Subscribe to our RSS Feed

ဘာသာရေးနဲ့ နိုင်ငံရေး

၁၇.၁၁.၂၀၁၀ က ထုတ်ပြန်တဲ့ စာရင်းအရ ဘာသာရေးလွတ်လပ်ခွင့် မရှိဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါတယ်တဲ့။ BBC, VOA, DVB, RFA တို့က ဝမ်းသာအားရ ကြေငြာသွားသလို၊ ဧရာဝတီ တို့ လို နိုင်ငံခြား အထောက်အပံ့ယူပြီး ကိုယ့်နိုင်ငံမကောင်းကြောင်း ရေးနေတဲ့ စာမျက်နှာနဲ့ ဒေါ်လာစား ဘလော့ဂါတွေက ကူးချတင်ပြထားတာ တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ်။

ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ ဘာကိုပြောတာလဲ? မြန်မာနိုင်ငံမှာ ဘာသာရေးလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ဘာတွေများ ဘယ်နှခါ ကန့်သက်နေလို့လဲ? အဲ့ဒီစာရင်းထုတ်ပြန်တဲ့လူတွေက ဘယ်သူ့တွေကို မေးပြီး ဘယ်လိုဆုံးဖြတ်လိုက်တာလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒီ စာရင်းကို သတင်းဌာနတွေနဲ့ စာမျက်နှာတွေက ဘယ်အထောက်အထားနဲ့ ယုံကြည်ပြီး ဘာရည်ရွယ်ချက်နဲ့ ဖော်ပြကြလဲ ဆိုတာကိုလည်း နားမလည်နိုင်ပါဘူး။

ဘာသာရေးပြန့်ပွားအောင်လုပ်ဖို့ဆိုတာ ဘုန်းကြီးတွေရဲ့ အဓိကတာဝန်ပါ။ ဘာသာရေးပြန့်ပွားအောင်လုပ်တဲ့ ဘုန်းကြီးတွေအပေါ်မှာ ဘာကန့်သက်ချက်မှာမရှိပါဘူး။ အထူးသဖြင့် ဗုဒ္ဓဘာသာမှာ ဆိုရင် အစိုးရနဲ့ တပ်မတော်သားအားလုံးက ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ ပိုတောင် အားပေးပါသေးတယ်။ တပ်တိုင်းမှာ တပ်ဦးကျောင်း၊ တပ်ဦးစေတီ ဆိုပြီး အမြဲ ကိုင်းရှိုင်းကြပါတယ်။ အစိုးရနဲ့ တပ်မတော် က ကိုင်းရှိုင်းတယ်ဆိုရင် ပြည်သူတွေရဲ့ အပြစ်လား?? ပြည်သူတွေက လည်း ဘာသာရေးဆိုရင် နံပါတ်တစ် နေရာမှာထားပါတယ်။ ရွာတွေနယ်တွေမှာဆိုရင် ဘုန်းကြီးတွေကတောင် အုပ်ချုပ်နေတဲ့ ဒေသတွေလည်း တစ်ပုံကြီးပါ။ အစိုးရနဲ့ ပြည်သူတို့ အပြစ်မဟုတ်ဘူးဆိုတော့ သံဃာတော်တွေနဲ့ အတိုက်အခံတွေရဲ့ အပြစ်လား?? ဒါလည်း မဟုတ်လောက်ဘူးထင်ပါတယ်။ အတိုက်အခံတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ မရောတာ အကောင်းဆုံးပါ။ မြန်မာ့သမိုင်းမှာ ဆိုးရွားဆုံး ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဒါမျိုးတွေ ထပ်မဖြစ်အောင် အားလုံးမှာ တာဝန်ရှိပါတယ်။ သံဃာတော်တွေကလည်း နိုင်ငံရေးနဲ့ ကင်းအောင်နေသင့်သလို နိုင်ငံရေးလုပ်ဆောင်သူများအနေနဲ့ကလည်း သံဃာတော်တွေလုံးဝ မပါအောင် စီစဉ်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ဘာသာရေး သိပ်နားမလည်တဲ့ နိုင်ငံခြားပြန် နိုင်ငံရေးသမားတွေ ကိုလည်း နားလည်အောင် ပြောပြသင့်ပါတယ်။ သံဃာတော်တွေကိုလည်း အားမပေးဖို့လိုပါတယ်။ ဘာသာ ရေးကို ခုတုံးလုပ်တဲ့ နိုင်ငံရေးသမား သံဃာအတုတွေကိုလည်း ဖော်ထုတ် အပြစ်ပေးရပါမယ်။












Myanmar Express

ဘယ်သူ ဘာလဲ ? ဘယ်လဲ ?

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုများ သာဓကတွေကြောင့် လူအနည်းစုက အမှတ်ပေးလိုက်လဲဆိုတာကို ခေါင်းရှုပ်ခံပြီး စဉ်းစားစရာ မလိုပါဘူး။ အဓိကကတော့ ပုဂ္ဂိုလ်ရေး ကြောင့်ပါ။ လုပ်ရည်ကိုင်ရည်နဲ့ သမိုင်းတစ်ခုမှ မပါပါဘူး။ ပုဂ္ဂိုလ်ရေးဆိုတာကလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို အလွန့်အလွန်မှာ လေးစား ချစ်ခင်ခြင်းတွေကြောင့်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးသက်သက်နဲ့ တော့ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးရောရင် အကုန်ဒုက္ခလှလှရောက်သွားပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ကလည်း နိုင်ငံရေးလောကထဲ စ ဝင်ချိန်ကနေ ခုချိန်ထိ ဘာတစ်ခုမှ လုပ်မပြရသေးပါဘူး။ ထောက်ခံတဲ့လူတွေရဲ့ ကြေငြာချက်တွေနဲ့ အင်တာဗျူးတွေမှာလဲ ဒေါ်စု လုပ်နိုင်မယ်လို့ထင်ပါတယ်၊ လုပ်နိုင်မယ်လို့ ယုံပါတယ် လို့ပဲ ပါတာပါ။ သေချာပေါက်လုပ်ခဲ့ဖူးတယ်။ ဘယ်တုန်းက ဘယ်လိုလုပ်လိုက်လို့ မြန်မာနိုင်ငံကြီး အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသွားတယ်ဆိုတယ်လို့ ထည့်မပြောပါဘူး။ ထည့်ပြောရအောင်လည်း တစ်ချက်မှ မရှိပါဘူး။


ဒေါ်အောင်ဆန်းစုကြည်

ဒေါ်စုက ပြည်သူတွေကို စကားပြောချိန်မှာ ""ဖေဖေ ပြောဖူးတယ်...."" ဆိုပြီး စကားခံခံပြီး ပြောတတ်ပါတယ်။ ဒေါ်စုအနေနဲ့ ခုမှ ဗိုလ်ချုပ်ရဲ့က စကားတွေနဲ့ လုပ်စားနေတာလဲ။ အဖေ့အရှိန်အဝါနဲ့ ဗန်းပြနေလဲဆိုတာ စဉ်းစားရခတ်ပါတယ်။ ဒီနာမည်နဲ့လုပ်စားမှ လူထုထောက်ခံမှု ရမယ်လို့ စိတ်ကူးမိလို့လည်း ဖြစ်ပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ ခုမှ ထပြီး နိုင်ငံရေး ဝင်လုပ်တာက နိုင်ငံကို ဖျက်ဆီးချင်လို့လား၊ သူနဲ့ သူ့အမေတို့ကို နေရာမပေးတဲ့ အစိုးရကို လက်တုန့်ပြန်ချင်လို့လား၊ အာဏာမက်လို့လား။ တစ်ခုခုတော့ ဖြစ်ပါလိမ့်မယ်၊ သုံးခုလုံးလည်း ဖြစ်နိုင်ပါတယ်။ ဗိုလ်ချုပ် က ဒေါ်စု (၂) နှစ်သမီးမှာ ကျဆုံးခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းက ဒေါ်စုအနေနဲ့ အဖေ တောင် ကောင်းကောင်း မခေါ်တတ်သေးပါဘူး။ ခုချိန်မှာတော့ ”ဖေဖေကပြောတယ်... နိုင်ငံရေးက လူတိုင်းနဲ့ ဆိုင်တယ်တဲ့....” ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ်ကို သုံးပြီး ထောက်ခံမှုယူနေပါတယ်။

ဒေါ်စု ၁၄ နှစ်အရွယ်ကစပြီး နယူးဒေလီမှာ ကျောင်းတက်ခဲ့ပါတယ်။ ၁၉ နှစ် အရွယ်မှာတော့ မြန်မာနိုင်ငံကို နှစ် ၁၀၀ ကျော် ကျွန်ပြုခဲ့ပြီး ဖခင်ဗိုလ်ချုပ်တို့ အသက်၊ သွေး၊ ချွေး ပေးဆပ်တိုက်ခိုက်ခဲ့ရတဲ့ ဗြိတိသျှတို့နေထိုင်ရာ အင်္ဂလန်မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ တည်ငြိမ် ရင့်ကျက်နေချိန်ဖြစ်သော အသက် ၂၇ နှစ် အရွယ်ရောက်သိတိုင် ဆင်ခြင်မဲ့စွာနဲ့ မနေနိုင်မထိုင်နိုင် မျက်နှာဖြူ မိုက်ကယ်အဲရစ် ကို လက်ထပ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်ဆိုတာ လူကြီးတစ်ယောက်လို့ ပြောလို့မရပေမယ့် ဝေဖန်ပိုင်းခြားမှုအဆင့်တော့ မြင့်မားသင့်ပါပြီ။ အဲ့ဒီချိန်ထိ ဒေါ်စု ဘာနိုင်ငံရေးမှ မလုပ်ခဲ့ပါဘူး။ ကိုယ့် အတ္တ၊ ကိုယ့်ဆန္ဒနဲ့ တဏှာ က လွဲပြီး ဘာကိုမှ ဦးစားမပေးခဲ့ပါဘူး။ အဲ့လိုနဲ့ပဲ ယောင်္ကျားယူပြီး ၂ နှစ်မှာ ခလေး တစ်ယောက် စပြီး ရတော့တာပါပဲ။ အဲ့ဒီနောက် ၂ နှစ်မှာ နောက်တစ်ယောက်။ နိုင်ငံရေး လုပ်ဖို့ အစီစဉ်ရှိတယ်၊ နိုင်ငံရေးကို နားလည်တယ်ဆိုရင် အဲ့ဒီချိန်ကတည်းက အပျိုကြီး လုပ်လို့ရပါသေးတယ်။ နိုင်ငံခြားသားကို မယူချင်လို့ အပျိုကြီးလုပ်နေတဲ့ မြန်မာအမျိုးသမီးတွေ တစ်ပုံကြီးရှိပါတယ်။ လုံးဝ ယောင်္ကျားမယူပဲ မနေနိုင်လို့ ယူမယ်ပဲထားအုံး အစ်ကို ဦးအောင်ဆန်းဦး လို မြန်မာ ကိုပဲ ပြန်ယူသင့်ပါတယ်။

အသက် ၄၃ နှစ် ကျော်မှသာ ရင်ဖုံးနဲ့ ထမိန်မချွတ်တာ အရင်ကတော့ မြန်မာနိုင်ငံမှာမနေ၊ မြန်မာနိုင်ငံသားမခံ၊ မြန်မာလိုဝတ်၊ မြန်မာ့မြေမလာ၊ မြန်မာလိုမနေ၊ မြန်မာလိုမစား၊ မြန်မာယောင်္ကျားမဟုတ်သူနဲ့ နှပါးသွား

ဒေါ်စု အသက် ၄၃ နှစ်မှာ မှ မြန်မာနိုင်ငံကို စ ပြီး ပြန်လာတာပါ။ ဒါတောင် အမေ နေမကောင်းလို့ပါ။ ဒေါ်ခင်ကြည်သာ ခုချိန်ထိ ကျန်းမာနေပါက ဒေါ်စု တစ်သက်လုံး ပြန်လာမှာမဟုတ်ပါဘူး။ အဲ့ဒီချိန်မှ မြန်မာ့နိုင်ငံရေးကို စပြီး လုပ်ခဲ့ပါတယ်။ နိုင်ငံရေးဆိုတာ လူသားတိုင်းနဲ့ ဆိုင်တယ် ဆိုတဲ့ လူက နိုင်ငံရေးကို ၄၃ နှစ်မှ စလုပ်တာ အံ့သြစရာဖြစ်နေပါတယ်။ အဲ့ဒီထက် အံ့သြောဖို့ကောင်းတာက ၁၉၈၈ ခုနှစ် စက်တင်ဘာကနေ ၁၉၈၉ ဇူလိုင်ထိ ၁၀ လ ပဲ နိုင်ငံရေး လုပ်ရသေးတယ် ငြိမ်းချမ်းရေးနိုဗယ်ဆု ရတာပါပဲ။


ယှဉ်ကြည့်ရင်တော့

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၄ နှစ်သမီးအရွယ် နိုင်ငံခြားမှာ ကျောင်းတက်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ စစ်သက် (၇) နှစ်ရှိပြီဖြစ်ပြီး အဲ့ဒီချိန်က တစ်နိုင်ငံလုံးမှာ ဗကပ အပါအဝင် ရောင်စုံသူပုန်များ သောင်းကျန်းနေချိန်ဖြစ်လို့ နေ့သေမလား၊ ညသေမလား မသိပဲ တိုက်ပွဲပေါင်းများစွာ ဆင်နွဲနေချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းတပါးသားကို လက်ထပ်ပြီး ပျော်ပါးနေသည့်နှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဒုဗိုလ်မှူးကြီး ဘဝနဲ့ တာဝန်ထမ်းဆောင်နေခဲ့ရပြီး နိုင်ငံအတွင်း အဆိုးရွားဆုံးနေရာများစွာကို သွားရောက် ကွပ်ကဲပြီ တိုက်ပွဲဆင်နွဲနေချိန် ဖြစ်သလို သေတွင်းမှလည်း သီသီလေးနဲ့ အကြိမ်ကြိမ်လွတ်ခဲ့ရတဲ့ အချိန်တွေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံထဲ ဝင်လာပြီး နိုင်ငံရေးက လူတိုင်းနဲ့ဆိုင်တယ် ပြောကာ နိုင်ငံရေးစလုပ်ဖို့ ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဗိုလ်ချုပ် အဆင့်နဲ့ တစ်နိုင်ငံလုံး နေရာအနှုံ့အပြားမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ နေ့ရောညပါ တိုက်ပွဲပေါင်းများစွာ၊ သူပုန်ပေါင်းများစွာကို တိုက်ခိုက်ချေမှုန်းပြီးချိန် ဖြစ်နေပါပြီ။

အခြေအနေချင်း၊ နိုင်ငံနဲ့ လူမျိုးအပေါ် အလုပ်လုပ်ဆောင်ခဲ့ဖူးခြင်းက မိုးနဲ့မြေလိုကွာခြားပေမယ့်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လိုက်လျှောညီထွေ အဆင်ပြေအောင် ဆက်ဆံခဲ့ပြီး ရင်ဘောင်တန်းထိုင်ခါ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။

ရောလို့ ပေါသွားတာလား

သို့ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ မူလသန္ဓေအတိုင်း အလျှင်းသင့်လျှင် သင့်သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အစိုးရအဖွဲ့ကို စောင်း၍တစ်မျိုး၊ ရွဲ၍တစ်မျိုး၊ တည့်တည့်တမျိုး နဲ့ အစိုးရမကောင်းပြောရင်း ပြည်သူတွေရဲ့ ထောက်ခံမှုကို ယူခဲ့ပါတယ်။ ပြစ်မှုတွေကြောင့် အကြိမ်ကြိမ်အပြစ်ခံရသော်လည်း အမှတ်သည်းချေမရှိ ခုထိမိုက်လို့ကောင်းတုန်း ကြီးမိုက်ကြီးဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒေါ်စုအနေနဲ့ ကိုယ့်ထက် အသက်ရော၊ ဝါရော၊ အတွေ့အကြုံရော မြင့်မားနေတဲ့၊ မွေးကတည်းက ပြည်သူကြားမှာနေပြီး အသက်ငယ်ငယ်နဲ့ ပြည်သူကို အလုပ်ကျွေးပြုခဲ့ဖူးတဲ့ အစိုးရအဖွဲ့ဝင်လူကြီးတွေကို ကျော်ဖို့မပြောနဲ့ ယှဉ်ဖို့တောင် မဖြစ်နိုင်ပါဘူး။ အခုနောက်ပိုင်း အရှေ့တောင်အာရှမှာ တစ်ကျောင်းတည်း ရှိပြီး ငယ်ရွယ်ပြီး ထက်မြတ်တဲ့ ကျောင်းဆင်းတွေ မွေးထုတ်ပေးတဲ့ DSA မှာ ဆင်း အရာရှိကြီးတွေဆိုရင် နှိုင်းယှဉ်ဖို့ ပိုခက်ပါလိမ့်မယ်။ ဒီတော့ ဒေါ်စုက ဘာလဲ??? လက်ရှိအစိုးရက ဘာလဲ??? ဆိုတာ ဒီလောက်ဆို ဝေဖန်ပိုင်းခြားနိုင်လောက်ပါပြီ။ အခြေခံပညာတန်း တက်ချိန် ခလေး ဘဝ မှာ မြန်မာနိုင်ငံထဲမှာ ၁၄ နှစ်နေခဲ့တယ်။ နိုင်ငံခြားမှာ နှစ် ၃၀ နေခဲ့တယ်။ အကျယ်ချုပ်ထဲမှာ ၁၅ နှစ်၊ မြန်လူထုခြားမှာ ၆ နှစ် ပဲ နေခဲ့ဖူးတဲ့ လူတစ်ယောက်က လူထုနဲ့ နိုင်ငံတော်ကို ဘယ်လို နားလည်ပေးနိုင်မလဲ??? ဘယ်လိုအကျိုးပြုအောင်လုပ်နိုင်မလဲ??? ဘာအတွေ့အကြုံတွေနဲ့ သင်ခန်းစာပေးမှာလဲ????? မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်ကြပါစေ....။


Myanmar Express

သူပါလျှင် နိုင်ငံရေးသာမက ဘာသာရေးပါ ပျက်လိမ့်မည်

ကိုးကွယ်စရာမရှိမှာ မပူနဲ့ ယူကေပြန် ဒေါ်စုလာပြီ ရှိခိုးကန်တော့ ဦးချကြလော့

ကိုးကွယ်စရာ ပထမ က ဘုရား၊ ဒုတိယ က ဗိုလ်ချုပ်နဲ့ ဒေါ်စု၊ တတိယ က သံဃာ

ကော်ဇောပေါ်မှ ဒေါ်စုနှင့် ကြမ်းပြင်မှ သီလရှင် များ
(နိုင်ငံခြားပြန် ဘာသာခြားကို ယူထားသူမှ သီလရှင်များအား တရားဘာဝနာ ဟောကြားစဉ်)

နောက်ဘုရားမပွင့်ခင်ထိတော့ ဘိလပ်ပြန်အန်တီစုကိုပဲ ကိုးကွယ်တော့မယ်

ယောင်္ကျားတို့ဘုန်း လက်ရုံး၊ ယောင်္ကျားတို့ဖင် ကြမ်းပြင်၊ မိန်းမမြင်က ဦးချ

ဆုံမှတ်

http://4.bp.blogspot.com/_Vz93nWgI_tc/TOLD5Kc_JYI/AAAAAAAAAXQ/2n1gCrpK38M/s1600/myanmarexpress.blogspot.com.jpg

Myanmar Express

မြေမြိုလို့လူမျိုးမပြုတ်ဘူး၊ လူမြိုရင်လူမျိုးပြုတ်မယ်


ဒီခေါင်းစဉ်လေးရဲ့ အဓိပ္ပါယ်ဟာ အင်မတန် တန်ဘိုးရှိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစု အမြဲတမ်းနှလုံးသွင်းထားသင့်တဲ့ စာသားလေးပါ။ ဒီအကြောင်းအရာလေးကို ဖော်ပြရတဲ့ ရည်ရွယ်ချက်ဟာ တခြားလူမျိုးတွေကို ထိခိုက်စော်ကားလိုတဲ့ သဘောမျိုးနဲ့ ပြောလိုတာ မဟုတ်ပါဘူး.. ကျွန်တော်တို့ မြန်မာလူမျိုးတွေ.. ကိုယ့်လူမျိုး၊ ကိုယ့်အစဉ်အလား၊ ကိုယ့်မျိုးဆက်၊ ကိုယ့်ဘာသာသာသနာကို အမြတ်တနိုးတန်ဖိုးထားတတ်ပြီး ထိန်းသိမ်းစောင့်ရှောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၊ ကိုယ့်မျိုးဆက်၊ ကိုယ့်အမျိုး ကိုယ့်ဘာသာသာသနာကို တိုးတက်အောင် မစွမ်းဆောင်နိုင်ချင်နေပါစေ… စောင့်ရှောက်ရမယ့် တာဝန်ဆိုတာတော့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ မိဘတွေရဲ့ သားသမီးတွေအပေါ်မှာ ထားရှိတဲ့ မျှော်လင့်ချက်ငါးခုဖြစ်တဲ့ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမ၊ံ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ဆိုတဲ့အချက်မှာ နောက်ဆုံးအချက်ဖြစ်တဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ အဓိကအချက်ကို ပြောပြလိုခြင်း ဖြစ်ပါတယ်။

ဘာလို့ စောင့်လေမျိုးနွယ်ဆိုတဲ့ အချက်ကို အဓိကလို့ ပြောရတာလဲ ဆိုတာလေးကို အရင်ဆုံး ဖော်ပြလိုပါတယ်။ ယခုလို တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အဖက်ဖက်မှ မိမိဘာသာ မိမိလူမျိုးကို ဘက်ပေါင်းစုံကနေ တိုက်ခတ်မှုတွေ ရှိပါတယ်။ ကိုယ့်နိုင်ငံထဲမှာတင်ပဲ ကိုယ့်လူမျိုးကို သူ့လူမျိုးဖြစ်အောင်.. ကိုယ့်ကိုးကွယ်နေတဲ့ ဘာသာသာသနာကို သူ့ဘာသာသာသနာဘက် ရောက်သွားအောင် ငွေကြေးနဲ့ သိမ်းပိုက်၊ ယုတ်မာမှုတွေနဲ့ မတရားသိမ်းပိုက်ခံနေရတာ တွေရှိပါတယ်။ အဓိကကတော့ လူမျိုးခြားတွေနဲ့ လက်ထပ်ပြီး ကိုယ့်ဘာသာသာသနာကို အများအလယ်မှာ အဖတ်ဆယ်လို့မရအောင် ဖြစ်သွားတဲ့ အကြောင်းတွေကြောင့်ပါပဲ။ ဘယ်လောက်ကြီးပဲ ချစ်ပါတယ်ပြောပြော.. ကြိုက်ပါတယ်ပြောပြော.. ကိုယ့်ရဲ့ အတ္တတစ်ခုကို ရှေ့တန်းမတင်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဘာသာခြားတစ်ယောက်နဲ့ လက်ထပ်လိုက်တာဟာ မိမိတစ်ယောက်ထဲ ဆုံးရှုံးသွားတာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။

ဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျမယ်ဆိုရင် သူနဲ့အတူနေပြီး ရလာမယ့် သားသမီးတွေ ရှိလာပါမယ်။ ဖခင်ကဦးစီးပြီး လုပ်ကိုင်ရှာဖွေ ကျွေးမွေးရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဒီသားသမီးတွေဟာလည်း တခြားဘာသာဝင်တွေ၊ တခြားနိုင်ငံသားတွေ ဖြစ်သွားမယ်ဆိုတာ မလွဲပါဘူး။ တခြားနိုင်ငံမှာပဲနေပြီး တခြားဘာသာစကားတွေကိုပဲ ပြောကြပါလိမ့်မယ်။ ချစ်စခင်စ ကြင်နာစ မယူခင်တုန်းကတော့ မင်းလည်း မင်းဘာသာ လွတ်လွတ်လပ်လပ်ကိုးကွယ်.. ငါလည်း ငါ့ဘာသာ လွတ်လွတ်လပ်လပ် ကိုးကွယ်မယ်ဆိုတဲ့ စကားတွေဟာ ရပြီးနောက်ပိုင်း အနေကြာလာတော့မှ ဗြောင်းပြန်တွေ ဖြစ်ကုန်မှန်း.. မှားမှန်းသိရတဲ့ မြန်မာအမျိုးသမီးတွေ မရေမတွက်နိုင်အောင် များလွန်းလာတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ အလွန်အင်မတန်မှ လေးစားလောက်စာ ကောင်းပါတယ်ဆိုတဲ့၊ မြန်မာတစ်နိုင်ငံလုံးက ယောင်္ကျားတွေရော မိန်းမတွေရော အားလုံးနီးပါး အထင်ကြီးလှတဲ့ လူထုခေါင်းဆောင် နာမည်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ကြည့်ပါ။ နောက်ဆုံးတော့ အမှားတွေကို မှားပြီးရင်းမှားရင်း.. ကိုယ့်အပေါ်မှာမူတည်ပြီး ရလာမယ့် သားသမီးတွေပါ ဗုဒ္ဓဘာသာကနေ တခြားဘာသာကို ပြောင်းလဲသွားကြရတယ်၊ မြန်မာနာမည်ဘယ်သူမှမခေါ်တော့ဘူး၊ မြန်မာနိုင်ငံသားလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံအတွက်လည်း ဘာတစ်ခုမှ မလုပ်ပေးနိုင်တော့ဘူး။ မြန်မာရုပ်မပေါက်တဲ့အပြင် မြန်မာစကားတောင် ကောင်းကောင်းမပြောတတ်၊ မရေးတတ်၊ မဖတ်တတ်တော့ပါဘူး။ ဒါ့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ယောက် ဘာသာခြားနဲ့ လက်ထပ်လိုက်တာဟာ သူတစ်ယောက်ထဲ ဆုံးရှုံးသွားတာ မဟုတ်ဘူးလို့ အဓိက ပြောလိုခြင်းဖြစ်ပါတယ်။

ဒီခေတ်ကြီးထဲမှာ တစ်ချို့တွေက ပြောကြပါတယ်။ အချစ်ဆိုတာ လွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ စကားတစ်ခုပါ။ ဟုတ်ပါတယ်.. ကျွန်တော်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ဒီစကားကို လက်ခံပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အတ္တတစ်ခုကို ရှေ့တန်းတင်ပြီးတော့ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ခြေစုံကန်ပြီး ကိုယ့်ရဲ့မျိုးဆက်တွေကိုပါ ဘာသာခြား ဖြစ်သွားစေမယ့် အထိ၊ ကိုယ့်မျိုးဆက်တွေကို လူမျိုးခြားဖြစ်သွားစေမယ့် အခြေအနေအထိ၊ ကိုယ့်မျိုးဆက်တွေကို ကိုယ့်မိဘတွေနဲ့ အဖိုးအဖွားတွေကို မပြရဲလောက်တဲ့ အထိတော့ အချစ်ကို လွတ်လပ်စွာ မကိုးကွယ်သင့်ဘူးလို့ ကျွန်တော်ကတော့ ယူဆမိတယ်။ ဓမ္မဘေရီဆရာတော် ဆုံးမသြ၀ါဒ ပေးသလိုမျိုးဆိုရင်တော့.. မိဘက ကိုယ့်သားသမီးကို ကိုယ့်သားသမီးပါလို့ မပြောချင်လောက်အောင်.. ဆရာက ကိုယ့်တပည့်ကို ကိုယ့်တပည့်ပါလို့ မပြောချင်လောက်အောင်တော့ မမိုက်သင့်ပါဘူး.. ဆိုတဲ့ ဆုံးမစကားလေးပါပဲ။ ဒီစကားလေးဟာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ အမြတ်တနိုး တန်ဖိုးထား လိုက်နာသင့်တဲ့ ဆုံးမစကားလေးပါ။

ကျွန်တော်ပြောတဲ့အထဲမှာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အဓိကထားပြီးပြောတာဟာ အကြောင်းအရင်း ရှိပါတယ်။ ဘာသာခြားတွေနဲ့ အများဆုံးအိမ်ထောင်ကျတာ ကြည့်လိုက်ရင် ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေပါ။ ဒါဘာလို့လည်းဆိုတော့ လူမျိုးပြုတ်အောင် လူအချင်းချင်း မြိုလိုက်တဲ့ အဓိပ္ပါယ်ပါပဲ။ သူနဲ့ရလာမယ့် သူရဲ့မျိုးဆက်ကိုပါ ဘာသာခြားအဖြစ် စည်းရုံးသိမ်းသွင်းလိုတဲ့ အတွက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကစပြီးတော့တောင် နိုင်ငံခြားသားကိုယ် ယူပြီးတဲ့နောက်မှာ ကိုယ့်သားသမီးကို ကိုယ့်နိုင်ငံမှာ မမွေးပါဘူး၊ ကိုယ့်နိုင်ငံမှာ ကျောင်းမထားပါဘူး။ သမြန်မာ့ယဉ်ကျေးမှု၊ မြန်မာအသိုင်းအဝိုင်းနဲ့ ထိုက်တန်တယ်လို့ ယူဆမထားပါဘူး။ ခုဆိုရင် သူ့သားကလည်း အားလုံးမြင်ရတဲ့အတိုင်းပါပဲ။ ဒီတော့ ဒီနေ့ခေတ် မြန်မာလူငယ်များအနေနဲ့လည်း သူ့လို အမှားမျိုး ထပ်မှားအောင် ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှေ့မှာ လူမိုက်တယောက် မှားထားတာ ရှိမှန်းသိလျှက် ထပ်မှားမယ်ဆိုရင် ကိုယ်က သူ့ထက်မိုက်တဲ့သူ ဖြစ်ပါလိမ့်မယ်။ သူ့ကျွန်အောက် ရောက်သွားမယ် ဆိုရင်တောင် ပြန်တော်လှန်လို့ ရပါသေးတယ်၊ လူမျိုးအချင်းချင်း အမြိုခံရရင်တော့ ဘယ်တော့မှ ပြန်တော်လှန်လို့ မရသလို ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတဲ့စကားပါ ကမ္ဘာ့မြေပုံမှာ ပျောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ဒီအကြောင်းအရာလေးကို အဓိကထား ပြောပြချင်တာပါ။

အခုခေတ်မှာ ဗုဒ္ဓဘာသာလူမျိုးအများစုဟာ ဘာသာရေးအသိတရား အင်မတန်နည်းပါတယ်။ မိဘကလည်း ဘာသာရေးအသိမရှိ.. သားသမီးကလည်း ဘာသာရေးအသိ မရှိတဲ့အတွက်.. မိရိုးဖလာ ဗုဒ္ဓဘာသာတွေများပြီး ဘာသာခြားတွေနဲ့ လွယ်လွယ်ကူကူ အိမ်ထောင်ကျကာ ကိုယ့်ဘာသာကနေ တခြားဘာသာတွေ ဖြစ်သွားကြတာလည်း မရေမတွက်နိုင်ပါပဲ။ အင်မတန် ၀မ်းနည်းစရာပါ။ ဒီလိုဖြစ်လာတာကို အထင်မသေးပါနဲ့..။ လူလူချင်းမြိုပြီး လူမျိုးပါ အပျောက် ဖြစ်သွားအောင် လုပ်နေတာပါ။ ဘာသာရေးအသိမရှိပဲနဲ့ မွေးလာတဲ့ သားသမီးတွေဟာလည်း ကိုယ့်ဘာသာကို တန်ဖိုးထားရမှန်း မသိတောတဲ့အတွက် ဘုရား၊ တရား၊ သံဃာကို ကြည်ညိုရမှန်း မသိတော့ပါဘူး။ မကြည်ညိုတော့ သာသနာတော်ကို စောင့်ရှောက်ထိန်းသိမ်းနေတဲ့ ဘုရားတပည့်သား သံဃာတော်တွေကို ကိုးကွယ်ဆည်းကပ်ရမယ် ဆိုတာလည်း နားမလည်တော့ပါဘူး။ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ရဟန်းတွေပဲရှိပြီး.. သာသနာတော်ကို ထောက်ပံ့ကြည်ညိုတတ်တဲ့ လူပုဂ္ဂိုလ်တွေမရှိရင် သာသနာဟာ အနှေးနဲ့ အမြန်ကွယ်ပျောက်မယ်ဆိုတာ မလွဲဧကန်ပါပဲ။

ဒါ့ကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တစ်ယောက်သိသိ နှစ်ယောက်သိသိ သိအောင်တော့ ပြောပေးပါလို့ အကြံပေးလိုပါတယ်။ ကိုယ့်မျိုးဆက်ကို ကိုယ်မှမထိမ်းရင် ဘယ်သူမှ မထိမ်းပါဘူး။ ကိုယ့်ဘာသာစကားနဲ့ ကိုယ့်စာပေကို ကိုယ်မှ မလေးစားရင် ဘယ်သူမှ မလေးစားပါဘူး။ ကိုယ့်နိုင်ငံကို ကိုယ်မှမချစ်ရင် ဘယ်သူမှမချစ်ပါဘူး။ ကိုယ့်ဘာသာသာသနာကို ကိုယ့်လူမျိုးဗုဒ္ဓဘာသာတွေမှ မကြည်ညိုရင် ဘယ်သူမှ မကြည်ညိုပါဘူး။ ကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးမထားပါဘူး။ ကိုယ်ကတော့ တရားတွေ အားထုတ်.. ရိပ်သာတွေဝင်ပြီး.. ကိုယ့်သားသမီး မြေးမြစ်တွေကတော့ ဘာသာခြားတွေ ဖြစ်ကုန်မယ်ဆိုရင်တော့ အိပ်ပေါက်နဲ့ ဖားကောက်ရုံတင် မဟုတ်တော့ဘူးနော်.. ဖားတွေပါ မျိုးတုန်းပြီး ကောက်စရာမကျန်အောင် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓရဲ့အဆုံးအမတွေ.. ဗုဒ္ဓဘာသာရဲ့ တန်ဖိုးတွေကို မိမိလည်းသိအောင်ကြိုးစားပါ.. မိမိသိသလို အခြားသူငါကိုလည်း မိမိသိသလောက်လေး ပြောဆိုအကြံပေးပြီး ထိန်းသိမ်းစောင့်ရှောက်ပါလို့ တိုက်တွန်းလိုပါတယ်။

မေတ္တာရှင်ဆရာတော် အရှင်ဇ၀နရဲ့ ဆုံးမစကားလေးကို သတိရမိပါတယ်။ သာသနာပြုတယ်ဆိုတာ ဘုရားတွေလိုက်တည်တာကို ပြောတာမဟုတ်ဘူး.. လူတွေရဲ့နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ လိုက်နာကျင့်ကြံတတ်အောင်.. ဘုရားအဆုံးအမတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတာကို သာသနာပြုတယ်လို့ ခေါ်တယ်.. ဆိုတဲ့ ဆုံးမစကားလေးပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာလည်း ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဘုရားရှင်ရဲ့ အဆုံးအမတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။

ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အနုနည်းနဲ့တစ်ဖုံ အကြမ်းနည်းနဲ့တစ်မျိုး စည်းရုံးသိမ်းသွင်းပြီး ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်သွားတဲ့အကြောင်းကို အထက်မှာ ဖော်ပြထားတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ အားလုံးကိုလည်း အဲ့ဒီ့စာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ တိုက်တွန်းလိုပါတယ်။ စာမျက်နှာ (၁၄၃)မျက်နှာပဲ ပါရှိပါတယ်။ ကျွန်တော့်လို စာဖတ်ပျင်းတဲ့လူတောင် တစ်ခါထဲပြီးအောင်ဖတ်ပြီး ၀မ်းနည်းစွာနဲ့ မခံနိုင်အောင် ဖြစ်မိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာမှန်ရင်တော့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါပဲ။ ဒီအကြောင်းတွေ သိမှလည်း ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေ ဒီလိုဘာသာခြားတွေရဲ့ လူလူချင်းအမြိုခံရတဲ့ အန္တရယ်တွေက ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်ဂျီမေးလ်ထဲမှာ.. ဒီစာကိုဖြန့်ရင် ဒီကလေးအတွက် (၅)ရာခိုင်နှုန်းရပါတယ်ဆိုတဲ့ ဖော်ဝက်မေးလေး ဆယ်ကြိမ်မက ရောက်ပါတယ်။ ဒီမေးလ်လေးဟာ ဒီကလေးတစ်ယောက်အတွက် (၅)ရာခိုင်းနှုန်းလောက်ပဲ ရတာပါနော်.. ဒီစာအုပ်လေးကို ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း လက်ဆင့်ကမ်းပြီး ဖတ်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ လူမျိုးတွေအတွက် (၁၀၀)ရာခိုင်းနှုန်းတိတိ သာသနာပြုရာ.. အကျိုးပြုရာ.. ရောက်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်လေးကို အမှတ်တမဲ့ ဖတ်မိတဲ့ မြန်မာမိန်းကလေးတစ်ယောက် အသိတရားတစ်ခု ရသွားမယ်ဆိုရင် သူ့ရဲ့မျိုးဆက်တစ်ခုလုံးကို ကယ်တင်လိုက်ရာ ရောက်ပါတယ်။ ဒါ့ကြောင့်လည်း စာအုပ်လေးကို ဆက်လက် လက်ဆင့်ကမ်းဖြန့်ဝေပေးပါလို့ အလေးအနက်မှာလိုတာပါ။ ကျွန်တော်ရေးသားထားတဲ့ စာသားတွေ.. ကျွန်တော့် နာမည်တွေမပါချင်နေပါ.. ဆရာတော် အရှင်ပညောဘာသရေးသားတဲ့ "အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့ ဆိုတဲ့ စာအုပ်လေးကိုတော့ ဖြန့်ဝေပေးရင်း တတ်နိုင်သလောက် သာသနာပြုပေးကြပါလို့ ဆန္ဒပြုတိုက်တွန်းလိုပါတယ်။ အရှင်ပညောဘာသအား ရှိခိုးဦးတင်ရင်း.. ဆန္ဒပြုလိုသည်မှာ.. ဗုဒ္ဓ၏အဆုံးအမများ ကမ္ဘာတည်သ၍ ဆက်လက် တည်တံ့ပါစေ။ မြန်မာအမျိုးကောင်းသမီး၊ အမျိုးကောင်းသားများ အတ္တနဲ့ တဏှာနောက်ကိုလိုက်ရင်း မျိုးဆက်ညံ့ဖျင်း တိမ်ကောမှုမှ ရှောင်ရှားနိုင်ကြပါစေ....။

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ