Subscribe to our RSS Feed

စနစ်တကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပါ

ကွယ်လွန်သူ စာရေးဆရာ ကဗျာဆရာများအကြောင်း လွမ်းစာတွေရေးကြတဲ့အခါမှာ အရက်ဆိုင်ထဲ အရက်သောက်ရင်း ပြောကြဆိုကြတာတွေ အရေးများနေတဲ့အကြောင်း မကြာမီက ရေးလိုက်ပါတယ်။


စုတုပြု

ကွယ်လွန်သူတွေရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေရုံသာမက စာကဗျာဝါသနာပါတဲ့ လူငယ်လေးတွေ အတုယူမှားဖွယ် ဖြစ်စေတာကြောင့် ရေးလိုက်တာပါ။ လူ့ဦးနှောက်ဆိုတာ 'စုတုပြု' ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဖြည်းဖြည်းချင်းနှင့် တဆင့်ပြီး တဆင့် ဖွံ့ဖြိုးလာတာ ဖြစ်တယ်။ ရှေ့ကပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို နောက်လူတွေက အတုယူကြတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ ဖြစ်တယ်။

ကျွန်တော်တို့ခေတ်က စာပေသမားမှန်ရင် လက်ဖက်ရည်ကျကျကို တနေ့ ကိုးခွက်၊ ၁၀ ခွက် သောက်လေ့ရှိတယ်။ အများစုက ဆရာဗန်းမော်တင်အောင်ရဲ့ ဇာတ်လိုက်တွေကို အားကျအတုယူခဲ့ကြတာ ဖြစ်တယ်။ တချို့ကျတော့ သူတို့ကြိုက်တဲ့ စာရေးဆရာတွေ ထိုင်တယ်ဆိုတဲ့ 'တာဝှာ'ဘား တို့ 'ကျုံဝှာ'ဘား တို့မှာ သွားထိုင်ကြတယ်။ နောက်ပိုင်းလူငယ်တွေကျတော့ ကဗျာဆရာတွေ အထိုင်များတယ်ဆိုတဲ့ ရေကျော်နဲ့ ၄၂ လမ်းက အရက်ဆိုင်တွေမှာ ကြက်ရိုးသုပ်နဲ့ ပျော်ကြတယ်။


သစ္စာရှိပြီး မေတ္တာကြီးမား

တချို့စာရေးဆရာ ကဗျာဆရာတွေ အရက်ကြိုက်လို့ သောက်ကြတယ်။ တချိန်တည်းမှာ သူတို့ဟာ စာရေးဆရာကောင်း၊ ကဗျာဆရာကောင်းတွေ ဖြစ်ကြတယ်။ စားဝတ်နေရေး ပြည့်စုံအောင် တာဝန်မယူနိုင်ပေမယ့် အများစုဟာ သစ္စာရှိပြီး မေတ္တာကြီးမားတဲ့ လင်ယောက်ျားနဲ့ ဖခင်တွေ ဖြစ်ကြတယ်။

သူတို့သားသမီးတွေရဲ့ စိတ်ထဲမှာ သူတို့အဖေဟာ အရက်သမားကြီးပါလားဆိုတဲ့ အရိပ်မည်းကြီး လွှမ်းမိုးနေအောင် မလုပ်သင့်ကြပါဘူး။ သူတို့အဖေများဟာ ဘယ်လောက် ကောင်းတဲ့စာတွေ၊ ကဗျာတွေ ရေးခဲ့ကြသူတွေဖြစ်တယ်ဆိုတဲ့ ဂုဏ်ယူစိတ်နဲ့ ကြီးပြင်းလာစေသင့်ပါတယ်။ သိမ်ငယ်စိတ်နဲ့ ကြီးပြင်းလာရတဲ့ ကလေးများဟာ တသက်လုံး ကြောက်စိတ်ကြီးမားနေတတ်ပြီး လူတောမတိုး ဖြစ်သွားတတ်ပါတယ်။


လွမ်းစာ အရေးကောင်းသူ

အမေ လူထုဒေါ်အမာဟာ ကွယ်လွန်သူများရဲ့ အကြောင်းရေးတဲ့နေရာမှာ အင်မတန် ကောင်းလှတယ်လို့ အမေ့ ဆရာတွေဖြစ်ခဲ့တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကိုယ်တိုင် မှတ်ချက်ချခဲ့ကြပါတယ်။ ဒါတောင်မှ တချို့က ကွယ်လွန်သူများရဲ့ ဘဝအစိတ်အပိုင်းတချို့ကို ချန်လှပ်ရေးသားမှုနဲ့ပတ်သက်ပြီး သဘောမတူနိုင်ခဲ့ကြဘူး။ ဘယ်သူက အရက်သမားဖြစ်ပြီး ဘယ်သူက ဘိန်းစွဲသူဖြစ်တယ်။ ဘယ်သူက မိန်းမ ဘယ်နှယောက်ယူပြီး၊ ဘယ်သူက ယောက်ျား ဘယ်နှယောက်နဲ့ ညားခဲ့တယ် ဆိုတာမျိုးတွေကိုပါ အမှန်အတိုင်း ထည့်ရေးသင့်တယ်လို့ ဆိုသူက ဆိုခဲ့ကြတယ်။

အမေ လူထုဒေါ်အမာကတော့ ပြည်သူချစ်သော အနုပညာရှင်တွေရဲ့ အနုပညာအစွမ်းထက်ပုံနဲ့ ကြိုးစားအားထုတ်ပုံတွေ အကြောင်းရေးမှ နှောင်းလူတွေအတွက် အကျိုးရှိစေတယ်။ ဘယ်သူ ဘယ်လောက် အရက်သောက်ပြီး ဘယ်လောက် ဖဲကစားကြောင်း၊ မိန်းမ ဘယ်နှယောက်ယူကြောင်း ဇွတ်တွေရေးလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ပြောလေ့ ရှိပါတယ်။


လူထုကျောင်းထွက်

စာရေးဆရာတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရေးကြတာ ဖြစ်တယ်။ အမေမာကတော့ သူ့ခံယူချက်အတိုင်း ပြည်သူချစ်သော အနုပညာသည်များအကြောင်း ရေးခဲ့တယ်။ သူ့ဆရာတွေက ချီးကျူးစကားဆိုခဲ့သလို စာဖတ်ပရိသတ်များကလည်း နှစ်သက်ကြတယ်။ ကိုယ်တိုင်ကလည်း 'လူထု ကျောင်းထွက်' ဖြစ်တာကြောင့် အနုပညာသမားတွေအကြောင်း လွမ်းစာရေးကြတဲ့အခါမှာ သူတို့ရဲ့အနုပညာတွေအကြောင်းပဲ မီးမောင်းထိုးပြသင့်တယ်လို့ ယူဆသူ ဖြစ်တယ်။

သီချင်းတပုဒ်အကြောင်းရေးတဲ့အခါမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီသီချင်းရေးဖြစ်တဲ့အကြောင်း၊ သီချင်းရဲ့ သံစဉ်တွေကို ဘယ်လိုရှာတဲ့အကြောင်း၊ စာသားနဲ့ စကားလုံးတွေရအောင် ဘယ်နည်း ဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတဲ့အကြောင်း စတာမျိုးတွေက ဘယ်အချိန်မှာ ဘယ်သူနဲ့ ဘယ်လိုအရက်မျိုးသောက်ပြီး ရေးတယ် ဆိုတာမျိုးတွေထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ယူဆတယ်။


ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်တာ မကောင်း

ဘယ်နေရာမှာဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို သိပ်ပြီးရှေ့တန်းတင်တာ မကောင်းဘူး ထင်တယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ အာဏာရှင်စနစ်ဆိုတာ ပုဂ္ဂိုလ်ကိုးကွယ်မှုလွန်ကဲရာက ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြို့မငြိမ်း အကြောင်း ရေးမယ်ဆိုရင် မြို့မငြိမ်းရဲ့ အနုပညာအတိမ်အနက်ကို စနစ်တကျ လေ့လာ သုတေသနပြုပြီး သီချင်းတပုဒ်ချင်းစီရဲ့ သံစဉ်တွေဟာ ဘယ်လိုသံစဉ်တွေဖြစ်ပြီး ဘယ်လို ရှာယူခဲ့ရကြောင်း၊ စာသားတွေကိုလည်း ဘယ်လို ရှာခဲ့ကြောင်း ခွဲခြမ်းစိတ်ဖြာ ရေးပြမယ်ဆိုရင် နောင်လာနောက်သား ဂီတဝါသနာရှင်တွေအတွက် အများကြီး အကျိုးရှိစေနိုင်ပါလိမ့်မယ်။


မြို့မငြိမ်းရဲ့ ပုံရိပ်

မြို့မငြိမ်းအကြောင်း ရေးတဲ့စာတွေ အများကြီး ဖတ်ခဲ့ဖူးတယ်။ မြို့မငြိမ်းရဲ့ သားတွေကိုယ်တိုင်ရေးတဲ့ စာတွေလည်း ဖတ်ခဲ့တယ်။ မှန်တာပြောရရင် ဒီနေ့ထိ အားရကျေနပ်လောက်တဲ့ စာမျိုးမတွေ့သေးဘူးလို့ပဲ ပြောချင်တယ်။ စာတွေထဲမှာ ဖတ်ရတဲ့ မြို့မငြိမ်းက သေးနေ ငယ်နေတယ်။ အားလုံးရဲ့အရေးအသားတွေက မြို့မငြိမ်းရဲ့ စကားလုံးနဲ့ စာသားတွေ ဘယ်လောက်နူးညံ့လှပပြီး ဘယ်လောက် ကဗျာဆန်ကြောင်း၊ မြို့မငြိမ်း သီချင်းအရေး ဘယ်လောက်ကောင်းကြောင်း ညွှန်းဖွဲ့တာတွေပဲ များတယ်။

အားလုံးခြုံ နိဂုံးချုပ်လိုက်တော့ မြို့မငြိမ်းဆိုတာ စာသားနဲ့ စကားလုံးလှလှလေးတွေ ရွေးချယ် သီကုံးတတ်တဲ့ သီချင်းရေးဆရာတယောက်ဖြစ်တယ် ဆိုတဲ့ပုံရိပ်ပဲ ပေါ်လွင်ထင်ရှားလာခဲ့တယ်။

အဆပေါင်းများစွာမြင့်တဲ့

သီချင်းအရေးကောင်းတဲ့ သီချင်းရေးဆရာဆိုတဲ့ ပုံရိပ်ဟာ မြို့မငြိမ်းကို ဂုဏ်ပြုရာမရောက်ဘဲ သေးသိမ်အောင် နှိမ့်ချပြောဆိုလိုက်တာလို့ ခံစားရတယ်။ တကယ်တော့ မြို့မငြိမ်းဟာ သာမန်စကားလုံးလှလှလေးတွေ ရေးတတ်တဲ့ သီချင်းရေးဆရာ သက်သက်ထက် အဆပေါင်းများစွာ မြင့်မားတဲ့ ဂီတပညာရှင်ကြီးတယောက် ဖြစ်တယ်လို့ ဆိုချင်တယ်။ စိန်ဗေဒါကြီးဟာ သာမန် ဆိုင်းဆရာတယောက်မဟုတ်တဲ့ ဂီတအနုပညာရှင်ကြီးတယောက် ဖြစ်သလို ဆရာငြိမ်းဟာလည်း သာမန် သီချင်းရေးဆရာတယောက်မျှသာ မဟုတ်ပါဘူး။ ဂီတ အနုပညာရှင်ကြီးတယောက်ပါ။


သရီးဒီ သံစဉ်တွေ

မြို့မငြိမ်းရေးခဲ့တဲ့ သီချင်းတိုင်းလိုလိုမှာ စကားလုံး စာသားအလှတင်မက တေးသွားသံစဉ်တွေပါ ရောင်စုံဖြာယှက်ပြီး လှနေတယ်၊ ကြွနေတယ်၊ ခေတ်စကားနဲ့ပြောရရင် သရီးဒီသံစဉ်တွေလို့ ပြောနိုင်တဲ့ သီချင်းတွေ အများကြီး တွေ့နိုင်တယ်။ အတော်များများဟာ ရှေးရိုးမြန်မာသံစဉ်မျိုးတွေနဲ့ မတူကွဲပြားခြားနားနေတာကိုလည်း ဂီတနားရှိသူတိုင်း သိနိုင်ကြတယ်။

တချို့သီချင်းတွေမှာ ဘီသိုဗင်ရဲ့သံစဉ်နဲ့ ဆင်နေတာတွေ တွေ့ရသလို တချို့သီချင်းကြတော့ မိုးဇက်ရဲ့ တီးလုံးလိုလို ထင်ရတာမျိုးတွေ တွေ့နိုင်တယ်။ ဆရာငြိမ်းဟာ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်ထိရောက်အောင် ဆွဲတင်ဖို့ ကြိုးစားနေသူ ဖြစ်တယ်။ သာမန် သီချင်းရေးဆရာတယောက် သက်သက်မဟုတ်ဘူး။ ဂီတဗေဒပညာရှင် (Musicologist) ဖြစ်တယ်။


မဏ္ဍပ်တိုင် တက်ပြကြတာ

စိန်ဗေဒါကိုသွားပြီး ဆိုင်းတီးကောင်းတယ်လို့ပြောလိုက်တာဟာ ချီးကျူးရာ မရောက်ဘဲ စော်ကားသလို ဖြစ်စေတယ်ဆိုတာ သိဖို့ ကောင်းတယ်။ စာရေးသူအတော်များများက သူတို့ရေးတဲ့ ပုဂ္ဂိုလ်အကြောင်း ရေးချင်တာထက် သူတို့အကြောင်း မဏ္ဍပ်တိုင်တက်ပြချင်ကြတာ များကြတယ်။

အဲဒီအကြောင်းကို 'ဆင်ဖြူတော်မှီ ကြံစုပ်တဲ့စာတွေ' ဆိုတဲ့ခေါင်းစဉ်နဲ့ မဂ္ဂဇင်းတစောင်မှာ ရေးခဲ့ဖူးသေးတယ်။ ဆင်ဖြူတော်မှီ ကြံစုပ်တာလည်း လူ့သဘာဝ၊ မဏ္ဍပ်တိုင်တက်ပြချင်တာလည်း လူ့သဘာဝမို့ အပြစ်မပြောချင်ပါဘူ့း။ ဒါပေမယ့် အရေးခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်သင့်ကြတယ်။

လူကို စိတ်မဝင်စားပါနဲ့
လူငယ်တွေကို အထူးသဖြင့် ပြောချင်တာက လူပုဂ္ဂိုလ်ကို စိတ်ဝင်စားတာထက် သူတို့ရဲ့လုပ်ရပ်တွေကို ပိုပြီး စိတ်ဝင်စားလေ့လာပါဆိုတာ ဖြစ်တယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ အရက်သောက်တဲ့စာတွေသာ ဖတ်နေရပြီး သူတို့ရေးခဲ့တဲ့ ကဗျာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ပြတဲ့စာမျိုးတွေတော့ အတွေ့ရ အင်မတန် နည်းပါတယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ဟာ သာမန် ကဗျာဆရာဆိုတဲ့အဆင့်ကို လွန်မြောက်ခဲ့သူတွေပါ။ သေးသိမ်အောင် မလုပ်ကြစေချင်ဘူး။


လူထုစိန်ဝင်း

အလံအောက်က လူအားလုံး ဘောပဲ


သုံးရောင်ခြယ်အလံအောက်မှာ အစည်းဝေးလုပ်ကြမယ်။

အဘိုးကြီးများလည်း အလံအောက်မှာ နေရာယူ။

အဖွားကြီးများလည်း လိုက်ပွဲတောင်းဖို့ ပြင်။

အလံအောက်ကလူအားလုံး ဘောပဲ။

လုံးဝ ဘောပဲ၊ ငါ့နာမည်လည်း ထိန်လင်းပဲ။

အဘိုးကြီးတွေရော အဖွားကြီးတွေရော ကုလားမက ဘောပဲ။


အလံအောက်မှ ဗုဒ္ဓဘာသာဝင်များ။

ကျုပ်တို့ကို စော်ကားနေပြီ၊ ထားလိုက်ပါ ဝန်ကြီး ဖြစ်မှ ရုံးက လူမိုက်တွေနဲ့ ရိုက်ခိုင်းလိုက်မယ်။

အဲ့ဒီ ကုလားမ ငါနဲ့တွေ့မယ်။

ဗုဒ္ဓဘုန်းကြီးတွေကလည်း ကုလားမကို ထောက်ခံတယ်၊

အလံပေါ် ချနင်းခြင်းသည် ဒီမိုကရေစီသို့ ချဉ်းကပ်ခြင်းဖြစ်သည်။

အလံကို အဝတ်စုတ်တစ်ခုလိုပဲ သက်မှတ်တယ်၊ ထမိန်စုတ်လို့ပဲ သက်မှတ်တယ်။

အဝတ်စုတ်ကို ရုံးထိပ်မှာ တင်ပြီး အောက်မှာ နေရတာ လည်းကောင်းတာပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင် ၇၀ ကျော်တုန်းကလည်း ငါတို့ ထမိန်အောက်က ထွက်လာတာပဲ၊
မထူးပါဘူး၊ ခုလည်း ထမိန်အောက်မှာ ခိုင်းသမျှ လုပ်နေရာတာပဲ

ခုထိ လိုက်ပွဲက ရောက်မလာဘူး


Myanmar Express

ဘာမှမထူးခြားတဲ့ ရက် ၂၀ ကျော်

ဒေါ်စုကြည်ခေါ် မစ်စစ်အဲရစ် အနေနဲ့ အကျယ်ချုပ် ကျနေစဉ်ကာလမှာ ဂျွန်ဝီလီယံယက်တောကို ဘယ်သူ့ကိုမှ အသိမပေးပဲ မိန်းခလေးများချည်း ရှိနေသော မိမိနေအိမ်တွင် တစ်ညလုံး အတူရှိနေသည့် ဖြစ်စဉ်နဲ့ နောက်ဆုံး ကျခံခဲ့တဲ့ အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ ရက်ပေါင်း ၂၀ ရှိပါပြီ။ အသက် ၄၃ နှစ်မှ နိုင်ငံရေး စ လုပ်သော်လည်း နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ကြောင်းကို ၁၄ ရက်နေ့ကပဲ ပြည်သူတွေကို ပြောခဲ့ပါသေးတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို ၈၈ ခုနှစ်မှာ နိုင်ငံရေး စလုပ်ပြီး ၂ နှစ်ပဲရှိသေးတယ် နိုးဘဲ ဆုကြီး ရရှိထားသူမို့ မြန်မာ အချို့က ဒီမိုကရေစီ ခေါင်းဆောင်ဆိုပြီး ခေါင်စဉ်တပ် ချီးကျူး ထောက်ခံရေးသားမှုပေါင်းများစွာ လုပ်ခဲ့ကြပါတယ်။

ပွဲပြီးရင် ရုံးထဲမှာ ငါးဟင်းချက်ထားတယ်၊ ငါးမင်းဆွေကိုနိုင်ဖို့် စားသွားလိုက်အုံး

မည်သို့ပင် ဆိုစေကာမှု ခုဆိုရင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ခေါ် မစ်စစ်အဲရစ် အကျယ်ချုပ်က စလွတ်တဲ့နေ့ကစပြီး ချက်ချင်းပြည်သူတွေကို မိန့်ခွန်းတွေပြော၊ အစည်းဝေးတွေလုပ်နဲ့ ကြိုးစားခဲ့တာ ရက်ပေါင်း ၂၀ ကြာမြင့်ပေမယ့်လည်း ဘာဆို ဘာမှ တစ်စုံတစ်ရာ တိုးတက်လာတာ တစ်ခုမှမရှိခဲ့ပါဘူး။ ဘာအပြောင်းအလဲ တစ်ခုမှလည်း ဖြစ်မလာပါဘူး။ ထူးထူးခြားခြား ပြောင်းလဲ တာဆိုလို့ အရင်တုန်းက အစိုးရနဲ့ စစ်တပ် မကောင်းကြောင်းတွေ ဆက်တိုက်ပြော၊ ဆက်တိုက်ရေးနေတဲ့ အတိုက်အခံမီဒီယာတွေနဲ့ ဒေါ်လာစားရော ကိုယ့်ထမင်းကိုယ့်စား အတိုက်အခံ စာမျက်နှာ များက အစိုးရနဲ့ စစ်တပ်မကောင်းကြောင်းတွေ အပြင် ဒေါ်စုကြည် ရဲ့ ကောင်းကြောင်းတွေ ဆက်တိုက် တင်ဖြစ်တာပါပဲ။ ကောင်းကြောင်းဆိုတာထက် ကြားသမျှ၊ မြင်သမျှ၊ လုပ်နေသမျှ အားလုံး ပါပဲ။ ဈေးသွားတဲ့ အကြောင်းနဲ့ ကမ်င်ရဲ့ လက်မှာ တက်တူး ဘယ်ဆိုင်မှာ ထိုးတယ် ဆိုတဲ့ အကြောင်းတောင် ပိုစ့်တင်ကြပါသေးတယ်။

ဒေါ်စုကြည်အနေနဲ့ကလည်း
၁။ ၁၄၊၁၁၊၂၀၁၀ ရက်နေ့က လူတစ်ချို့ကို ဟင်းချက်ခြင်းနဲ့ နိုင်ငံရေး တို့ ပက်သက်ကြောင်းအပါအဝင် နိုင်ငံရေးနဲ့ ဆိုင်တဲ့ စကားတွေပြောခဲ့ပါတယ်။
၂။ ၂၀၊၁၁၊၂၀၁၀ ရက်နေ့မှာ ဒုတိယ ပင်လုံညီလာခံ လုပ်ဖို့နဲ့ ပက်သက်ပြီး ပြောခဲ့ပါတယ်။
၃။ ၂၅၊၁၁၊၂၀၁၀ ရက်နေ့က ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေ၊ အတွင်းရေးမှူး များဖြစ် သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ၊ ဦးနေဖူးဘဆွေ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
၎။ ၂၇၊၁၁၊၂၀၁၀ နောက်ထပ် ကုလ က လာတဲ့ မစ္စတာ ဗီဂျေနမ်ဘီးယား ကို လက်အုပ်ချီလိုက်၊ ဖက်လှဲတကင်း လုပ်လိုက်နဲ့ ကြိုဆိုခဲ့ပါတယ်။

ပထမဆုံး လုပ်ခဲ့တဲ့ အလာပသလာပ မိန့်ခွန်းနဲ့ ပက်သက်ပြီးတော့ ဒီနေရာ မှာ သံဝေဂ ယူနိုင်ပါတယ်။

ဒုတိယ လုပ်ခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာကတော့ အဲ့ဒီနေ့မှာ ကိုယ့်အချင်းချင်း တင်သွင်းပြီး ကိုယ့်အချင်းချင်း ထောက်ခံကာ အဟုတ်ကြီးလုပ်သွားပေမယ့်

တတိယ လုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌနဲ့ အတွင်းရေးမှူးများနဲ့ တွေ့ချိန်မှာပဲ လုံးဝ ပျက်ခဲ့ရပါတယ်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဌ ဦးသုဝေက ဒုတိယ ပင်လုံညီလာခံ ဆိုတာ အဓိပ္ပါယ်မရှိကြောင်း အချက်နဲ့ အလက်နက် သေချာ ထောက်ပြသွားတာ ဒေါ်စုကြည်ခမျှာ ဘာမှ ကို ပြန်မပြောနိုင်ပဲ ငြိမ်နေခဲ့ရပါတယ်။ အခုချိန်မှာ ရွေးကောက်ပွဲကို ကိုယ်တိုင်မဝင်သလို ဝင်သောသူများကိုလည်း သဘောမကျသော ဒေါ်စုကြည်နဲ့ ရွေးကောက်ပွဲဝင်ခြင်းက ဒီမိုကရေစီ ခြေလှမ်းအတွက် အရေးပါသော လမ်းစ ဟု ယုံကြည်သော အခြား ရွေးကောက်ပွဲဝင် ပါတီပေါင်း ၃၆ ပါတီတို့အနေနဲ့ သဘောထား ကွာဟမှုတွေ ကြီးမားနေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးနဲ့ အခြေအနေအရပ်ရပ် ကို ဘာမှမသိသေးတဲ့ ဒေါ်စုကြည်အနေနဲ့ ရွေးကောက်ပွဲဝင် ပါတီတွေနဲ့ ပါတီ ဥက္ကဌတွေကို မလွန်ဆန်ရဲသလို ရွေးကောက်ပွဲဝင် အခြားပါတီများအနေနဲ့ကလည်း ဒေါ်စုကြည်ရဲ့ အရှိန်ကို မလွန်ဆန်ရဲပါဘူး။ ဒါပေမယ့် အချင်းချင်းအနေနဲ့ အပေါ်ယံမှာ ပြုံးပြီး တွေ့ဆုံ ညှိနှိုင်းဖို့နဲ့ လက်တွဲလုပ်ဖို့ ပါးစပ်က ပြောနေကြပါတယ်။ ဒါပေမယ့်လည်း ခံယူချက်ခြင်းက ဆန့်ကျင်နေတော့ နောက်ကွယ်မှာတော့ တင်းမာမှုတွေနဲ့ မကျေနပ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် လက်ရှိအနေအထားမှာ တိုင်းရင်းသား ပါတီများက သက်ဆိုင်ရာပြည်နုယ်အလိုက် အနိုင်ရထားတာမို့ ဒုတိယ ပင်လုံဆိုတာကြီးကို လုံးဝ စိတ်မဝင်စားသလို လက်မခံနိုင်ပါဘူး။ ခုချိန်မှာ ရွေးကောက်ပွဲဝင် ပါတီများအတွက် ဒေါ်စုက ခလုတ်ကန်သင်း တစ်ခု ဖြစ်နေသလိုပဲ ဒေါ်စုအတွက်ကလည်း ရွေးကောက်ပွဲဝင် ပါတီများက ဆူးညှောင့်တွေ ဖြစ်နေပါတယ်။

လက်တွဲပါမယ်၊ လက်တွဲပါမယ်

နောက်ဆုံး ကုလ က မစ္စတာ ဗီဂျေနမ်ဘီးယား နဲ့ တွေ့ခဲ့တာကတော့ ထုံစံအတိုင်း ဘာမှထူးထူးခြားခြား စာဖွဲ့စရာမရှိပါဘူး။ လက်သုံးစကားဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး (သို့) ရင်ကြားစေ့ရေး လုပ်ဖို့ပဲ အဓိက ပြောခဲ့ကြပါတယ်။ ပြည်တွင်းမှာ ရင်ကြားစေ့ဖို့ ကုလသမဂ္ဂကိုယ်စားလှယ်က ဘာများလုပ်ပေးနိုင်မှာလဲ? ဆင်ခြင်ဖို့ကောင်းသလို တလွဲဆံပင် မကောင်းဖို့ လိုပါတယ်။

အနောက် အုပ်စုဆိုတာနဲ့ ကန်တော့ပြီးသား

ဒီတော့ သေချာသုံးသပ်ကြည့်ပါက ဒေါ်စုကြည်ဟာ ဘာမှမလုပ်တတ်ပါဘူး။ သူလုပ်တတ်တာ လူကြိုက်တဲ့ စကားတွေနဲ့ အစိုးရမကောင်းတာလေးတွေ ပြောပြီး လူထုထောက်ခံမှု ယူနိုင်တဲ့ လူတိုင်းလုပ်နိုင်တဲ့ အရည်အချင်းတစ်ခုပဲ ရှိပါတယ်။

တကယ့် မြန်မာ့နိုင်ငံရေးကို နားလည် ကျွမ်းကျင်သူတွေနဲ့ တွေ့ချိန်မှာ သူ ဘာမှမတတ်နိုင်ပါဘူး။ ဦးသုဝေ ဦးဆောင်နဲ့ ဒီမိုကရက်တစ်ပါတီ တစ်ခုနဲ့ပဲ တွေ့ရသေးတယ်၊ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာ ပျက်သွားပါပြီ။ ဦးသုဝေတို့ပါတီလို လွတ်တော်မှာ အမတ် ၃ နေရာပဲ အနိုင်ရတဲ့ ပါတီပါ၊ ပါတီဥက္ကဌကိုယ်တိုင် ရှုံးနိမ့်ခဲ့တဲ့ ပါတီကတောင် လက်မခံမှတော့ ကျန်တဲ့ မတွေ့ရသေးတဲ့ ပါတီတွေဆို့ရင်တော့ ပြောမနေပါနဲ့တော့။ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယအများဆုံးရထားတဲ့ ကျားဖြူပါတီကလည်း ဒုတိယ ပင်လုံညီလာခံဆိုတာကို လက်မခံပြန်ပါဘူး။ အခြား တိုင်းရင်းသား ပါတီအားလုံးကလည်း စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ခေါင်းမာပြီး ကိုယ့်ကိုယ်ကို ပိုချစ်တဲ့ ဒေါ်စုကတော့ လက်မလျှော့ပါဘူး။ ကျန်တဲ့ ပါတီတွေတောင် မစည်းရုံးနိုင်ပဲ ပြည်ခိုင်ဖြိုးကို ဒုတိယ ပင်လုံညီလာခံမှာပါဖို့ ကြိုးစားမယ်လို့ ကြွေးကြော်နေပါတယ်။ အဲ့ဒီချိန်မှာ ငါးမင်းဆွေ တစ်ယောက်က အစိုးရအတိုက်အခံတွေလို ကွယ်ရာမှာ အတင်းမပြောပဲ ဒေါ်စုကြည် ရုံးသို့ ကိုယ်တိုင်သွားပြီး အမှန်တရားတွေကို ချပြလိုက်တာ ခု ထိ ဘာမှ ပြန်မပြောနိုင်ပဲ ရှိနေပါတော့တယ်။

ခုချိန်မှာ ဒေါ်စုကြည်အနေနဲ့ ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်တွေနဲ့ တွေ့ရမှာ ကြောက်နေသလို နိုင်ငံရေးကို နားလည်တဲ့ လူတွေနဲ့လည်း တွေ့ရမှာ ကြောက်နေပါတယ်။ ပထမဆုံး ဟောပြောပွဲမှာ သူမ အနေနဲ့ ဘယ်သူတွေနဲ့ဖြစ်ဖြစ် တွေ့ချင်တယ်၊ တွေ့လို့ မရနိုင်စရာအကြောင်းမရှိဘူး တွေ့ချင်ဖို့ပဲ လိုတယ် လို့ပြောခဲ့ပေမယ့် ငါမင်းဆွေလို လူမျိုးကိုတော့ ကြောက်ပြီး မတွေ့ဖို့ ရှောင်နေပါတယ်။

ဒေါ်စုကြည် မရှိချိန်မှာ NLD ဟာ ဘာဆိုဘာမှမလုပ်နိုင်တဲ့အပြင် ပါတီကို ဆက်လက်တည်မြဲအောင်တောင် မထိမ်းနိုင်ခဲ့ပါဘူး။ ခု ဒေါ်စုကြည် ပြန်ရောက်လာတာ ရက် ၂၀ ရှိပေမယ့်လည်း ဘာမှမထူးခြားပါဘူး။ ပါတီကိုတောင် ဘာမှ တိုးတက်အောင် မလုပ်နိုင်ပဲ နိုင်ငံတစ်ခုလုံးကို ဘယ်လိုတိုးတက်အောင်လုပ်နိုင်ပါ့မလဲ စဉ်းစားစရာဖြစ်နေပါပြီ...။

ထူးဆန်းသော နောက်တစ်ဖွဲ့

ခေါင်းမှာ မျက်နှာဖုံးကိုယ်စီ၊ ရင်ဘက်မှာ ပစ်မှတ်ကိုယ်စီ

ဓားမြလား၊ သူရဲကောင်းလား...
ကိုင်တော့ သေနတ်၊ ထုတ်တော့ ကြေငြာချက်

အစဉ်အလာကောင်းတဲ့ ဒို့ စွမ်းအားမြှင့် စစ်သည်တော်


Myanmar Express

ဘူပိတ်နေသူများ

ပြည်ပရောက် အတိုက်အခံများ

အရင်တုန်းကတော့ အစိုးရလုပ်သမျှ၊ နိုင်ငံတွင်းမှာ ဖြစ်သမျှ ကန့်ကွက်ပွဲလုပ်နေကြသော ပြည်ပရောက် ဒေါ်လာစား အတိုက်အခံများရဲ့ စီးပွားရေးကို ဒုတ်နဲ့ ထိုးချလိုက်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ခုဆိုရင် ပြည်ပရောက် ဒေါ်လာစား အတိုက်အခံအားလုံး ဘာလုပ်ပြလို့ လုပ်ပြရမှန်းမသိတော့ပါဘူး။

အရင်တုန်းက ဆန္ဒပြပွဲဓာတ်ပုံတွေတင်ပြီး အလုပ်ဖြစ်နေတဲ့ ဒေါ်လာစားအတိုက်အခံများနဲ့ ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေကတော့ ခုဆိုရင် နေ့စဉ်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ထွက်လာသမျှ အကုန်တင်နေကြပါပြီ။ မြန်မာ့အရေးထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကို ပိုစိတ်ဝင်စားသော အတိုက်အခံအားပေး စာဖတ်သူများကလည်း သောင်းသောင်းဖျဖျ ကွန်းမန့်တွေ ပေးနေကြပါတယ်။

ဂျပန်ရောက် အတိုက်အခံများကတော့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး စားနေတဲ့ ထမင်းလုပ်များအတွက် သူများငြိုငြင်မခံရဖို့ ဆန္ဒပြပွဲ တစ်ခု ဟန်ပြ လုပ်ခဲ့ကြပါတယ်။ ခုချိန်မှာ မြန်မာ့အရေးကို ကန့်ကွက်ပါက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သလို ဖြစ်မည်ကိုလည်း သတိထားရပြန်ပါတယ်။ ဒီတော့ အရင်တုန်းက ကန့်ကွက်ပွဲတွေရဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့ ထောက်ခံပွဲ ကို လုပ်ရတော့တာပါပဲ။

ဆန္ဒပြသူက တစ်ယောက် ဓာတ်ပုံရိုက်သူက (၅) ယောက်

တော်ပြီကွာ ဖွန်ကြောင်တာပဲ ကောင်းတယ်

ပါတီဝင်များ

နောက်ထပ် ဘူပိတ်နေသူတွေကတော့ ပြည်တွင်းက ရွေးကောက်ပွဲဝင် ပါတီတွေပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲ ဝင်တာက အဆိုးလို့ လက်ခံသတိပေးထားလျှက်နဲ့ ဆန့်ကျင်ဖက် အမြင်များနဲ့ ဝင်ခဲ့တာကြောင့် ခုချိန်မှာ လုပ်ရကိုင်ရ တော်တော်ခက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်ပြီး လုပ်ရင်လည်း အနောက် အုပ်စုနိုင်ငံများနဲ့ အဆင်မပြေ ဖြစ်ရပါအုံးမယ်။ ရွေးကောက်ပွဲက ပြီးသွားပြီမို့ ပြန်ထွက်လို့ကလည်း မရနိုင်နဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲ တစ်ခုလုပ်ခဲ့ပေမယ့် သဘောထားချင်း မတိုက်ဆိုင်တာတွေ သိပ်များနေတော့ ထင်တိုင်း မပေါက်ခဲ့ပြန်ပါဘူး။ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ထောက်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပဲ ဒုတိယ ပင်လုံညီလာခံခေါ် လွတ်လပ်ရေးမရခင် တုန်းက အခြေအနေကိုပဲ ပြန်သွားချင်နေတော့ ရှေ့ကို မရောက်နိုင်ပဲ ဖြစ်နေပါတယ်။ NDF ပါတီက ဒီကြားထဲ ပါတီထဲမှာလူ ၁၀၀ တောင် မပြည့်သေးတာတောင် သဘောထားတွေက ကွဲပြီး ဖြုတ်ထုတ်သတ်တွေ လုပ်နေရပါသေးတယ်။ လူ ၁၀၀ မပြည့်တဲ့ ပါတီတစ်ခုကိုတောင် တည်ငြိမ်အောင် မထိန်းနိုင်တဲ့ ပါတီခေါင်းဆောင်များက နိုင်ငံတော် သမ္မတ မလုပ်ရတော့လို့ ရွေးကောက်ပွဲမှာ မဲခိုးတယ်လို့ စွပ်စွဲပြန်ပါတယ်။

NDFမှ ထုတ်ပယ်ခြင်း ဦးသိန်းညွန့် ရှင်းလင်းစဉ်

ကျားဖြူပါတီကတော့ အအာင်မြင်ဆုံးပါတီလည်းဖြစ်နေတော့ ရွေးကောက်ပွဲနိုင် ရှမ်းအမတ်တွေနဲ့ ရှမ်းပြည်နယ်ကို ကိုယ့်ပြည်နယ် ကိုယ့်အုပ်ချုပ်ရေး လုပ်ဖို့ စီစဉ်နေပါပြီ။ တစ်ဖက်မှာလည်း မြန်မာပြည်သူအားလုံး လေးစားတဲ့ ဗိုလ်ချုပ် ရဲ့ သမီးဖြစ်နေတာရယ်၊ အနောက်အုပ်စုက ထောက်ခံတာတွေရယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြိုဆိုနေရပြန်ပါတယ်။


ပင်လုံညီလာခံကို ကန့်ကွက်သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ

ဒေါ်အောင်ဆန်းစုကြည်


နောက်ထပ် ဘူပိတ်နေသူ တစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ။ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ်စေချင်ဆုံးက ဒုတိယ ပင်လုံညီလာခံဆိုတာထက် ဒုတိယ ရှစ်လေးလုံး အရေးအခင်းပါ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်ပျက်နေချိန်ဟာ ကောဇောအိတ်သမားတို့အတွက် စီးပွားရှာဖို့ အကောင်းဆုံးအချိန် ဖြစ်သလို အစိုးရဆန့်ကျင်သူတို့အတွက် လူထုထောက်ခံမှု အလွယ်ကူဆုံး ရနိုင်တဲ့ အခြေအနေဖြစ်နေလို့ပါ။ ၈၈ တုန်းကလို နိုင်ငံရေး ဆူပူမှုဖြစ်မှာ သူမ ကိုယ်တိုင်လည်း နိုင်ငံရေး နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ အစိုးရမကောင်းတဲ့ အတင်းလေးတွေကို မိန့်ခွန်းတွေမှာညှပ်ပြီး စကားပြောကောင်းရုံနဲ့ လွယ်လွယ်နဲ့ အာဏာရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခုအနေအထားက ဘာမှမသိပဲ ဝင်လုပ်လို့ စကားပြောကောင်းရုံနဲ့ ဝင်ဆံ့နိုင်တဲ့ နိုင်ငံရေးအခြေအနေ မဟုတ်တော့ပါဘူး။ လူထုထောက်ခံမှု ရှိတယ်ဆိုပေမယ့်လည်း ကိုရီးယား မင်းသား ဂျူမုံလောက်တောင် လာရောက်တွေ့ဆုံအားပေးသူမရှိလို့ အိပ်မပျော်ဖြစ်နေရပါတယ်။ ဒီကြားထဲ ငါးမင်းဆွေ က ထောက်ပြသွားတာတွေကြောင့် စိတ်ညစ်ရပါသေးတယ်။

ငါးမင်းဆွေ

နောက်တစ်ခုက ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ထက်ထက် နိုင်ငံရေး ပိုနားလည်တဲ့ ပါတီခေါင်းဆောင်တွေလည်း ရှိနေတော့ ဘယ်ကစပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ တော်တော် အကြပ်ရိုက်စေပါတယ်။ ဒါကြောင့် သူများယောင်လို့ လိုက်ယောင်ပြီး သူများ ပင်လုံလို့ လိုက်ပင်လုံလိုက်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါပေမယ့် ပင်လုံညီလာခံလုပ်ဖို့ကို ဦးသုဝေ က ကန့်ကွက်နေတော့ မပင်လုံနိုင်တော့ပြန်ပါဘူး။ ဒါပေမယ့် သူမ မှာ စကားပြော ကောင်းတာအပြင် အားသာချက် နောက်တစ်ချက် ရှိပါသေးတယ်။ အဲ့ဒါက အနောက်အုပ်စုက ဘုမသိ ဘမသိ အထင်ကြီးခြင်းပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ခုချိန်မှာ ဒီတစ်ချက်ကိုပဲ ကောင်းကောင်း အသုံးချဖို့သာ ကျန်ပါတော့တယ်။ ဒါကြောင့် ကိုယ်စားလှယ်တို့လာချိန်မှာ မျက်နှာကို အတက်နိုင်ဆုံးပြုံးပြီး ပြေးဖက်ရတော့တာပါပဲ (ဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်) ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် ထောက်ခံမှုတွေရမှာတော့ သေချာပါတယ်။

အားကိုးစရာ သူတို့ပဲ ကျန်တော့တယ်



Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ