ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များစုပေါင်းကာ ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများရှိ ရွှေ့ပြောင်းနေထိုင်နေရသူများအား ငွေနှင့်အ၀တ်အစားများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ကေအိုင်အေတပ်တို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြောင်းရွှေ့နေထိုင်သူများအား ကယ်ဆယ်ရေးစခန်းများတွင် ယာယီထားရှိရာ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လို အပ်သည့် ထောက်ပံ့မှုများကို ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ''ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလိုအပ်တဲ့ အကူအညီတွေပေးဖို့ အလှူခံခဲ့ရာမှာ ကျပ်သိန်း ၇၀၀ ကျော် ရရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက အဓိက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တခြားအလှူရှင်တွေလည်း ပါဝင်ကူညီခဲ့ကြပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ လူဦးရေအရ ငွေနဲ့အ၀တ်အထည်တွေကို အချိုးကျပေးသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မြစ်ကြီးနားမြို့တော်ခန်းမမှာ လှူဒါန်းပွဲလေးပြုလုပ်ပြီး ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် တာဝန်ရှိသူတွေကတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးစခန်းများသို့ ငွေနှင့်အ၀တ်အစားအပြင် အခြားအရေးတကြီးလိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးပစ္စည်းများကိုလည်း လှူဒါန်းသွားရန်ရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express



2 comments:
သာဓု သာဓု သာဓု
လေးစားပါတယ်
သာဓု...သာဓု...သာဓု ပါဗျာ...။
Post a Comment
Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။