Subscribe to our RSS Feed

နိုင်ငံရေးသမား မျက်ကန်းများ၊ အဘိုးကြီးများ နှင့် ဝီကီလိစ်

ယခု ရက်ပိုင်းအတွင်း တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ရွရွဖြစ်စေပြီး အမေရိကန်ကို အရှက်တကွဲ အကျိုးနည်းမှုတွေ ဖြစ်စေခဲ့သော ဝီကီလိစ် ၏ သတင်းထုတ်ပြန်မှု မှာ NLD က အဖိုးကြီးတို့ရဲ့ အကြောင်းတွေပါ ပါလာခဲ့ပါတယ်။ ဒီသတင်းက မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတို့ကို မျက်စိများ ကန်းနေကြောင်း ထုတ်ဖော်ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒီအဖိုးကြီးတွေ အစည်းဝေးတိုင်းမှာ တောင်ဝှေးကိုယ်စီ၊ ဒုတ်ကောက်ကိုယ်စီနဲ့ ရှေ့ဆုံးက ထိုင်နေတာကို မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတို့ မမြင်အောင် ကန်းနေခဲ့ကြပါတယ်။ အဘိုးကြီးတွေကို ဝေဖန်ရေးသားထားတာ တစ်ခုမှ မရှိခဲ့ဖူးပါဘူး။ အမြဲ ထောက်ခံ ရေးသားပြောဆိုမှုတွေပဲ ရှိခဲ့ကြပါတယ်။ အဘိုးကြီးများကို အပြစ်တင်ဝေဖန်သူအားလုံးကိုလည်း ရန်သူ လို သဘောထား ဆက်ဆံခဲ့ကြပါတယ်။ ဒါကြောင့်လည်း ရလဒ်တွေက မျက်ကန်းလမ်းလျှောက်သလို စမ်းတဝါးဝါး တွေ ဖြစ်နေပြီး၊ ဆင်ကန်း တောတိုး သလို ထင်ရာစိုင်း အစွန်းရောကမှုတွေ ပဲ ရရှိခဲ့ကြပါတယ်။



တကယ်တော့ NLD အတွင်းပိုင်းမှာ ခြစားနေတာ အတော်ကြာခဲ့ပါပြီ။ ပြည်တွင်းပြည်ပ ဒေါ်လာစား နိုင်ငံရေးလှုပ်ရှားသူတို့အနေနဲ့ ပြည်ပ အထောက်အပံ့များကြောင့် တစ်ကြောင်း၊ တော်လှန်ရေး အတွန့်ရှည်စေချင်စေချင်တာက တကြောင်း မသိချင်ဟန်ဆောင်ပြီး လွှတ်ပေးထားခဲ့ပါတယ်။ ဒီလိုနဲ့ NLD ဆိုတာ နာမည် တစ်ခုပဲ ကျန်တော့ပြီး ဘာမှ အရည်အချင်းမရှိတော့တဲ့ အဖွဲ့တစ်ခု ဖြစ်လာပါတယ်။ အခုဆိုရင်တော့ နာမည်တောင် မကျန်တော့ပါဘူး။

NLD က အဖိုးကြီးများအကြောင်းကို ဝီကီလိစ် က ပြင်းပြင်းထန်ထန် ဝေဖန် ရှုံ့ချထားပါတယ်။ ဒီအဘိုးကြီးတွေကြောင့် မြန်မာနိုင်ငံရေးအတွက် အင်မတန်မှ စိုးရိမ်မကင်းဖြစ်ရပါကြောင်း၊ အင်မတန်မှ စိတ်ပျက်မိပါကြောင်း ပြောဆိုထားပါတယ်။ ဝီကီလိစ်ရဲ့ ထင်မြင်ချက်အရ မြန်မာပြည်သူတို့အနေနဲ့လည်း ရိုးတွင်းချဉ်ဆီခန်းနေတဲ့ ဒီအဘိုးကြီးတွေရဲ့ ခေါင်းဆောင်မှုကို တော်တော် စိတ်ပျက်နေကြတယ်လို့ ယူဆထားပါတယ်။ သံတမန် တစ်ဦးက မြန်မာ ပြည်သူတို့ကို အသိဥာဏ် မြင့်မားနေပြီ၊ မျက်လုံးများ ကောင်းနေပြီ လို့ ယူဆ ထားပြီး မြန်မာပြည်သူတို့က စိတ်ပျက်နေတယ် လို့ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအဘိုးကြီးတွေကို အသက်ကြီးနေလို့ စိတ်ပျက်နေကြောင်း ဘယ်နိုင်ငံရေး သမား တစ်ဦးတစ်ယောက်ကမှ မပြောခဲ့ကြပါဘူး။ အဘိုးကြီးတွေရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျေကျေနပ်နပ်နဲ့ပဲ ထောက်ခံအားပေးနေကြပါတယ်။ ဒီအကြောင်းကို သာ သိရင် ဒီမိုကရေစီ နာမည်ခံ အတိုက်အခံ နိုင်ငံရေးသမားအားလုံးကို ပြင်းပြင်းထန်ထန် ရှုံ့ချမယ့် အနေအထားရှိပါတယ်။ နိုင်ငံရေးသမားအားလုံးအပေါ်မှာလည်း အကြီးအကျယ် စိတ်ပျက်သွားပါလိမ့်မယ်။ ဒါ့အပြင် မြန်မာပြည်သူများထက် နိုင်ငံရေးသမား မျက်ကန်းများကို ကို ပိုပြီး သနားသွားမှာ သေချာပါတယ်။

နောက်တစ်ခုက စက်တင်ဘာအရေးအခင်းခေါ် ဘုန်းကြီးဆူပူမှုကို NLD အဘိုးကြီးများက လူသိရှင်ကြား ရှုံ့ချထားပါတယ်။ ဒါကိုလည်း နိုင်ငံရေးလှုပ်ရှားသူတို့က အပြစ်မမြင်ခဲ့ကြပါဘူး။ ဘယ်သူဖက်က မှန်တယ် ဘယ်သူ့ဖက်က မှားတယ် ဆိုတာထက် ကြက်ကန်းက တစ်နေ့ ဆန်အိုး တိုးမှာပဲ ဆိုတဲ့ ရူးသွပ်တဲ့ မျှော်လင့်ချက်နဲ့ပဲ ဆက်ပြီး လျှောက်လှန်းနေကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကြက်ကန်း ဆန်အိုးမတိုးပဲ ခွေးကန်း ချေးပုံတိုးတဲ့ ဘဝ မျိုး ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံ တို့အနေနဲ့ ချေးပုံကို အရသာရှိရှိ စားသုံးနေကြတာ ခုထိပါပဲ။

NLD အနေနဲ့ မြန်မာလူထုအတွက် ဘာတွေများလုပ်ခဲ့ဖူးပါလဲ?? အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပါ။ အဖြေကတော့ အကြာကြီး စဉ်းစားဖို့ မလိုပါဘူး။ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးဘူးလို့ ချက်ချင်းဖြေလို့ရပါတယ်။ အဘိုးကြီးတွေအနေနဲ့ မြန်မာပြည်သူတွေ အရေးကို စိတ်ဝင်တစား ဘာမှမရှိခဲ့ကြပါဘူး။ ဒါပေမယ့် NLD ကို အာဏာရ ပါတီ တစ်ခုဖြစ်ဖို့တော့ အသည်းအသန် လိုလားကြပါတယ်။ မသေခင် ဝန်ကြီးတစ်နေရာရဖို့ ခုချိန်ထိ မျှော်လင့်နေကြတုန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မြန်မာပြည်သူတို့ရဲ့ စီးပွားရေးကို ကောင်းမွန်အောင် မကြိုးစားတဲ့အပြင် နိုင်ငံခြားသားတို့ မြန်မာပြည်တွင်းသို့ အလည်အပက်လာခြင်းတွေကို လူသိရှင်ကြား ကန့်ကွက်ခြင်းတွေ၊ စီပွားရေး ပိတ်ဆို့မှုကို ထောက်ခံခြင်းတွေ လုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကြောင့် ရလာတဲ့ ရလဒ်ကောင်းကို ပြပါဆိုလျှင် ဘာတစ်ခုမှ မရှိပါဘူး။ NLD ရဲ့ မြန်မာပြည်သူတို့အပေါ် လူမှုစီးပွား တိုးတက်ရာတိုးတက်ကြောင်း စိတ်မဝင်စားခြင်းကို ဝီကီလိစ် က စိတ်ပျက်စွာ ဖော်ပြထားပါတယ်။

အဘိုးကြီးတို့အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲပြီးကတည်းက အချိန်ဖြုန်းနေတာ အခုထိပါပဲ။ စာရွက်ပေါလို့ ကြေငြာချက် ထုတ်နေတာကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။ တစ်နေ့တော့ ဝန်ကြီးဖြစ်ရမှာပဲ ဆိုတဲ့ စီတ်ကူးအိပ်မက်နဲ့ပဲ ရူးသွပ်နေကြပါတယ်။ အဲ့ဒီ ရူးသွပ်မှုက အခုဆိုရင် လူငယ်တွေဆီကိုလည်း ရောက်ရှိနေကြပါပြီ။ ထစ်ကနဲ ဆိုတာနဲ့ ၉၀ ရွေးကောက်ပွဲကို ပါးစပ်က မချတဲ့ အတိုက်အခံ ပညာမဲ့ လူငယ်တွေ ဒီနေ့ခေတ်မှာ သိပ်များနေပါပြီ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဝီကီလိစ် က ထောက်ပြထားပါတယ်။

NLD ထဲမှာ လူကြီး နဲ့ လူငယ်ဆိုပြီး သွေးကွဲနေတာ ကြာပါပြီ။ ဒေါ်စုကြည်ကတော့ လူကြီးတွေကို နိပ်ကွပ်လိုက် လူငယ်တွေကို ဆရာလုပ်လိုက်နဲ့ ရပ်တည်နေခဲ့ပါတယ်။ အသက်ကို တန်ဖိုးထားသော အဘိုးကြီးတို့က ဒေါ်စုကြည်ထက် ငယ်တဲ့ လူမှန်သမျှ ဘာပြောပြော လက်မခံခဲ့ကြပါဘူး။ စစ်တပ်ကို သွေးကွဲတယ် အမျိုးမျိုး ပြောနေတဲ့ နိုင်ငံရေး မီဒီယာတို့ကလည်း NLD ရဲ့ အမှန်တကယ် သွေးကွဲ နေခဲ့တာကို မသိခဲ့ပါဘူး။ ဒါဟာ အင်မတန် စိတ်ပျက်ဖို့ကောင်းတဲ့ ရလဒ်ဖြစ်ပါတယ်။ စစ်တပ်မှာ ဖြုတ်ထုတ်သတ် လုပ်နေပါတယ် ဆိုပြီး ရေးသားနေတဲ့ လူတွေကလည်း NLD ထဲမှာ အမှန်တကယ် ဖြုတ်ထုတ်သတ် လုပ်နေတာတွေကို မသိရှာကြပါဘူး။ ဒီနေ့ခေတ်မှာ ဘလော့ရေးပြီး သူရဲကောင်းလုပ်နေတဲ့ အတိုက်အခံ ဘလော့ဂါတွေကိုလည်း အဘိုးကြီးများက ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပြီး NLD ထဲမှာ အဘိုးကြီးများကို ဆရာလုပ်သောလူငယ်များ နဲ့ အဘိုးကြီးများရဲ့ အဆိုပြုချက်များကို မထောက်ခံတဲ့ လူငယ်များအားလုံးကို ပါတီမှ ထုတ်ပယ်ခဲ့ကြောင်း ဝီကီလိစ် က ရေးသားထားပါတယ်။

NLD ဟာ အဖွဲ့အတွင်းမှာတင် သဘောထားကွဲနေတာ မဟုတ်ပါဘူး။ လူတိုင်းနဲ့ မတည့်တဲ့ ချက်ကြီးဖြစ်နေပါတယ်။ အစိုးရလုပ်သမျှကို ဘာလုပ်လုပ် ကန့်ကွက်နေခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံစကားပြောတာတွေ မရှိခဲ့ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲကို ပါးစပ်က မချပေမယ့်လည်း ၉၀ ရွေးကောက်ပွဲ တုန်းက အနိုင်ရခဲ့တဲ့ အမတ်လောင်းတွေ ပေါင်းပြီးဖွဲ့ထားတဲ့ CRPP က ခေါင်းဆောင်များနဲ့လည်း အဆင်မပြေခဲ့ပါဘူး။ ဘယ်သူနဲ့မှ ပေါင်းလို့မရသလို ဘယ်သူ့အကြုံကိုမှ လက်မခံတဲ့ တယူသန် တစောက်ကန်း အစွန်းရောက်နေတဲ့ အဖွဲ့ကြီးဖြစ်ကြောင်း အမေရိကန် သံတမန်က သတင်းပေးပို့ထားပါတယ်။“

NLD ပါတီရဲ့ ရုံးမှာ အစည်ကားဆုံးနေ့ဆိုတာ သက်ကြီးပူဇော်ပွဲနေ့ဖြစ်ပါတယ်။ အဘိုးကြီးတွေက ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီးချိန်မှာ အာဏာရဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆခဲ့တာကြောင့် သက်ကြီးပူဇော်ပွဲနေ့ကလွဲပြီး ကျန်တဲ့ရက်တွေမှာ ရုံးကို လုံးဝ မသွားကြတော့ပါဘူး။ အခုနောက်ပိုင်း ဒေါ်စုကြည် လွတ်လာမှ ထူးထူးခြားခြားနေ့တွေမှာ ရုံးပြန်တက်ဖို့ ကြိုးစားလာကြပါတယ်။

NLD ရဲ့ အဘိုးကြီးများကို စိတ်ပျက်လာတဲ့ လူငယ်တချို့က NDF ဆိုပြီး ဖွဲ့စည်းချိန်မှာ NLD နဲ့ အတိုက်အခံ နိုင်ငံရေးသမားတို့က အဘိုးကြီးတွေကို ဆန့်ကျင်သဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့ကြပါတယ်။ NLD လူကြီးနဲ့ လူငယ်တင်မက ပါဘူး။ လူငယ်အချင်းချင်းလည်း မတည့်ကြပါဘူး။ အမျိုးမျိုး သဘောထားကွဲနေကြပါတယ်။ ဦးခင်မောင်ဆွေ တို့ကို အမျိုးမျိုး ထိုးနှပ်ခဲ့ကြပြီး၊ မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ နှစ်ယောက်ကလည်း ထောင်ထဲမှာနေရင်း ရွေးကောက်ပွဲ ဝင်ဖို့ မဝင်ဖို့ကို ကြီးကြီးကျယ်ကျယ် သဘောထား ကွဲခဲ့ကြကြောင်း ဝီကီလိစ် က ဖွင့်ချသွားပါတယ်။

နောက်တစ်ခုက မြန်မာ့နိုင်ငံရေး အတိုက်အခံတို့ အလွန်အင်မတန် အထင်ကြီးလေးစား အားကိုးတဲ့ အမေရိကန် နိုင်ငံအနေနဲ့ ရင်းနီးတဲ့ နိုင်ငံ အချင်းချင်းကိုတောင် သူလျှိုများစွာ လွှတ်ထားကြောင်း ဝီကီလိစ်က ပိုးစိုးပက်စက် ဖွင့်ချထားတာကို ကြည့်ပြီး အမေရိကန် နိုင်ငံရဲ့ သဘောထားအမှန်ကို သိသင့်ပါတယ်။ အမေရိကန် အနေနဲ့ ရင်းရင်းနီးနီး ဆက်ဆံမှုနောက်ကွယ်မှာ မရိုးသားမှုတွေ အများကြီးရှိခဲ့ကြောင်း ဝီကီလိစ် ကို သေချာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒီတော့ သိပ်ပြီး အထင်ကြီး အားကိုးနေသူများ သတိချပ်သင့်ပါပြီ။

ဒီနေ့ နိုင်ငံရေးလောကမှာရှိတဲ့ အတိုက်အခံအားလုံးကတော့ အဘိုးကြီးတွေကိုပဲ ထောက်ခံပါတယ်။ နေရာတိုင်းမှာ ဘဘ၊ ဘဘ ဆိုပြီး ထောက်ခံရေးသားထားပါတယ်။ လူငယ်တွေကို အားပေးရေးသားထားတာ တစ်နေရာမှာမှ မရှိပါဘူး။ NDF ကိုလည်း အားမပေးခဲ့ကြပါဘူး။ ဘာမှ အစွမ်းအစ မရှိတော့တဲ့ အဘိုးကြီးတွေဆီမှာပဲ တပည့်ခံပြီး မြန်မာပြည်သူတို့အကျိုးအတွက် ဆိုးကျိုးတွေပဲ ပေးနေကြဖို့ ကြိုးစားနေကြပါတယ်။ NLD အကြောင်းနဲ့ ဒေါ်စု အကြောင်း မကောင်းပြောသူမှန်သမျှကို ရန်သူလိုသဘောထားပြီး မျက်စိစုံမှိတ် ဖင်ပိတ်ငြင်းနေခဲ့ကြပါတယ်။ မျက်ကန်းတစေ မကြောက် ဆိုသလိုပဲ ဘာမှ ပြည်သူလူထု ရဲ့ အနာဂါတ်အတွက် စိုးရိမ် ကြောက်လန့်မှု မရှိခဲ့ကြပါဘူး။ ခု ဆိုရင် ဝီကီလိစ်က NLD ရဲ့ အမှန်တရားတွေနဲ့ အမေရိကန်ရဲ့ သဘောထားမှန်တွေကို ဖွင့်ချချိန်မှာတော့ အားလုံး ကိုယ့်အလုပ်တွေက ပြည်သူလူထုအတွက် အဆိပ်အတောက် ဖြစ်နေပါလားဆိုတာ ပြန်လည် သုံးသပ်ဖို့လိုအပ်လာပါပြီ။ မျက်ကန်းတစ်ယောက်ကဲ့သို့ ကိုယ့်ကိုယ်ကို အမှောင်ချ ထားတဲ့ ဘဝကို စွန့်ပြီး အလင်းရှာသင့်ပါပြီ။ မျှမျှတတ နဲ့ မှန်မှန်ကန်ကန်တွေးတက်အောင် အသိပညာနဲ့ အတက်ပညာ အားနည်းမှုကို ဖြည့်စည်းဖို့ လေ့လာသင့်ပါပြီ။ မြန်မာ စာဆိုတစ်ခု ရှိခဲ့ဖူးပါတယ်.. ”ပညာမတတ်သောသူသည်.. အကန်းနှင့် တူသည်” တဲ့။ ပညာမဲ့သော အကန်းများ ဘဝမှ မြန်မာအတိုက်အခံ နိုင်ငံရေးသမားတို့ အမြန်လွတ်မြောက်ကြပါစေ.....။

မျက်ကန်းထဲမှာ ကျွန်တော် မောင်ဒေါ်လာစား မပါဘူး။ ဘာကြောင့်လဲဆိုတော့ အစကတည်းက ကျွန်တော် အောက်ပါအတိုင်း ဖွင့်ချထားပြီးသားဖြစ်လို့ပါ။


ဒုတ်ကောက်ကိုယ်စီ တက်ညီလက်ညီ၊

အသက်(၆၀) မပြည့်က မဝင်ရ၊

တောင်ဝှးကိုင်ပြီး နိုင်ငံကို ကာကွယ်မယ်၊

ကမ္ဘာ့အသက်အကြီးဆုံး ပါတီခေါင်းဆောင်များ၊

ပြည်သူအားလုံး ပါရမယ် (ဆံပင်ဖြူသူ၊ သွားမရှိသူ၊ ထိပ်ပြောင်သူ၊ မျက်စိမှုန်သူ၊ နားလေးသူ)၊

ဗာရာနသီပြည်ကို ဗြဟ္မဒတ်မင်းကြီးရဲ့ အုပ်ချုပ်ခဲ့တဲ့ အခြေခံဥပဒေ မူကြမ်းကိုပဲ ထောက်ခံရမယ်၊

ဘာမှမပူနဲ့ အဘိုးတို့ရှိတယ်၊

၁၂ ကို စိတ်ထဲမှာ မှတ် လက် ၁၀ ချောင်းထောင်၊

ဒါတော့ အဘယူလိုက်မယ် ကျန်တာတော့ ကိုယ့်ဘာကို ဝေစုခွဲကြ

ကျယ်ကျယ်ပြော မကြားရဘူး၊

မသေခင် ဝန်ကြီးတစ်နေရာလောက်ရရင် ကျေနပ်ပါပြီ၊

ရှေ့ကနေ ဦးဆောင်ပြီး တကမ္ဘာလုံးကို ကျော်တက်ပြမယ်၊




အဓိက ခန်းဝင်ပစ္စည်း - အိုးတွေ၊ ပန်းကန်တွေ

အဓိက ရည်ရွယ်ချက်က - စားဖို့၊ သောက်ဖို့

အဓိက အမာခံ အဖွဲ့ဝင်တွေက - ၇၀ ကျော် အဖိုးကြီးတွေနဲ့ ၇ နှစ်အောက် ကလေးတွေ

အဓိက အလုပ်က - အားတိုင်း အစည်းအဝေးလုပ်၊ များများအိပ်ငိုက်

အဓိက တာဝန်ယူနေတာက - ဝန်ကြီး (အိပ်မက်ထဲမှာ)


Myanmar Express

နားလည်ရခက်သော အလုပ်များကို အရှက်မရှိ လုပ်နေသူများ

ဝိုင်းကြီးပက်ပက်ဒူဝေဝေ.... ကျွန်စိတ်ပျောက်ဖို့ လိုပြီလေ...

ကာကြ ကွယ်ကြ...... သူသမ္မတဖြစ်ရင် ငါတို့က ကာကွယ်ရေးဝန်ကြီးပဲ...

လူသားချင်း တန်းတူအခွင့်အရေးရဖို့.... ဈေးသွား၊ ဈေးပြန် ဝန်းရံကြစို့.....


ဟေး... screen ကြည်ကြည်လင်လင် ကြည့်ရတော့မယ်....

ဝူး..... ဝူး.... ဝူး....

ပျော်ပွဲစားထွက်တာတောင် ဒီလောက် ပျော်စရာမကောင်းဘူး

စလုံးက အဖွဲတွေ ဒီလိုသာ မှန်မှန်ကြိုးစား ဒီမိုကရေစီ ရဖို့ သေချာပြီ

ဟား... ဟား.. ဟား... မြန်မာ အတိုက်အခံတွေက တကယ်ရူးတဲ့ကောင်တွေပဲ

၃ နှစ်သား အသိဥာဏ်ပဲရှိတဲ့ အိမ်က သားလေးတောင် လူကြားသူကြား ဒီလို မပေါရဲဘူး

နိုင်ငံရေးသမားတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ


  1. ရှေ့မရောက်လို့ အမျိုးမျိုး အပြစ်တင်နေကြပြီး နောက်ကိုပဲ ပြန်သွားဖို့ စဉ်းစားနေကြတာ ဘာကြောင့်ပါလဲ???

  2. နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည် ဟု ပြောသော ဒေါ်အောင်ဆန်းစုကြည်က အသက် ၄၂ နှစ်ကျော်မှာ နိုင်ငံရေး စလုပ်တာ ဘာကြောင့်ပါလဲ???

  3. အကျယ်ချုပ်ကျခံနေရသူ တစ်ဦးဖြစ်နေလျှက် ဂျွန်ရက်တော အိမ်ထဲဝင်လာတာကို ပြန်လည်းမလွှတ်၊ သက်ဆိုင်ရာကိုလည်း အကြောင်းမကြားပဲ အိမ်ထဲမှာ ခိုးပြီး တစ်ညလုံးအတူနေခဲ့ရတာလဲ??

  4. အကျယ်ချုပ်က လွတ်ခါနီးမှာ ဒေါ်စုကြည် လွတ်ရင်ဘာလုပ်မလဲ အားလုံးစိတ်ဝင်စားနေတုန်း ဒေါ်စုကြည်က twitter သုံးပါမယ်လို့ ပြောလိုက်ပါတယ်။ ဒေါ်စုကြည် twitter သုံးခြင်းက လက်တလော နိုင်ငံတော်အတွက် အရေးအကြီးဆုံး အလုပ်ကြီးများဖြစ်နေလား??? twitter သုံးခြင်းဖြင့် နိုင်ငံတော်နဲံ့ ပြည်သူအတွက် ဘာတွေလုပ်နိုင်ပါသလဲ??? အဲ့ဒီထက် ကောင်းတဲ့နည်းလမ်း တကယ် မရှိတော့တာလား??? လက်တလော နိုင်ငံရေး ပြဿနာတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းက twitter သုံးခြင်းလား???

  5. ပထမဆုံး မိန့်ခွန်းမှာ ပြည်သူ့အသံတွေ ကြားချင်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ငါးမင်းဆွေ ပြောတာကို ဘာကြောင့် မကြားချင်ရတာလဲ??? ဘာကြောင့် အကြောင်းမပြန်ရတာလဲ??? ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ က နာမည်မကြိုက်လို့ အထက်ကို မတင်နိုင်ပါဘူး လို့ ဘာကြောင့်ပြောရတာပါလဲ???

  6. နူကလီးယား လက်နက်များအပါအဝင် တစ်ချက်တည်းနှင့် လူသန်းပေါင်းများစွာကို သေစေနိုင်တဲ့ လက်နက်များထုတ်လုပ်နေသော အမေရိကန်နိုင်ငံကို မြေမြုပ်မိုင်းလေးတွေ လုပ်တာ တားမြစ်ဖို့ ဒေါ်စုကြည်က ဘာကြောင့် တိုက်တွန်းခိုင်းရတာလဲ???

  7. NLD အပါအဝင် ပါတီအားလုံး မှတ်ပုံမတင်ရင် ပျက်မယ်ဆိုတာ သိသိကြီးနဲ့ ပျက်ချိန်ကို သုံးလကြာအောင် ထိုင်စောင့်နေခဲ့ပြီးမှ ခုမှ ဘာလို့ NLD ပြန်ရပ်တည်ဖို့ ကြိုးစားရတာလဲ???

  8. ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်တွေက ဒေါ်စုကြည်ရဲ့ သဘောထားကို ဆန့်ကျင်ကာ ရွေးကောက်ပွဲကိုဝင်ခဲ့တာ ဒေါ်စုကြည်နဲ့ ပါတီခေါင်းဆောင်တွေ အချင်းချင်း သိကြပါလျှက် ခုမှ သဘောထားချင်းတူပါတယ်၊ လက်တွဲပါမယ် လို့ ပြောနေကြတာ ဘာကြောင့်ပါလဲ???

  9. မီဒီယာများအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေထက် လက်တလော ဒေါ်စုကြည် ဘုရားသွားတာ၊ ဈေးသွားတာနဲ့ လေဆိပ်သွားတာကို စိတ်ဝင်တစား ဖော်ပြနေကြတာ ဘာကြောင့်ပါလဲ???

  10. နိုင်ငံရေးတွင် ပါဝင်ပတ်သက်ပြီး တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးများထက်၊ လုံးဝမပက်သတ်တော့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုမှ နိုင်ငံရေးသမားတို့ စိတ်ဝင်တစား ဝေဖန်၊ သုံးသပ်နေကြတာ ဘာကြောင့်ပါလဲ???

  11. တပ်မတော်တစ်ရပ်လုံး သို့ ပြောစရာစကားများ ရှိပါက စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်မှုရေးများတွင် လက်ရှိ လုံးဝ ပက်သတ်မှုမရှိတဲ့ ရုရှားရောက် ပညာတော်သင် အရာရှိများသို့သာ ဦးတည် ပြောနေကြတာဘာကြောင့်ပါလဲ???

  12. မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲကြပြီး ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင်နေကြတာဘာကြောင့်ပါလဲ???


  13. ဆွေးနွေးညှိနိုင်းမှုကို လိုလားကြောင်း ပြောနေကြပြီး ဆွေးနွေးညှိနိုင်းရင်း အသာစီးမရင် ညစ်ညမ်းတဲ့ အသုံးအနှုံးတွေနဲ့ ဆဲရေးတိုင်းထွာကြတာဘာကြောင့်ပါလဲ???

  14. သံဃာဖြစ်ပြီး သံဃာနဲ့မဆိုင်တဲ့ အလုပ်ကိုမှ လုပ်နေသူ သံဃာတွေနဲ့ အနုပညာရှင်ဖြစ်ပြီး အနုပညာနဲ့မဆိုင်တဲ့ အလုပ်ကို လုပ်နေတဲ့သူတွေကိုမှ နိုင်ငံရေးသမားတို့ ချီးကျူးလေးစားနေကြတာ ဘာကြောင့်ပါလဲ???

  15. အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ကြပြီး တဖက်မှာ တစ်နိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်နေကြတာ ဘာကြောင့်ပါလဲ???

  16. ဒေါ်စုကြည်နဲ့ သူ့သားနဲ့ တွေ့ချိန်မှာ မုဒိတာတွေ ပွား ကိုယ်ချင်းစာနိုင်ပြီး ရှေ့တန်းရောက် တပ်မတော်သားတွေရဲ့ အိုးအိမ်နဲ့ ၁၀ နှစ် ၁၅ နှစ် စွန့်ခွာခဲ့ရတာကို ကိုယ်ချင်း မစာနိုင်တာဘာကြောင့်လဲ???

  17. တစ်ဖက်မှာ စစ်ပွဲကြောင်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ရိုက်ပြပြီး နောက်တစ်ဖက်မှာ စစ်ပွဲ အတွန့်ရှည်ဖို့အတွက် အကူညီပေး၊ အလှူခံ ပံ့ပိုးတဲ့ အလုပ်တွေကို မျက်နှာပြောင်တိုက် လုပ်နေကြတာ ဘာကြောင့်ပါလဲ???

  18. တစ်ဖက်မှာ နှစ်သက်သောသူကို အမေတပ်ခေါ်နေပြီး နောက်တစ်ဖက်မှာ မနှစ်သက်တဲ့သူကို တိရစ္ဆာန်အမျိုးမျိုးနာမည်တွေနဲ့ ခိုင်းနှိုင်းရိုင်းစိုင်းနေတာ ဘာကြောင့်ပါလဲ???

  19. တစ်ဖက်မှာ နိုင်ငံတော် တိုးတက်ဖို့ ပညာတက်၊ လူငယ်တွေ အများကြီး လိုတယ်ပြောနေပြီး၊ တစ်ဖက်မှာ ဒုတ်ကောက်နဲ့ လမ်းလျှောက်နေကြရတဲ့ အဘိုးကြီးတွေကပဲ ထိုင်ခုံပြည့်ယူထားတာ ဘာကြောင့်ပါလဲ???

  20. စက်တင်ဘာ တော်လှန်ရေး(ခေါ်) ဘုန်းကြီးဆူပူမှုမှာ ဦးဆောင်တဲ့ ဘုန်းကြီးတွေက စကားဝဲတဲ့ တိုင်းရင်းသားတွေ ဖြစ်နေတာ ဘာကြောင့်ပါလဲ???

  21. သတင်းထောက်တွေ သတင်းယူတာကို ဆူပူကြိမ်းမောင်လွှတ်တဲ့ NLD ရုံးက အစောင့်တွေအကြောင်းကို
    အကျယ်တဝင့် မပြောပြကြပဲ မသိဟန်ဆောင်နေကြတာ ဘာကြောင့်ပါလဲ???

  22. တစ်ဖက်မှာ ကမ္ဘာက ထုတ်ပြန်တဲ့ ဘာသာရေးနဲ့ စီးပွားရေး အဆင့်သက်မှတ်ချက်တွေမှာ မြန်မာနိုင်ငံ နိမ့်ကျသွားတာကို အသံကျယ်ကျယ် အော်နေပြီး၊ နောက်တစ်ဖက်မှာ ဘာသာရေးလုပ်နေတဲ့ ဘုန်းကြီးတွေကို ဘာသာရေး စိတ်မဝင်စားအောင်၊ စီးပွားရေး အေးအေးချမ်းချမ်းလုပ်နေတဲ့ ပြည်သူတွေ လှုပ်လှုပ်ရွရွဖြစ်ပြီး ကုန်ဈေးနှုံးတက်အောင် လုပ်နေကြတာ ဘာကြောင့်ပါလဲ???

  23. တစ်နေရာရာမှာ ဗုံးပေါက်ပါက ချက်ခြင်း တစ်ယောက်တစ်ပေါက်ဖြင့် အမျိုးမျိုး အစိုးရကို လက်ညိုးထိုးကြ၊ ဗုံးပေါက်သဖြင့် အလွန် ရက်စက်ကြမ်းကြုပ်ကြောင်းရေးသားကြပြီး အစိုးရအတိုက်အခံ အဖွဲ့အစည်းတစ်ခုခုက ဖောက်ကြောင်း အဖြေပေါ်ချိန်တွေ လှိုက်လှိုက်လှဲလှဲထောက်ခံပြီး နောက်တစ်ကြိမ်ဆိုလျှင် အစိုးရနေအိမ်များကို ဖောက်ရမည်ဟု ကြွေးကြော်ကြတာ ဘာကြောင့်ပါလဲ???

  24. တစ်ဖက်မှာ လက်နက်ကိုင်မှုနဲ့ အကြမ်းဖက်မှုကို ရှုံ့ချကြပြီး ဒေါ်စုကြည်ကို ကန့်ကွက်သည့်တစ်ယောက်အား လိပ်စာပေးကြ၊ လုပ်ကြံခိုင်းကြနှင့် အားပါးတရ အာပေးနေကြတာ ဘာကြောင့်ပါလဲ???

  25. တစ်ဖက်မှာ နေ့စဉ်နှင့်အမျှ ဆူပူကြဖို့၊ သူရဲပေါမကြောင်ဖို့ သူရဲကောင်း တစ်ဦးပမာ လှုံ့ဆော်ရေးသားနေသော်လည်း တစ်ဖက်မှာတော့ မိမိနာမည်နှင့် နေရပ်လိပ်စာအမှန်ကိုတောင် ဖော်ပြဖို့ဝန်လေးကြ၊ အသိမခံရဲဖြစ်နေကြသည်မှာ ဘာကြောင့်ပါလဲ???

  26. တစ်ဖက်မှာ ကမ္ဘာ့အလည်မှာ အထင်သေးခံရသဖြင့် မကျေနပ်ကြောင်း ရေးကြသော်လည်း၊ တစ်ဖက်မှာတော့ ကိုယ့်နိုင်ငံအကြောင်း အထင်ကြီးစရာတွေကို ကမ္ဘာသိအောင် ဘာတစ်ခုမှ မတင်သည့်အပြင် ကိုယ်တိုင်က အထင်သေးစရာ ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များကိုသာ တင်နေကြတာ ဘာကြောင့်ပါလဲ???

  27. အွန်လိုင်း၊ ဘလော့နဲ့ facebook တွေပေါ်မှာ အန်တီစု၊ အန်တီစုဆိုပြီး တအားချစ်ပြနေကြသူတွေ၊ အကျယ်ချုပ်ကျတုန်းက ကိုယ်ချင်းစာသနားနေကြသူတွေက ခု လို လွတ်လပ်သွားချိန်မှာ ကိုယ်တိုင် သွားမတွေ့ကြပဲ အင်တာနက်ပေါ်ကပဲ ဓာတ်ပုံကြည့် စုတောင်းပေးနေကြတာ ဘာကြောင့်ပါလဲ???


မြန်မာ အတိုက်အခံတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ (၂)

မြန်မာ အတိုက်အခံတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ (၃)

အမြင်မရှင်းသည့် မေးခွန်းများ (၄)

ဒေါ်အောင်ဆန်းစုကြည်အတွက် မေးခွန်း (၅၅) ခု




ပညာမဲ့ (သို့) မြန်မာအတိုက်အခံများ နှင့် ပညာရှိ

ဒီမိုကရေစီ ခေါင်းစဉ်တပ် မြန်မာ့နိုင်ငံရေး အတိုက်အခံတို့ရေ.... ကိုယ့်စိတ်မှာဖြစ်နေတဲ့ စိတ်တွေနဲ့တိုက်ကြည့်ပါ။ ဒေါ်လာစား အတိုက်အခံတွေရော ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေရော ဒီစာလေးကိုဖတ်ပြီးတော့ အားမနာတမ်း ကိုယ့်ကိုကိုယ် ဝေဖန်လိုက်ပါ။ ပြီးရင်တော့ ပညာရှိဖြစ်အောင်ကျင့်ရမဲ့ အချက်တွေကို လိုက်နာကျင့်ကြံရင်းဖြင့် ပညာရှိဖြစ်အောင် ကြိုစားနိုင်ကြပါ…။။။


ပညာမဲ့ (သို့) မြန်မာအတိုက်အခံများ နှင့် ပညာရှိ

ပညာရှိက သာသနာပူဇော်ဖို့ ဒါန ပြုတယ်။
ပညာမဲ့က ငါကောင်းစားဖို့ ဒါန ပြုတယ်။

(နာမည်ရဖို့ HIV ပိုးရှိ လူနာများနှင့် ဆက်ဆံတဲ့ မစ်စစ်အဲရစ်လို မလုပ်ကြနဲ့ ပညာရှိတစ်ယောက်လို သာသနာပူဇော်ဖို့ ဒါန ပြုချင်ရင် တခြား လုပ်စရာတွေ အများကြီးရှိတယ်)


ပညာရှိက မမြဲသောခန္တာကို အမိုက်ခံ၍ မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်။
ပညာမဲ့က ငရဲကျမှာကြောက်လို့ ငါးပါးသီလမြဲတယ်။

(သရဲကြောက်လို့ ဝတ်စုံဖြူနဲ့ မုတ်ဆိပ်ရှည်ထားတဲ့ မင်းသား ကြားဖူး၊ မြင်ဖူးတယ်မဟုတ်လား)


ပညာရှိက သံဃာအစစ်မှ ဂစ္ဆာမိတယ်။
ပညာမဲ့က ငါတို့ဘုန်းကြီးမှ ဂစ္ဆာမိတယ်။

(သံဃာအစစ် တွေ အများကြီးရှိတဲ့ ကြားက တော်လှန်ရေးဘုန်းကြီးတွေကိုမှ ထောက်ခံ အားပေး ချီးမွှမ်း စာဖွဲ့ကြတာ ဘယ်သူတွေလဲ??)


ပညာရှိက မဂ်ဥာဏ်ဖိုဥာဏ်ကို လေးစားတယ်။
ပညာမဲ့က ထုံးစံကို လေးစားတယ်။

(””ဘယ်တုန်းက ဘာဖြစ်ခဲ့တယ်၊ ဘာဖြစ်ရင် ဘာဖြစ်တယ်”” ဆိုတဲ့ အစဉ်အလာနဲ့ ထုံးစံ အကြောင်း စကားတွေကို ပြောရေးဆိုခွင့်ရှိသူ ဆိုသူတွေနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဆိုသူများ အပြောဆုံး)


ပညာရှိက အများကောင်းတိုင်းလိုက်မကောင်းပါ။
ပညာမဲ့က အများကောင်းရင်လိုက်ကောင်းတယ်။

(ဒါတော့ ပြောစရာကို မလို၊ ဘုမသိ ဘုမသိနဲ့ ဘာပြောပြော လက်ခုပ်လိုက်တီးနေတဲ့လူတွေက တပုံကြီး)


ပညာရှိက နာမည်ကြီးတိုင်း လိုက်၍မယုံပါ။
ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံတယ်။

(ဒါကတော့ အားလုံး မျက်မြင်ပါပဲ)


ပညာရှိက သဘောမှန်ကို မြတ်နိုးတယ်။
ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။

(အမျိုးမျိုးပြောင်းနေကြတာ၊ ပြောင်းချင်နေကြတာ၊ အထူးအဆန်းလေးတွေ မျှော်နေကြတာ။ အထူးဆန်းကြီးတွေနဲ့ တွေ့မှာကိုတော့ ကြောက်ရမှန်းမသိဘူး)


ပညာရှိက ဘုရားနှစ်မျိုးမထားပဲ တစ်မျိုးတည်းထားတယ်။
ပညာမဲ့က ရွှေထူတဲ့ဘုရားမှ မြတ်နိုးတယ်။

(ရွှေထူရမယ်၊ လူစည်ကားရမယ်၊ နာမည်ကြီးရမယ်။ အဲ့လို ဘုရားမျိုးကိုမှ လူသိရှင်ကြား သွားဖူးမယ်။
အိမ်နားက ဘုရားတွေ အများကြီးကို ကျော်ပြီးတောင် သွားသေးတယ်)


ကဲ ပညာရှိသူတို့ရဲ့ စရိုက်တွေ တစ်ခုမှ မလုပ်ကြပဲ ပညာမဲ့သူတို့ရဲ့ စရိုက်တွေကို အဟုတ်ကြီးထင်မှတ်နေကြတဲ့ အတိုက်အခံအပေါင်းတို့ သံဝေဂ နောင်တ အမြန်ရကြကုန်လော့.....။


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ