Subscribe to our RSS Feed

ကန့်ကွက်လိုက်သည်


၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်လိုက်သည်။

၂၀၀၈ အခြေခံဥပဒေ အား ဆန့်ကျင်လိုက်သည်။

ဆန္ဒခံယူပွဲအား နိုး (No) လိုက်သည်။

အစိုးရ ဘာပဲလုပ်လုပ် ဆန့်ကျင်ကန့်ကွက်သည်။

အစိုးရ ဘာပဲလုပ်လုပ် ကန့်ကွက်ရှုံ့ချသည်။

အစိုးရတင်မဟုတ် အစိုးရကို မဆန့်ကျင်သူအားလုံးသည် လူဆိုးများဖြစ်ကြသည်။

ဖိုးလပြည့်၏ သူငယ်ချင်းမိန်းခလေးများသည် မိန်းမပျက်များဖြစ်ကြောင်း ကြေငြာလိုက်သည်။

ဦးသန်းရွှေသမီး လူသိရှင်ကြား မင်္ဂလာဆောင်ခြင်းကို ရှုံ့ချပြီး၊ ဦးသိန်းစိန်သမီး လူမသိအောင် မင်္ဂလာဆောင်လိုက်ခြင်းကိုလည်း ရှုံ့ချလိုက်သည်။

အစိုးရကို ဆန့်ကျင်သူအားလုံးကို ဘယ်လောက် သိမ်ဖျင်းတဲ့လူဖြစ်ဖြစ် ကြိုဆိုဂုဏ်ဖော်၍ သူကောင်းပြုလိုက်သည်။

ဘလော့စာမျက်နှာပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ဒေါ်အောင်ဆန်းစုကြည် ပုံ တင်ထားသူများသာလျှင် မျိုးချစ်စိတ် ရှိသူများဖြစ်ကြသည်။ သူရဲကောင်းများဖြစ်ကြသည်။

စီပွားရေးအားလုံးကို ချုပ်ကိုင်ထားတုန်းက ကန့်ကွက်သည်၊ အခု ပြည်သူတွေကို ခွဲပေးခြင်းကို ဆန့်ကျင်လိုက်သည်။

ရွေးကောက်ပွဲ မလုပ်ခင်တုန်းက ရှုံ့ချသည်၊ အခု လုပ်မည်ဆိုခြင်းကို ဘူး ခံလိုက်သည်။

အစိုးရနှင့် အစိုးရကို မဆန့်ကျင်သူများ လှူတန်းမှုများသည် စေတနာ မပါကြသောကြောင့် ကုသိုလ်မရပဲ၊ အစိုးရကို ဆန့်ကျင်ပြီး လှူသောသူများသာ စေတနာပါသဖြင့် ကုသိုလ်တွေ ရကြမည်ဖြစ်ကြောင်း ယုံကြည်ကြသည်။

အစိုးရကို ဆန့်ကျင်မရေးသော ဘလော့အားလုံးမှ ရေးသမျှ ပိုစ့်အားလုံးသည် လိမ်ညာခြင်းသာဖြစ်ကြောင်း ပြန်ရေးခြင်း၊ စီဘောက်စ်များတွင် ဆဲဆိုခြင်းများကို လုပ်ဆောင်သင့်သည်။

အစိုးရကို ဆန့်ကျင်ရေးသားသော ဘလော့များမှ ပိုစ့်အားလုံးသည် (မူလတန်းတုန်းက သင်ခဲ့ရသော ကဗျာကို ပို့စ်တင်ထားခြင်းမှစပြီး) အံ့သြချီးကျူး လေးစားထာက်ခံရမည်။ ကွန်းမန့်တွေ သောက်သောက်လဲ ပေးသင့်သည်။

အစိုးရကို ဆန့်ကျင်သည့် ကွန်းမန့်များအားလုံးကို ကြိုဆိုသည်။ မိမိကိုယ် ထောက်ခံသော ကွန်းမန့်များနှင့် စီဘောက်စ်တွင် ရေးသားချက်များကို ဝမ်းသာအားရ ကြိုဆို reply ပြန်သည်။

အစိုးရကို မဆန့်ကျင်သော ကွန်းမန့်များကို ကန့်ကွက်သည်။ မိမိအား ကန့်ကွက်သော ကွန်းမန့်များနှင့် စီဘောက်စ်တွင် ရေးသားချက်များကို ဖျက်ပစ်ခြင်း၊ မတင်ပေးခြင်းများ လုပ်ရမည် ဖြစ်သည်။

မည်သည့် အစိုးဆန့်ကျင်သည့် အဖွဲ့အစည်းမှမဆို အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း စာရွက်ပေါတိုင်းထုတ်ပြန်သည့် ကြေငြာချက်အားလုံးကို ပိုစ့်တစ်ခုတင်၍ ကြိုဆိုလိုက်သည်။

မှတ်ချက်။ ။ အထက်ပါ ကြိုဆိုချက်၊ ကန့်ကွက်ချက်၊ ရှုံ့ချချက်နှင့် ဆန့်ကျင်ချက်များသည် အဓိပ္ပါယ်ရှိသော အကြောင်းပြချက် ရှိခြင်းကြောင့်မဟုတ်၊ အကြိမ်ကြိမ်အစည်းအဝေးလုပ်ပြီး ဆွေးနွေးညှိနှိုင်းတိုင်ပင်လို့ရသော ရလဒ်များမဟုတ်၊ ကျွန်ုပ်တို့ ၏ နိုင်ငံရေးအသိ နိုင်ငံရေးသတိရှိခြင်းကြောင့် မဟုတ်၊ ကျွန်ုပ်တို့၏ ဦးနောက်များမှ စဉ်းစားဆင်ခြင်၍ ရရှိလာသော ရလဒ်များ မဟုတ် ကြောင်း ဝန်ခံပါသည်။ အားလုံးသည် သူများယောင်လို့ လိုက်ယောင်ခြင်းများနှင့် ဒေါ်လာရရှိရေးအတွက် သာ ဆန့်ကျင်ကန့်ကွက်ရခြင်း ဖြစ်ပါသည်။



Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ