Subscribe to our RSS Feed

On a Road to Nowhere


On a Road to Nowhere

ဒေါ်လာစား အတိုက်အခံအားလုံးက ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ပါ.. ဒါပေမယ့် .. အဲဒီလမ်းကြောင်းအတိုင်း သွားရုံကလွဲပြီး အခြား ဘယ်ကိုမှ သွားစရာမရှိပါဘူး.. စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ။ ကိုယ့်နိုင်ငံအကြောင်း မကောင်းထိုင်ပြောနေရဖိုပပါပဲ.. နိုင်ငံကို သိက္ခာသက်သက်ချနေရမှာပါ.. နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ကမ္ဘာအလည်မှာ သိက္ခာတက်စေမယ့် မြန်မာ့ အစဉ်အလာတွေလည်း တင်လို့ရပါတယ်။ အေးချမ်းသာယာတဲ့ ဘဝတွေလည်း တင်စရာတစ်ပုံကြီးပါ..။ ခုတော့ ဒေါ်လာစားဆို့ ဘလော့တွေ၊ ဆိုဒ်တွေ ကြည့်လိုက်ရင်.. ပူလောင်မှုတွေ၊ ရန်စောင်မှုတွေ၊ ရိုင်းစိုင်းကြမ်းတမ်းမှုတွေနဲ့အတိ။ အခုချက်ချင်းပဲ ထသက်ကြတော့မလို၊ ခုချက်ချင်းပဲ မြန်မာနိုင်ငံကြီး ရစရာမရှိအောင် ပျက်စီးတော့မလို၊ လုံးဝ ရစရာမရှိတော့လို့ အရေးတကြီး ကယ်ဆယ်ရတော့မလိုနဲ့ ရေးထားလိုက်တဲ့ ဘလော့ပိုင်ရှင်များက သူတို့ကိုယ်သူတို့ သူရဲကောင်းတွေ လိုပါပဲ.. အမှန်တော့ သူတို့လည်း ဘာမှမသိပါဘူ.. ဘာမှမသိတဲ့အပြင် ဇ မရှိတော့ ကြည့်ရ၊ မြင်ရတာ တော်တော်ဆိုးပါတယ်..။ ခံယူချက်ရှိလို့ မကျေနပ်ရင် မြန်မာနိုင်ငံပြန်ပြီး သူရဲကောင်းလုပ်လို့ရပါတယ်..။ အဲ့လိုကျတော့လည်း သတ္တိမရှိကြဘူး..။ ဘယ်လောက်တောင် သတ္တိကြောင်လဲဆိုတော့ ကိုယ့်ဘလော့မှာ ကိုယ့်နာမည်အမှန်နဲ့ ဓာတ်ပုံနဲ့ လိပ်စာကိုတောင် မတင်ရဲကြပဲ သူရဲကောင်း လုပ်ချင်ကြတယ်.. ဒါပေမယ့်.. ဒါကလည်း ကြေးစား အတိုက်အခံတွေရဲ့ လမ်းကြောင်းပဲကိုး..။


ဘယ်နိုင်ငံမှာဆို ဘယ်လို

ဘယ်နိုင်ငံသားမဆို ကိုယ့်နိုင်ငံကို ကိုယ်ချစ်ကြပါတယ်။ ဘယ်နိုင်ငံမှာပဲနေနေ တစ်ချိန်ချိန်ကျရင်တော့ ကိုယ့်နိုင်ငံကို ပြန်ချင်ကြတာချည်းပါပဲ။ အကြောင်းတိုက်ဆိုင်လာတာနဲ့အမျှ ကိုယ့်နိုင်ငံကို သတိရကြတာပါပဲ။ နိုင်ငံခြားဆိုတာ အထင်ကြီးစရာမဟုတ်သလို အထင်သေးစရာလည်းမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒါကို သွားပြီး နှိုင်းယှဉ်လို့မရပါဘူး။


အတိုက်အခံ
အတိုက်အခံဆိုတာ နေရာဌာန အသီးသီးတိုင်းမှာ မပြစ်မနေ ရှိသင့်တဲ့ အရာပါ။ အတိုက်အခံရှိမှလည်း အဲ့ဒီဌာန၊ အဲဒီ အဖွဲ့အစည်းက တိုးတက်မှာပဲ။ စီပွားရေးလောကမျာလည်း စီးပွားရေး လောကအလျှောက်၊ လူမှုရေးလောကမှလည်း လူမှုရေးလောကအလျှောက်၊ နိုင်ငံရေးလောကမှာလည်း နိုင်ငံရေး လောကအလျှောက် သူ့ဟာနဲ့သူ အပြိုင်အဆိုင် အတိုက်အခံဆိုတာ ရှိစမြဲပါ။ မရှိလို့လည်း မဖြစ်ပါဘူး။ မလွှဲမသွေ ရှိကို ရှိရမယ့်အရာပါ။

အတိုက်အခံမှာမှ ကိုယ်ရေးကိုယ်တာအတိုက်အခံနဲ့ ကြေးစားအတိုက်အခံဆိုပြီး ထပ်ခွဲကြည့်လို့ရပါတယ်။ ကိုယ်ရေးကိုယ်တာကတော့ ကိုယ့်စိတ်ထဲကကို တစ်ဖက်လူ ဒါမှမဟုတ် တစ်ဖက်အဖွဲ့အစည်းကို မနှစ်မြို့လို့ ပြိုင်ချင်ဆိုင်ချင်လို့ လိုက်ပြီး အတိုက်အခံလုပ်ကြတာကို ပြောတာပါ။ ကြေးစားအတိုက်အခံတွေ ဆိုတာကတော့ လူမိုက် ဒါမှမဟုတ် လူရမ်းကားသဘောဆောင်ပါတယ်။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက ပိုက်ဆံပေးပြီး ရိုက်ခိုင်း၊ တိုက်ခိုက်ခိုင်း၊ တစ်ဖက်က လူ ဒါမှမဟုတ် တစ်ဖက်က အဖွဲ့ရဲ့ လုပ်သမျှ ကန့်ကွက်ရတဲ့ အတိုက်အခံမျိုးကို ခေါ်ပါတယ်။ ကြေးစားအတိုက်အခံအများစုဟာ ပညာမတတ်သူများပြီး၊ မိုက်ရူးရဲတွေများပါတယ်။ ကြေးစားအတိုက်အခံတွေမှာမှ ကိုယ့်ဘဝ ကိုယ့်အခြေအနေကို သိတဲ့ ကြေးစားအတိုက်အခံနဲ့၊ အောက်ခြေလွတ်နေတဲ့ ကြေးစားအတိုက်အခံဆိုပြီး ၂ မျိုး ထပ်ခွဲနိုင်ပါသေးတယ်။ မြန်မာ့နိုင်ငံရေး အတိုက်အခံအားလုံးလိုလိုက ကိုယ့်ဘဝကိုယ်မေ့တဲ့ အောက်ခြေလွတ် ကြေးစား အတိုက်အခံတွေများပါတယ်။


နိုင်ငံရေး အတိုက်အခံနဲ့ ဘလော့ဂါ
အတိုက်အခံထဲမှာမှ နိုင်ငံရေးအတိုက်အခံဆိုတာ လူတိုင်းဖြစ်နိုင်သလို လူတိုင်းလုပ်နိုင်ပါတယ်။ သူတောင်းစား၊ လမ်းဘေးက ကလေကချေ က စပြီး ဒုတိယ သမတ္တထိ ဖြစ်နိုင်ပါတယ်။ အတိုက်အခံဆိုတာ နိုင်ငံ တိုင်းမှာရှိတာပဲ ဘယ်လောက်ဒီမိုကရေစီ အပြည့်အဝရှိပါတယ်ဆိုတဲ့ တိုင်းပြည်မဆို သူ့အတိုက်အခံနဲ့သူရှိတာ။ နှစ်ယောက်ရှိရင် မူသုံးမျိုးကွဲတတ်တဲ့ မြန်မာလူမျိုးဆိုရင်တော့ ပြောမနေနဲ့တော့။ အရင်ကတည်းက ကွဲချင်နေတာ ပိုက်ဆံပေးပြီး ခိုင်းမယ်ဆိုတော့ ပိုပေါလာတာပေါ့။ ဒါပေမယ့် လူတိုင်းက အတ္တနဲ့ဆိုတော့ ကိုယ်နဲ့ ကိုယ့်မျိုးဆက်တွေကို ထိခိုက်မှာတော့ လက်ရွံ့ကြတယ်။ ဆွေမရှိ၊ မျိုးမရှိ တကောင်ကြွက်တချို့တော့ မြန်မာနိုင်ငံထဲမှ လုပ်ကြတယ်။ ကြေးစားအတိုက်အခံ အများစုကတော့ ပြည်ပမှာပဲ နေကြတယ်။ အများစုက မရည်ရွယ်ပဲ လုပ်ဖြစ်သွားကြတာတွေပါ..။ နိုင်ငံရေးအတိုက်အခံ ဘလော့ရေးမယ်ဆိုပြီး ပြည်ပထွက်လာတဲ့လူတော့ တစ်ယောက်မှမရှိပါဘူး။





ကြေးစားအတိုက်အခံ ဘလော့ရေးတဲ့လူတွေကို သုံးမျိုး ထပ်ခွဲလို့ရပါသေးတယ်။ ပထမ တစ်မျိုးက ပြည်တွင်းမှာ နာမည်ပျက်ရှိလို့ ပြည်ပကို ထွက်ပြေးခိုလုံပြီးရေးတဲ့လူ၊ နောက်တစ်မျိုးက ပြည်ပကို အေးအေးဆေးဆေး အလုပ်ရှာဖို့ လာရင်းက ပညာရေးကလည်း အဆင့်မမှီ၊ အလုပ်ကလည်း ရှာမရတဲ့နောက် ပြည်တွင်းက မိဘဆွေမျိုးတွေကို ငဲ့ပြီး သူတို့ကို အသိမပေးပဲ ကြေးစားဘလော့ရေးတဲ့လူ၊ နောက်ဆုံးတစ်မျိုးကတော့ အလကားနေရင်း၊ အလကား နေရင် အလကား၊ အဆက်အသွယ်လည်းရှိ၊ အပိုဝင်ငွေလေးလည်းရတဲ့အပြင် ကံကောင်းရင် နေရာပါရနိုင်သေးတယ်ဆိုပြီး အတိုက်အခံ ဘလော့တစ်ခု စလုပ်ကြတဲ့လူမျိုးတွေပါ။



အမျိုးအစားကတော့ ပညာရည်အဆင့် နိမ့်တဲ့လူတွေများပါတယ်။ ပညာရည်နိမ့်လို့ စာအရေး အသားကောင်းလားဆိုတော့လည်း မကောင်းကြပါဘူး။ စာဖတ်သူတွေ လက်ခံလာအောင် ရေးတာမဟုတ်ဘူး ကိုယ့်အမြင်ကိုယ် ရေးတယ် ဆိုပေမဲ့ စာရေးရာမှာ အမျိုးမျိုးရှိတယ်။
(၁) ကိုယ်တယောက်ထဲအတွက် ကိုယ်ရေးခြင်း (public ကို ပြရန်မလို)
(၂) တခြား တစုံတယောက်အတွက် ရေးခြင်း (စာပို့ခြင်း၊ မေးလ်ပို့ခြင်း)
(၃) အများသူငါ ဖတ်ရှုဖို့ရေးခြင်း (စာ နယ် ဇင်း နှင့် ၀က်ဘ်ဆိုက်များ, ဖိုရမ်များတွင် ရေးခြင်း) ဆိုပြီး http://formmbloggers.blogspot.com/2010/02/blog-post.html ဘလော့မှာ ရေးထားတာကို သွားရောက်မှတ်သား သင့်ပါတယ်။ အခု လောလောဆယ် မြန်မာ ကြေးစားအတိုက်အခံဘလော့တွေ ဖြစ်နေပုံက ဘယ်အမျိုးအစားမှန်းကို ပြောလို့မရတာပါ။ တင်ထားတဲ့ ပို့စ်တွေကလည်း သတင်းဌာနပေါင်းစုံက သတင်းတွေနဲ့ ဆွေးနွေးချက်တွေပါပဲ။ ဖတ်တဲ့လူကလည်းဖတ်ပါတယ် (သူတို့အချင်းချင်း) အားလည်းပေးကြပါတယ်။



ကြေးစား အတိုက်အခံဘလော့ဂါတွေဟာ ကာရန်မရှိတဲ့ ကဗျာတွေလည်း စပ်တတ်ကြပါတယ်။ ကဗျာဖြစ်ရင်ပြီးရောဆိုတဲ့သဘော၊ ပိုစ့်တစ်ခု ရရင်ပြီးရော သဘောမျိုးပါ။ ကဗျာဘယ်လိုစပ်ရတယ်၊ ကဗျာအမျိုးအစားဆိုဘာ ဘာတွေရှိတယ်ဆိုတာကို အထက်တန်းကျောင်းသားဘဝက သင်ခဲ့ပြီးပါပြီ။ အထက်တန်း မအောင်ခဲ့လို ဆိုရင်လည်း မစပ်ကြရင် ပိုကောင်းပါတယ်။
စာအရေးအသားလဲမတတ်၊ သမိုင်းကြောင်းလဲမသိ၊ ကဗျာလည်းမစပ်တတ်ကြတော့ အများစုက သတင်းဌာနတွေက သတင်းတွေလိုက်ဖတ်ပြီး သတင်းအသစ်တစ်ခုကို ဘယ်ဘလော့မှမတင်ခင် ဦးအောင် ကော်ပီကူးနိုင်ဖို့ ကြိးစားကြရပါတယ်။ နဲနဲပါးပါး ကိုယ့်အမြင် သုံးသပ်ချက်တောင် တစ်ကြောင်းမပါပါဘူး။ ဟိုမှာတင်တဲ့အတိုင်း ချက်ချင်းပြန်တင်ကြရတာပါ။ အလုပ်အကိုင်တူတွေကလည်း တဖြည်းဖြည်း များများလာတာကတစ်ကြောင်း၊ တင်စရာကလည်း ဘာမှမရှိတာကတစ်ကြောင်း မတင်ပြန်ရင်လည်း စီးပွားရေးက ရှိသေးတာက တစ်ကြောင်း၊ ဆိုတော့ အလုအရက် ကော်ပီ ပေ့စ် လုပ်ရတဲ့ အဖြစ်မျိုးပါ။




ဘယ်အမျိုးပဲဖြစ်ဖြစ် ဒီလမ်းကြောင်းပေါ်ရောက်လာမှတော့ ဒီလမ်းကြောင်းအတိုင်း ဆက်လုပ်ရုံမှတပါး.. အခြားမရှိ...။ မြန်မာ ကြေးစား အတိုက်အခံ ဘလော့ဂါအားလုံး စီးပွားရေးအဆင်ပြေကြပါစေ...။


Myanmar Express

စီးပွားရေး တိုးတက်မှု

လူသိရှင်ကြား သူတောင်းစားများ
.... မျောက်ပြ ဆန်တောင်းဘဝမှ လူပြ ဒေါ်လာတောင်းဘဝ သို့ ....


Myanmar Express

တိုက်ပွဲဝင်ဖို့ ခွန်အားတွေအပြည့်ရှိ



တိုက်ပွဲဝင်ဖို့ ခွန်အားတွေအပြည့်ရှိတယ်

do or die, သင့်သားသမီးတွေအနာဂတ်သည် သင့်လက်လက်ထဲတွင်ရှိသည်။ (အာဇာနည်ဘလော့)
ဒေါ်လာရှိမှ သားသမီးတွေအနာဂတ်လည်း စိတ်အေးရမှာပါ။

We Want Youth! (မိုးသီးဇွန်းဘလော့)
နောက်ထပ် ဘယ်သူတွေ စပွန်ဆာပေးအုံးမလဲ သူတို့ အလိုရှိပါတယ်။

ကျမကတော့ အနာဂတ်အတွက်ကြိုတင်စဉ်းစားတာထက် လက်ရှိအခြေအနေတွေကို စဉ်းစားစေချင်ပါတယ် (မြတ်လေးငုံ ဘလော့)
လက်တလော စားဖို့တောင် ဒီလောက်ကော်ပီ လိုက်ကူးပြီး ပို့စ်တင်နေရတာ အနာဂတ်ကို မစဉ်းစား နိုင်သေး ပါဘူး။

မနေ့ တနေ့ ကမှ နိုင်ငံရေး ထလုပ်တာမဟုတ်ဘူး မျိုးနဲ့ ရိုးနဲ့  နိုင်ငံရေးလုပ်လာတာ... (မင်းဓမ)
မျိုးနဲ့ရိုးနဲ့ ဒီလိုပဲ လုပ်စားခဲ့တာပါ။

ဒုတိယ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သွားမယ်။ (BURMA: LAND OF HARMONY)
ဒုတိယပြီး တတိယ ဆက်လာမှာပါ။ ဒီအလုပ်က စီးပွားရေးအစဉ်ပြေတယ်လေ။

ကျမတို့က ဦးခေါင်းသာပျော့ချင်ပျော့မယ်.. ဒူးခေါင်းတော့ဘယ်တော့မှမပြော့ဘူး။ (လမင်းခင်ဘလော့)

သူ့မှာ မွေးရာပါ ဦးခေါင်းပျော့ရောဂါရှိပြီး။ သူတွေ့ဖူးတဲ့ လူတွေက ဒူးခေါင်းတွေ ပျော့နေလို့ပါ။ သူမ ရေးထားသော စာများကို ဖတ်ရုံဖြင့် ဘယ်လိုခေါင်းနဲ့ရေးထားလဲ သိနိုင်ပါတယ်။

လွတ်လပ်ကြဖို့...တို့အချိန်တန်ပြီ။ (နစ်နေမန်းဘလော့)
ဒါပေမယ့် လွတ်လပ်ပြီလို့တော့ ဘယ်တော့မှမပြောပါ။ ဒီအလုပ်လေးပျက်သွားရင်ဒုက္ခ။

အမိ မြန်မာပြည်အား တကယ်ကို ငြိမ်းချမ်းသာယာ တိုးတက်စေချင်ပါသည်။ (ငယ်နိုင်ဘလော့)
ဒါပေမယ့် ဘလော့ပေါ်မှာတော့ အမိနိုင်ငံအလံမထားပါဘူး၊ အဖနိုင်ငံအလံများပဲထားမှာပါ။

အောင်ပွဲဆိုတာ တိုက်ရဲသူတွေ အတွက်ပဲ ဖြစ်တယ်.။ (just Free Man ဘလော့)
လောလောဆယ်တော့ ဟောင်ပွဲတွေပဲ ဆက်တိုက်ဝင်ဖြစ်နေတယ်။

ပြောချင်တာပြောဖို့ နားထောင်မည့်သူမရှိတဲ့အခါ (ထိုက်မင်းဘလော့)
ပြောချင်တာတွေကို မစဉ်းမစားမစဉ်မခြင် အကုန်သာပြောနေပါတယ်။

ရင်နှင့်အမျှ..ခံစားရပါသော.. (မသဒ္ဓါဘလော့)
ကိုနစ်ကြီးနဲ့ အစဉ်မပြေကတည်းက ခံစားနေရတာ ခုထိပါပဲ။

ငါတို့တိုင်းပြည်လေးထဲမှာ.. (မဆုမွန်ဘလော့)
ငါတို့တိုင်းပြည်လေးထဲမှာ ပြည်သူတွေဘာတွေဖြစ်နေဖြစ်နေ ငါတော့ သူများတိုင်းပြည်လေးထားမှာ ငါတို့တိုင်းပြည် အကြောင် မကောင်းတာလေးတွေပြောလိုက်၊ ဂျေဂျူဝိုင် နဲ့ ကြူလိုက်။

တော်လှန်ရေးသည် ငါတို့ကျောင်းငါတို့တက္ကသိုလ်။ (ကိုဈာန်ဘလော့)
လောလောဆယ်တော့ ဒေါ်လာရေးသည် ငါ့တို့ကျောင်းငါတို့တက္ကသိုလ်ဖြစ်နေပါတယ်။

စိန်ခေါ်တယ်၊ မီဒီယာတိုက်ပွဲ။ ဒို့ တတွေ၊ သွေးမကြဲ ဆက်၍တိုက်နေမှာပဲ။ (ဖရီးဘားမားဘလော့)
လခကောင်းတာကိုလည်း ထည့်ပြောအုံးမှကိုး။



Myanmar Express

သွေးသွန်းပွဲနှင့်သင်္ဘောဆေးသွန်းပွဲ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် မတ်လ(၁၆)ရက်နေ့မှစကာ အစိုးရရုံးများရှေ့ ဂိတ်ပေါက်ဝများတွင် သွေးဖြင့်ဆန္ဒပြမှုများ စတင်ပြုလုပ်လျက် ရှိနေပြီဖြစ်သည်။ လက်ရှိအာဏာရ ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာအား ရာထူးမှ နှုတ်ထွက်ပေးရန်နှင့် ပါလီမန်ကို ဖျက်သိမ်းပေးရန် တောင်းဆိုနေသော အနီရောင် ရှပ်အင်္ကျီဝတ် ဆန္ဒပြသူများက ၎င်းတို့လှူဒါန်းထားသည့် သွေး(၂၆၄)ဂါလံကို အစိုးရ အဆောက်အအုံ ဂိတ်ပေါက်များရှေ့တွင် သွန်ချခဲ့ကြသည်။ ဆန္ဒပြ ခေါင်းဆောင်များက မိမိတို့အနေနှင့် သွေးပမာဏ ကုဗစ်စင်တီမီတာ (၁)သန်းထိ ရရှိရန် မျှော်လင့်ထားကြောင်း ပြောကြားထားသည်။



ထိုင်းနိုင်ငံရှိ အတိုက်အခံများကို အားကျ၍ အိန္ဒိယနိုင်ငံရှိ မြန်မာလူမျိုး ဒေါ်လာစား အတိုက်အခံများကလည်း အနီရောင် ခေါင်းစည်း များကို စည်းပြီး ထိုင်းအတိုက်အခံမျးကဲ့သို သွေးဖောက်ဖို့ကျတော့လည်း သတ္တိကလည်းမရှိ၊ အရင်ကတည်းက ခံယူချက်ကလည်း မရှိတာကြောင့် ထိုင်းအတိုက်အခံများ ပက်ဖြန်းခဲ့သည့် သွေးများနှင့် နဲနဲတူသော သင်္ဘောဆေး နီနီများဖြင့် အိန္ဒိယနိုင်ငံ မြန်မာသံရုံးရှေ့သို့ သင်္ဘောဆေးသွန်းပွဲ ကျင်းပခဲ့ကြသည်။








ကံကောင်းချင်တော့ သိပ်ပြီး ကြာကြာ ဟန်ရေးမပြလိုက်ရပဲ အိန္ဒိယ ရဲတွေရဲ့ ဆွဲစိတာ ခံလိုက်ရပါတယ်။ ဒေါ်လာတောင်းလို့ သိပ်ကောင်းတဲ့အခြအနေပါပဲ။ သံရုံးရှေ့မှာ မြန်မာအချင်းချင်း ငါကိုင်တုတ်ပြီး ဆဲခဲ့သမျှ အိန္ဒိယ ရဲများရှေ့တွင်တော့ အမြီးကုတ်ပြီးပြန်ခဲ့ရပါတယ်။ အခြေအနေပေးရင်တော့ နောက်ထပ် သင်္ဘောဆေး သွန်းပွဲ နောက်တစ်ပွဲလောက် နွဲချင်ပါသေးတယ်လို့ ခေါင်းမှာ အနီရောင် ခေါင်းစည်းနဲ့ သူရဲကောင်းတစ်ဦးက ပြောသွားပါတယ်။ ဒီအကြောင်းကိုလည်း ပိုစ့် ရှာနေတဲ့ အတိုက်အခံဘလော့ပေါင်း ၁၆ ခုကနေ ရေးသား ဖော်ပြထားပါတယ်။ အကြောင်းအရာနဲ့ ပုံတွေကတော့ ဒါတွေချည်းပါပဲ။


Myanmar Express

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ