ဂျပန် နိုင်ငံရောက် ဒေါ်လာစား အတိုက်အခံ ဘလော့ဂါ ဟောင်း တစ်ဦးနဲ့ တွေ့ဆုံးခြင်း အကြောင်းကို ဒီနေရာ မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု နောက်တစ်ခါ မလေးရှားရောက် အမှန်တရားကို မြတ်နိုးသူ ဘလော့ဂါ တစ်ဦးနဲ့ တွေ့ဆုံခြင်းကို ဆက်လက် ဖော်ပြလိုက်ပါတယ်...။Q - အရင်ဆုံး နာမည်နဲ့ လိပ်စာကို စာဖတ်သူတွေသိအောင် ပြောပါအုံး ညီ။A - ရန်အောင် လို့ပဲ မှတ်ထားပါ။ လိပ်စာနဲ့ အီးမေးကိုတော့ အားလုံးသိအောင် ပြောနိုင်ဖို့ အခက်ခဲ ရှိသေးတာရယ်၊ လောလောဆယ် ကျွန်တော် ဒီအလုပ်၊ ဒီပက်ဝန်းကျင်မှာ ရှိနေသေးတာရယ်ကြောင့်ပါ။Q - ညီလေး အသက်က ၂၃ နှစ်နော်။A - ဟုတ်ပါတယ်။Q - မလေးရှားကို ရောက်နေတာ ကြာပြီလားA - သိပ်မကြာသေးပါဘူးQ - သိပ်မကြာသေးဘူးဆိုတာ ဘယ်နှနှစ်လောက် ရှိပြီလဲA - ၃ နှစ် ပါ။Q - ညီလေး အလုပ်နဲ့ ပက်သက်ပြီးပြောပါအုံး။A - လောလောဆယ် နိုင်ငံရေး အတိုက်အခံ ဘလော့ရေးနေပါတယ်။Q - အစ်ကိုမေးတဲ့ အလုပ်ဆိုတာ။ စီးပွားရေး အလုပ်အကိုင်တစ်ခုခု၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် တစ်ခုခုကို ပြောတာပါ။A - ဟုတ်ပါတယ်။ အားလုံးအတွက် ကျနော် နိုင်ငံရေးအတိုက်အခံ ဘလော့ရေးနေတာပါ။Q - စီးပွားရေးအတွက် ဘလော့ရေးတာပေါ့နော်။ ဒါဆို ညီလေးက။A - အဲ့လို ပြောလို့ရပါတယ်။ အားလုံးလည်း အဲ့လိုပဲ လုပ်နေတာပါ။ တချို့ကတော့ အဖွဲ့နဲ့ အစည်းနဲ့ပေါ့။Q - ညီလေး အခု လို ဘလော့ရေးတော့ တစ်ယောက်တည်း ရေးတာလား၊ အဖွဲ့အစည်းနဲ့ ရေးတာလား။A - လောလောဆယ်တော့ အဖွဲ့အစည်း မရှိပါဘူး။ အချိတ်အဆက်တော့ ရှိတာပေါ့ဗျာ။ အချိတ်အဆက်ရှိမှလည်း ဒီအလုပ်က လုပ်လို့ရတာလေ။ ဘလော့ကတော့ တစ်ယောက်တည်း ရေးတဲ့ ဘလော့ပါ။Q - တစ်ယောက်တည်း ရေးတာနဲ့ အဖွဲ့လိုက်ရေးတာက ဘယ်လိုကွာလဲ
A - တချို့ကတော့ အဖွဲ့လိုက်ရှိတယ်ဗျ၊ အဖွဲ့လိုက်က သက်သာတယ်၊ ဘလော့ ၁၀ ခုလောက်ကို ကိုယ်က author ယူထားတော့ ပိုစ့်တစ်ခု လောက်ရရင် ၁၀ ခု လုံးမှာ တင်လိုက်ရတယ်။ အဖွဲ့ဝင် ၁၀ ယောက်ဆိုတော့ သူများတွေတင်ချိန်မှာ နားလို့ရတာပေါ့။ တစ်ယောက်တည်းကတော့ ပိုစ့်ရှာရတယ်။ ကိုယ်ဘာကိုယ်ကတော့ နိုင်ငံရေးလည်း နားမလည်၊ သမိုင်းလည်း ကောင်းကောင်းမသိ၊ ပညာအရည်အချင်းကလည်း သိပ်မရှိတော့ မရေးနိုင်ဘူး။ သတင်းဌာနတွေလိုက်ဖတ်ပြီး သူများထက် ဦးအောင် ကော်ပီ ကူးရတာပေါ့။
Q - ဒါဆို အဖွဲ့နဲ့ ရေးတာ ပိုသက်သာတာပေါ့။ ဘာလို့ ညီလေးက တစ်ယောက်တည်း ရေးတာလဲ
A - အဓိကကတော့ အေးဆေးနေချင်လို့ပါ။ စရင်းဇယား မရှုပ်ချင်တာလည်းပါတယ်။
Q - အတူရေးတဲ့ လူတွေနဲ့ စာရင်းရှုပ်တာကို ဆိုလိုတာလား
A - အကုန်ပေါ့ဗျာ။ အစ်ကိုလည်း ကြားဖူးမှာပါ နစ်နေမန်းနဲ့ အာဇာနည် တို့ ဖြစ်သလိုပေါ့
Q - အော်... ဟုတ်တယ်..။ ကြားတော့ ကြားမိလိုက်တယ် သေချာမသိဘူး။ ပြာပြပါအုံး။
A - ပြောရရင် အရှည်ကြီးဗျ။ အတိုဆုံးပြောရရင်တော့ နစ်နေမန်း ဆိုတာက ဘုန်းကြီးအရေးအခင်းမှာ နေ့ချင်းညချင်း နာမည်ကြီးသွားတာဗျ။ သူနာမည် ကြီးတာကလည်း အဖွဲ့ဝင်တွေအားလုံးက အချိန်နဲ့ တပြေးညီ သတင်းတွေ၊ ဓာတ်ပုံတွေ အလျှင်အမြန်ပို့ပေးလို့ ပါ။ သူက ဘာမှ စိုက်ရတာ မဟုတ်ဘူး။ ဘလော့ပေါ် တင်ပေးရုံလေးပါ။ ဒါပေမယ့် ဘုန်းကြီးအရေးအခင်းအပြီး သူတို့ အဖွဲ့တွေ ထောက်ပံ့ကြေးတွေ ပိုးစိုးပက်စက်ရတော့ ကိုနစ်ကြီးက သူ့အဖွဲ့တွေကို နဲနဲလေးပဲ ခွဲပေးတယ်လေ။ အဲ့ဒီမှာ အချင်းချင်း အကြီးအကျယ် ပြဿနာ တက်ကြတာပါ။ အာဇာနည် ဘလော့က အဖွဲ့ဝင်တွေကဆိုရင် ကိုနစ် ကို ဓါးကျိန်းကျိန်းထားတာ။
Q - ဒါဆိုရင်တော့ နစ်နေမန်း မှားတာပေါ့။ မလုပ်သင့်ဘူးနော
A - အဲ့ချိန်တုန်းက သူနဲ့ မဿဒ္ဒါ နဲ့ ကိစ္စရှုပ်နေချိန်ဖြစ်တာကတစ်ကြောင်း၊ တခြား NLD-LA တွေက သူ့ထက် ပိုရနေတာတွေက တစ်ကြောင်း ဆိုတော့ သူလည်း မပေးချင်တော့တာထင်ပါတယ်။
Q - အစ်ကိုလည်း အဲ့ဒါ မေးမလို့။ နစ်နေမန်းနဲ့ မဿဒ္ဒါ ကိစ္စ ညီ သိလား။
A - အဲ့ဒါကျတော့ လူမှုရေး ကိစ္စဖြစ်သွားပြီဗျ။ အစ်ကိုသိချင်ရင်တော့ ပြောပြပါမယ်။ ဘလော့ပေါ်တော့ မတင်စေချင်ဘူး။
Q - အစ်ကို နားလည်ပါတယ် ညီ။ ဘလော့ ရေးဖို့ စပြီး စီစဉ်တော့ အချိတ်အဆက်လိုတယ်လို့ ပြောခဲ့တယ်နော်။ အချိတ်အဆက်ဆိုတာ ဘယ်လိုအချိတ်အဆက်တွေလဲA - အချိတ်အဆက်ကတော့ မျိုးစုံပဲ။Q - နဲနဲလောက် ပြောပြလို့ ရမလား စာဖတ်သူတွေလည်း နားလည်သွားအောင်A - ဒီမှာက အများကြီးပဲဗျ။ တချို့ လူတွေ လုပ်သွားတာတွေဆိုရင် ကျွန်တော်တို့ မသိတဲ့နည်းတွေနဲ့ လုပ်သွားတာ။Q - လုပ်သွားတာဆိုတာ ဘာတွေ လုပ်သွားကြတာလဲ၊ ဘယ်နည်းတွေနဲ့ လုပ်သွားတာလဲA - ပြောရင်တော့ အကုန်ပါတော့မှာဗျ။ ပြီးတော့ ကျွန်တော်က ပြောတာထက် အစ်ကို မေးတဲ့ မေးခွန်းလောက်ပဲ ဖြေချင်ပါတယ်။Q - ရပါတယ်ညီ။ ညီက လောလောဆယ် ဒီအလုပ်ထဲမှာပဲဆိုတော့ အစ်ကို နားလည်ပါတယ်။A - ကျေးဇူးပါ။ မေးစရာရှိတာ ဆက်မေးပါ။Q - ခုလို နိုငံရေး ဘလော့တွေ ရေး၊ ဒီမိုကရေစီအကြောင်းတွေ ရေးတော့ နိုင်ငံရေးနဲ့ပက်သက်ပြီ၊ ဒီမိုကရေစီနဲ့ ပက်သက်ပြီး ညီလေး သဘောထားက ဘယ်လိုရှိလဲA - ဘယ်လိုမှမရှိပါဘူး။ ဘာမှလည်း နားမလည်ပါဘူး။ နားလည်ရအောင်လည်း ကျွန်တော့မှာ ပညာမရှိပါဘူး။ အထက်မှာ ကျွန်တော် ပြောခဲ့သလို စားဖို့နဲ့ နေဖို့ အတွက် ရေးနေတာပါ။Q - နားလည်ရအောင် ပညာမရှိဘူးဆိုတော့ ညီလေးက ကျောင်းပြီးထားပြီးသား မဟုတ်ဘူးလား။A - ဟား ဟား။ ကျောင်းပြီးပြီ။ အလယ်တန်းကျောင်း ပြီးတာဗျ။ ၁၀ တန်း ၂ ခါ ကျပြီး ဒီကိုထွက်လာတာ။Q - ညီတို့ ဆွေမျိုးထဲမှာရော နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ ရှိလဲA - တစ်မျိုးလုံး နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ဘယ်သူမှလည်း ဘာမှမလုပ်ကြပါဘူး။ စီးပွားရေး သိပ်အဆင်မပြေတာကြောင့်လည်း ပါတယ်။ ရန်ကုန်မှာ တစ်နေ့စာ တစ်နေ့ စားဖို့က လွယ်တာမဟုတ်ဘူး။Q - ညီလေးက ရန်ကုန် ဘယ်မြို့နယ်မှာ နေတာလဲA - ကျွန်တော် မဖြေချင်ဘူး အစ်ကိုQ - နားလည်ပါတယ်။ ရန်ကုန်ကနေ မလေးရှားကို ရောက်လာပုံလေး ပြောပါအုံးA - ရန်ကုန်မှာ တုန်းက စာမေးပွဲ ပထမ တစ်နှစ် ကျတော့ ကျွန်တော် စားသောက်ဆိုင် တစ်ဆိုင်မှာ ဝိတ်တာလုပ်ရင် အကြော်ဆရာနဲ့ ပေါင်းပြီး သူ့ဆီက တရုတ်အစားအစာ တော်တော်များများ ကြော်တတ်အောင် သင်ခဲ့ဖူးတယ်။ အဲ့ဒီနောက် တခြာဆိုင် တစ်ဆိုင်မှာ အကြော်ဆရာ ဝင်လုပ်တယ်။Q - ၁၀ တန်း ဆက်မဖြေတော့ဘူးလားA - ၂ နှစ် ဖြေသေးတယ်။ မအောင်တာ။ အကြော်ဆရာ လုပ်ရင်း နဲနဲ အဆင်ပြေလာတာလည်း ပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ စီးပွားရေးတွေ မကောင်းတဲ့ နောက်ပိုင်း စားသောက်ဆိုင် အငယ်လေးတွေ အရမ်းရှုံးကြတယ်။ အလုပ်သမားတွေ လျှော့ကြတယ်။ အဲ့ချိန်မှာ ကျွန်တော်က တက်ခါစပဲ ရှိသေးတာရယ်၊ ကျွန်တော့်ထက် အများကြီး အတွေ့အကြုံရှိတဲ့ အကြော်ဆရာရှိတာရယ်ကြောင့် ကျွန်တော် အထုပ်ခံလိုက်ရတယ်။ အဲ့ဒီဆိုင်ကို ခုထိလည်း မကျေနပ်ပါဘူး။ အဲ့ဒီနောက် ကျွန်တော် ဝေလေလေဖြစ်နေတုန်း မလေးရှားကို ပိုက်ဆံမကုန်ပဲ သွားနိုင်တယ် ဆိုပြီး ကြားတာနဲ့ အေးဂျင့်နဲ့ချိတ်ပြီး ထွက်ခဲ့တာ။Q – ဒါဆို အဲ့ဒီချိန်ထိ နိုင်ငံရေး ခံယူချက်တွေ ဘာတွေ မရှိသေးဘူးပေါ့နော်A - အဲ့ဒီချိန်ကမှ မဟုတ်ဘူး။ ခုထိလည်း ဘာခံယူချက်မှမရှိဘူး။Q - အေးဂျင့်က ချိတ်ပေးလိုက်တာလား။ ဒီအလုပ်ကA - ဟာ..။ မဟုတ်ဘူးလေဗျာ။ ကျွန်တော့် အရင်အလုပ်က သံချည်သံကွေး (စာလုံးပေါင်းမှားနိုင်သည်) လုပ်ငန်းဗျ။ မြန်မှာနိုင်ငံမှာ တွေ့ဖူးတယ် မို့လား။ အဲ့လိုပဲ။ ဒါပေမယ့် ဒီမှာက အဲ့ဒီမှာထက်တော့ သာတာပေါ့။Q - အလုပ်မှာ အဆင်မပြေဘူးလား။A - အဆင်ပြေတယ်ဆိုတာလည်း ဘာမှန်းမသိဘူး။ မပြေတာလည်း မသိဘူး။ ကျွန်တော့် လစာ တစ်နှစ်ခွဲစာက အေးဂျင့်ကို ပေးရတာလေ။ ဒီတော့ ဘာမှန်းကို မသိလိုက်ဘူး တစ်နှစ်ကုန်သွားတယ်။ ပိုက်ဆံလည်း တစ်ပြားမှ မရဘူး။ ဒါပေမယ့် တန်ပါတယ်။ ဘာမှစိုက်စရာမလိုပဲ၊ ဘာမှနားမလည်ပါးမလည်နဲ့ ရောက်လာတာပဲ။Q - နိုင်ငံရေး ဘလော့ စရေးဖြစ်တဲ့အကြောင်းကရောA - ကျွန်တော် သံ လုပ်ငန်းလုပ်ရင်း တစ်နှစ် ကျော်ကျော်ကြာတော့ ဖြစ်ချင်တော့ မလေးရှားမှာ စီးပွားရေး မကောင်းလို့ဆိုပြီး အလုပ်သမားတွေလျှော့ကြ၊ ဖမ်းကြလုပ်တယ်လည်း။ အဲ့ဒီမှာ ကျွန်တော်လည်း “အို“ ဖြစ်သွားတယ်။ အဲ့ဒီနောက် ပိုက်ဆံ7လည်း တစ်ပြားမှမရှိ၊ နေစရာလည်း မရှိ၊ အဖမ်းခံလိုက် ထွက်ပြေးလိုက်နဲ့ နောက်ဆုံး နိုင်ငံရေး သမား လုပ်ခဲ့တာပါ။Q - ညီတို့ကကလည်း နောက်ဆုံး စားစရာမရှိ၊ နေစရာမရှိတော့တာနဲ့ ဘလော့ပေါ်မှာ ခံယူချက်ရှိသလိုလိုနဲ့ ကိုယ့်စီးပွားရေး ကိုယ်လုပ်နေသလို ဖြစ်နေတာပေါ့A - ပြောလို့တော့ ရပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့ကလည်း မလွယ်ဘူး။ အထက်မှာ ကျွန်တော် ပြောခဲ့သလိုပေါ့။ အဆက်အသွယ်ဆိုတာ။Q - သေချာရှင်းပြပေးပါအုံးA - ဒီမှာက UNHCR (မလေးရှား) ဆိုတာ ရှိတယ်ဗျ။ အဲ့ဒီမှာ ကျွန်တော်တို့ စားရာမဲ့၊ နေရမဲ့ မြန်မာတွေ တစ်ပုံကြီး မှတ်ပုံတင်ကြတယ်။ အဲ့ဒါကလည်း မလွယ်ဘူးဗျ တော်တော်ခက်တယ်။Q - မှတ်ပုံတင်ဖို့ ဘာတွေ လိုအပ်တာလဲA - လိုအပ်တာတွေက အများကြီးဗျ။ ဒါပေမယ့် အဲ့ဒီလိုအပ်တာက ဘာမှလုပ်လို့မရဘူး။Q - နားလည်နိုင်မယ့် ဥပမာလေးတွေနဲ့ ပြန်ရှင်းပေးပါအုံးA - ဒီလိုဗျာ။ ဥပမာ ကျွန်တော်က ရန်ကုန်မှာနေခဲ့တယ်၊ ဗုဒ္ဓဘာသာဖြစ်နေတယ်၊ ဗမာလူမျိုးဖြစ်နေတယ်။ အဲ့ဒီအချက်တွေနဲ့ပဲ ကျွန်တော် ဘယ်တော့မှ UNHCR မှာ ဒုက္ခသည် မဖြစ်နိုင်တော့ဘူး။Q - ဒါပေမယ့် ညီလေးက အမှန်တကယ် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်စစ်စစ်ပဲ ဆိုတာကို ပြောပြလို့မရဘူးလားA - ဘယ်လိုမှမရဘူး အစ်ကို။ အစ်ကိုမသိလို့ UNHCR ကို မကျေနပ်တဲ့ ဗမာတွေ တစ်ပုံကြီး မလေးရှားမှာရှိတယ်။ မြန်မာနိုင်ငံထဲက လာတဲ့ လူချင်း အတူတူ၊ တိုင်းရင်းသားမှ လက်ခံပြီး ဗမာ ကို လက်မခံဘူး။ ဗုဒ္ဓဘာသာဆိုရင် လက်မခံဘူး။Q - UNHCR ရဲ့ အလုပ်က ဘာလဲ ညီ သိလားA - ကျွန်တော်သိသလောက်တော့ အသင်းဝင်ကြေးနဲ့ လစဉ်ကြေး ကောက်နေတာပဲ တွေ့တယ်။Q - အသင်းဝင်ဖြစ်ဖို့ လိမ်ပြောလို့ရော မရဘူးလားA - လိမ်တာပေါ့။ ကျွန်တော်တို့ ပက်ပက်စက်စက်ကိုလိမ်တာ။ ဒါပေမယ့် ကရင်ဆို ကရင် ကစစ်တာဗျ။ ချင်းဆိုရင် ချင်းက စစ်တာ။ စကားကောင်းကောင်း ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ကျွန်တော်တို့ အားလုံးက ဗမာတွေ၊ ပြီးတော့ တော်တော်များများက ၅ တန်းအောင် ၆ တန်းအောင်တွေQ - အတုတွေ ဘာတွေရော လုပ်လို့မရဘူးလားA - ရတဲ့လူတွေရတယ်။ အတုတွေကလည်း အစုံပဲ။ လိမ်နည်းတွေကလည်း အစုံပဲ။ ကျွန်တော်ဆို အားလုံး လိမ်ဖူးတယ်။ ရွာမီးရှို့ခံရတယ်၊ ပေါ်တာဆွဲခံရတယ်၊ မေးတုန်းက ခရစ်ယာန်ဘာသာပါ။ တစ်ရွာလုံး မုဒိန်းအကျင့်ခံရတာပါ။ စုံနေအောင်လိမ်ပြောဖူးတယ်။ ပြီးတော့ ကျွန်တော့မှာ တိုင်းရင်းသားကဒ် ၆ ကဒ်လည်း ရှိတယ်။Q - နောက်ဆုံး အဆင်ပြေသွားတယ်ဆိုပါတော့A - ပြောတော့ ပြေသွားပါတယ်။ တခြား အဆင့်တွေလည်း အများကြီး ဖြတ်ကျော်ခဲ့ရတယ်Q - ခုလို ဒုက္ခသည်ဆိုပြီး အမျိုးမျိုးလိမ်ခဲ့ပြီး ခု ဘလော့ပေါ်မှာ နိုင်ငံအကြောင်း မဟုတ်တာတွေရော ဟုတ်တာတွေရော ရေးနေရတာနဲ့ ပက်သက်ပြီး ကိုယ့်ကိုယ်ကို နောင်တရတာတွေ ရှိလားA - နောင်တရတယ်လို့တော့ မဟုတ်ဘူး။ လောလောဆယ် အစဉ်ပြေတယ်။ နောက်ပိုင်း လူတွေထပ်ရောက်လာရင် ကျွန်တော်တို့က လူဟောင်းတွေဆိုတော့ နဲနဲ လုပ်လည်းလုပ်ဟန်လေးတွေ သင်ပြလို့ရတယ်။ ပြီးတော့ ကျွန်တော့ ဘလော့လည်း နဲနဲ နာမည်လေးလည်းရနေ။ အနေထားလေးလည်း ကျနေပြီဆိုတော့။ လက်ရှိအနေမထားလေးကို သဘောကျပါတယ်။ အစ်ကို ပြောသလို တစ်ခါ တစ်လေ စဉ်းစားမိတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီချိန်ကြရင် ကျွန်တော့်ထက်ဆိုး၊ ကျွန်တော့ထက် နိုင်ငံအကြောင်း မဟုတ်တာ ပြော၊ ဒီမှာ မြန်မာအချင်းချင်း အမြတ်ထုပ်ပြီး သူဌေးဖြစ်နေတဲ့လူတွေနဲ့ ယှဉ်လိုက်တော့ ကျွန်တော် လုပ်နေတာလေးက ဘာဆို ဘာမှမဟုတ်ဘူး ဆိုပြီး ဖြေသိမ့်ပါတယ်။Q - နိုင်ငံအတွက် မကြည့်တော့ဘူးလား။A - နိုင်ငံအတွက်ကတော့ ကျွန်တော်တင်မဟုတ်ဘူး။ ဒီက လုပ်ဖော်ကိုင်ဖက်အားလုံး တစ်ယောက်မှ နိုင်ငံအတွက်ဆိုပြီး လုပ်တဲ့လူ မရှိဘူး။ ကျွန်တော့် အမျိုးတွေထဲမှာလဲ မရှိခဲ့ဘူး။ ကျွန်တော်လည်း မရှိဘူး။Q - ဒီအလုပ်လုပ်တော့ ရန်ကုန်က မိဘတွေက ဘာမှမပြောဘူးလားA - ဟာ..။ ဒါတော့ ကျွန်တော် ဘယ်အသိပေးမလဲ။ တခြားလုပ်ငန်းလုပ်တယ်ပဲပြောတာပေါ့။ ဒီအလုပ်လုပ်ရင် အဖေ က သဘောမတူဘူးဆိုတာ ကျွန်တော် သိတယ်။Q - ညီ တို့ အလုပ်ကလည်း ကိုယ့်အလုပ်ကိုယ် ဂုဏ်ယူဝင့်ကြားစွာ ထုတ်ဖော်ပြောဖို့နေနေသာသာ အသိတောင် မခံရဲရတဲ့ အလုပ်ပါလား။A - ဒါကလည်း ဒီအလုပ်လုပ်နေသူ အားလုံးပါ။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာတော့ သူရဲကောင်းလုပ်ရဲ၊ ကိုယ့်အလုပ်ကို ထုတ်ပြောရဲပါတယ်.. ဟားဟား။ (ရယ်လျှက်)Q - နေ့စဉ် အလုပ်က ဘာတွေလုပ်ရတာလဲA - ကျွန်တော်ကတော့ ဒေါက်တာလွမ်းဆွေဘလော့နဲ့ ပိတောက်မြေ ဘလော့ကို သွားပြီး သတင်းအသစ်လင့်တွေ လိုက်ကြည့်တယ်။ နောက် လူကြီးတွေ ကြိုက်မယ်ထင်တဲ့ ပိုစ့်တွေကို ကိုယ့်ဘလော့မှာ ပြန်တင်တယ်။ စီဘောက်စ်တွေမှာ လိုက်အော်တယ်။ နေ့တပိုင်းလောက်ဆို ကျွန်တော့တာဝန် ပြီးပါပြီ။ ညနေပိုင်းတော့ အရက်လေး သောက်လိုက်၊ စော်နဲ့ စကားပြောလိုက်ပဲ။ ထူးထူးခြားခြားနေ့တွေ့ ဘာတွေဆိုရင်တော့ သူတို့ ခေါ်တဲ့နေရာတွေဘာတွေသွားရတယ်။ ဥပမာ - ညောင်ရေ သွန်းပွဲမှာ ဘယ်မှာစုမယ်၊ ဘာလုပ်မယ်ပေါ့။ အဲ့ဒါလည်းကောင်းပါတယ်၊ ပိုက်ဆံလည်း ရတယ်။ ပိုစ့်တစ်ခုရတယ်လေ။Q - လူကြီးတွေကြိုက်မယ့် ပိုစ့်ဆိုတာ ဘယ်လို ပိုစ့်လဲ ညီA - နဲနဲ ထူးထူးခြားခြားဖြစ်တာနဲ့ အဓိကကတော့ စစ်အစိုးရ မကောင်းကြောင်းပေါ့။ မရှိရင်လည်း ကို့်ဘာကို စဉ်းစားပြီး ရွာမီးရှို့တာတွေ၊ မုတိမ်းကျင့်တာတွေ လုပ်ရတာပေါ့။ ဘလော့ပေါ်မှာ ကျွန်တော် မီးရှို့ခဲ့တဲ့ ရွာတွေတောင်တော်တော်များနေပြီ။Q - ခု န ပြောတော့ ညီ့မိဘတွေကို ညီ့မလုပ်ကို ပြောမပြဘူးလို့ပြောတယ်။ ပြီးတော့ ညီ့ မှာ ချစ်သူ ရှိတယ်ဆိုတော့ သူကရောA - သူ့ကိုတော့ နည်းနည်း ပြောပြထားတယ်။ သူကလည်း မလေးရှားကပဲလေ။ ဆိုးဆိုးရွားရွား တွေ အကုန်သိတယ်။ အဲ့ဒီထဲကမှ ကျွန်တော်က သူများတွေလို မဟုတ်ကြောင်း။ ဒီအလုပ်ကို မလုပ်ချင်လုပ်ချင်လုပ်နေရကြောင်းနဲ့ တစ်နေ့ကျရင် အမေရိကားကို သူနဲ့ အတူထွက်ဖို့ လုပ်နေကြောင်း ဖောရတာပေါ့။Q - ကောင်းပါ့ဗျာ။ ညီ့ ချစ်သူက မလေးရှားကပေါ့။A - ဟုတ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေ စော် ရရင် မလေးရှားကနဲ့ မြန်မာနိုင်ငံကပဲ များပါတယ်။ ဒါတောင် အကြောင်း မသိတဲ့လူတွေလောက်နဲ့ပဲ အဆင်ပြေတာ။ စင်္ကာပူတို့၊ ထိုင်းတို့၊ ကိုရီးယား၊ ဂျပန်၊ ယူအက်စ်၊ ယူကေ က ကောင်မတွေ က ကြီးကျယ်တယ်။ ကျွန်တော်တို့ ကို မေးလို့ မလေးရှားက ဆိုတာနဲ့ စကားမပြောချင်ကြတော့ဘူး။ ဘလော့ပေး၊ ဒလိ လုပ်တော့တာပဲ။Q - ညီ ခုန ပြောခဲ့တာ အမေရိကားကို သွားဖို့ဆိုတာက တကယ်လားA - ဟုတ်တယ် အစ်ကို။ ကျွန်တော်တို့က ဒီကနေ တတိယနိုင်ငံ ဆက်ပြီး ချိတ်လို့ရတယ်။Q - ဟုတ်လား။ ဘယ်နိုင်ငံတွေလဲA - အမေရိကားရယ်။ သြစတေးလျ ရယ်၊ နော်ဝေ ရယ်ပါ။Q - ဒါဆို အဲ့ဒီ နိုင်ငံ မှာ ခုရောက်နေတဲ့ ဒုက္ခသည်တွေကလည်း တစ်ချိန်က ညီတို့လိုပဲပေါ့နော်A - တစ်ချိန်တင်မဟုတ်ပါဘူး။ ဘယ်နိုင်ငံရောက်ရောက် အားလုံး အတူတူပါပဲ။ ကျွန်တော်တို့ အချင်းချင်း ပိုသိပါတယ်။Q - ဒါဆို ညီ က တောက်လျှောက် ဒီ နိုင်ငံရေး ဘလော့ရေးတဲ့ အလုပ်ကို ဘာခံယူချက်မှမရှိပဲ ဆက်လုပ်သွားမယ်ဆိုတဲ့ သဘောလားA - အမှန်တိုင်းပြောရရင်တော့ ဒီလောက်သက်သာပြီး အရင်းမစိုက် ရတဲ့ အလုပ်ကို နေသားကျနေပြီးမှတော့ ကျွန်တော် လက်မလွှတ်တော့ပါဘူး။Q - ချမ်းချမ်းသာသာ နေနိုင်ပါ့မလားA - NLD LA တွေလောက်တော့ ချမ်းသာမှာမဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က ကြားကျတယ်ဗျ။ နိုင်ငံရေး လုပ်ချင်ရင် NLD ကိုလာ UN လိုချင်ရင် UN ရုံးသွားဆိုပြီး NLD ရုံးရှေ့မှာ စာကပ်ထားတာ တွေ့ဖူးတယ်ဗျ။ NLD LA တွေက တော့ ကျွန်တော်တို့ထက် မိုက်တွင်းနက်၊ ကျွန်တော်တို့ထက် အရှက်မရှိတဲ့လူတွေ၊ ကျွန်တော်တို့ထက် လူလည်ကြပြီး ချမ်းသားနေတဲ့ လူတွေပါ။ သူတို့ချင်း သိပါတယ်။ ကျန်တဲ့ အေးအေးဆေးဆေး နေတဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။ ကျွန်တော်က သာမန်ဒုက္ခသည်ထက် ဆိုးပေးမယ့် NLD လောက် မမိုက်တဲ့ ထဲမှာ ပါတယ်လို့ ပြောရမယ်။ ပစ္စည်းဥစ္စာကတော့ ထိုက်သင့်သလောက်ပေါ့။ မြန်မာနိုင်ငံလည်း ပြန်လို့မှမရတော့တာ။ ထူးမခြားနားအခြေနေဆိုတော့ နိုင်ငံမကောင်းကြောင်းရေးလည်း အရင်တုန်းကတော့ နဲနဲ ထိန်းသေးတယ်။ ခုတော့ သတင်း အတုတွေ ကျွန်တော် ထုတ်ထုတ်ပေးလိုက်လို့ သူများတွေ ကော်ပီ ကူးကြတာတွေတောင် မနည်းတော့ပါဘူး။Q - စာဖတ်သူတွေကို ညီလေး ဘာပြောချင်သေးလဲA - ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ နိုင်ငံရေးသမားတွေ ပြောတိုင်း မယုံပါနဲ့လို့။ ပြီးတော့ အဲ့ဒီ နိုင်ငံရေး ဘလော့ရေးသူတွေကိုလည်း အချင်းချင်း သိတယ်လို့။ သိပ်ပြီးတော့ သူရဲကောင်း လုပ်မနေကြနဲ့ လို့။ ဒါပဲပြောချင်တာပါ။ အဲ့ဒါကလည်း ကျွန်တော် ပြောနေကျ စကားပါပဲ။Q - ဟုတ်ကဲ့ပါ။ ခုလို စော်နဲ့ စကားပြောရမယ့်အချိန်ထဲကနေ အများကြီးပေးပြီး ဖြေကြားသွားတဲ့ ညီလေး မောင်ရန်အောင် ကို ကျေးဇူး အများကြီး တင်ပါတယ်။A - ရပါတယ်။ ကျွန်တော့်အနေနဲ့ကလည်း တစ်နေ့ မဟုတ် တစ်နေ့ အားလုံး ထုတ်ပြောဖို့ စီစဉ်ထားပြီးသားပါ။Q - ပထမ ကိုသွင်ကြီး (ကိုသွင်ကိုကို) နဲ့ အမေးအဖြေလုပ်တော့ ဒီအမေးအဖြေတွေ အားလုံး အမှန်ကန်မှန်း သိအောင် တစ်ခုခု သက်သေထားခဲ့ဖို့ ပြောတော့ ကို သွင်ကြီးက သူ့အီးမေး ပေးခဲ့တယ် ညီ။ ညီ့ အနေနဲ့ကျတော့ နာမည်ကလည်း သိပ်မပြည့်စုံ၊ လိပ်စာတွေကလည်း မတိကျတော့ တစ်မျိုးဖြစ်နေမလားလို့။ အစ်ကိုတို့က နားလည်တယ်။ စာဖတ်သူတွေအနေနဲ့ပေါ့။A - ကျွန်တော် ပြောတာ အားလုံး အမှန်တွေဆိုတာ ကျွန်တော်တို့ ပက်ဝန်းကျင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း အားလုံး သိပါတယ်။ ပြီးတော့... http://liar-peoples.blogspot.com/http://www.mgpala.com/2010/05/blog-post_05.htmlအဲ့ဒါလေးတွေ ကြည့်ခိုင်းလိုက်ဗျာ။ အားလုံး ကွင်းကွင်းကွက်ကွက် သိသွားကြမှာပါ။