ဗြိတိန်ရဲတပ်ဖွဲ့သည် အကြမ်းပတမ်း ဆူပူအုံကြွ ဆိုးသွမ်းသူများကို နှိမ်နင်းရန်အတွက် အဆင့်မြင့် လေဆာနည်းပညာ တစ်ရပ်ကို စတင်စမ်းသပ် အသုံးပြုနေပြီဟု သိရသည်။ အဆိုပါ လေဆာလက်နက်သည် James Bondဇာတ်ကားများထဲမှ စိတ်ကူးယဉ် လက်နက်တစ်မျိုးသဖွယ် အဆန်းတကျယ် ဖြစ်နေပြီး လေဆာအလင်းရောင်သည် ထိမှန်သူကို အမြင်အာရုံ ခဏတာမျှ ဆုံးရှုံးသွားပြီး အကန်းဖြစ်သွားစေသည်။

(ဆူပူအုံကြွသူများအား ပစ်ခတ်နှိမ်နင်းမည့် လေဆာလက်နက်ဆန်း)
မူလက အဆိုပါ နည်းပညာကို ကုန်တင်သင်္ဘောများအနီး ချဉ်းကပ်လာသည့် ပင်လယ်ဓားပြများကို ဟန့်တားရန် ရည်ရွယ်ပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုလေဆာစနစ်ကို လက်နက်များတွင် တပ်ဆင်ပြီး တော်ဝင်မရိန်းတပ်ဖွဲ့များတွင်လည်း အသုံးပြုရန် စီစဉ်နေသည်။ ပေါင်စတာလင် (၂၅၀၀၀)တန် လေဆာလက်နက်မှ ထွက်လာသော အလင်းရောင်ကို ကြည့်မိသူတိုင်း မျက်စိ တစ်ဒင်္ဂမျှ ကန်းသွားမည်ဖြစ်သည်။ ထိုလေဆာ အလင်းတန်းသည် ပေပေါင်း (၁၆၄၀)ထိရောက်အောင် စူးရှစေနိုင်ပြီး (၁၃)ပေရှိသော အလင်းတံတိုင်းတစ်ခုကိုလည်း ဖန်တီးနိုင်မည်ဖြစ်သည်။
(လန်ဒန်မြို့တော် တော့တင်ဟမ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှု)
ဗြိတိန် အစိုးရ၏ အထောက်အပံ့ကို ရယူထားသော သိပ္ပံပညာရှင်များသည် အဆိုပါ လေဆာလက်နက်ကို စမ်းသပ်သုံးစွဲမှုများ ပြုလုပ်ထားပြီးဖြစ်ပြီး နောက်ပိုင်းတွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံသို့လည်း လက်လွှဲသွားရန် စီစဉ်နေသည်။ ယင်းလက်နက်ကို သုံးစွဲခြင်းဖြင့် ရဲများသည် ဆူပူအုံကြွမှုများကို အင်အားသုံး နှိမ်နင်းခြင်း မရှိဘဲ လူစုခွဲနိုင်မည်ဖြစ်သည်။ ထိုလေဆာ နည်းပညာ၏ အခြေခံစနစ်ကို မရိန်းစစ်တပ် ကွန်မန်ဒိုဟောင်းတစ်ဦးက စိတ်ကူးယဉ် ပုံဖော်ခဲ့ပြီး ရိုင်ဖယ်သေနတ်တွင် တပ်ဆင် စမ်းသပ်ခဲ့ကြောင်း သိရှိရသည်။
Source: DailyMail
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express


0 comments:
Post a Comment
Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။