ ရက်နေ့ (ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်တစ်ရက်) နံနက် ၈ နာရီ ၄၅ မိနစ်က ကရင်ပြည်နယ် မြ၀တီမြို့၏ တောင်ဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မြ၀တီမြို့တွင်း ငါးနေရာသို့ ကျရောက် ပေါက်ကွဲခဲ့ရာ ဒေသခံ ပြည်သူ သုံးဦး သေဆုံးပြီး လူပေါင်း ၂၀ ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြခဲ့သည်။

၎င်းအပြင် လက်နက်ကြီး ပစ်ခေတ်မှုကြောင့် မြ၀တီမြို့အပြင်ဖက် ထိုင်းနိုင်ငံ မဲစောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအနီး နှင့် တရုတ်ဘုံကျောင်း အနီးတို့တွင် ကျည်ဆံ ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့ရာ လူအချို့ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖေါ်ပြသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ပင် နေ့လည် ၁၂ နာရီအချိန်၌ ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့သို့ သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ကလည်း မြို့၏ မြောက်ဖက်ခြမ်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခေတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး စစ်သားလေးဦးနှင့် မြို့နယ် သစ်တောဝန်ထမ်း တစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ရေးသားခဲ့သည်။

ပြည်ပ သတင်းမီဒီယာများတွင်မူ မြန်မာ့မီဒီယာများက ရေးသားခဲ့သလို ကေအန်ယူ အဖွဲ့ဖြစ်သည်ဟု မဖေါ်ပြခဲ့ဘဲ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်ဟု လူသိများသည့် DKBA အဖွဲ့မှ ဗိုလ်မှူး နှုတ်ခမ်းမွှေးခေါ် စောလားပွယ် ၏ တပ်ဖွဲ့နှင့် မြ၀တီမြို့တွင် တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူပင် DKBA တပ်ဖွဲ့ တစ်ခုနှင့် ဘုရားသုံးဆူတွင်လည်း တိုက်ပွဲ ဖြစ်ခဲ့ကြောင်း တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၂၀၀၀၀ ခန့် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် ခိုလှုံခဲ့ကြရကြောင်း၊ မနေ့က မြ၀တီမြို့တွင် အေးချမ်းသွားပြီဖြစ်သဖြင့် စစ်ဘေးဒုက္ခသည်အချို့ နေရပ်ပြန်ခဲ့ကြပြီ ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်။








ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းအထိ မီးရထားလမ်းနှင့် ရေနံပိုက်လိုင်း နှစ်ခုတပြိုင်နက် သွယ်တန်း ဖောက်လုပ်သွားရန် စီစဉ်နေ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ တိုက်ရိုက် မီးရထားလမ်း ဖောက်လုပ်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ရထားလမ်းကို ကျောက်ဖြူ - အမ်း - မင်းဘူး - မကွေး - မန္တလေး - လားရှိုး - မူဆယ်မြို့များကို ဖြတ်သန်း ဖောက်လုပ်သွားမည် ဖြစ်ပြီး တရုတ်နယ်စပ် ဂျီဂျိုမှ ကူမင်းမြို့အထိ လမ်းပိုင်းကို တရုတ်နိုင်ငံမှ တာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်သည်ဟု ကြားသိရသည်။





ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်

အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရေကူး၍ ၀င်ရောက်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်မှု ပုဒ်မအရ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရက်စေ့ပြီ ဖြစ်သောကြောင့် လွတ်မြောက်လာခဲ့သည်။ အိမ်ပတ်ဝန်းကျင်နှင့် တက္ကသိုလ်ရိပ်သာလမ်း တလျောက် စောင့်ကြိုနေကြသော လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားခဲ့ပြီး နောက်တစ်နေ့ မွန်းတည့်တွင် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရှေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာ လူပေါင်းမြောက်မြားစွာ တက်ရောက် အားပေး ခဲ့ကြသည်။


ဂျာနယ် ၉ စောင် ထုတ်ဝေခွင့် ရပ်နားခံခဲ့ရ

စာပေစိစစ်ရေး ဆိုင်ရာ စည်းမျဉ်းဥပဒေများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ပြည်တွင်းထုတ် သတင်းဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် တစ်ပတ်နှင့် နှစ်ပတ်စီ ရပ်နားခဲ့သည်။ အဆိုပါ ဂျာနယ်များမှာ First 11 အားကစားဂျာနယ် နှင့် သတင်းဂျာနယ်များ ဖြစ်ကြသော The Voice Weekly, 7Days News, Venus News, The Hot News စသော ဂျာနယ်များ ဖြစ်ခဲ့သည်။



First-11 ဘောလုံး ဂျာနယ် တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် ထင်ရှားသော ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်မှုနှင့် ပတ်သက်ပြီး မျက်နှာဖုံး၌ Sunderland Freeze Chelsea United Stunned By Villa & Arsenal Advance to Grab Their Hope ဆိုသည့် ဆန်းဒါးလန်း အသင်းက ချယ်လ်ဆီးအသင်းကို အနိုင်ကစားနိုင်မှုကို ဦးတည် ရေးသားထားသော စာသားများကို အရောင်များ ခွဲလျက် " ဒေါ် စုလွတ်မြောက်ပြီ မျှော်လင့်ချက်တွေကို ညီညွတ်စည်းလုံးပြီး တိုးတက်ကြိုးစား ရယူကြ" ဟု အဓိပ္ပါယ်ရသော SU FREE UNITED & ADVANCE TO GRAB THE HOPE ဟူသည့် စာတန်းကို ဂျာနယ် မျက်နှာဖုံး၌ အရောင်ခွဲ ဖေါ်ပြမိသလို ဖြစ်ခဲ့ရသဖြင့် ပြန်ကြားရေး ၀န်ကြီးဌါန စာပေစီစစ်ရေးက ဂျာနယ်လ် ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင် အရေးယူခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်အရ သိရသည်။



မင်းသမီး မစ်ရှယ်ယိုး မြန်မာပြည်သို့ လာရောက်

ဟောင်ကောင်ဂျက်မဟု လူသိများသော ဟောလိဝုဒ်နှင့် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မစ်ရှယ်ယိုးသည် ရုပ်ရှင်ဇာတ်ဝင်ခန်း အချို့ ရိုက်ကူးရန် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။


အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး လာရောက်

ဒီဇင်ဘာလ ၇ ရက်နေ့က အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၄င်းပြောဆို ခဲ့သော စကားများတွင် အိုဘားမားလက်ထက် အမေရိကန် အစိုးရသည် ရွေးကောက်ပွဲအပြီး တက်လာမည့် မြန်မာအစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု ပါရှိခဲ့သည်။ ထိုနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။


သုံးနှစ်တာခန့် ပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပြန်လည်ဖွင့်လှစ်ခဲ့



ထိုင်း-မြန်မာ နယ်စပ် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်သော ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဒီဇင်ဘာလပထမပတ်က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ ဂိတ်ပြန်ဖွင့်လိုက်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် အလည်အပတ် ဈေးဝယ်သွားလိုသော ဒေသခံများ အတွက် လွယ်ကူချောမွေ့သွားစေကြောင်း ကြားသိရသည်။



ပြီးခဲ့သော နိုဝင်ဘာလက နယ်မြေ မတည်ငြိမ် မအေးချမ်းမှုများ ရှိခဲ့သော်လည်း ဒီဇင်ဘာလ၌ အေးချမ်းမှု ရရှိခဲ့ပြီ ဖြစ်သောကြောင့် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်...

အတိုက်အခံဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ရှိလည်း ရှိသင့်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လောကတွေမှာလဲ ရှိသလို နိုင်ငံရေးလောကမှာ ပိုပြီး ရှိသင့်ပါတယ်။ အတိုက်အခံရှိခြင်းကြောင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ ပိုမိုတိုးတက်စေပါတယ်။

အတိုက်အခံထဲမှာမှ စီးပွားရေး အတိုက်အခံဆိုတာ တဖက်က စီးပွားရေး သမား နဲ့ ယှဉ်ပြိုင် တိုက်ခိုက်ခြင်း အဆင့်သာရှိပါတယ်။ နိုင်ငံရေးအတိုက်အခံဆိုတာ နိုင်ငံ့ဦးလျှောင် အစိုးရနှင့် အစိုးရအဖွဲ့အစည်းနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ရတာကြောင့် ပိုပြီး သတ္တိရှိဖို့၊ အနစ်နာခံဖို့၊ စွန့်လွှတ်စွန့်စားဖို့၊ ခံယူချက်ကောင်းဖို့၊ အများကြီးလိုအပ်ပါတယ်။

ယနေ့မြန်မာ့နိုင်ငံရေးလောကမှာ အမည်ပေါင်းစုံနဲ့ နိုင်ငံရေးအတိုက်အခံအဖွဲ့ပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းက ဘယ်တစ်ယောက်တစ်လေမှ ပြည်သူလူထုနဲ့ နိုင်ငံ့အရေး ပြောင်းလဲစေဖို့ ကိုယ့်ကိုယ်ကို မစတေးရဲ၊ အနစ်နာမခံရဲပါဘူး။ စကားကြီးစကားကျယ်များဖြင့် လေလုံးထွားရင်း သာ အဝေးမှ လက်သီးလက်မောင်း တန်းပြနေရဲကြတာပါ။

လက်ရှိအတိုက်အခံအားလုံးရဲ့ အခြေအနေနဲ့ စိတ်ရင်းသဘောအမှန်ကို မြန်မာပြည်သူအားလုံး သိရှိထားပြီးလို့ ဘယ်သူကမှ မထောက်ခံခဲ့၊ အားမပေးခဲ့သလို လူအင်အားအရလည်းကောင်း၊ ငွေးအင်အားအရလည်းကောင်း ကူညီခြင်းမပြုခဲ့ကြပါဘူး။

အတိုက်အခံတို့ဟာ ကိုယ့်နိုင်ငံ အစိုးရရဲ့ အပြစ်တွေ၊ မကောင်းကြောင်းတွေကို နိုင်ငံတကာက အစိုးရတွေနဲ့နှိုင်းယှဉ်ပြောတတ်ကြသလို ကိုယ့်နိုင်ငံရဲ့ တိုးတက်မှု နှေးကွေးခြင်းကို နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြောတတ်ကြပါတယ်။ ဒါပေမယ့် သူများနိုင်ငံတွေရဲ့ အတိုက်အခံတွေရဲ့ စွန့်လွတ်စွန့်စားမှု၊ အနစ်နာခံမှု၊ အပြောင်းအလဲအတွက် ကိုယ့်ကိုယ့်ကို စတေးမှု တွေကိုတော့ မသိချင်ယောင်ပဲ ဆောင်နေကြပါတယ်။

မြန်မာအတိုက်အခံအားလုံးက တကယ်ထူးခြားတဲ့ ပြောင်းလဲမှုကို မလုပ်လိုကြပါဘူး။ လုပ်ဖို့လဲ သတ္တိမရှိကြပါဘူး။ အားအားယားယား ထိုင်ပြီး အတင်းတုပ်ဖို့ပဲ လုပ်တတ်ကြပါတယ်။ အနှစ် ၂၀ ကျော် ဒီလိုပဲ ညံ့ဖျင်းမှုတွေပဲ လုပ်ခဲ့လို့ ခုထိ အတိုက်အခံတို့ကြောင့် ပြောင်းလဲသွားတဲ့ တိုးတက်မှု တစ်စုံတစ်ရာ မပြနိုင်သလို၊ ပြည်သူတို့ရဲ့ ယုံကြည်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူ။

မြန်မာပြည်သူတို့အနေနဲ့လည်း အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေနဲ့ပဲ ပျော်မွေ့နေပြီး နိုင်ငံရေး အပြောင်းအလဲ ထိထိရောက်ရောက် ဖြစ်အောင် ကိုယ့်ကိုယ်ကို မစတေးရဲတဲ့ သူရဲပေါကြောင် အတိုက်အခံတွေကို သတိထားကြဖို့လိုပါတယ်။ အားလုံးက ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အပေါစားအလုပ်တွေလုပ်၊ အပေါစားစကားတွေပြောပြီး သူရဲကောင်းလုပ်ကာ အထောက်အပံ့တွေကို စားသောက်နေခြင်းသာဖြစ်ပါတယ်။

အောက်မှာကြည့်ပါ။ တူနီးရှားနဲ့ ထိုင်းနိုင်ငံမှ အတိုက်အခံတို့ရဲ့ သမိုင်းတင်မယ့် နိုင်ငံရေး အတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံမှုတွေ ဖြစ်ပါတယ်။ မြန်မာအတိုက်အခံတွေနဲ့တော့ မိုးနဲ့မြေ ဆီနဲ့ရေ လို ကွာခြားလွန်းပါတယ်။

တူနီးရှား နိုင်ငံမှ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သည့် လှုပ်ရှားမှု






ထိုင်းနိုင်ငံမှ သွေးများကို ဖေါက်ပြီး ဆန္ဒပြခဲ့သည့် လုပ်ရှားမှု








မြန်မာသူရဲကောင်း အတိုက်အခံတို့၏ အဲ့ဖွယ် စွန့်လွှတ်အနစ်နာခံလှုပ်ရှားမှုများ

ကိုယ့်ကိုယ်ကိုတော့ မီးမရှို့ရဲပါ.... ဒါပေမယ့်
မြန်မာ နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့အတွက် အလံဟောင်းကိုတော့ မီးရှို့ခဲ့ကြသည်


ကိုယ့်ကိုယ်ကိုတော့ မီးမရှို့ရဲပါ.... ဒါပေမယ့်
မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် အလံသစ်ကို မီးရှို့ခဲ့ကြသည်



မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က အလံဟောင်းကို ချနင်းခဲ့ကြသည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က အလံသစ်ကို ချနင်းခဲ့ကြသည်


ကိုယ့်နိုင်ငံအလံကို မီးရှို့ချနင်းခဲ့ကြပေမယ့် အမေရိကန် အလံကိုတော့ ကိုင်ဆောင် လွှင့်ထူပေးခဲ့ကြသည်



မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က အကျီတစ်ထည်တည်းကိုပဲ မချွတ်တမ်းဝတ်ခဲ့ကြသည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က ပန်းချီဆွဲခဲ့ကြသည်
(လက် ၄ ချောင်းကို ဆေးတို့ပြီး ခြစ်ထားခြင်းမဟုတ်ပါ)


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က ဈေးရောင်းခဲ့ကြသည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က လူပြောင်၊ လူနောက်လုပ်ခဲ့ကြသည်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က သီချင်းဆိုပြီး အချို့က ဟိုဖက်တိုးလိုက် ဒီဖက်တိုးလိုက်နဲ့ ကခဲ့ကြသည်



သွေးနီနီရဲရဲတွေတော့ ဖောတ်ပြီး မသွန်ရဲပါ.... ဒါပေမယ့်
မြန်မာ ပြည်သူအားလုံး ကောင်းစားစေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က သင်္ဘောဆေး နီနီရဲရဲတော့ သုပ်ခဲ့ကြသည်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က ခုန်ချကြခဲ့သည်


တစ်ကိုယ်လုံး မီးမရှို့ရဲပါဘူး... ဒါပေမယ့် တစ်ကိုယ်လုံးတော့ ချွတ်ရဲပါတယ်။



မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က အင်္ဂလန်သား တစ်ဦးကို လူကြားသူကြားမှာ ဤသို့ အရှက်စွန့်...
မှားလို့
အသက်စွန့် ကာကွယ် ခဲ့ကြသည်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က စစ်ဗိုလ်ကြီးလုပ်ခဲ့ကြသည်


မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် ကိုယ်ကျိုးစွန့် သူရဲကောင်းကြီးများ အချို့က blogspot, facebook, cbox, နဲ့ လေလှိုင်းများမှ ပါးစပ်နှင့် ကိုယ့်ကိုယ်ကို မီးရှို့ခဲ့ကြ၊ သွေးဖောက်ခဲ့ကြသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် သံဃာ အချို့က အမျိုးသမီး တစ်ဦးကို ကန်တော့ခဲ့ကြသည်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စေဖို့ အတွက် သံဃာအချို့က နှာခေါင်းစီးများ ဝတ်ဆင်၍ မေတ္တာ၊ ဂရုဏာ ပွားခဲ့ကြသည်.


မြင်ရတွေ့ရတာတွေကတော့ မိုးနဲ့မြေ ဆီနဲ့ရေလိုပဲ ကွာခြားလှလွန်းပါတယ်။ အတိုက်အခံ သူရဲကောင်းများအားလုံးလည်း ရှက်ကြပါ။ မြန်မာပြည်သူများလည်း မြန်မာ အတိုက်အခံများရဲ့ တကယ်တမ်း ဘာမှ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေကြတာတွေကို သတိပြုကြပါ......။


Myanmar Express

လေးစားပါတယ် ဒေါ်လာစားရယ်

ရာသီဥတုကောင်းသော တစ်ရက်တွင် ကျွန်ုပ် ဒေါက်တာလွဏ်းသေ သည် ပြည်ပြေးအတိုက်ခံ ခေါ် ဒေါ်လာစား ရုံခန်းကြီးအတွင်းတွင် လစဉ် ဒေါ်လာခွဲတမ်းအတွက် စာရင်းများဖြောင်ရင်း (မှားလို့) စာရင်းများတကုတ်ကုတ် ပြုစုလျှက် ရှိနေ၏ ။ ထိုအချိန်မှာပင် ကျွန်ုပ်၏ လုပ်ဖေါ်ကိုင်ဖက် ဖြစ်သော အိုင်ပီမိုးချီးဇွန်း ဆိုသူသည် လေလေးတစ်ချွန်ချွန် ၊ ၀မ်းသာအားရမျက်နှာနှင့် ၀င်ရောက်လာလေသည် ။

ထို့ကြောင့် ကျွန်ုပ်က…

“ဗျို့
အိုင်ပီ မိုးချီးဇွန်း ဘာတွေများ ဂွင်တည့်လာလို့ ၀မ်းသာအားရ ဖြစ်နေတာတုံးဗျ ကျုပ်ကိုလည်း မျှအုံးလေဗျာ”

က
ိုမိုးချီးဇွန်းက

“အိုင်ပီကလဲ အခု ကျွန်တော်တို့ ဒေါ်လာစားတွေ ဂွင်ကောင်းတစ်ခု ထပ်ရနေပြန်ပြီလေဗျာ ခင်ဗျားက ကလပ်တွေသွားပြီး အငယ်လေးတွေနဲ့ပဲ နှပ်နေတော့ ဒါလေးတောင်မသိဘူးလားဗျ…”

ကျွန်ုပ်လည်း ၀မ်းသာအားရဖြင့်

“ဟုတ်လားဗျ … ဘာသတင်းထူးလဲ … ဒေါ်ညုကြီး ချေးစိမ်းပန်းလို့လား… ဒါဆိုရင်တော့ နအဖ က အစိမ်းရောင်ဝတ်တာ ကို မကျေမနပ်ဖြစ်လို့ သူချေးစိမ်းပန်းတာဆိုပြီး သတင်းတစ်ပုဒ်လောက် ရေးလိုက်မယ်လေ အဲသတင်းဆိုရင်တော့ တော်တော် လေး ဟေါ့ ဖြစ်အုံးမှာဗျ …. ကျွန်တော်က အဲလိုသာစတင်လို့ကတော့ တစ်ခြား ဒေါ်လာစား မောင်မယ်များကလဲ ချဲ့ရင်းကားရင်းနဲ့ စစ်အစိုးရ အစိမ်းရောင်ဝတ်တာကို ဒေါ်စုချေးစိမ်းပန်းပြီး ဆန္ဒပြ ဆိုပြီး ဖြစ်သွားလောက်တယ်…. ငှဲငှဲငှဲ”

ထိုအခါ အိုင်ပီ
ီမိုးချီးဇွန်း က

“အအာ ခင်ဗျား ဦးနှောက်က ဒေါ်လာရောင်သန်းနေတဲ့ ဦးနှောက်ပဲဗျ … အဲဒါလေးကို ခဏ သိမ်းထားအုံး ကျူပ်တို့ လုပ်စားစရာ ပြတ်မှ အဲလိုရေးတင် …”

ကျွန်ုပ်ကလဲ

“ဒါဆို ဒီတစ်ခါ ဘာလှုပ်ရှားမှု ဖြစ်ပြန်ပြီလဲ ဟိုတစ်ခါကတော့ ဘူးသီးတစ်လုံးကြောင့် ဘူးလှုပ်ရှားမှု ဖြစ်သေးတယ် အခုရော ဒေါ်ညု အိပ်ခန်းထဲက ခရမ်းသီးတွေ့လို့ ခရမ်းသီး လှုပ်ရှားမှု ဆိုပြီး လုပ်စားကြအုံးမလို့လား မှားလို့ လှုပ်ရှားကြအုံးမလို့လား”

အိုင်ပီ
မိုးချီးဇွန်း က မျက်နှာကြီးရှုံ့မဲ့ပြီး

“ခင်ဗျားကလဲ ဘာတွေလျှောက်ပြောနေတာလဲ ခရမ်းသီး လှုပ်ရှားမှုက လုပ်စရာလား အဲခရမ်းသီးကို ခင်ဗျားမိန်းမသာ ပေးထားလိုက် အခုက တစ်ကယ့် ဂွင်ကောင်းဗျ”

ကျွန်တော်ကလဲ ဒေါ်လာလေးစားရမယ့်အရေးဆိုတော့ သိချင်ဇောဖြင့်

“အိုင်ပီ
မိုးချီးဇွန်းကလဲ ပြောမှာဖြင့်ပြောတာမဟုတ်ဘူး … ကျွန်တော်လည်း အခုတစ်လော ဂွင်တွေပျောက်နေတာဗျ ၂၀၀၇ ဒေါ်လာရောင်တော်လှန်ရေး အဲ မှားလို့ ရွှေဝါရောင်တော်လှန်ရေး တုံးကတော့ ပြိုင်ကားလေးတစ်စီးလောက်ပဲ အဖက်တင်လိုက်တာ နောက်ပိုင်း အလံပြောင်းတာနဲ့ ဒေါ်ညု လွတ်တဲ့အကြောင်းတွေ ပေါက်ကရ ချဲ့ကားရေးတုံးကတော့ ဟုတ်တိပတ်တိ မရလိုက်ပါဘူးဗျာ ဟို ဒုတ်ကောက် ခေါင်းဖြူ ဘိုးတော်တွေကိုလဲ ခွဲပေးရသေးတာကိုးဗျ … အခုရော ဘာဂွင်တွေရထားလို့လဲ….”

အိုင်ပီ
မိုးချီးဇွန်း။ ။ “ပြောမှာပေါ့ဗျ အခု စစ်အစိုးရက စစ်မှုမထမ်းမနေရစနစ် လုပ်မယ်ပြောတယ်လေဗျာ … မြန်မာနိုင်ငံကသူတွေကတော့ ဘာမှတောင် သေချာသိအုံးမှာမဟုတ်ဘူး ဒါပေမယ့် ကျုပ်တပည့် လေးတွေ ကတော့ အခုဆို ဆိုက်တွေပေါ်မှာ လက်စွမ်းပြနေပြီဗျ ခင်ဗျားကတယ်နောက်ကျတာကိုးဗျ”

ကျွန်ုပ်။ ။ “ဘယ်လိုတွေလက်စွမ်းပြနေတာတုံးဗျ”

အိုင်ပီ
မိုးချီးဇွန်း။ ။ “အော် ဒါကတော့ ထုံးစံအတိုင်းပေါ့ ကိုယ့်အချင်းချင်းဒေါ်လာစား ဆိုက်တွေတင်မဟုတ်ဘူး တစ်ခြား social ဆိုက်တွေထဲလဲ ၀င်ပြီး အဲဥပဒေကို မကျေနပ်လို့ မနက်ဖြန်ပဲ ထပြီး ပုန်ကန်တော့မလိုလို ပြည်သူတွေကပဲ ချက်ခြင်းကြီးထဆန့်ကျင်ကြတော့မလိုလို နောက်ပြီး မကောင်းကြောင်းအစုံပေါ့ဗျ… ကိုယ့်အချင်းချင်းပဲ အဲလို ပိုစ့်တွေတင်လိုက် အချင်းချင်းပဲ ထောင်ခံအားပေးလိုက် အဆင်ကိုပြေနေတာပဲ”

ကျွန်ုပ်။ ။ “အင်း ဆက်ပါအုံးဗျ”

အိုင်ပီ
မိုးချီးဇွန်း။ ။ “အခုသတင်းက စစ်မှုထမ်းတဲ့သတင်းဆိုတော့ ပိုရေးလို့ကောင်းတာပေါ့ဗျာ စစ်မှုထမ်းလို့ သေနတ် ကိုင်ရရင် ဟိုလူ့ပစ်မယ် ဒီလူ့ ပစ်မယ် ဆိုတဲ့ ခပ်ပေါပေါတွေလဲ အားရပါးရ ပြောရတာပေါ့ဗျ…”

ကျွန်ုပ်။ ။ “ အယ် အိုင်ပီ က အဲလိုဟိုလူပစ်မယ် ဒီလူ့ ပစ်မယ် လုပ်နေတော့ တစ်ကယ်ကြီး စစ်မှုသွားထမ်းပြီး တစ်ကယ်ကြီး ပစ်တော့မလို့လားဗျ”

အိုင်ပီ
မိုးချီးဇွန်း။ ။ “ဒေါက်တာလွဏ်းသေရယ် …. ခင်ဗျားကလဲ ညံလိုက်တာ ဒါကတော့ဒီလိုပဲ ပေါက်ကရပြောရတာပေါ့ ကျုပ်က တစ်ကယ်ဝင်စရာလားဗျာ စစ်ထဲဝင်ရင် ဒေါ်လာနဲ့ဝေးမှာပေါ့… နောက်ပြီး ကျွန်တော်က စစ်တပ်ထဲဝင်ဖို့မပြောနဲ့ ရေတောင်စစ်သောက်တာမဟုတ်ဘူး”

ကျွန်ုပ်။ ။ “ဘာဖြစ်လို့လဲဗျ စစ်တပ်ကြီးကိုမကြိုက်လို့လား”

ထိုအခါ
မိုးချီးဇွန်း မှ ပြုံးဖြီးဖြီးနဲ့…

“ဟီး …ဟုတ်ဘူး… ကြောက်လို့ဗျ… စစ်ထဲဝင်ပြီး စစ်ပညာသင်ဖို့မပြောနဲ့ မြန်မာနိုင်ငံမှာတောင် ချီးကျယ်ကျယ် မပေါက်ရဲလို့ ပြည်ပထွက်ပြေးပြီး အော်ချင်တာအော်နေတာပေါ့ ….. ဒီမှာ အော်ချင်တာအော် ဘာမှမဖြစ်တဲ့ အပြင် ဒေါ်လာလေးတောင်မှန်မှန် ရနေသေးတယ် …. ငှဲငှဲငှဲ”




ထိုခါ ကျွနုပ်သည်လည်း မည်သို့ ပြန်ပြောရမှန်းမသိပဲ အောက်ပါအတိုင်းသာ ပြောလိုက်တော့လေသည်

“အော်… လေးစားပါတယ် ဒေါ်လာစားဖခင်ကြီးရယ်”

ထိုအခါမှ မိုးချီးဇွန်းက မျက်စိမျက်နှာပျက်ခါဖြင့်

"ဒီမှာ ဒေါက်တာလွဏ်သေ... ကျုပ်ကိုချည်းမပြောပါနဲ့ ခင်ဗျားလည်း အတူတူပဲ...။ ခု နိုင်ငံခြားမှာ ရောက်နေတဲ့ ဒေါ်လာစားအတိုက်အခံတွေရော ကိုယ့်ထမင်းကိုယ်စားအတိုက်အခံတွေရော အားလုံးကို လိုက်မေးကြည့်လိုက်.... အပြင်မှာပဲ ကျွန်ခံမယ် အထဲပြန်ပြီ ပြည်သူတွေနဲ့ တန်းတူတော့ ဘယ်သူမှ အဆင်းရဲမခံရဲဘူး.... ပြီးတော့ အပြင်မှာသာ လက်သီးလက်မောင်းတန်းပြရဲတာ.. တကယ်တမ်း သေနတ်ကိုင်ရမယ်ဆိုရင် အကုန်ကြောက်တာပဲ... မကြောက်ရင် ကျုပ်လည်း ခုချိန်ထိ ABSDF မှာ ရှိနေမှာပေါ့....."


ပင်တိုင်ဆောင်းပါးရှင်
(နေနက်)


ပေးစာ - ၇


ကိုဒေါ်လာစားရှင် ဒီရက်ပိုင်းအတွင်းမှာ ဗုဒ္ဓဘာသာဝင် တွေကပဲ အနန္ဒငါးပါးဝင် သံဃာတစ်ပါးကို လူမဆန်စွာ ဝေဖန်ထားကြ၊ ဆဲဆိုကျိန်းမောင်းထားကြတာတွေ တွေ့နေရတာ အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ဘုန်းဘုန်းရဲ့ မကောင်းကြောင်းတွေကို ကိုယ်တိုင်တိတိကျကျ မသိကြပဲနဲ့ တစ်ဆင့်စကား တဆင့်နားနဲ့ ရလာတဲ့ သတင်းကို နိုင်ငံရေး ဘလော့တွေက တင်ထားကြတာ အများကြီးပဲ ရှိနေတယ် ဆိုတာ သိရလို့ ရင်လေးမိပါတယ်။

စိတ်ဓာတ်မြှင့်တင်ရေး သင်ခန်းစာ ပို့ချနေသော သံင်္ဃာတစ်ပါး

အားလုံး အထင်မှားနေကြလို့ Myanmar Express ကတဆင့် ပြန်လည်ဖြန့်ဝေပေးဖို့တောင်းဆိုပါတယ်။ ဘုန်းဘုန်းက အားလုံးအထင်မှားနေသလို မဟုတ်ပါဘူး။ အဲ့လိုစိတ်ဓာတ် လုံးဝ လုံးဝ မရှိပါဘူး။ လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးတာပါ။ ဘုန်းကြီး ပါးစပ်က သာဓု ဆိုတာပဲ ထွက်ရမယ်လို့ ဘယ်ဥပဒေက ပြဌာန်းထားလို့လဲ။ လက်ခုပ်တီးတယ်ဆိုတာ အားပေးတာပါ။

သူတို့ ဟောပြောပွဲတွေ တက်ဘူးကြမှာပါ။ အဲ့ဒီမှာ ကြိုက်တဲ့ စကားစုပါရင် ဘာလုပ်သလဲ။ ယူတို့ လက်ခုပ်တီးတယ်လေ။ ဒီသဘောပါပဲ။ တချို့လူငယ်တွေ လေနေတတ်လို့ ဘုန်းဘုန်းက ထိန်းသိမ်းပေးတဲ့သဘောပါပဲ။ သူငယ်ချင်းတို့ မသိရင်လဲ သေချာအောင် စုံစမ်းပြီး ပြောကြပါ။

ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက် လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့ စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။

သင်တန်းသားဦးရေ တိုးပွားဖို့ဆိုတာက စိတ်ကောင်းနဲ့ပြောတာပါ။ သင်တန်းသားတိုးပွားဖို့ အဓိက မဟုတ်ပါဘူး။ စိတ်ဓာတ်ကိုသင်ပေးချင်လို့ပါ။ ဗုဒ္ဓဘာသာညှိုးနွမ်းအောင် အပြုအမူ ဘာမှ မရှိပါဘူး။ သေချာလိုက်ကြည့်ပြီး ပြောနိုင်ပါတယ်။ ဒါပေမဲ့ မသေချာပဲ စော်ကားတာတော့ မကောင်းပါဘူး။

ဗုဒ္ဓဘာသာ ညှိုးနွမ်းအောင် ဘယ်လိုအပြုအမူကများ လုပ်ဆောင်နေလို့လဲ ဆိုတာကို သူတို့တွေကို မေးကြည့်ချင်ပါတယ်။ တရားပွဲမှာ စကားပြောတာလည်း မဟုတ်ပါဘူး။ သင်တန်းချိန်မှာ သင်တန်းပို့ချတာပါ။ စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းဖြစ်လို့ ဘာမှာ ချုပ်ချယ်မထားပဲ ပေါ့ပေါ့ပါးပါး ဆက်ဆံခိုင်းတဲ့ သဘောပဲရှိပါတယ်။ ပြည်သူတွေကို အကျိုးပြုဖို့ တကယ် အဓိပ္ပါယ်ရှိတာကို လက်တွေ့လုပ်ဆောင်ပြနေတာပါ။ အဓိပ္ပါယ်မရှိ လမ်းပေါ်ထွက်ပြီး အမျိုးသမီးဓာတ်ပုံကိုင် ဆန္ဒပြနေတာမဟုတ်သလို အမျိုးသမီးပုံကို ထိုင်ကန်တော့နေကြတာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ရှိခိုးနေသော သီရိလင်္ကာမှ ဘုန်းကြီးများ


အမျိုးသမီးတစ်ဦး ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသော ဘုန်းကြီးတစ်ပါး

ခု ဘုန်းဘုန်းက ပြည်တွင်းမှာပါ။ သံဃာတော်တွေကန့်ကွက်ရင် (စိတ်အနှောင့်အယှက်) ဖြစ်ရင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းက အရေးယူမှာပေါ့။ အခု ဒီအတိုင်းလွှတ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကို မထိခိုက်လို့ပေါ့။ မြို့ခံတစ်ဦးကလဲ သူ့ကို ဘာတွေထိခိုက်နေလို့လဲ ။ သူ့အကျိုးယုတ်အောင် ဘာများလုပ်ခဲ့လဲ လို့ ပြန်မေးကြည့်နိုင်ပါတယ်။ ကြည့်ရတာ အတော်ဆိုးတယ်ဆိုတော့ သူသွားကြည့်နေလို့ပေါ့။

ဘယ်အရာမဆို အကောင်းမြင်တဲ့ လူရှိသလို အကောင်းမမြင်တဲ့သူတွေရှိတာ လူ့သဘာဝပါပဲ ။ အဲ့လို လုပ်ရပ်မျိုးလုံဝရှိမှာ မဟုတ်ပါဘူး။ တို့ ဘာလို့သိလဲဆိုတော့ တို့က ဘုန်းဘုန်းစေတနာကိုနားလည်လို့ပါ။ ခြေပြတ် နေသူတို့ လက်ပြတ်နေသူတို့တောင် စိတ်ဓာတ်မကျဘဲ ဘ၀ကိုရင်ဆိုင်ဖြတ်သန်းနေကြတာ တို့တတွေက ကိုယ်အဂါင်္အစုံအလင်နဲ့ စိတ်ဓာတ်ကျစရာမလိုဘူးဆိုတဲ့ သဘောတရားကိုပြောပြပေးတာပါ။ သက်သေသာဓကနဲ့ကို ပြောပြတာပါ။ နိုင်ငံခြားမှာလဲ ကိုယ်တပိုင်းပြတ်နေသူက သူတောင် စိတ်ဓာတ်မကျဘဲ ဘ၀ကိုဖြတ်သန်းနေတဲ့အကြောင်း ဟောပြောပွဲတွေလုပ်နေတဲ့အကြောင်း သူငယ်ချင်းတွေ သိကြမှာပါ။

စကားတခွန်းဆိုတာ စောင့်ထိန်း သင့်တဲ့အရာပါ။ ကိုယ်မပြောခင် ဘယ်လိုအရာက ဘယ်လိုဆိုတာ သိစေချင်တယ်။


သင်တန်းကြော်ညာ

ဒီသင်တန်းက စည်းရုံးရေးဆင်းနေတဲ့ သင်တန်းတစ်ခုပါ။ သူနဲ့ ဆင်တူရိုးမှား သင်တန်းတစ်ခုရှိပါသေးတယ်။ ၂ခုလုံးက mind power နဲတဲ့သူတွေ အလာများတယ်။ ပြီးတော့ ရုံးဝန်ထမ်းတွေ။ အလုပ်အဆင်မပြေတဲ့သူတွေ လာတက်ကြတယ်။ ဒီလိုသင်တန်းမျိုးက ရှိတာတော့ ရှိသင့်ပါတယ်။ ဆိုးတာက ဘုန်းကြီးတွေ ပါနေလို့ပါ။ ဘုန်းကြီးကလည်း တစ်ပါးထဲပါ။ စိတ်ပေါ့ပါးစေတဲ့ သင်တန်းဖြစ်လို့ ဘုန်းကြီးနဲ့ လူတို့ကြားမှာ အဆောင်အယောင်တွေ ဖယ်ထားပြီး ဘုန်းကြီးက လွတ်လွတ်လပ်လပ် ဆက်ဆံစေတဲ့ သဘောပါ။ ကျန်တာတွေက လူတွေချည်းပါပဲ။

ဘုန်းကြီးကလဲ အမည်ခံတွေပါ။ သင်တန်းကြော်ငြာမှာ ဘုန်းကြီးအကြောင်းကို နံမည်ကြီး နိုင်ငံခြားပြန်ဆရာကြီးမှ ပို့ချပေးမယ် ဆိုပြီး ပြောထားပါတယ်။ ဒါပေမယ့် ခုမှ အဲ့ဆရာကြီးဆိုတာက ဘုန်းကြိးဖြစ်နေမှန်း သိရတာပါ။ သူက သင်တန်းတက်ပြီးရင် အလုပ်ရှာပေးတယ်။ အဲ့ဒါလေးနဲ့ ဆွဲဆောင်ထားတဲ့ သဘောပေါ့။

စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းဆိုပီး နောက်တနေရာမှာ ဖွင့်ထားတာ ရှိပါသေးတယ်။ ဒါပေမယ့် သူ့လို အဆိပ်မထုတ်ခိုင်းပါဘူး ရှူရှိုက် ကိုပဲ အဓိက ထားလုပ်ရတာတဲ့ သင်ပေးတာတော့ လူတွေချည်းပါပဲ။ အဲ့ဒါက လူတိုင်းမသိသေးပါဘူး။ ဆင်တူယိုးမှားပီး ဘုန်းကြိးဆီရောက်ကုန်တာပါ။ ပြီးတော့ သူက stress ကို လျှော့နည်းတွေ အလေးထားပိး သင်တာ။ သင်တန်းကာလကတော့ ၁၀ ရက်ပါပဲ။ ညနေ ရုံးဆင်းချိန် ၂ နာရီလောက်ပဲ သင်တယ်။ ပါ့ပေါ့ပါးပါးနဲ့ brain wash ကိုယ်တိုင် လုပ်တတ်သွားအောင် အစလုပ်ပေးလိုက်တဲ့သဘောပါ။ ၁၀ ရက်ပြည့်သွားတော့ ကိုယ့်ဟာကိုယ် လုပ်တတ်သွားတဲ့ ပုံစံမျိုး။ ဒါပေမယ့် စည်းကမ်းတော့ တော်တော်တင်းကျပ်ထားတယ် စကားပြောခွင့်မပေးဘူး။ ဒီတော့ လူတော်တော်များများက ဘုန်းကြီး ရှိတဲ့ သင်တန်းကို သွားကြပါတယ်။

ဘုန်းကြီးကလည်း စိတ်ဓာတ်ကျနေတဲ့ လူသားတွေကို ကူညီတဲ့ သဘောပါ။ တရားပွဲမှာ ကခိုင်းတာလည်းမဟုတ်သလို၊ မှားယွင်းတဲ့ ဘာသာတွေ ထည့်ပေးနေတာလဲ မဟုတ်ပါဘူး။


သင်တန်းပို့ချနေသော ဘုန်းဘုန်း

ခု ကျမ ပြောတာတွေအားလုံးက ကိုယ်တိုင် တကယ်တက်ဖူးလို့ သိလို့ ပြောတာတွေချည်းပါ။ အကောင်းမြင်စိတ်လေးထားပေးပါ။ သာသနာဖျက်ဆီးဖို့ ရောက်လာတာလုံးဝမဟုတ်ပါဘူး။

ဘယ်အရာမဆို တစ်ခုရပြီး တစ်ခု ဆုံးရှုံးရတာ ဓမ္မတာပါပဲ။ လူငယ်တွေကို စိတ်ဓာတ်မြှင့်ပေးချင်တဲ့စိတ်နဲ့ ဘုန်းကြီးဖြစ်ရက်နဲ့ လောကီကိစ္စတွေဝင်ပါရတာပါ။ လမ်းထွက်ပြီး အလံကို ချနင်းနေတဲ့ ဘုန်းကြီးတွေထက်တော့ သာပါတယ်။ အဲ့လိုဘုန်းကြီးတွေကိုကျတော့ အားပေးပြီး ပြည်သူတွေအကျိုးရှိအောင် လက်တွေ့လုပ်နေတဲ့ ဘုန်းဘုန်းကို ဘာလို့ စွပ်စွပ်စွဲစွဲလျှောက်ပြောနေကြတာပါလဲ။


နိုင်ငံတော် အလံကို မီးရှို့ချနင်းနေသော အိန္ဒိယမှ ဘုန်းကြီးတစ်ပါး

သာသနာကို ထိခိုက်တဲ့ လုပ်ရပ်မျိုး လုံးဝမပါပါဘူး။ တို့လဲ စိတ်ဝင်စားလို့ လေ့လာကြည့်ရာကနေ သိထားတာလေးပါ။ က တယ်ဆိုတာက စိတ်ကို relax ဖြစ်အောင်ပါ။ ဗမာ အက လိုမျိုး အင်္ဂလိပ် dance လိုမျိုးတွေ မဟုတ်ပါဘူး။ တို့ လူတွေ ယောဂ ကျင့်ကြသလိုပါ။ ဘယ်လိုမျိုးလေးက ကိုယ်ခန္ဓာအတွက် ကောင်းတယ်ဆိုရင် တို့တတွေလိုက်လုပ်ကြသလိုပေါ့။ အခုလဲ ဘယ်လို position လေးက ကိုယ့်စိတ်ကို relax ဖြစ်စေမယ် ဆိုတဲ့ပုံမျိုးလေးပါ။

တရားထိုင်ခိုင်းပါသေးတယ်။ စိတ်ကို relax ဖြစ်အောင်ဆိုပြီး။ နောက်တစ်ခုက လူ့ပတ်ဝန်းကျင်မှာ နေရင် ဘယ်လို နေရမယ်။ စိတ်သဘောဘယ်လိုထားရမယ်။ ဘယ်သူ့ကိုမဆို လေးစားမှုရှိရမယ်။ ကျေးဇူးတင်တတ်ရမယ်။ ကိုယ့်ကိုတောင် ချီးကျူးရင် ကိုယ်ကြိုက်သေးတာပဲမဟုတ်လား။ ဒီလိုပဲ သူများကိုလဲ ချီးကျူးတတ်ရမယ်။ ကိုယ်သိတဲ့ သူနဲ့ တွေ့ရင် မင်္ဂလာပါလို့ နှုတ်ဆက်ရမယ် အစရှိတဲ့ လူမှုဆက်ဆံရေးမှာ မလုပ်မဖြစ်အချက်ကလေးတွေ ပြောပြပြီးသက်သေသာဓကလေးတွေနဲ့ သက်သေပြတာပါ။

အားလုံးပဲ မယုံဘူးဆိုရင် ကိုယ်တိုင်သင်တန်းကို သွားလေ့လာကြည့်ပါ။ သင်တန်းတက်တဲ့သူတွေအားလုံးထဲမှာ လူမျိုးစုံပါနိုင်ပါတယ်။ ထောက်လှမ်းရေးတွေတောင် လာပြီး တက်ကြပါသေးတယ်။ ဘာမှ မဖြစ်လို့ ဒီအတိုင်းလွှတ်ထားတာပါ။ နောက်တစ်ခုက ဒီသင်တန်းကို ဖွင့်တာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့သော 2010 ခုနှစ် နှစ်ဦးပိုင်းကတည်းကပါ။ Asia plaza မှာ ဖွင့်တာပါ။ သင်တန်းသူ/သား များ အများကြီးပါ။ ဘုန်းဘုန်း စေတနာကို သိလို့ လာတက်ကြတာပါ။ ကျန်တာတော့ အဆင်ပြေသလိုသာ မြင်ကြပါတော့။ အခု တို့ပြောနေတာတွေက ဘုန်းဘုန်းဘက်ကပြောနေတာ တစ်ခုမှ မပါပါဘူး။ အမြင်မှားနေမှာစိုးလို့ ၊ ဆင်ခြင်နိုင်ကြစေဖို့ တို့ ပြောပြနေရခြင်းပါ။ တကယ်အကျိုးရှိတဲ့ အလုပ်လုပ်နေတဲ့ ဘုန်းကြီးနဲ့ အကျိုးမရှိတာတွေကို လုပ်နေတဲ့ ဘုန်းကြီးတွေကို ခွဲတတ်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

သင်တန်းအကြောင်း ကိုယ်တိုင်လေ့လာ၊ မေးမြန်းချင်ရင်တော့

အမှတ် (၄၂၉) ၊ ပထမထပ် ၊ ကုန်သည်လမ်း နှင့် သိမ်ဖြူလမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း။ ။ 09 52 30522, 01 201452 ကိုဆက်သွယ်ပြီးတက်ရောက်နိုင်ပါသည်။

http://numberonesociology.com/activities.htm



၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ