Subscribe to our RSS Feed

ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေကြလို့

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အခု ၂ဝ၁ဝ ပြည့်နှစ်မှာ သန်း ၆ဝ နီးပါးရှိ နေပြီလို့ သိရတယ်။ ၁၉၆ဝ ခုနှစ် ဆီလောက်က လူဦးရေ သန်း ၂ဝ ကျော်ရှိရာကနေ နှစ်ပေါင်း ၅ဝ အ တွင်းမှာ သန်း ၄ဝ တိုးတက်လာ တဲ့သဘောဖြစ်တယ်။


သမိုင်းမှာ အများဆုံးပဲ


စီးပွားရေးသမားမဟုတ်လို့ ငါးရှဥ့်ဘယ်လောက်ပို့တယ်၊ကဏန်း ဘယ်လောက်ရောင်းရတယ်ဆိုတဲ့ အကြောင်းတွေ ရေးမလို့ မဟုတ်ပါ ဘူး။ စာနယ်ဇင်းသမား တစ်ယောက် ဖြစ်လို့ စာနယ်ဇင်းတွေအကြောင်း စဉ်းစားမိတာပါ။ ဒီနေ့ထုတ်ဝေနေ တဲ့ ဂျာနယ်ပေါင်းစုံ ၁၅ဝ ဝန်းကျင် ရှိသလို မဂ္ဂဇင်း ‘သဗ္ဗနံ’ပေါင်းစုံ လည်း ၁၅ဝ ဝန်းကျင်ရှိတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းသမိုင်းမှာ ဘယ်ခေတ် ဘယ်အခါကမှ ဒါ လောက် များပြားတဲ့ဂျာနယ် မဂ္ဂဇင်း တွေ တစ်ချိန်တည်း တစ်ပြိုင်တည်း မထွက်ဖူးလေတော့ အရေအတွက် အနေနဲ့တော့ အားရစရာ အလွန် ကောင်းတယ်။ ဝမ်းသာစရာ ဖြစ် တယ်။ ဒါပေမဲ့ အရည်အသွေးအနေ နဲ့ပြောရရင်တော့ ဝမ်းသာလောက် တဲ့ အနေအထားထိ မရောက်သေး ဘူးလို့ ပြောရလိမ့်မယ်ထင်ပါတယ်။


၅ဝဝ ကုန်အောင် မရောင်းရ


ဘာကိုကြည့်ပြီး ဒီလိုပြောတာ လဲဆိုတော့ ဂျာနယ် မဂ္ဂဇင်းတွေ ရောင်းရတဲ့စောင်ရေကိုကြည့်ပြီး ပြောတာပါ။ မဂ္ဂဇင်းတွေကို အရင် ဆုံးပြောပါမယ်။ အရေအတွက် အားဖြင့် ၁၅ဝ လောက်ရှိပေမယ့် အဲဒီထဲက ငါးပုံလေးပုံမကတဲ့ မဂ္ဂဇင်း တွေဟာ စောင်ရေ ၁ဝဝဝ တောင် ကုန်အောင်မရောင်းရကြပါဘူး။ အုပ် ရေ ၅ဝဝ ပဲရိုက်ပြီး လက်ဆောင် ပေးတာအပါအဝင် အုပ်ရေ ၂ဝဝ လောက်ပဲကုန်တဲ့မဂ္ဂဇင်းတောင်ရှိ ပါတယ်။ လုံးချင်းစာအုပ်တွေလည်း အလားတူပါပဲ။ ၆ဝ ခုနှစ်၊ ၇ဝ ခုနှစ်တွေ အတွင်းကလို ဘာစာအုပ်ပဲ ရိုက်ရိုက် အနည်းဆုံးအုပ်ရေ ၂ဝဝဝ ရိုက်တဲ့ခေတ်မရှိတော့ပါဘူး။ အုပ်ရေ ၁ဝဝဝပဲရိုက် ကြတော့တယ်။ တချို့ အုပ်ရေ ၅ဝဝ ပဲ ရိုက်ကြတယ်။ ဒါတောင် ကုန်အောင်ရောင်းရတာ မဟုတ်ဘူး။


လူတစ်ရာ တစ်ယောက်ဝယ်ရင် ၆ သိန်း


ဂျာနယ်တွေလည်း သိပ်မထူး ပါဘူး။ အများစုက ထောင်ဂဏန်း လောက်သာရိုက်ကြရပါတယ်။ အ များဆုံးရောင်းရတယ်ဆိုတဲ့ ဂျာနယ် တွေတောင် ၁ သိန်းရိုက်ရတယ်လို့ မရှိသေးပါဘူး။ လေးငါးခြောက် သောင်းလောက်ပဲရောင်းရပါတယ်။ အများစုက ကြော်ငြာကို မျှော်ကိုး ပြီး မှေးလုပ်နေကြတာဖြစ်တယ်။ မျှော်ရင်းမျှော်ရင်း နဲ့ ကြော်ငြာမရလို့ ဆယ့်လေးငါးစောင်ထုတ်ပြီး ရပ် သွားတာတွေလည်း မနည်းတော့ ပါဘူး။ လူဦးရေသန်း ၆ဝ လောက် ရှိတဲ့နိုင်ငံမှာ စောင်ရေ ၆ဝဝဝဝ လောက်ပဲ ရောင်းရတယ်ဆိုတော့ အတော့်ကို နည်းပါတယ်။ လူ ၁ဝဝ မှာ ၁ ယောက်နှုန်းဝယ်ဖတ်တယ် ဆိုရင်တောင် သန်း ၆ဝ ဆိုရင် စောင်ရေ ၆ သိန်းလောက်ထုတ်ရ မှာ ဖြစ်တယ်။ အခု စောင်ရေ ၆ သောင်းလောက်ဆိုတော့ လူ ၁ဝဝ မှာ ဝယ်ဖတ်သူဟာ ဒသမ ဝ၁ သာ ရှိတဲ့သဘောဖြစ်ပါ တယ်။ စိတ်မကောင်း စရာပါပဲ။

လက်တစ်ဆုပ်စာ အတွက်သာ လုပ်လို့
အကြောင်းတွေက တော့ အများကြီးရှိမှာပါ။ အဲဒီထဲကတစ်ခု ကတော့ ဂျာနယ်မဂ္ဂဇင်းတွေက တိုင်းပြည်ရဲ့ လူများစုကြီး အတွက် ဦးတည်ရည်စူးပြီး ထုတ် တာ မဟုတ်ဘဲ မြို့နေပညာတတ် လက်တစ်ဆုပ်စာအတွက်ပဲ ရည် ရွယ်ထုတ်ဝေတဲ့သဘောဖြစ်နေတာ လို့ပဲထင်မြင်ယူဆတယ်။ လက်တစ် ဆုပ်စာအတွက်ပဲ လုပ်တဲ့ အတွက် လက်တစ်ဆုပ်စာလောက်ကပဲ ဝယ် ဖတ်ကြတာနေမှာပေါ့။ လက်တစ် ဆုပ်စာအတွက်ပဲ ရည်ရွယ်တယ်လို့ ပြောရတာကဒီလိုပါ။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်က မြို့ငယ်လေးတွေနဲ့ကျေးလက်ဒေသ တွေမှာ နေထိုင်ကြပြီး လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဒါမှမဟုတ် သီးနှံကုန်သွယ်ရေး လုပ်ငန်းနဲ့ အသက်မွေးကြသူတွေဖြစ်ပါတယ်။


ဖိနပ်ဝယ်တာ၊ စကတ်ဝယ်တာ


ကျေးလက်ဒေသနေ လူတွေ က မော်ဒယ်တွေ ဖိနပ်ဝယ်ထွက် တာ၊ စကတ်ဝယ်ထွက်တာမျိုးတွေ ကို စိတ်မဝင်စားပါဘူး။ အလှူမှာ ရှင်လောင်းလှည့်ဖို့ မြင်းငှားရင် ဘယ် ဈေးရှိတယ်၊ ဆင်ငှားရင်ဘယ်ဈေး ပေါက်တယ်၊ ဘယ်သူ့အလှူမှာ ဘာကျွေးပြီး ဘယ်ဆိုင်းငှားမယ်၊ ဘုရားပွဲကျရင် ဘယ်အငြိမ့်၊ ဘယ် ဇာတ်ငှားမယ် ဆိုတာမျိုးတွေပဲ သူ တို့အတွက် အရေးကြီးတာပါ။ လေးဖြူတို့၊ ဖြူဖြူကျော်သိန်းတို့ကို သဘောကျပေမယ့် သူတို့ဆီ ရောက်တာမှမဟုတ်တာ။ ငှက်ပျော တော မင်းသားနဲ့ ဆိုင်းမင်းသမီးကို ပဲ သူတို့က မျှော်ကြတယ်။


မအပ်မရာတွေ


ဂျာနယ်တွေထဲမှာပါတဲ့ ကုန် ပစ္စည်းဈေးနှုန်းတွေကလည်း သူတို့ နဲ့ မအပ်မရာတွေဆိုတော့ ဝယ် ဖတ်ပြီး ဘာလုပ်ရမှာလဲ။ သူတို့ စိတ်ဝင်စားတာက မြေဆီဈေး၊ ပိုး သတ်ဆေးဈေး၊ ကောက်စိုက်သမ ဈေး၊ ရေစုပ်စက်ငှားခဈေး၊ နွားဈေး၊ ကျွဲဈေး၊ ဆိတ်ဈေး၊ ဝက်ဈေး။ ဂျာနယ်တွေထဲပါတာက LED တီဗီ၊Flat TV ၊ လေအေးစက်၊ အဝတ် လျှော်စက်၊ ရေခဲသေတ္တာ၊ ဒစ်ဂျစ် တယ်ကင်မရာ၊ အမ်ပီသရီး၊ အမ်ပီ ဖိုး၊ မိုဘိုင်းဖုန်းဆိုတာတွေရဲ့ဈေးနှုန်း တွေချည်းပဲ။ ဝယ်ဖို့၊ စိတ်ဝင်စားဖို့ ဆိုတာထား LED တို့ Flat တို့ ဆို တာတွေဟာ ဘာမှန်းတောင် သိ တာ မဟုတ်ကြဘူး။


ခေါင်းစဉ်ကစမဖတ်တတ်


တခြားသိစရာတွေပါတယ် ဆိုပေမယ့် ခေါင်းစဉ်ကစပြီး ဘာ တွေမှန်းမသိတော့ ဖတ်ချင်စိတ် ဘယ်ရှိမှာလဲ။ UMFCCI နဲ့ JICA တွေ့ဆုံဆွေးနွေးတDesigner Juliet နဲ့ One Second Interview တဲ့။ ဂရပ်စ်ရု(တ်)ကို အ ရောက်သွားပါတဲ့။ Infrastructure တွေ မပြည့်စုံသေးတဲ့။ ကဲအဲဒါတွေ က ဘာတွေလဲ။ မြန်မာအများစု နားလည်ပါ့မလား။ မြို့က ပညာ တတ်တစ်ယောက်တောင် စီးပွား ရေး လောကထဲကမဟုတ်ရင်UMFCCI ဆိုတာ ဘာမှန်းသိမယ် မထင်ဘူး။ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်ကြီးများအသင်းကို မြန်မာလို အတိုကောက်ရေးလို့ မရ ဘူးလား။ သူတို့အသင်းကပေးမ ထားလည်း စာနယ်ဇင်းတွေက ပေး လိုက်ပေါ့။ ရှေးက ဖဆပလတို့၊ မဆလတို့ဆိုတာ သတင်းစာတွေ က ရေးရင်းနဲ့ တွင်သွားကြတာတွေ ပဲ။ UMFCCI ကို ‘ကစလသ’ လို့ ပေးလိုက်ရင် မဖြစ်ဘူးလား။ ဒါမှ မဟုတ်လည်း ကုန်သည်ကြီးများနဲ့ ဂျပန်အဖွဲ့ တွေ့ဆုံဆွေးနွေးလို့ ရေး ရင်လူတိုင်း နားလည်နိုင်တာပေါ့။


မန်းလေပြဲလေ


ဂျာနယ်နာမည်တွေ ဘိုလို မှည့်ကြတာကို ရေးရင်းရေးရင်းနဲ့ အခုဆို သတင်းခေါင်းစဉ်တွေအထိ ဘိုလိုရေးပြီး တပ်ကုန်ကြပြီ။ ‘ပြော လေကဲလေ၊မန်းလေပြဲလေ’ ဆိုတဲ့ ကိန်းဆိုက်နေပြီ။ ဒါလောက် ဘို ဖြစ်ချင်ကြရင် တစ်စောင်လုံး ဘိုလို ရေးပြီး ထုတ်ကြပါတော့လား။ ပြော တဲ့လူကပဲ လွန်သလား။ ကြည့် ပါဦး။ ‘ဂရပ်စ်ရု(တ်)’တဲ့။ ရေးထားပုံက။ အမှတ်တမဲ့ ဖတ်ပြီးကြောင်သွားတယ်။ နောက်မှါမျေမသသအ ဆို တာကို မြန်မာအသံထွက် ပြီး ရေးလိုက်တာပါလား လို့ သိလိုက်တယ်။ အခြေ ခံတို့၊ အောက်ခြေတို့ ရေး လို့မရဘူးလား။ မြန်မာစာ သတ်ပုံမှားတာတွေတောင် ပြောမကုန်နိုင်ဖြစ်နေတဲ့ အထဲ အင်္ဂလိပ်စာလုံးပေါင်းတွေပါ သတ်ပုံမှားကြတော့ ဘာအဓိပ္ပာယ်မှ ကို မှန်းကြည့်လို့မရနိုင်တော့ဘူး။


ဘိုယိမ်းကနေကြလို့


နာဂစ်ဘေးဆိုးကြီးကြုံတွေ့ရ ပြီးနောက်ပိုင်းမှာ ရေကြောင်း ကူး သန်းသွားလာနေသူတွေနဲ့ ကျေး လက်ဒေသကတောင်သူလယ်သမား တွေ၊ ရေလုပ်သားတွေဟာ မိုးလေဝ သသတင်းကို ရေဒီယိုကတစ်ဆင့် မပျက်မကွက် နားထောင်လာကြ တယ်။ အဲဒီမတိုင်ခင်ကဆိုရင် မိုး လေဝသသတင်းကို ဘယ်သူမှ စိတ်ဝင်စားတာ မဟုတ်ပါဘူး။ အခု တော့ မိုးလေဝသသတင်းဟာ နား ထောင်ဖို့ လိုအပ်တယ်ဆိုတာ သိ လာကြတဲ့အတွက် နားထောင်လာ ကြတယ်။ မြန်မာစာဖတ် ပရိသတ် က ဂျာနယ်တွေအပေါ်မှာ မိုးလေ ဝသသတင်းလောက် စိတ်ဝင်စား လာကြပြီဆိုရင် စောင်ရေ ၆ သိန်း ထုတ်ရဖို့ မခက်တော့ပါဘူး။ ဒါပေမဲ့ အခုလို ဂျာနယ်တွေ ဘိုစိတ်ပေါက် ပြီး ဘိုယိမ်းကနေလို့ကတော့ ဒသမ ဝ၁ ကနေတက်လာစရာအကြောင်း မမြင်မိပါဘူးလို့ပဲ ပြောလိုက်ချင်ပါ တယ်။



လူထုစိန်ဝင်း



Myanmar Express

အပြောအဆို တတ်စေလို




Myanmar Express

စက်တင်ဘာတော်လှန်ရေးခေါ် ဘုန်းကြီးဆူပူမှု၏ ထူးခြားချက်များ

(စက်တင်ဘာတော်လှန်ရေးခေါ် ဘုန်းကြီးဆူပူမှု သုံးနှစ်ပြည့် အမှတ်တရ)



၁။ ဘုန်းကြီးများသည် အမျိုးသမီးတစ်ဦး၏ ပုံကို ကိုင်ဆောင်ပြီး မြို့တွင်းလမ်းလျှောက်လည့်လည်ခြင်း။

၂။ ဦးဆောင်သော ဘုန်းကြီးများမှာ စကားဝဲ၍ ဗမာစကား မပီကြခြင်း။

၃။ ဦးဆောင်သော ဘုန်းကြီးများမှာ တိုင်းရင်းသားများဖြစ်နေခြင်း။

၎။ ဦးဆောင်သော ဘုန်းကြီးများမှာ အသက် ၂၀ နှင့် ၃၀ ကြား ဖြစ်နေကြခြင်း။

၅။ ဦးဆောင်သော ဘုန်းကြီးများမှာ ၁ ဝါ မှပင် မရှိသေးခြင်း။

၆။ အချို့ဘုန်းကြီးအများစုမှာ သိမ်မဝင်ရသေးခြင်း

၇။ ဦးဆောင်သော ဘုန်းကြီးများသည် ခင်ဗျားနဲ့ ကျွန်တော် ဟူ၍ နာမ်စားများဖြင့် ထူးဆန်းစွာ စကားပြောကြခြင်း။

၈။ ဦးဆောင်သော ဘုန်းကြီးများက လက်သီးလက်မောင်းများတန်းပြီး ထူးဆန်းစွာဖြင့် ဒေါသ မောဟ များ ဖုံးလွမ်းရေး တရားများ ဟောနေကြခြင်း။

၉။ ဦးဆောင်သော ဘုန်းကြီးများတယ် အကြမ်းဖက်သမားများကဲ့သလို့ ထူးဆန်းစွာဖြင့် မျက်နှာဖုံးများ တပ်ဆင်ထားခြင်း။

၁၀။ ဦးဆောင်သော ဘုန်းကြီးများမှာ ဆန္ဒပြပွဲပြီးသည်နှင့် အချိတ်ဆက်ကောင်းကောင်းဖြင့် ထူးဆန်းစွာ ထွက်ပြေးလွတ်မြောက်နေခြင်း။

၁၁။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၏ လွယ်အိတ်များထဲတွင် လောက်လေးဂွ များနဲ့ လောက်စာလုံးများ ထူးဆန်းစွာ ရှိနေခြင်း၊

၁၂၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသည် သူဘာသူနေသော ကားမှတ်တိုင်များနှင့် ရင်ထိန်းရဲ ရုံးများရှိမှန်များကို ထူးဆန်းစွာ ခွဲပစ်ကြခြင်း။

၁၃။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသည် အဝေးရှိ စစ်သားများကို ထူးဆန်းစွာ အော်ဟစ်နောက်ပြောင်ခြင်း၊ ဖင်လှန်ပြခြင်းနှင့် ခဲများဖြင့် ပစ်ပေါက်ခြင်း။

၁၄၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသည် စစ်ကားများလာရာလမ်းတွင် ထူးဆန်းစွာဖြင့် သံချွန်များ ချထားခြင်းနှင့် ကားမှန်များကို ပစ်ပေါက်ခွဲခြင်း။

၁၅။ အကြမ်းဖက်မှုနှင့် လူအချင်းချင်းနိပ်စက်ခြင်းကို မလိုလားသူများက တိုက်ပေါ်မှနေ၍ လမ်းပေါ်ရှိ ရဲနှင့် စစ်သားများပေါ်သို့ အက်ဆစ်ရည်များ၊ ရေနွေးပူများနှင့် အခြား အလေးချိန်စီးသော ပစ္စည်းများကို ထူးဆန်းစွာ လောင်းချ၊ ပစ်ချခြင်း။


Myanmar Express

ထူးဆန်းသော အတိုက်အခံများ

ဓာတ်ပုံရိုက်ပွဲ

အကြောင်းပြချက် တစ်ခုခု ရှိတာနဲ့ ဓာတ်ပုံရိုက်ထွက်တတ်တဲ့ ပြည်ပရောက် ဒေါ်လာစား အတိုက်အခံတို့အတွက် ၂၀၁၀ ကတော့ တော်တော် အဆင်ပြေပါတယ်။ ဖက်ရှင်စတိုင်မျိုးဆုံနဲ့ ဓာတ်ပုံတွေ ရိုက်နိုင်ခဲ့ကြပါတယ်။ အကြောင်းပြချက်ကတော့ ကိုယ့်လူမျိုးတူ အနုပညာရှင်တွေ ကိုယ်ရှိတဲ့ နိုင်ငံက ကိုယ့်လူမျိုးသူငယ်ချင်းတွေကို လာရောက်ဖျော်ဖြေချိန်မှာ ပါလာတဲ့ အနုပညာရှင်အချို့ကို ကန့်ကွက်တယ်ဆိုတဲ့ ပေါကြောင်ကြောင် လုပ်ရက်တွေကြောင့်ပါပဲ။

အနုပညာရှင်ဆိုတာလဲ ပြည်သူထဲက ပြည်သူပါပဲ... ဘာအတွက်ကြောင့် မြန်မာလူမျိုးအချင်းချင်း သွေးကွဲအောင် လုပ်နေကြမှာလဲ ??



အမေရိကန်ပြည်သည် ဒို့ပြည်၊ အမေရိကန် အလံသည် ဒို့အလံ




ကိုယ့်မြန်မာလူမျိုးအချင်းချင်းကိုတော့ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ကြပြီး အမေရိကန်အလံကို ထမီကြီးနဲ့ ဂုဏ်ယူဝင့်ကြွားလွှင့်ထူထားတာတော့ ယူအက်စ်ရောက် မျိုးချစ်အတိုက်အခံသူရဲကောင်းတွေပါပဲ။



ပြည်သူ့ဆန် စားပြန်ပြီ


ပြည်သူ့ဆန် စားတယ်ဆိုတာ ဘာကိုပြောတာလဲ? မြန်မာလူမျိုးအားလုံး ပြည်သူ့ဆန် စားခဲ့ကြဖူးတဲ့လူတွေချည်းပဲ။ ဒါပေမယ့် အနုပညာသမားတွေလည်း သူတို့အနုပညာနဲ့ သူတို့အရည်အချင်းနဲ့ သူတို့ဇွဲလုံ့လတွေကို ကံဇာတာနဲ့ ပေါင်းပြီး ရင်းနှီး အောင်မြင်လာရတဲ့ သူတွေပါပဲ.. သူဌေးဖြစ် ခွေးဖြစ် လုပ်ပြီး ခွေးဖြစ်သွားတဲ့ အနုပညာရှင်တွေလည်း တပြုံကြီးရှိပါတယ်။ ဒီလို အောင်မြင်လာတယ်၊ နာမည်တစ်ခု ရလာတယ်ဆိုတာကလည်း ရင်းနှီးမြုပ်နှံမှုတွေ ပေးဆပ်မှုတွေ ပြီးမှ ရလာကြတဲ့ သူတွေချည်းပါ။ ငှက်ပြောသီးစားရင်တောင် အခွံတော့ နွှာရတာပဲ။ ဘာပဲလုပ်လုပ် ထိုက်တန်တဲ့ ပေးဆပ်မှုရှိတယ်။ ကံနဲ့ လုံ့လ အပေါ်မှာ မူတည်ပြီး နာမည် ဆိုတာရလာတာ။ ဒါကို ပြည်သူ့ဆန်စားတယ် ပြည်သူ့ဆန်စားတယ် ဆိုပြီး အော်နေတာ တော့ ဘယ်လို နာလပြိန်းတုံး အတွေးတွေကြောင့်မှန်း စဉ်းစားလို့ကို မရတော့ဘူး။

အနုပညာရှင်တွေက ထိုက်တန်တဲ့ ဖျော်ဖြေမှုကို ပေးမှ ပြည်သူတွေက တန်ရာတန်ကြေးပေးကြတယ်။ ဒါကို ပြည်သူ့ဆန် စားတယ်ဆိုရင် ဈေးသည်တွေ၊ ကုန်သည်တွေ၊ taxi သမားတွေ၊ ဆိုက်ကားသမားတွေ အားလုံးကရော ပြည်သူ့ဆန်စားတဲ့ သူတွေချည်းပဲလား?? စဉ်းစားကြပါအုံး...။ သူတို့လဲ ပြည်သူတွေက ပိုက်ဆံပေးမှ၊ ဝယ်ကြမှ၊ စီးကြမှ ပိုက်ဆံရတာ မဟုတ်ဘူးလား??။ ဒါဆို ဆိုဒ်ကားသမားတစ်ယောက် အဲ့ဒီနိုင်ငံကို ရောက်လာရင်ရော ပြည်သူ့ဆန်စားတဲ့ ဆိုက်ကားသမား ဆိုပြီး ဓာတ်ပုံထွက်ရိုက်ကြအုံးမှာလား။


အားလုံးက ပိုက်ဆံရဖို့ အလုပ်လုပ်နေကြတယ်။ အနုပညာရှင်တွေက ဖျော်ဖြေတယ်၊ ပြည်သူက တန်ကြေးပေးတယ်။ ဆိုက်ကားသမားလည်း နင်းပေးမယ်၊ ပြည်သူက တန်ရာတန်ကြေးပေးတယ်၊ ဝန်ထမ်းတွေလည်း ကိုယ့်တာဝန်ကို လုပ်ပေးတယ်၊ အစိုးရက ဆန်နဲ့ ပိုက်ဆံပေးတယ်။ ဝန်ထမ်းတွေက အစိုးရရဲ့ ဆန်ကို စားနေတာလို့ရော ထပ်ပြောအုံးမလား။ ဒါဆို တပ်မတော်သားတွေကရော အစိုးရဲ့ပိုက်ဆံစားနေတာလား။ ရှေ့နောက်ညီအောင်တော့ လုပ်ကြအုံးဗျို့ ဘလော့တွေမှာအော်နေတာတော့ တပ်မတော်သားတွေက ပြည်သူ့ဆန်စားတယ် တဲ့။ ကိုယ်ပြောချင်သလို ပြောနေကြတာချည်းပါလား ဒေါ်လာစားတို့ရေ..။ စဉ်းစား စဉ်းစား။ ဦးနောက်တွေ တုံးနေပြီ။ ဘယ်သူမှ ပြည်သူ့ဆန်ကို အလကားမစားဘူး၊ အစိုးရဆန် အလကားမစားဘူး။ ဆန္ဒပြလို့ရရင်ပြီးရော၊ အထက်ပို ပိုက်ဆံပြတောင်းလို့ ကောင်းရင်ပြီးရောဆိုပြီး ခေါင်းစဉ်တွေ လျှောက်မတပ်နေကြနဲ့။ ဒို့အရေး ဒို့အရေးဆိုပြီး ကိုယ့်ဖို့ချည်ပဲ လုပ်မနေကြနဲ့ တစ်ခါတစ်လေ သူများအရေး၊ သူများအရေး ပြောင်းအော်ကြည့်ပါလား။ သူများတွေအတွက် နဲနဲပါးပါး စဉ်းစားကြည့်ပါလား.. ဒို့အနေရသမားချည်းတွေရေ... တွေ့သမျှ လူတွေအကုန်လုံးကို လက်ညိုးထိုး အပြစ်မပြောကြနဲ့အုံး.....။




Myanmar Express

ပေးစာ - ၁

ကျွန်မဟာ မြန်မာနိုင်ငံကိုသိပ်ချစ်တဲ့၊ မြန်မာနိုင်ငံသားဖြစ်ရတာကို အရမ်းဂုဏ်ယူတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ပါ။ ကျွန်မ မြန်မာနိုင်ငံကို မရောက်တာ ၁၀ နှစ်ကျော်ပါပြီ၊ ဒါပေမယ့် မြန်မာတီဗွီလိုင်းတွေကိုအမြဲလိုလိုကြည့်နေပြီး ဘီဘီစီ၊ ဗွီအိုအေ တို့ကိုလည်း အခါအားလျှော်စွာ နားထောင်ဖြစ်၊ ဖတ်ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာတွေလုပ်နေသည်ဖြစ်စေ ကျွန်မတို့နိုင်ငံအတွက် အလုပ်လုပ်နေသူအားလုံးကို ကျွန်မ လေးစားပါတယ်။ ကျွန်မတို့ ဘာတွေ မှားခဲ့ကြလို့ ကျွန်မတို့နိုင်ငံနဲ့ ပက်သက်တဲ့သတင်းတွေက အင်တာနက်ပေါ်မှာ မကောင်းတာတွေ များနေလဲဆိုတာ ကျွန်မနားမလည်နိုင်သေးပါဘူး။ နိုင်ငံရေးကို ကျွန်မနားမလည် စိတ်မဝင်စားပေမယ့် နိုင်ငံအတွက် တစ်ဖက်တလှမ်းက တက်နိုင်သလောက်လုပ်ပေးဖို့ ကျွန်မ အစဉ်ကြိုးစားနေပါတယ်။ မြန်မာအချင်းချင်း ကူညီဖို့ ကျွန်မ အမြဲတံခါးဖွင့်ထားသလို ပြည်တွင်းက အလှူခံမှုတွေသာမက ပြည်ပက မြန်မာအဖွဲ့ဆီက အလှူခံတွေကိုလည်း ကျွန်မ အမြဲ သူများထက် သာအောင် လှူခဲ့၊ ပေးခဲ့ ပါတယ်။ အခွင့်အရေးပေးတာနဲ့ မြန်မာနိုင်ငံကို အပြီးပြန်ဖို့ ရည်မှန်းချက်ထားပြီး အလုပ်လုပ်နေတာပါ။ မြန်မာမြေမှာပဲ ကျွန်မ သေချင်တယ်။


တစ်ခါက ကျွန်မ သူငယ်ချင်းတွေ မြန်မာနိုင်ငံ ကို အလည်သွားကြပါတယ်။ ကျွန်မ သူငယ်ချင်းဆိုတာ အမေရိကန်နိုင်ငံသားတွေပါ။ သူတို့တွေ ပြန်လာတော့ ကျွန်မကို ပြန်ပြောပြတယ်။ ငါတို့ထင်သလို လုံးဝ မဟုတ်ဘူး တဲ့။ ငါတို့ထင်ထားတာက မင်းတို့ဆီမှာ လုံးဝ တည်ငြိမ်အေးချမ်းမှုမရှိဘူး၊ ဘာမှပြည့်စုံမှုမရှိဘူး... စတဲ့ စတဲ့ မကောင်းတဲ့ အကြောင်းတွေပဲ ငါတို့ အရင်က ကြားနေတာ။ လေဆိပ်ကိုရောက်ပြီး လေယာဉ်ပေါ်က စင်းတာနဲ့ တစ်ခုခုတော့ လွဲနေပြီဆိုတာ ငါသတိထားမိတယ် တဲ့။ အဲ့ဒီနောက် ဟိုတယ်ကို တန်းမသွားပဲ မြို့ထဲက လမ်းတချို့ပေါ်ကို မောင်းခိုင်းပြီး လိုက်ကြည့်လိုက်တယ် တဲ့..။ ငါတို့ ထင်ထားသလိုလဲ မဟုတ်ပါလား ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောဖြစ်ကြတယ် တဲ့..။ ကျွန်မ ကို ပြန်ပြောပြကြပါတယ်။ သူတို့ ပြောလည်း ပြောစရာပါပဲ။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သတင်းမှန်သမျှ ကို အဆိုးတွေချည်းပဲ ကမ္ဘာက သိနေပါတယ်။ ဘယ်နေရာမှာကြည့်ကြည့် ဆိုးတဲ့ သတင်းတွေပဲရှိသလို၊ ဘယ်သူ့ကို သွားမေးမေး ဆိုးတဲ့ အကြောင်းနဲ့ သနားစရာကောင်းတဲ့ အကြောင်းပဲ ပြောကြပါတယ်။ ကျွန်မတို့ ဘာတွေ မှားခဲ့ကြလို့လဲ??? ဒါပေမယ့် တကယ့်တကယ် မြန်မာမြေပေါ်ကို သွားကြည့်ရင်တော့ အားလုံးက ကိုယ့်အလုပ်ကိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေထိုင် စားသောက်နေကြတာပါ။ ကျွန်မတို့လို နိုင်ငံခြားရောက်နေတဲ့ မြန်မာတချို့တွေက သိပ်ကို သနားစရာကောင်းပါတယ်။ မြန်မာနိုင်ငံအကြောင်းဖတ်လိုက်၊ ကြားလိုက်ရရင် ခုပဲ ပေါက်ကွဲတော့မလိုလို၊ မနက်ဖြန်ပဲ စစ်ဖြစ်တော့မလို၊ တိုင်းပြည်တစ်ခုလုံးပဲ ပျာကျတော့မလိုလို၊ တစ်နိုင်ငံလုံးပဲ စားစရာ တစ်ခုမှမရှိ သောက်စရာ ရေတစ်စက်မှမရှိတော့သလိုလို အမြဲ ကြားနေရပြီး စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ပြည့်နေကြရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အွန်လိုင်းတက်လာတဲ့ တစ်ချို့တွေဆို ဘာမှမသိ၊ မေးရင်လည်း မဟုတ်တဲ့အကြောင်းနဲ့ အားလုံး အေးအေးဆေးဆေးဖြစ်ကြောင့် ပေါ့ပေါ့ပါးပါးပဲ ပြောသွားကြပါတယ်။


တစ်နေ့က ကျွန်မသူငယ်ချင်းမြန်မာ တစ်ယောက်က အကူညီတောင်းလို့ သူတို့ရုံးနဲ့ အတူ မြန်မာဒုက္ခသည် တွေနေတဲ့ နေရာကို ကျွန်မ ရောက်ခဲ့တယ်။ ကိုယ့်လူမျိုးဆိုတော့ တွေ့ချင်တာလဲပါတာပေါ့။ စကားတွေလည်း အများကြီးပြောကြမယ်ဆိုပြီး တစ်လမ်းလုံးအားတင်းလာခဲ့တယ်။ ဟို ရောက်တော့ အိမ်ရှေ့မှာ မြန်မာတစ်ချို့ထွက်ကြိုနေကြတော့ သူငယ်ချင်းနဲ့အတူ ဆင်းပြီး နှုတ်ဆက်ခဲ့တယ်၊ သူတို့ရံက အမေရိကန်နိုင်ငံသား ၇ ယောက်လောက်ကလည်း သိချင်တာတွေ မေးကြတယ်။ ပြောကြပြီး အိမ်ပေါ်တက်ခဲ့ကြတယ်။ အဲ့ဒီချိန်မှာ ကျွန်မ စ ပြီး စိတ်ပျက်သွားတာပါပဲ။ အိမ်ထဲကို ဝင်လိုက်တာနဲ့ ကျွန်မ အနံ့တစ်ခုရတယ်၊ အိမ်ရဲ့ နံရံတစ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံ အကြီးကြီး ကပ်ထားတယ်။ ထိုင်ခုံတွေ၊ အဝတ်တွေ ပစ္စည်းတွေက လုံးဝ မသပ်မရပ်ဖြစ်နေတယ်။ ကျွန်မ ဘာပြောရမှန်းမသိ။ ကျွန်မ ပြောချင်တာ ပြောလို့ရမယ်ဆိုရင် ဒီလိုအဆောက်အုံ၊ ဒီလိုနိုင်ငံမှာ ဘာလို့ ဒီလောက် စုတ်စုတ်ပျက်ပျက်နေ နေရတာလဲ လို့ ကျွန်မ ပြောလိုက်ချင်တယ်။ တကယ် အဆင့်အတန်းမရှိဘူး။ လျှပ်စစ်ပစ္စည်းတွေက ကြိုးတန်းလန်းတွေ ရှုပ်နေတယ်။ အဝတ်တွေကလည်း ခုံပေါ် ကြမ်းပြင်ပေါ်မှာ။ အပေါ်မှာ ဝိုင်ယာကြိုးနဲ့ အဝတ်လှန်းဖို့ ကြိုးတန်းတောင်လုပ်ထားသေးတယ်။ အဝတ်တွေက အများကြီးတင်ထားလို့ ကြိုးတန်းက တော်တော်အိနေပြီ။ ကျွန်မ လိုက်လာမိတာ မှားပြီလို့တောင် ကျွန်မ ထင်လိုက်တယ်။ သူငယ်ချင်းနဲ့ အိမ်ရှင်နဲ့ သူ့လူတွေနဲ့တော့ စကားတွေ ပြောနေကြတယ်။ နိုင်ငံခြားသားတစ်ယောက်က မင်းတို့မြန်မာတွေက ဒီလိုနေတာလားလို့ လာမမေးပါစေနဲ့ဆိုပြီး ကျွန်မ ကျိုတ် စုတောင်းရင်း သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ကျွန်မတို့အားလုံးကို ကြည့်နေတဲ့ မြန်မာ ခလေးလေး တစ်ယောက်ဆီ ကျွန်မ ကပ်ခဲ့တယ်။ ပြီးတော့ သူငယ်ချင်းနဲ့ အိမ်ပိုင်ရှင်တို့ ပြောသံတစ်ချို့ နားစွန့်ပြီး အသာလေး နေခဲ့တယ်။ ကျွန်မ ကြားရသလောက်တော့ အိမ်ပိုင်ရှင်က မျိုးချစ်နိုင်ငံရေး အတိုက်အခံ တစ်ယောက်တဲ့။ နိုင်ငံခြားသားတွေက သူတို့သိချင်တာတွေ ဆက်မေးနေလေရဲ့။



ကျွန်မလည်း စိတ်ပြေလက်ပျောက် ခလေးကို နှုတ်ဆက်စကားပြောဖို့ ကြိုးစားရင်း ပြုံးပြပြီး အနားကပ်ခဲ့တယ်။ ခလေးက တော်တော် အေးပုံပါပဲ အသက်က ၆ နှစ်တဲ့ နောက်မှ သူပြောမှသိရတာ။ သားနာမည် ဘယ်လိုခေါ်လဲဆိုတော့ ရယ်ပြီးကြည့်နေတယ်။ နောက် ကျွန်မထပ်မေးတော့မှ ခလေးက သူမြန်မာလို မတတ်ဘူး တဲ့ ပြောတယ်။ ဘုရား ဘုရား ..။ ကျွန်မ အံ့သြောတုန်လှုပ်လွန်းလို့ အသက်ရှူတောင် ရပ်သွားတယ်။ အိမ်မှာရော ဖေဖေ၊ မေမေတို့က မသင်ပေးဘူးလား လို့ မေးတော့။ မသိဘူးတဲ့။ တစ်ခါတစ်လေမှာ သူတို့ချင်း မြန်မာလို ပြောတယ်တဲ့၊ သားကိုတော့ အင်္ဂလိပ်လိုပဲ ပြောခိုင်းတယ်၊ သင်ပေးတယ်တဲ့..။ မြန်မာ့ မျိုးချစ်နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ရဲ့ သားက မြန်မာ စကား မတတ်ဘူးတာ ကျွန်မ ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ပါဘူး။ အရမ်းလဲ စက်စုပ်ရွံရှာမိတယ်။ မြန်မာနိုင်ငံအတွက်ဆိုပြီး မျိုးချစ် နာမည်ခံအလုပ်လုပ်နေတဲ့ သူက သူ့ခလေးကို မြန်မာလို မပြောခိုင်းဘူး၊ မသင်ပေးဘူး။ ကျွန်မ ဒုတိယ အကြိမ် စိတ်ပျက်ရပြန်ပြီ။ အိမ်ရှင်မျိုးချစ် နိုင်ငံရေး ခေါင်းဆောင်ကတော့ ကျွန်မသူငယ်ချင်းနဲ့ အဖွဲ့သားတွေကို သံရုံးရှေ့မှာ သူတို့ ဆန္ဒပြခဲ့တဲ့ ဓာတ်ပုံတွေကို ထုတ်ပြနေလေရဲ့..


အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းအားလုံးက တကယ့် သူဌေးတွေမှ ဝယ်နိုင်တဲ့ ဈေးကြီး နောက်ဆုံးပေါ် ပစ္စည်းတွေချည်းပါပဲ။ ဘယ်က ဘယ်လိုရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားလဲတော့ ကျွန်မ မသိပါဘူး။ ဆေးလိပ်ပြာခွက်ထဲက ဆေးလိပ်တစ်ဝက်ကို ကျွန်မ သတိထားမိတယ်။ ကျွန်မ သူဌေး သောက်တဲ့ စီးကရက်မျိုး။ အရမ်းဈေးကြီးတဲ့ စီးကရက်။ ကျွန်မနဲ့ အတူအလုပ်လုပ်နေတဲ့ ဒီနိုင်ငံက နိုင်ငံသားတွေတောင် မသောက်နိုင်တဲ့စီကရက်မျိုး။ ကျွန်မ စိတ်ထဲမှာ စဉ်းစားမိတယ်။ မတန်လိုက်တာ... လို့။ ဟုတ်ပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ မတန်ဘူး ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မ ခုမှ ကွင်းကွင်းကွက်ကွက်မြင်လိုက်ရတာပါ။



နိုင်ငံကို တကယ်ချစ်ပြီး နိုင်ငံအတွက် တကယ်အလုပ်လုပ်တဲ့သူတွေကို ကျွန်မတို့ အလိုရှိပါတယ်၊ အစစအရာရာလည်း တက်နိုင်သလောက်ကူညီဖို့ အသင့်ရှိပါတယ်။ နိုင်ငံအတွက် ကိုယ့်အကျိုးကို မစွန့်လွတ်ချင်နေကြပါ၊ ကိုယ့်ကျိုးအတွက် နိုင်ငံ့အရေးကို ခုတုံးမလုပ်ကြဖို့ ကျွန်မ တိုက်တွန်းလိုပါတယ်။ ထောက်ခံတဲ့လူတွေကလည်း သေချာစုံစမ်းပြီးမှ ထောက်ခံ ပံ့ပိုးကြပါ။ နိုင်ငံအတွင်းမှာရော အပြင်မှာပါ ကျွန်မတို့လို ဘာမှမသိတဲ့ သိုးငယ်လေးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့လို သိုးငယ်တွေကြားမှာ ဝံပလွေတွေ ရှိနေတာကို အားလုံး သတိထားဖို့လိုပါတယ်။ အဲ့ဒီ ဝံပလွေတွေက တစ်နေ့တစ်ချိန်ကျရင် ဒီသိုးငယ်တွေကိုပဲ ကိုက်ဖျက်စားသောက်ပါလိမ့်မယ်။ ကျွန်မ ပြောတာတွေကို မယုံရင် သူတို့နေအိမ်တွေကို ကိုယ်တိုင် သွားကြည့်ကြပါ။ အားလုံးပဲ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားပြီး လုပ်သင့်တာကို ဆက်လုပ်ကြပါ။


ချယ်ရီ





၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ