Subscribe to our RSS Feed
စစ်တပ်ကြောင့် မီဒီယာသမားတို့ မဖော်ပြခဲ့သည့် ကားချောက်ထဲကျသည့်သတင်း
From : ..http://www.oppositeyes.info/2013/05/blog-post_6496.html
၁၁-၄-၂၀၁၃။ ထိုနေ့စွဲသည် သင်္ကြန်မတိုင်ခင် ဖြစ်ပွားခဲ့သည့် သွေးစွန်းသော ရက်စွဲ တစ်ခုဖြစ်ခဲ့သည်။ သို့ သော် ထိုကာလအတွင်းနှင့် သင်္ကြန်ကာလအတွင်း ကျွန်တော်တို့ ဖတ်ခဲ့ရသော သတင်းများ သည်ကား ချောင်း သာ သို့သွားသည့် ကား မှောက်သည့် သတင်း၊ AGB ဘဏ် မဏ္ဍပ်ရှေ့တွင် တပ်မတော်သားများ ခိုက်ရန် ဖြစ် ပွားဟု ဆိုသည့် အမှန်တစ်ဝက် သတင်း များသာ ဖြစ်ခဲ့လေသည်။ 
ဖြစ်စဉ်ကတော့ မိုင်းကိုင်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်း အောက်မှ လမ်းအလုပ်သမားများ သင်္ကြန် ပိတ် ရက် အတွက် ဖောကားအပြာဖြင့် ပြန်လာရာ အရက်မူးနေသော ကားမောင်းသမားကြောင့် မိုင်းပွန်နဲ့ ဟိုပုံး ကြား မိုင် တိုင် ၁၄၉ နားအရောက်၌ အရှိန် မထိန်းနိုင်ဘဲ ကား ချောက်ထဲကျခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ် ဖြစ် ပွား ချင်း၌ ကား (၁)စီး ၂ စီး ဖြတ်သွားခဲ့သော်လည်း ကြည့်သွားယုံမှ အပ ဘာမှ မကူညီခဲ့ကြ။ 
သိပ်မကြာခင် စစ်ကား aerolous တစ်စီးနှင့် စစ်သား အယောက် ၂၀ ခန့် ရောက်လာသည့် အခါတွင်တော့ အလုပ် စကြတော့သည်။ ချောက်ထဲကျသွားသည့် လူများကို လက်ဆင့်ကမ်း ဆွဲတင်ကြသည်။ ကားချောက် ထဲ ကျသည် ဆိုတော့ အချို့ကားများက ရပ်ပြီး ကြည့်ကြသည်။ အချို့ကတော့ ကြည့်သွားယုံထက် မပိုခဲ့ကြ။ အများ စုကတော့ သနားပါတယ် ဆိုသော စကားဖြင့်သာ ကူညီခဲ့ကြသည်။ 
စစ်ကားပေါ်မှ အရာရှိနှင့် အတူ ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ မိုင်းကိုင် မှ တိမွေးကု ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ နေလင်းပင်။ ထို့နောက် ဆောက်လုပ်ရေးနှင့် မိုင်းပွန် ရဲစခန်းသို့ အေ ကြာင်း ကြား ကြသည်။ သို့သော် အလှမ်းကွာဝေးနေသည့် နေရာဖြစ်သည့်အတွက် ချောက်ထဲကျသည့် လူ များ၊ ပစ္စည်းများ အားလုံး လမ်းပေါ်ရောက်သည် အထိ အကူအညီများ မရောက်လာခဲ့။ 
ချောက်ထဲကျသည့် သူအားလုံးကို အပေါ်သို့ ဆွဲတင်ပြီး ချိန်တွင်တော့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက် မှ ဖြစ်သည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ၃ နှစ်သား အရွယ် ကလေးငယ်လေး မှာေ တာ့ ချောက်ထဲမှ အပေါ်သို့ အရောက်တွင် ဆုံးသွားခဲ့သည်။ ဒဏ်ရာ ပြင်းထန်သူများ ဒဏ်ရာ ရသူများကို စစ်သား များက တောင်ကြီးသို့ သွားသည့် ကားများပေါ်သို့ တင်ရန် ကြိုးပမ်းကြသည်။ အချို့ကားများက အမှု ပတ်မည် စိုးသဖြင့် လက်မခံလိုကြ။ ခရီးဖင့်မည် စိုးသဖြင့် မကူညီလိုကြ။ တစ်ယောက် တင်၍ ရသည့် ကားေ ပါ် ဒဏ်ရာ ရသူ တစ်ယောက် တင်ပေးကာ ဒဏ်ရာ ရသူများကို ကူညီပေးခဲ့ကြသည်။ 
တောင်ကြီး ဆေးရုံသို့ ရောက်ပြီးနောက် ဆောက်လုပ်ရေးမှ သေဆုံးသူတွေရဲ့ မိဘတွေကို ကူငွေ ၅ သိန်း၊ တောင် ကြီး ကူညီမှု အသင်းများက ၄ သိန်း ပေးသည်ဟု သိရသည်။ ယခုတော့ အဆိုပါဖြစ်စဉ် နေရာတွင် နောင် မဖြစ်စေရန် တိုင်များ စိုက်ထူထားကြောင်း သိရသည်။ 
အဆိုပါ ဖြစ်စဉ်သည် မည်သည့် မီဒီယာတွင်မှ ရေးသားခဲ့သည်ကို မတွေ့ရပါ။ ကူညီခဲ့သော တပ်မတော် သားများ ကို ၄င်းတို့ ကူညီခဲ့သဖြင့် အသေအပျောက် နည်းခဲ့ကြောင်း ခယက ဥက္ကဌနှင့် ဆောက်လုပ်ရေး အင်ဂျင် နီ ယာချုပ် တို့ ၂ ဦးမှ ချီးကျူးခဲ့သည်ဟု သိရသည်။ ဒဏ်ရာရ ကူညီမှုများ အပြီး တွင်တော့ လေး စား ဖွယ် စစ်သားများ၏ လုပ်ရပ်ကို ထပ်မံ တွေ့လိုက်ရသည်။ ထိုအချက်မှာတော့ စေတနာကို ဝေဒနာ မဖြစ်စေ ချင်၍ စစ်သားများကို တန်းစီကာ မည်သည့် ပစ္စည်းမှ ယူမသွားကြောင်း သက် သေများ ရှေ့တွင် စစ်ဆေးပြ ခဲ့ခြင်းပင်။ 
( အဆိုပါ ဖြစ်စဉ်တွင် ကူညီပေးခဲ့ကြသော တပ်မတော်သားများကို လေးစားဂုဏ်ပြုပါသည်။ သတင်းနှင့် ဓာတ် ပုံ ပေးပို့သူအားလည်း အထူးကျေးဇူးတင်ပါသည်။) 
.. www.MyanmarExpress.net
NLD ခေါင်းဆောင် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌဖြစ်နေချိန် ဥပဒေမလိုက်နာသည့် NLD ကိုခြေစုံကန်ခဲ့သော ဒေါ်နော်အုံးလှနှင့်အဖွဲ့ အား အရေးယူ
From : ..the voice
NLD ခေါင်းဆောင် တရားဦးပဒေစိုးမိုးရေးကော်မတီ ဥက္ကဌဖြစ်နေချိန် NLD ကိုခြေစုံကန်ခဲ့သည့် ဒေါ်နော်အုံးလှနှင့်အဖွဲ့ အား အရေးယူလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်မှုတို့တွင် အခကြေးငွေယူပြီး ဆန္ဒပြမှု ရှိနေကြောင်း သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်၌ ပြောဆိုမှုအပေါ် မကျေနပ်၍ ဆန္ဒထုတ်ဖော်သည့် အဖွဲ့ခေါင်းဆောင်များကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်သဖြင့် မြို့နယ်ရဲစခန်း ငါးခုက အရေးယူမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းမှ ဒုတိယရဲမှူးကြီး ဝင်းအောင်နီက ပြောကြားသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ခရီးစဉ်၌ မြန်မာသံရုံး မိသားစုဝင် များနှင် တွေ့ဆုံရာတွင် ဆန္ဒဖော်ထုတ်သူများ သည် အခကြေးငွေ အနည်းဆုံး ငွေကျပ် အနိမ့်ဆုံး တစ်ရက် ကျပ် ၃၀၀၀ မှ အများဆုံး ၅၀၀၀ ကျပ်ထိ ရရှိနေကြသည်ဟု ပြောဆိုမှုအပေါ် မကျေနပ်သောကြောင့် မေလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က တာမွေဈေးမှ ရန်ကုန်မြို့တော်ခန်းမ အထိ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင် လူ ၂၀ ခန့် လမ်းလျှောက်ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
ခွင့်ပြုချက်ရရှိထားသည့် တရားဝင်ဆန္ဒဖော်ထုတ်ခြင်း မဟုတ်ဘဲ ဥပဒေနှင့် မညီညွတ်သည့်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ ဖြင့် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် ကျောက်တံတား မြို့နယ်ရဲစခန်းများက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။
"ထစ်ခနဲရှိ ဆန္ဒပြတာက လမ်းကြောင်းမှန် မဟုတ်ဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမာကီးက ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ NLD ပါတီ မှ ထုတ်ပယ်ခြင်းခံထားရသည့်  ဒေါ်နော်အုန်းလှသည် ဆန္ဒထုတ်ဖော် ရာတွင် တရားဝင်လျှောက်ထားခြင်း မရှိသောကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုပေါင်း ကိုးမှု ရင်ဆိုင်နေရပြီး ၂၀၁၂ ခုနှစ်က လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်မှုကြောင့် ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်များတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၅၀ (ခ) ဖြင့် တရားစွဲဆိုခံ ထားကြောင်း ၄င်းက ပြောကြားသည်
 .. www.MyanmarExpress.net
ဒီမိုကရေစီနဲ့ ထိုက်တန်ဖို့၊ နိုင်ငံကြီးသားပြီသဖို့ လိုသေးသည့် မြန်မာလူငယ်များကြောင့် သတို့သမီးတစ်ဦးတည်း မင်္ဂလာပွဲကျင်းပခဲ့ရ
From : ..7day
မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သားအဖမ်းခံရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီးတစ်ဦးတည်း ကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ်ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့်
သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအကြိုည ဧည့်ခံပွဲကျင်းပနေစဉ် ရပ်ရွာဓလေ့အရ လာရောက်ကူညီ လုပ်ကိုင်
သော လူငယ်များက အရက်သောက်ရန် အိမ်ရှင်ထံ အရက်တောင်းရာမှ စကားများပြီး အုပ်စုလိုက်ခိုက်ရန်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရန်ပွဲတွင် သတို့သားလည်း ပါဝင်ခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ ဓားဖြင့် အထိုးခံရသူတစ်ဦးနှင့် ဦးခေါင်းကွဲ
ဒဏ်ရာရသူတစ်ဦးကို ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း မြို့နယ်ရဲစခန်းမှ တာ
ဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရန်ပွဲမှာပါဝင်ကျူးလွန်ခဲ့တဲ့ သတို့သားနဲ့ နောက်အဖော်တစ်ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပါတယ်။
ဆေးရုံတက်ရတဲ့ နှစ်ယောက်မှာ တစ်ယောက်က ခေါင်းကို ဆယ်ချက်ချုပ်ရပြီး ကျန်တစ်ယောက်ကတော့
ဗိုက်ကိုဓားနဲ့အထိုးခံလိုက်ရတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။
ထို့ကြောင့် မေ ၂၂ ရက် မင်္ဂလာ ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရာ သတို့သားမပါဘဲ သတို့ သမီး တစ်ဦးတည်း
ကျင်းပခဲ့ရသည်။ ရန်ပွဲတွင် ပြစ်မှုကျူးလွန်သူသတို့သားနှင့် ကျန်တစ်ဦးကို အပြင်းအထန်နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၂၆
ဖြင့် ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။
ရန်ကုန်မြို့အပါအ၀င်မြို့ကြီးအချို့တွင် မင်္ဂလာပွဲကျင်းပပြီးမှသာ လူပျို၊ အပျိုညအဖြစ်တည်ခင်းဧည့် ခံပွဲ
ပြုလုပ်လေ့ရှိသော်လည်း ဟင်္သာတအပါအ၀င် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ မြို့နယ်များတွင် မင်္ဂလာဆောင်
ဧည့်ခံပွဲမတိုင်မီတစ်ရက် အကြိုကပင် လူပျို၊ အပျိုညကိုပြုလုပ်လေ့ရှိသည်။
 .. www.MyanmarExpress.net
သမ္မတကြီးဦးသိန်းစိန် လက်ထက် မြန်မာ့စီးပွားရေး အလားအလာကောင်း IMF ခန့်မှန်း
From : ..voa
မနှစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဒီနေ့ ခန့်မှန်းလိုက်ပြီး ဆက်ပြီး ပုံမှန် တိုးတက်လာမယ့် အနေအထားရှိတယ်လို့လည်း ဆိုပါတယ်။
သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံတွေရဲ့ တွန်းအားကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ စီးပွားရေးဟာ ၆ ဒဿမ ၇၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်တယ်လို့ IMF ကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။
IMF ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မတ် ဒေးဗီးစ် (Matt Davies) က ပြုပြင်ပြောင်းလဲရေး တိုးတက်နေတာ တွေ့ရသလို၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ အရှိန်ရလာပြီး၊ ရင်းနှီးမြှုပ်နှံတဲ့သူတွေ အကျိုးရှိလာတာ တွေ့ရတယ်လို့ ပြောပါတယ်။
အစိုးရက တံခါးဖွင့်ပေးလာတဲ့အတွက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာပြီး လိုငွေပြမှု နည်းလာဖို့ ရှိတယ်လို့ မစ္စတာ ဒေးဗီးစ် က ခန့်မှန်းလိုက်ပါတယ်။
လတ်တလော မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၅ ဒဿမ ၅ ရာခိုင်နှုန်း ၀န်းကျင်ရှိတာကြောင့် အသင့်အတင့် အနေအထားမှာ ရှိပေမဲ့ ငွေဈေး၊ အိမ်ခြံမြေဈေးနဲ့ လုပ်ခလစာတွေ တိုးတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့တော့ IMF က သုံးသပ်လိုက်ပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှု အတော်များများ ရုပ်သိမ်းပေးခဲ့ပြီး အမေရိကန် စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံကြဖို့နဲ့ ကုန်သွယ်ရေး တိုးမြှင့်ကြဖို့ အင်္ဂါနေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 
.. www.MyanmarExpress.net
ပီစီအိုဖုန်း တိမ်ကောလာ
From : ..dvb
တယ်လီဖုန်းဆင်းကတ်ဈေးတွေ တစထက်တစ ဈေးကျလာတာနဲ့အမျှ လက်ကိုင်ဖုန်းသုံးစွဲနိုင်သူဦးရေ တိုးပွားလာသလို အများပြည်သူသုံးတယ်လီဖုန်း ၀န်ဆောင်မှု စင်တာ (ပီစီအို) တွေရဲ့ ခေတ် တိမ်ကောလာနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက တယ်လီဖုန်းဆင်းကတ်ဈေးတွေကြီးမြင့်ခဲ့တဲ့ မြန်မာနိုင်ငံမှာ လူလတ်တန်းစားကအစ လမ်းဘေးတွေမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ အများပြည်သူသုံးတယ်လီဖုန်း ၀န်ဆောင်မှုစင်တာ (ပီစီအို) တွေကို အားကိုးခဲ့ရတာပါ။
ဒါပေမယ့် တယ်လီဖုန်းဆင်းကတ်တခုကို ကျပ် ၂ သိန်းချပေးစဉ်ကစလို့ ပီစီအိုတွေမှာ လာရောက်ဆက်သွယ်သူနည်းပါးလာတယ်။ အခုအခါ ကျပ်ငွေ ၁၅၀၀ တန်ဆင်းကတ်တွေကို မဲစနစ်နဲ့ ထုတ်ရောင်းတဲ့အခါမှာတော့ ကိုယ်ပိုင်လက်ကိုင် ဖုန်းကိုင်သူ ဦးရေတိုးပွားလာတာကြောင့် ပီစီအိုဖုန်းတွေမှာ ဆက်သွယ်သူ ပိုမိုနည်းပါးလာပါတယ်။
ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က အများပြည်သူသုံး ဆက်သွယ်ရေးဝန်ထမ်း ဒေါ်အေးအေးက      “ဖုန်းဆက်သူတွေနည်းသွားတာတော့ တော်တော်ကိုကြာနေပြီ။ ၂ သိန်းဖုန်းတွေ စပေါ်ကတည်းကပဲ အခုနောက်ပိုင်း ပိုတောင်ဆိုးသေးတယ်။ တန်ဖိုးနည်းဖုန်းတွေပေါ်လာတော့ အမတို့ဆီမှာ ဆက်တဲ့သူ တော်တော်လေးရှားသွားတယ်။ လူစည်တဲ့နေရာ တာမွေမှာတောင် ဆက်တဲ့သူမရှိဘူး။ အရင်တုန်း ၁၀ ရာခိုင်နှုန်းဆက်တယ်ဆိုရင် အခုဆိုရင် ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့နယ်အတွင်းမှာ ပီစီအိုဖုန်းတွေဟာ ကားမှတ်တိုင်တခုစီတိုင်းမှာ တဆိုင်ခန့် ရှိပါတယ်။
အစိုးရက ဆင်းကတ်တခုကို ကျပ် ၁၅၀၀နဲ့ ၁ လကို ၃ သိန်းခွဲချပေးတဲ့ အရေအတွက်ဟာ လိုအပ်ချက်ကို မပြည့်မီနိုင်သေးတာကြောင့် ပီစီအိုဖုန်းတွေကိုပဲ ဆက်လက်အားကိုးနေရသူတွေလည်း အများအပြားရှိနေဆဲပါ၊
ရန်ကုန်တိုင်း သင်္ဃန်းကျွန်မြို့နယ်က ပြည်သူတဦးကတော့ ဆင်းကတ်မဲပေါက်ရင်တောင် ကိုယ်ပိုင်ဖုန်းနဲ့ ဆက်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်၊
“ကျနော်တို့က ဖုန်းဝယ်မကိုင်နိုင်ပါဘူး။ ဖုန်းတွေမဲဖောက်လို့ လိုင်းကတ်ပေါက်ရင်တောင် ဖုန်းဝယ်မကိုင်နိုင်ဘူး။  ဘာလို့လဲဆိုတော့ ဟန်းဆက်တွေက ဈေးကြီးတယ်လေ။ ကျနော်တို့လို အခြေခံလူတန်းစားတွေကတော့ မကိုင်နိုင်ဘူး။ အရေးအကြောင်းရှိရင် လမ်းဘေး ပီစီအိုဖုန်းပဲပြေးရတာ။ အခုချိန်ထိလည်း ဆက်နေရတုန်းပဲ” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဟာ မဲဖောက်တဲ့အထဲမှာ အရေအတွက်အများဆုံးရတဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့်  ဖုန်းအလုံးရေများတာရဲ့ နောက်ဆက်တွဲအဖြစ် လိုင်းကျပ်တာတွေ လိုင်းပြတ်တောက်မှုတွေရှိနေတယ်လို့လည်း သုံးစွဲသူတချို့က ပြောပါတယ်။
ရန်ကင်းမြို့နယ်က ဦးအောင်ကိုက “အခုလိုဖုန်းတွေ ချပေးတာကောင်းပါတယ် ဒါပေမယ့် လိုင်းတွေကျပ်တာတော့အဆင်မပြေဘူး။ တခါတလေ ဘေးမှာထားပြီးခေါ်နေရင်တောင် ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတာ စိတ်မရှည်တော့ ပီစီအိုဖုန်းဆီပဲ ပြေးပြီးဆက်ရပါတယ်။ အရင်လောက်တော့ ပီစီအိုဖုန်း မသုံးဖြစ်တော့ဘူး။ တော်တော်များများက ဖုန်းရှိပြီးဆိုရင် လမ်းဘေးဖုန်းကို မဆက်ကြတော့ဘူး လူတိုင်းလိုလိုပါပဲ။ တခါတလေ ဟန်းဖုန်းထဲ ပိုက်ဆံပြတ်သွားရင် အရေးပေါ်အသုံးပြုတာတွေပဲရှိတော့တယ်” လို့ ပြောပါတယ်။
လက်ရှိဈေးကွက်မှာ ဖုန်းဟန်းဆက်တွေဟာ ကျပ်ငွေ ၃ သောင်းကနေ အထက်ရှိနေပါတယ်။ ဒါပေမယ့် အားနည်းချက်ကတော့ ဆင်းကတ်ပိုင်ရှင်ဟာ ၁ လကို အနည်းဆုံး ကျပ် ၂၅၀၀ ဖိုး ထည့်ဝင်သုံးစွဲရမှာ ဖြစ်ပါတယ်။ 
.. www.MyanmarExpress.net
မြန်မာရှိ အမေရိကန် စီးပွားရေးလုပ်ငန်း အစီရင်ခံစာများတင်ဖို့ ရက်သတ်မှတ်
From : ..voa
မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြုပ်နှံမှုတွေမလုပ်ဖို့ ပိတ်ဆို့ထားတာကို ယာယီဆိုင်းငံကြောင်း ကြေညာလိုက်ပြီး ကတည်းက၊ မြန်မာနိုင်ငံမှာလုပ်မယ့် အမေရိကန်ရင်းနှီးမြုပ်နှံမှုတွေအနေနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာစေဖို့ ရည်ရွယ်ပြီး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ပုံမှန် အစီရင်ခံ တင်သွင်းရမယ်ဆိုပြီး ထည့်သွင်းထားတာပါ။ အခုတခေါက်မှာတော့ ဒီ အစီရင်ခံစာထဲ ပါရမယ့် အကြောင်းရပ်တွေကို ပိုပြီး အသေးစိတ် ဖော်ပြလိုက်တာဖြစ်သလို၊ ပထမဆုံး အစီရင်ခံစာ တင်ရမယ့် ရက်ကိုလည်း အတိအကျ ကြေညာလိုက်တာပါ။
ဒေါ်လာ ၅သိန်း အထက် ရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အခုလာမယ့် ဇူလှိုင် ၁ ရက်နေ့မှာ ပထမဆုံး အစီရင်ခံစာ တင်သွင်းဖို့ မနေ့က နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အစီရင်ခံစာမှာပါဝင်ရမယ့် အချက်တွေမှာ လူ့အခွင့်အရေးလေးစားလိုက်နာမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိ အကဲဖြတ်သုံးသပ်ချက်တွေ ထည့်သွင်းဖို့ ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဌာန အရာရှိတဦးက အခုလို ပြောပါတယ်။
“ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒပိုင်းနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီမှုရှိမရှိ အမေရိကန်နိုင်ငံသားတွေအနေနဲ့  ပြန် အစီရင်ခံဖို့ လိုအပ်ပါတယ်။ ဒီအထဲမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ မြေယာ အခွင့်အရေး၊ လူမှုအဖွဲ့အစည်းတွေ အရေးပါသူတွေနဲ့ ညှိုနှိုင်းတိုင်ပင်မှု၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့ ပတ်သက်လို့ ဦးဆောင်ဦးရွက်ပြုမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ လုံခြုံရေးဆိုင်ရာ စီမံ ဆောင်ရွက်မှုများ၊ လုပ်ငန်းရပ်များဆိုင်ရာ ကြုံနိုင်တဲ့ အန္တရာယ်နဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို အကဲဖြတ်ပြီး လျှော့ချနိုင်မှု၊ အစိုးရကို ငွေပေးချေမှု၊ မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ရင်းနှီးမြုပ်နှံလုပ်ကိုင်မှု၊ မြန်မာစစ်တပ် ဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အခြားလက်နက်ကိုင်တွေနဲ့ ထိစပ်မှု စတာတွေကို အစီရင်ခံတဲ့ အထဲ ထည့်သွင်းရမှာဖြစ်ပါတယ်။ ”
ဒီ အစီရင်ခံစာဟာ အများပြည်သူကို ထုတ်ပြန်ဖို့ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း ပါဝင် စောင့်ကြည့်နိုင်ဖို့ ရည်ရွယ်တယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။ တဖက်မှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာမှာ ဒီလို ရင်းနှီးမြုပ်နှံမှုတွေက ပိုပြီး အားဖြစ်စေဖို့လည်း အချက်တချက် ပါဝင်ပါတယ်။ အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေဟာ တာဝန်သိရင်းနှီးမြုပ်နှံမှုတွေဖြစ်ဖို့  စံပြသဘောမျိုးဖြစ်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း နိုင်ငံခြားရေးဌာန အရာရှိက ဗွီအိုအေကို ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထောက်ခံပါတယ်။ မြန်မာ့စီးပွားရေးမှာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ ပါဝင်လာခြင်းအားဖြင့် တာဝန်သိရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စံပြုဖြစ်လာနိုင်မယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ယူဆပါတယ်။ ဒီလို ရင်းနှီးမြုပ်နှံမှုတွေကြောင့် နောက်ထပ်အပြောင်းအလဲတွေ ဖြစ်လာဖို့၊ စီးပွားရေးဖွံဖြိုးမှုအပါအ၀င် တိုးတက်မှုတွေ ရှိလာဖို့နဲ့ မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အထောက်အပံ့တွေဖြစ်လာနိုင်မယ်လို့ ယူဆပါတယ်။ ”
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကိုင်ခွင့်တွေ ပေးလိုက်ချိန်မှာပဲ၊ တဆက်တည်း ဒီလုပ်ငန်းတွေ ကို စောင့်ကြည့်သွားမှာဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ မရှိအောင်လည်း ဂရုစိုက်မှာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကို ယာယီအားဖြင့် ဆိုင်းငံထားလိုက်တာကြောင့်၊ အမေရိကန်စီးပွားရေးလုပ်ငန်း အတော်များများကလည်း မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံမှု စိတ်ဝင်စားလာခဲ့ပြီး မြန်မာနိုင်ငံထဲ သွားရောက်ပြီး လေ့လာမှုတွေ ရှိကြပါတယ်။
ဒါပေမယ့်လည်း တဖက်မှာ စိတ်မချရသေးတဲ့ နိုင်ငံရေးအခြေအနေနဲ့ အမေရိကန်ဖက်ကလည်း စီးပွားရေးပိတ်ဆို့မှုတွေကို လုံးဝ ရုပ်သိမ်းသေးတာမဟုတ်လို့ အတော်များများကတော့ တွန့်ဆုတ်နေဆဲပါ။ ရင်းနှီးမြုပ်နှံမှုတွေကို ယာယီခွင့်ပြုပေးပြီးကတည်းကတော့ အမေရိကန် မြန်မာ ကုန်သွယ်ရေးတန်ဖိုးဟာ အရင်ကထက်တော့ ပိုတိုးလာပါတယ်။ အခုနှစ် ပထမ သုံးလပတ်အတွင်းမှာ အမေရိကန် မြန်မာ ကုန်သွယ်ရေးတန်ဖိုးဟာ ဒေါ်လာ သန်း၉၀ ရှိခဲ့ပြီး၊ ၈၉ သန်းကတော့ အမေရိကန်ကနေ တင်ပို့တဲ့ ပမာဏဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် မြန်မာနဲ့ နိုင်ငံတကာကုန်သွယ်မှု ပမဏဟာ ဒေါ်လာ ဘီလီယံ ၂၀ ရှိခဲ့တာမို့၊ အမေရိကန် မြန်မာ ကုန်သွယ်မှုတန်ဖိုးဟာ နှိုင်းယှဉ်ရင် သိပ်ကြီးကြီးမားမားတော့ မဟုတ်သေးပါဘူး။
မြန်မာသမတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့တဲ့ရက်ပိုင်း လာရောက်စဉ်အတွင်းမှာလဲ အမေရိကန်-မြန်မာ နှစ်ဖက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခြေခံမူဘောင် သဘောတူညီချက်တရပ်ကို နှစ်ဖက် လက်မှတ်ထိုးခဲ့ကြတာပါ။ ဒါဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေအတွက် လိုအပ်တဲ့ စီးပွားရေးအဆောက်အဦးတွေ ပြင်ဆင်ဖို့ ကနဦး ခြေလှမ်းဖြစ်တယ် လို့ သိရပါတယ်။ 
.. www.MyanmarExpress.net
အမေရိကန် - မြန်မာ ကုန်သွယ်ရေးကောင်စီ စတင်ဖွင့်လှစ်
From : ..the voice
နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ရန် ရည်ရွယ်၍ အမေရိကန်-မြန်မာ ကုန်သွယ်ရေးကောင်စီကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော် နယူးယောက်မြို့တော်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော် တို့တွင် မေလ ၂၀ ရက်နေ့က ရုံးခန်းများ စတင်ဖွင့်လှစ်လိုက်ကြောင်း ယင်း ကောင်စီက ထုတ်ပြန်ကြေညာသည်။
အဆိုပါကောင်စီ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အမေရိကန် ပြည်ထောင်စု နှင့် မြန်မာနိုင်ငံတို့ အကြား နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း၊ ယင်းကောင်စီ၏ လုပ်ငန်း စဉ်များအဖြစ် ကုန်သွယ်ရေးဆိုင်ရာ မစ်ရှင်များ၊ သတင်းထုတ်ပြန်မှု များ၊ အမေရိကန်ကုန်သည်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများကို အသိပေး ထုတ်ပြန်မှုများ စသည်တို့ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုလက်ရှိတွင် အဆိုပါ ကောင်စီ၏ အရေးကြီးဆုံးတာဝန်မှာ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေ သော အမေရိကန်အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေး စေရေးနှင့် အမေရိကန်အစိုးရက ပေးအပ်သော မြန်မာ့ပို့ကုန်များ အတွက် အထူးအခွန်ကင်းလွတ် ခွင့်ကို ရရှိစေရေးအတွက် ကြိုးပမ်း ရမည်ဖြစ်ကြောင်း ယင်းကောင်စီ ဥက္ကဋ္ဌ Mr. Bart S.Fisher က ဆိုသည်။
"ကုန်သွယ်ရေးနဲ့ ဈေးကွက် ပိုပြီး ကျယ်ပြန့်လာတာနဲ့အမျှ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို ပိုပြီးသက်ရောက်စေမှာပါ" ဟု ၄င်းကဆိုသည်။
အမေရိကန်-မြန်မာ ကုန်သွယ်ရေးကောင်စီ ဖွင့်လှစ်ရန် ယခုနှစ် မတ်လက နေပြည်တော်တွင် နှစ်နိုင်ငံ အရာရှိများ ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း၊ ယင်းကောင်စီမှ တစ်ဆင့် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုများ၊ နိုင်ငံသားများအတွက် သာယာလှပသော ဘဝများ ဖန်တီးပေးနိုင် မည့်အပြင် မြန်မာတည်းဟူသော ရွှေဝါရောင် မြေပြင်သို့ လာရောက်လည်ပတ်ကြရန် အမေရိကန်များနှင့် အခြား နိုင်ငံသားများကို ဖိတ်ခေါ် ပေးနိုင်လိမ့် မည်ဟု မျှော်လင့်ကြောင်း အဆိုပါကောင်စီ ၏ အမှူဆောင်အရာရှိချုပ် Mr. Robert A. Knutson ကမှတ်ချက် ပြုသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆယ်စုနှစ်တစ်ခုကြာ ပြုလုပ်ခဲ့သော အမေရိကန် ပြည်ထောင်စုသည် ပထမဦးဆုံး အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် အမေရိကန်ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသော အမေရိကန် ကုန်သည်ကြီးများ အသင်းချုပ် နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်ရေး လုပ်ငန်းများ ဆွေးနွေးကာ နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ ကြသည်။
ယခု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် ယင်း အမေရိကန် ကုန်သည်ကြီးများ အသင်းချုပ်က ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက မိန့်ခွန်းပြောကြား ခဲ့ကြောင်း သမ္မတပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထုတ်ပြန်ကြေညာ ထားသည်။
 .. www.MyanmarExpress.net
မွတ်ဆလင်ဆိုင် ဖျက်ဆီးသူကို ထောင်မချသေးခင် ဘုန်းကြီးသတ်သည့် ကုလားများကို အရင်ထောင်ချသဖြင့် ဒေါ်အောင်ဆန်းစုကြည် လုံးဝမကျေနပ်နိုင်
From : ..black Angle
မွတ်ဆလင်ဆိုင်ကို ဝင်ရောက်ဖျက်ဆီးသူများကို ထောင်မချသေးခင် ဘုန်းကြီးသတ်သည့် ကုလားများကို အရင်ထောင်ချသဖြင့် ဒေါ်အောင်ဆန်းစုကြည် လုံးဝမကျေနပ်နိုင်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။
မိတ္ထိလာအရေးမှာ ဘုန်းကြီးကိုသတ်တဲ့ မွတ်ဆလင်ကုလားကို တရားရုံးက အမြန် အမိန့်ချလိုက်တာ... အစိုးရရဲ့ ဖိအားကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်... အမှန်တော့ ဒီလို လုပ်လိုက်တာကိုက မြန်မာလူထုကြီး ဒေါသကို ထိပ်ဆုံး မရောက်အောင် ထိန်းပေးလိုက်တာပဲ... ဘုန်းကြီးကို သတ်တယ်ဆိုတာ... ဗုဒ္ဓဘာသာဝင်ကို ဘာသာခြားက စော်ကားတာ... ဘယ်လိုမှ မခံနိုင်လောက်အောင် ခံပြင်းတဲ့ စော်ကားမှုကြီး.... ဗုဒ္ဓဘာသာအများစု နေတဲ့နိုင်ငံမှာ ဖြစ်ကိုမဖြစ်သင့်တာ... ဒါကြောင့် တရားရုံးအနေနဲ့ အမိန့်အမြန်ချပြီး လူထုကြီးဒေါသကို ဆက်မဖြစ်အောင် ထိန်းလိုက်တာ... အဲဒါကို ဒေါ်စုက လာပြောတယ် ဆိုတော့ တော်တော်လွဲနေပါတယ်။
တရားရုံးတွေ အစိုးရပါဝါ သက်ရောက်မှုရှိတယ်... ဆိုတာကို ဝေဖန်မယ်ဆိုလည်း အစောကြီးကတည်းက ဝေဖန်ပါ... တခြားသူတွေ ဥပမာ နိုင်ငံရေးလုပ်သူ အာဏာပိုင်နဲ့ ထိပ်တိုက်တွေ့လို့ အမှုဆင်ဖမ်းခံရသူ... အဲလိုလူတွေဘက်က ကာကွယ်ပြောရင်း သက်သေပြတာက အမြင်မဆိုးဘူး... အခုက ကုလားကိုထိမှပဲ ချက်ချင်းကြီး ကောက်ထ အော်တာမျိုးကြောင့် သိသာလွန်းနေပါတယ်။
တရားရုံးတွေဟာ အစိုးရအာဏာ စိုးမိုးမှုရှိတယ်... ဆိုတာ ဝေဖန်ရင်လည်း တခြားအမှုတွေ တုန်းက မဝေဖန်ပဲ ကုလားကို အမိန့်ချမှပဲ့ ဝေဖန်တာတော့... မွတ်ကုလားတွေကို နောက်ကနေ အားပေး မြှောက်ပင့်သလို ဖြစ်နေတာပေါ့ဗျာ... စိတ်မကောင်းပါဘူး.... NLD အတွက်... ထိုင်းနိုင်ငံခြားရေး သတင်းကြေငြာတာ မှာပါတယ်.... ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်က တရားရုံးတွေကို ဝေဖန်တယ်တဲ့... ပြီးတော့ မိတ္ထီလာမှာ ဘုန်းကြီးကိုသတ်တဲ့ မွတ်ဆလင်ကုလားတွေကို အမိန့်ချတာ တရားရုံးက မတရားဘူးလို့ ပြောတယ်တဲ့... ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဘာသာဝင်များအားလုံး သတိထားဖို့လိုအပ်ပါပြီ။ 
အမြင်သာဆုံးသာဓကမှာ ဗုဒ္ဓဘုန်းကြီးများ ဦးဆောင်နေသည့် ၉၆၉ အား NLD ပါတီဝင်များနှင့် ဒေါ်စုထောက်ခံသူများ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေမှုသည် နောင်အချိန် NLD အာဏာရလာပါက  အနာဂတ် ဗုဒ္ဓဘာသာအတွက်  ရင်လေးစရာဖြစ်သည်။
.. www.MyanmarExpress.net
နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်လွှတ်တော် ခေါင်းဆောင်များနှင့်တွေ့ဆုံ
From : ..သမ္မတရုံး
နေပြည်တော် မေ  ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ (၂၁) ရက် ဒေသစံတော်ချိန် နံနက် (၈) နာရီခွဲတွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ  လွှတ်တော်အဆောက်အအုံ (Capitol Hill ) ၌  အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Ms. Nancy Pelosi ဦးဆောင်သော အောက်လွှတ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကွန်ဂရက်လွှတ်တော် အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုသည်။
အလားတူ နိုင်ငံတော်သမ္မတသည် နံနက် (၁ဝ) နာရီခွဲတွင် အထက်လွှတ်တော် ဥက္ကဋ္ဌ Mr. Harry Reid ဦးဆောင်သည့် အထက် လွှတ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေ၊ ရရှိပြီး အောင်မြင်မှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် မြန်မာ့ စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသည့် ပိတ်ဆို့မှုများကို အဆင့်ဆင့် ဖြေလျှော့ပေးရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
အမေရိကန် လွှတ်တော်ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အသိအမှတ်ပြု ပြောကြားခဲ့ကြပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သင့်သည့် အချက်များကို အပြုသဘောဖြင့် ပွင့်ပွင့်လင်းလင်း အကြံပေးဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် သံအမတ်ကြီး ဦးသန်းဆွေတို့ တက်ရောက်ခဲ့ကြသည်။
.. www.MyanmarExpress.net
လမ်းထွက် တစ်ယောက်တည်း အော်နေလျှင် ကုန်ဈေးနှုံး အလိုလိုကျမည်ဟု ယူဆကာ လျှောက်အော်နေသူတစ်ဦးအား ရဲတပ်ဖွဲ့ထိန်းသိမ်း
လမ်းထွက် တစ်ယောက်တည်း အော်နေလျှင် ကုန်ဈေးနှုံး အလိုလိုကျမည်ဟု ယူဆကာ လျှောက်အော်နေသူ (MDCF) မှ ကိုထင်ကျော် အား ရဲတပ်ဖွဲ့ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ တစ်ယောက်တည်း ရူးကြောင်ကြောင်လုပ်မှုများကြောင့် မေလ ၉ ရက်နေ့ကလည်း ကိုထင်ကျော်သည် ရန်ကုန်မြို့ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်အတွင်း တကိုယ်တော် လမ်း လျှောက် ဆန္ဒပြမှု ပြလုပ်ခဲ့ရာ ခေတ္တ ထိန်းသိမ်း ခံခဲ့ရသေးသည်။
ကိုထင်ကျော်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမတိုင်ခင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို ဈေးကျအောင် လမ်းလျှောက်သဖြင့်  အဖမ်းခံခဲ့ရပြီး ခန္တီးအကျဉ်းထောင်တွင် ထောင်ကျခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် နိုင်ငံတော် သမ္မတ၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာပြီး ထောင်ထဲတွင် အချိန်အတော်ကြာနေခဲ့ရပြီးနောက် ပတ်ဝန်းကျင်နှင့် အဆက်သွယ်ပြတ်ခဲ့ဖြင့် စိတ်ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလျှက်ရှိကြောင်း သိရသည်။
.. www.MyanmarExpress.net
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် အထက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံ ဆွေးနွေး
From : ..သမ္မတရုံး
နေပြည်တော် မေ ၂၂
အမေရိကန်ပြည်ထောင်စု၌ ပထမဆုံး တရားဝင်အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အထက်လွှတ်တော် အမတ်များဖြစ်သည့် ဟယ်ရီရိ၊ မစ္စတာ မစ်ခ်ျမက် ကော်နဲလ်၊ ဘန်ကာဒင်၊ ကယ်လီအာယက်နှင့် ဂျွန်မက်ကိန်း တို့နှင့် မေလ ၂၁ ရက်က အမေရိကန် ကွန်ဂရက်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးသန်းဌေးနှင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတသည် အမေရိကန်ပြည်ထောင်စု၌ အလုပ်သဘော ချစ်ကြည်ရေး ခရီးပြီးဆုံး၍ မေလ ၂၁ ရက် မွန်းလွဲပိုင်းတွင် အမေရိကန် ပြည်ထောင်စုမှ ပြန်လည် ထွက်ခွာခဲ့ပြီး မေလ ၂၂ ရက် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ အင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခြေခံမူဘောင် သဘောတူညီချက် (Trade and Investment Framework Agreement-TIFA)  တစ်ရပ်ကို အမေရိကန် ကုန်သွယ်ရေး အထူး ကိုယ်စားလှယ် ဒမီထရတ်စ်မရန်းတတ်စ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါ သဘော တူညီချက်မှာ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၏ နှစ်နိုင်ငံအောင်မြင်မှု ရလဒ်တစ်ခုပင် ဖြစ်သည်။
.. www.MyanmarExpress.net
မြန်မာ အမျိုးသမီးဘောလုံး အသင်းမှ ပါလက်စတိုင်းကို (၉) ဂိုးပြတ် အနိုင်ရရှိခဲ့
From : ..OE
ပါလက်စတိုင်းကို (၉) ဂိုးပြတ်နဲ့ မြန်မာ အမျိုးသမီး ဘောလုံး အသင်းက နိုင်ခဲ့ ကြောင်း သိရပါတယ်။  (၆) ဂိုး ပြတ် အနိုင်ရအောင် လုပ်မယ်လို့ ပြောတုန်းက ကြွားတယ် ထင်ခဲ့ပေမယ့် တကယ်ဖြစ်လာပါတယ်။
ပါလက်စတိုင်းကို (၉)ဂိုးပြတ် သွင်းယူခဲ့သူများ
========================
ရီရီဦး(၂၄၊၇၄၊၊၈၀၊၈၅၊၈၈)
မာဂရက်မေရီ(၆၇)
ခင်မိုးဝေ(၂၁၊၂၆)
မြင့်မြင့်အေး(၇၆)
မြန်မာအသင်းသည် အာရှဖလား ခြေစစ်ပွဲတွင် အုပ်စု(ဃ)၌ အိမ်ရှင် ပါလက်စတိုင်း၊ အိန္ဒိယ၊ တရုတ်(တိုင်ပေ) အမျိုးသမီး အသင်းများနှင့် ကျရောက်လျှက် ရှိရာ အဖွင့်ပွဲတွင် အိန္ဒိယ အသင်းကို ဂိုးပြတ်အနိုင်ကစားပြီး အခြေအနေ ကောင်းလျှက်ရှိသည်။ အုပ်စုတွင်း ပြိုင်ဘက် ဖြစ်သည့် တရုတ်(တိုင်ပေ) အသင်းမှာလည်း အဖွင့်ပွဲတွင် အိမ်ရှင် ပါလက်စတိုင်းကို (၆-၀)ဂိုးဖြင့် အနိုင်ကစားခဲ့ရာ မြန်မာအသင်း အနေဖြင့် အုပ်စုဗိုလ် နေရာကို ရယူလိုပါက ဒုတိယပွဲဖြစ်သည့် ပါလက်စတိုင်းနှင့် ပွဲတွင် အနည်းဆုံး (၆)ဂိုးနှင့် အထက် သွင်းယူရမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းနည်းပြချုပ် ကုမာဒါက "ပထမပွဲမှာ တရုတ်(တိုင်ပေ)က (၆)ဂိုးပြတ်နဲ့ ပါလက်စတိုင်းကို နိုင်ထားတယ်။  ဂိုးများများ ရထားဖို့လိုတယ်။ နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ တရုတ်(တိုင်ပေ)နဲ့ ပွဲကိုလည်း အနိုင်ကစားမှာပါ။ ဒါပေမဲ့ ဒီအုပ်စုမှာ အဓိက ပြိုင်ဘက်ဖြစ်တဲ့ တိုင်ပေထက် လောလောဆယ် ရဂိုးပိုများဖို့ လိုပါတယ်"ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၀က်ဘ်ဆိုက် ဖြစ်သည့် themff.org သို့ ပြောကြားခဲ့ကြောင်း သိရသည်။
themff.org ၏ ဖော်ပြချက်အရ မြန်မာအသင်းနှင့် အုပ်စုနောက်ဆုံး ပွဲတွင် တွေ့ဆုံရမည့် တရုတ်(တိုင်ပေ) အသင်းမှာ မြန်မာအသင်းနှင့် တွေ့ဆုံမည် အုပ်စုနောက်ဆုံးပွဲကို ရှေ့(၁)ရက်တိုး ကစားပေးရန် လာရောက် ညှိနှိုင်းခဲ့ကြောင်း သိရသည်။ ခြေစစ်ပွဲအောင်ရန် ရေပန်းစားနေသည့် တရုတ်(တိုင်ပေ) အသင်းအနေဖြင့် နေရပ်သို့ စောစီးစွာ ပြန်လိုသဖြင့် လာရောက် ညှိနှိုင်းခဲ့ခြင်း ဖြစ်ရာ လက်ခံလိုက်ပါက ပွဲ(၂)ပွဲကို ဆက်တိုက် ကစားရပြီး မြန်မာအသင်းအတွက် ပွဲပန်းမည် ဖြစ်ကာ အရေးကြီးသည့် ရလဒ်များလည်း အပြောင်းအလဲ ဖြစ်သွားနိုင် သောကြောင့် အသင်းတာဝန်ရှိသူများက လက်မခံဘဲ ငြင်းဆိုလိုက်ကြောင်း သိရသည်။
.. www.MyanmarExpress.net
တကိုယ်ရေ အာသာဖြေခြင်း၏ ကောင်းကျိုးများ (အမျိုးသမီးများသာ ဖတ်ရန်)
From: ဒေါက်တာ တင့်ဆွေ
မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။
၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။
Benefits ကောင်းကျိုးတွေ
• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။
Risks ဘာတွေကို ဂရုစိုက်ရမလဲ
• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။
Methods နည်းလမ်းတွေ
“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။
Fingering လက်ကိုသုံးတဲ့နည်း
• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။
Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။
Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။
တခြားနည်းတွေ
• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။
ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။
.
. www.MyanmarExpress.net
ကျောင်းဖွင့်တော့မည် သို့သော် ကလေးတိုင်း ကျောင်းမတက်နိုင်ကြပါ၊ NLD ပညာရေးကွန်ယက်တွေ၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်တွေ ပိုက်ဆံကောက်ပြီး ပျောက်နေ
From : ..popular
ဤရက်များအတွင်း မဟာစင် မုန် တိုင်းကြောင့်လောမသိ။ ရာသီဥတုက မူမမှန်။
 အနောက်တောင်ဆီမှ တစ်လိပ် လိပ်တက်လာနေသည့် တိမ်မည်းများ နှင့်အတူ ညိုမှောင်ရိပ်ဆင်လာပြန်သော မိုးက ရွာရန် မသေချာသော်လည်း မလှလှဝင်း၏ ရင်ထဲမှာတော့ ပူပန်မှု တိမ်တစ်အုပ်ကတော့ ရွာရန် အသင့် ဖြစ်နေခဲ့ပြီဟု သူ့စကားများအရ သိနိုင် ပါသည်။
 ”ကလေးတွေကို ကျောင်းအပ်ပေး ဖို့ ပိုက်ဆံမရှိသေးဘူး။ အငယ်နှစ် ယောက်က မူလတန်းဆိုတော့ ကျောင်း အပ်တာ ပိုက်ဆံမကုန်ဘူး။ အကြီး   ကောင်က ဒီနှစ်ခြောက်တန်းတက်ရ တော့မယ်” ဟု ¤င်းက ပြောရင်း ဖွဲဖွဲ ကျနေသောမိုးကို ငေးနေသည်။ ကျောင်းဝတ်စုံများ ဘယ်နေ့ဝယ်ေ ပးနိုင်မည် မသိသေး။ အမျိုးသားက လက်သမား။ နေ့စဉ်ဝင်ငွေက ငါး ထောင်။ လမ်းစရိတ်နှင့်  အသုံးစရိတ်က  ၁၅ဝဝ လောက်။
 ဒီမိုးတွေ ရွာလာရင် ဆောက်လုပ် ရေးလုပ်ငန်းများက နေ့တိုင်း အလုပ်ရှိ ရန် မလွယ်။ နေ့စဉ်ရနေသော မိသား စုဝင်ငွေကလည်း လျော့ လာေ တာ့မည်။ နှစ်စဉ်ကြုံတွေ့နေကျမို့ ပုံမှန်ဘဝလို အသားကျပြီးသား သားသမီးများ အတန်းကြီးလာသည့်အတွက်ကုန်ကျမှု စရိတ်များ မနှစ်ကထ က်တော့ များလာ မည်ဟု ဤရာသီဆို အမြဲပင်တွေးနေမိ သော အရာများကို မလှလှဝင်းက ဖွင့်ဟသည်။
 ”ပိုက်ဆံလိုလာရင်တော့ ငွေတိုး ပေးတဲ့သူဆီက သွားယူရတာပေါ့။ အတိုးက ၂ဝ တိုး၊ ရက် ၂ဝ အတွင်း ပြန်ဆပ်ရပါတယ်။ ငွေလိုတဲ့အချိန်တုန်း က ယူထားတာ။ ဘယ်လောက်အကြွေး တင်နေသလဲ ဆိုတာ မမှတ်မိပါဘူး။ အကြွေးရှင်တွေကတော့ မှတ်ထားမှာ ပေါ့။ ဟိုနားနည်းနည်း ဒီနား နည်းနည်း များလွန်းလို့ မမှတ်မိပါဘူး” ဟု ၄င်းက ပြောသည်။
မလှလှဝင်းတို့ နေထိုင်သော ရပ် ကွက်လေးသည် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၃-ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနားကို ၅ မိနစ်ခန့် လမ်းလျှောက်ပါက ရောက်နိုင် သည်။ အိမ်များက စုစုဝေးဝေး။ ခြံစည်း ရိုးမရှိ။ ရေလောင်းအိမ်သာ အိမ်တိုင်း မရှိ။ ၇ နှစ်ခန့်ဤကဲ့သို့ နေလာခဲ့၍ ၄င်းတို့ မိသားစုအတွက်က အရာရာပုံ မှန်ဖြစ်စဉ်များသာ။ သို့သော် ကျောင်း ဖွင့်ချိန်ရောက်တိုင်း ကလေးများ အနာ ဂတ်အတွက် မလှလှဝင်းတို့ တွေးရပါ သည်။   မောရပါသ ည်။ ဖြေရှင်းရပါသည်။ ရင်ဆိုင်ရပါသည်။ ယခုကဲ့သို့သော ဖြစ် စဉ်က မလှလှဝင်းအတွက်သာမဟုတ်ဘဲ ကျောင်းနေအရွယ်ကလေးများ ရှိသည့်   ငွေကြေး မပြည့်စုံသော မိဘတိုင်း အတွက် ရင်လေးစရာ။ ငွေကြေးမပြေ လည်မှုက ကျောင်းနေအရွယ် ကလေး များကို စာသင်ခန်းဆီသို့ မပို့ဘဲ ကျောင်း ပြင်ပရောက်အောင် ဆွဲခေါ်သွားမှုက နှစ်စဉ်ဘယ်လောက်ရှိမှန်း သူမသိသော် လည်း သူ့ရပ်ကွက်တွင် အခမဲ့ဆိုသော မူလတန်း ကိုပင် မထားနိုင်သော မိသား စုက အနည်းဆုံး ၂ဝ ခန့်ရှိနေသည်ကို တော့ မလှလှဝင်း သိသည်။
 မြန်မာတစ်နိုင်ငံလုံး၏ ၅ နှစ် အရွယ် မူလတန်းကျောင်းအပ်သည့် နှုန်းမှာ တစ်နိုင်ငံလုံးရှိ ကလေးသူငယ် စုစုပေါင်း ၇၄ ရာခိုင်နှုန်းသာ ရှိကြောင်း ယူနီဆက်ဖ်၊ ကျန်းမာရေးဦးစီးဌာနနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်း ထုတ်ပြန်ထားသည့်စစ်တမ်းတွင် ဖော်ပြ နေသည်။ မြို့ပြတွင် ၇၇ ဒသမ ၄ ရာ ခိုင်နှုန်းနှင့် ကျေးလက်တွင် ၇၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး အဓိကအကြောင်း ရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဟု ဆို သည်။
 ”တခြားတစ်ဖက်မှာ ငွေကြေး တတ်နိုင်သူ မိဘအသိုင်းအဝိုင်းတွေက ပညာရေးအတွက် အကုန်အကျခံနိုင်၊ ဂရုစိုက်အရေးထားနိုင်ပေမယ့် မြို့ နေ ဆင်းရဲသားတွေနဲ့ ကျေးလက် တော ရွာနေ ကလေးသူငယ်တွေက မူလတန်း ကျောင်းကိုတောင် မသိကြရှာဘူး။ မြန် မာနိုင်ငံရဲ့ ကျောင်းနေအရွယ် ကလေး ဦးရေ ငါးသန်းထဲက တစ်ဝက်သာ မူ လတန်းပညာရေးကို ပြီးပြည့်စုံအောင် တက်နိုင်နေတယ်” ဟု သြစတြေးလျနိုင် ငံခြားရေးဝန်ကြီးက ဗြိတိန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့ မှ မြန်မာနိုင်ငံအား အခြေခံပညာမူလတန်း ပြီးဆုံးအောင် မြင်ရေး ပူးပေါင်းဆောင်ရွက်မည့်   နှစ် နိုင်ငံသေ ဘာတူညီမှု ထုတ်ပြန်ချက်အ ပြီး ၂ဝ၁၃ ဇန်နဝါရီ ၃၁ ရက်နေ့တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
 ပဲခူးမြို့ ၁၉-ရပ်ကွက် မြို့ရှောင် လမ်းဘေး နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန်းကြည်ကလည်း ယောက်ျား ဆုံးသွားခဲ့ပြီး ကျန်ရှိ ကလေး သုံးယောက်၏ မကြာမီ ကျောင်းအပ်ရ မည့် အပေါ်သောကပွားနေရကြောင်း ပြောသည်။ ”အလုပ်အကိုင်က ရေစည် လှည်းတွန်း ပဲပြုတ်ရောင်း၊ ဒီလုပ်ငန်းနဲ့ ကလေးတွေကို ကျောင်းထားရတယ်။ ကလေးတွေ ကျောင်းအပ်ဖို့ မပြောနဲ့ ကိုယ်နေမယ့်နေရာတောင် လေဆိပ်စီမံ ကိန်းကြောင့်   နေရာပြောင်းလို့ ဘယ်မှာ နေရမှန်းမသိပါဘူး။ လက်ထဲပိုက်ဆံရှိ ရင် ကလေးတွေကို ကျောင်းအပ်ပြီး လို တာဝယ်မယ်လို့ စိတ်ကူးထားတယ်” ဟု ညည်းပြော ပြောသည်။။ ကလေးက လည်း ၄ တန်းနဲ့ ၈ တန်းဆို တော့ အကြီးကောင် အင်္ကျီအငယ်ကောင် ဝတ်မရဘူး။ ခက်နေတာက ဒီ နှစ်မှာ ကလေးတွေကို ကျောင်းအပ်ဖို့ ဖိနပ်က အစ ထီးအထိအသစ်ဝယ်ပေးရမှာ။ နေဖို့နေရာလေး သေသေချာချာ သိ သွားရင်တော့ ကလေးတွေအတွက် အတိုးနဲ့ယူပြီး လုပ်ပေးမှာပါ။ ဒီနှစ်က ကျန်းမာရေးလည်း မကောင်းတော့ အရင်လို အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူး” ဟု ထမင်းအိုးတည် နေရင်းမှ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။ သူ့စကားက မဆုံးသေး။ မျိုသိပ်ထားရခြင်းကြောင့် ပို၍ရင်မော နေရမှုကို ယခုမှ ဖွင့်ထုတ်ခွင့် ရဟန်တူ သည်။ ”သမီးကြီး ကျောင်းကလည်း ကားခကို တစ်ရက် တစ်ထောင်လောက် နီးပါးရှိတယ်။ ဒါတောင် သမီးကြီးက
ကျောင်းပြန်လာရင် ကျွန်မနဲ့အတူ ရေ စည်လှည်း လိုက်တွန်းပေးလို့ စား သောက်လို့ အဆင်ပြေနေတာ နောက် ဆို မိုးရွာတော့မယ်ဆိုေ တာ့ ရေစ ည်း လှည်းတွန်းတဲ့အလုပ်လည်း နားရတော့ မယ်။ ပဲပြုတ်အလုပ်တစ်ခုနဲ့ပဲ စားတာ အဆင်မပြေနိုင်ဘူး” ဟု ရှည်ရှည်လျား လျား သူဆက်ပြော လိုက်သည်။
ဤသို့ဖြင့် ပညာရေးလမ်း ပျောက် နေသော ကလေးများ၏ အနာဂတ်ဆို သည်က မရေမရာ။  ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပထမ အကြိမ် လွှတ်တော်ခေါ်ယူခြင်းမှ အစပြုကာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စတင် အသက်ဝင်လာခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများအရ မျက်မှောက် အခြေ အနေနှင့် ဝိရောဓိဖြစ်ဖွယ် များလည်း ရှိနေဆဲ။  သေချာသည်က ဆင်းရဲနွမ်း ပါးခြင်း၏ ဘေးထွက် ဆိုး ကျိုးများက တော့ စိန်ခေါ်နေပြီဖြစ်သည်။
ပညာရေးအတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူ ဥပဒေပုဒ်မ ၂၈ အပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်သည် အခ မဲ့ မသင်မနေရမူလတန်းပညာရေးစနစ် ဖော်ဆောင်မည်ဟု ဆိုသည့်အတိုင်း အစိုးရမှ ယခုစာသင်နှစ် ကျောင်းဖွင့် ရာသီတွင် အခြေခံပညာ မူလတ န်း ကျောင်းများ၌ အခမဲ့ ကျောင်းအပ်နိုင် ကြောင်း ကြေညာထားသော ဆိုင်းဘုတ် များအားကျောင်းများ အားလုံးလိုလိုတွင် တွေ့မြင်နေရသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အခမဲ့မသင် မနေရ မူလတန်း ပညာရေးစနစ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ ပြဋ္ဌာန်းခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ ၅ သန်းကျော်  အတွက် ကျောင်းဖတ်စာ စာအုပ်ဖိုး ငွေ ကျပ် ၅ ဒသမ ၁၅ သန်း။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပညာသင်နှစ်တွင် ၁၈၃၅ ဒသမ ၅ သန်း ကျပ် ထောက်ပံ့ပေးခဲ့ ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် တွင်လည်း မူလတန်းကျောင်းသားတစ် ဦးလျှင် ကျောင်း ဖတ်စာအုပ်များ၊ ဗလာ စာအုပ်တစ်ဒါဇင်နှင့် ငွေကျပ် တစ် ထောင်ကို ထောက်ပံ့ပေးရန် စီစဉ်နေ ကြောင်း သတင်းထုတ်ပြန် ထားသည်။
   ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှု ကော်မတီအတွင်းရေးမှူး ဒေါက် တာမြဦးက ”အခု ဆောင်ရွက်နေတာ မျိုး အရဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်း မူလတန်းပညာကို သင် ကြားနိုင်ဦးမယ်မထင်ဘူး။ ဥပဒေအရ သီးသန့်ချမှတ်မှ ရတော့မယ်။ မဟုတ် ရင် ကျောင်းနေအရွယ်ကလေး တိုင်း မူလတန်းပညာ သင်ကြားရမယ်ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည့်မှာ မဟုတ်ဘူး” ဟု ပြောသည်။
    ဥပဒေအရ ဆိုပါလျှင် ကလေးတိုင်း ပညာသင်ကြား နိုင်မည်ဖြစ်ပြီး ကျောင်း မထားနိုင်သော မိဘ များကိုလည်း အစိုးရမှ ကျောင်းထားနိုင်ေ အာင် ထောက်ပံ့မှု ရှိလာ မည်ဟု ဒေါက်တာမြ ဦးက ဥပဒေရှိလာမည့် နောက်ပိုင်း အနာဂတ်အကျိုး ဆက်ကို ရှင်းပြသည်။ အစိုးရ အဆက်ဆက်ပ ညာရေးအပေါ် ချပေးသည့် အသုံးစရိတ်သည် ဝန်ကြီးဌာနများ အားလုံးနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးတွင် သာရှိခဲ့သည်။ သို့သော် မြန်မာပြည်၏ ပညာရေး သမိုင်းကြောင်း အရ တစ်ချိန်ကဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ နိုင်ငံခေါင်းဆောင်အပြင်ဦးသန့်ကဲ့သို့ ကမ္ဘာသိ ပုဂ္ဂိုလ်များကို မြန်မာ ပြည်ပ ညာရေးမှ မွေးထုတ်ခဲ့မှုမှာ အထင်အရှားပင် ဖြစ်သည်။ သို့ သော် မြန်မာပညာရေးအား နိမ့်ဆင်းသွားသည်ဟု စွပ်စွဲသံ များက ညံနေသည်မှာလည်း ကြာမြင့်ခဲ့ပြီ။ လက်ရှိ အစိုးရ တာဝန်ရှိသူများကိုယ်တိုင် မြန်မာပညာရေးမှာ အမှန် တကယ် နိမ့်ဆင်းနေ ကြောင်း ထုတ်ဖော်ဝန်ခံ ကြသည်။ အခြေခံကျ သည့် မူလတန်းအဆင့် တွင် ဖြေရှင်းရမည့်ပြဿနာ က အစိုးရအဆက်ဆက် အတွက်တော့ မဖြစ်မနေ ရင်ဆိုင်ရမည့် အခြေအ နေတ စ်ရပ်ပင်။ မြန်မာ နိုင်ငံ၏ အခြေခံမူလတန်း အဆင့်တွင် ကျောင်း ထွက်နှုန်း မြင့်မားနေ သည့် အတွက် ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ပညာ သင်နှစ်တွင် ပညာ ရေးဝန်ကြီးဌာနက  ”မသင်မနေရ မူလ တန်း ပညာရေး စနစ်” ကို စတင် ကျင့်သုံးခဲ့ရသည် က အထင် အ ရှား။ သို့သော် ပညာရေးဆိုင် ရာထောက်ပံ့ကူ ညီမှုများ နည်း ပါးနေဆဲဖြစ် ရာ ပြည်သူများ ၏ငွေအင်အား နှင့် ရပ်တည် နေ ရသော ကိုယ်ထ ကိုယ်ထ ကျောင်းများနှင့်ဘု န်းတော်ကြီးသင် ပညာရေးကျောင်းထပ်တိုးချဲ့ကာ ဝိုင်းကူခဲ့ရသည်။ ဆင်းရဲခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း ပညာမပြီးဆုံးဘဲ စာသင်ခန်းမှ ထွက်ခွာ သွားမှုတွင် ရခိုင် ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းရှေ့၊ မွန်၊ ကရင်၊ ချင်းတို့ရှိ ကလေး ငယ်တို့မှာ အများဆုံးဖြစ်နေသည်ဟု   နိုင်ငံတကာအသိအမှတ်ပြုခြင်း ခံထား ရသော စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ စစ်တမ်းဖော်ပြမှုအရ သိရသည်။
ပဲခူးမြို့ ဘုရားကလေး စံပြကျေး ရွာ အမှတ် (၁၃) ဘုန်းတော်ကြီး သင် မူလတန်း ပညာရေးကျောင်း ထိုင် ဆရာတော် ဦးဇဝနက ”ဆင်းရဲ လို့  ကျောင်းမနေနိုင်ကြဘူး။ မကြည့်ရက်လို့ ခေါ်ပြီး စာသင်ပေးနေတာ။ တစ်နှစ်တစ် နှစ် တိုးလာတဲ့ ဦးရေက မနည်းဘူး။ အယောက် ၃ဝဝ   ကျော်လောက် ရှိပြီ” ဟု မိန့်သည်။ ပြည်မြို့ ကရုဏာလက်များ ကွန် ရက်ဥက္ကဋ္ဌ ဦးမြင့်ဇော်ကလည်း    ”ကျွန်တော်တို့ ဆီမှာ အခြေအနေမဲ့ တောင်း ရမ်းစားသောက်နေပြီး စာမသင် ရတဲ့ ကလေးတွေ ၅ဝဝ ကျော်လောက် ရှိမယ်။ သူတို့ဘဝတွေ ဒီအတိုင်းပဲ ဆက်ရှင်သန်ခဲ့ကြရင် သူတို့ သာမက သူတို့ရဲ့ မျိုးဆက်တွေမှာပါ ခက်ခက်ခဲခဲ ဘဝကို ကျော်ဖြတ်ကြရတော့မယ်။ ဒီအတွက် ၂ဝ၁၂ ခုနှစ် ကတည်းက အိမ်မှာ စာသင်တယ်။ အခု စာသင် ကျောင်းရပြီ။ ဒါတောင် ကလေးက ၅ဝ မပြည့်ဘူး” ဟုပြောသည်။
    မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ငွေ အသုံးစရိတ်သည် ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ (နိုင်ငံ၏နှစ်စဉ်ထုတ်ကုန်နှင့် ဝန်ေ ဆာင် မှုစုစု ပေါင်းတန်ဖိုး) ဝ ဒသမ ၈ ရာခိုင် နှုန်းနှင့် အာဆီယံနိုင်ငံများအနက် အ နည်းဆုံးဖြစ်ခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ ရေး နှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒုတိယအနည်းဆုံးနေရာမှာ ရှိနေခဲ့ ရာ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆကျော် ထပ်တိုးခဲ့သည် သို့သော် ပြည့်စုံမှုမရှိ လောက် ငရုံသာဟု ပညာ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်အများစုက ဆိုကြ သည်။
ပဲခူးသူ ဒေါ်စန်းကြည်က ”ကျွန်မ တို့ မိဘတွေဆီက အမွေရစရာလည်း မရှိပါဘူး။ သားသမီးတွေကိုလည်း ဘာ အမွေမှ မပေးနိုင်ပါဘူး။ပညာကိုေ တာ့ ဆုံးခန်းတိုင်အောင်သင်ပေးချင်ပါတယ်။ ကလေးတွေကကျောင်းနေရတာ ပျော် ကြပါတယ်”ဟု သူက မိခင်တစ်ယောက် ၏ခံစားမှုကို ပြော လာသည်။မူလတန်းကလေးများက တစ်နိုင် ငံလုံးတွင် ၅ သန်းခွဲကျော်။ နိုင်ငံ၏ ဆင်းရဲမွဲတေမှုက ၂၆ ရာခိုင်နှုန်း။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဝင် ဦးတင်ညိုက ”လူ့အခွင့်အရေးအရ လူတိုင်း ပညာသင်နိုင်ရပါ့မယ်။ ဒါပေမဲ့ ဒီမှာလိုသေးတာပေါ့။ ကျွန်ေ တ်ာက   လေဖြစ်နိုင်ရင် မသင်မနေရကို အလယ် တန်းအထိကို ထားစေချင်တယ်” ဟု ပြောသည်။
 ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး  Mark Lowcock နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြား ရေးမှူးချုပ် မစ္စတာ Peter Baxer တို့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ပညာရေးဆိုင်ရာ အကူအညီ အထောက်အပံ့ အသစ် တစ်ခုစတင် မည်ဟု ပြောကာ ဒေါ်လာ သန်း ၅ဝဝ ကို အသုံးပြုသွားမည်ဖြစ်ပြီး မူလတန်း ပညာရေးစနစ်တွင် အဓိကထား အသုံး ပြုသွားမည်ဟု ကြေညာထားသည်။
 ထိုကဲ့သို့ နိုင်ငံတကာ၏ အကူ အညီ ပြည်တွင်းအင်အားနှင့် ပေါင်း လိုက်ပါက မူလတန်းအဆင့်တွင် လူ တိုင်းကျောင်းတက်နိုင်ဖို့က အိပ်မက် မဟုတ် တကယ်လက်တွေ့ဖြစ်လာနိုင် ပေမည်။ အချိန်ကာလကတော့ မရေ မရာ မသေချာသည့် အခြေအနေတွင် သာ ရှိနေဆဲ။ နိုင်ငံအဆင့် ပညာရေး ညှိနှိုင်းရေး မှူး ဒေါ်အေးအေးသင်းက ”ငွေကြေး အင်အား တောင့်တင်းမှုနဲ့ အစီအမံ ကောင်းနဲ့သာ ဖြေရှင်းရင် ဒါဟာ ပြဿ နာ တစ်ရပ်မဟုတ် ပါဘူး။ နိုင်ငံ တည် ဆောက်ဖို့ ပညာတတ်တွေ အများကြီး လိုပါတယ်။ အခုလက်ရှိ ဖြစ်နေတာက မူလတန်းအဆင့်ကို ကလေးတိုင်း မတက်နိုင်၊ တက်နေတဲ့ ကလေးတွေ လည်း ထွက်ကုန်ကြတာတွေ ရှိနေတော့ ဒီလို ယိုစိမ့်ပေါက်တွေကို အစိုးရကိုယ် တိုင်ကသာ လုပ်နိုင်ပါလိမ့်မယ်” ဟု ၄င်းက အားမလိုအားမရ ထောက်ပြ သည်။
 ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ် က မြို့နယ်ပေါင်း ၃၃ဝ အနက် ၄ မြို့ နယ်ကိုသာ အခမဲ့မသင်မနေရ ပြဋ္ဌာန်း ထားသည့် မူလတန်းပညာရေးကို ပီပြင် စွာ အကောင်အထည် ဖော်မည်ဟု ပညာရေးဝန်ကြီးဌာနက ယခုနှစ် မေလ အတွင်း ထုတ်ဖော်ပြောဆိုခဲ့မှုက အခြေ ခံပညာရေး ပြောင်းလဲမှု ၏ ခြေလှမ်း အစပင်လော မသိ။
 ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ဆိတ်ကြီး ခနောင်တို၊ မဟာအောင်မြေမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် တို့တွင်    အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ယခုမြို့နယ်၏ အခြေအနေ ကြည့်ကာ နောင်နှစ်များတွင် တိုးချဲ့သွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေအရ အများစုက အလုပ်လုပ်နိုင် သူ တစ်ဦးတည်း၏ ဝင်ငွေ ပေါ် မှီခိုနေ ရသည်မှာ မိသားစု၏ စားဝတ်ေ နရေး အခြေခံလိုအပ်ချက်ပင် မလုံလောက်။ ထိုထဲမှ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်က ဘယ်လိုမှ မဖူလုံနိုင်၊ မလုံလောက်မှု ပြဿနာကို မိသားစု ဝင်တို့ပါ ဝိုင်းဝန်းဖြေရှင်းရသည့်အတွက် ကလေးများ၏ ပညာရေးမှာ မသေချာ မရေရာ ဖြစ်နေခြင်းက အစစ်အမှန်ပင် ဖြစ်သည်။
 မလှလှဝင်း တစ်ယောက်အတွက် ကတော့ မလှမ်းမကမ်းရှိ  စစ်တောင်း အိမ်ရာမှ အဝတ်လျှော်သည့်အလုပ်ကို နေ့တိုင်းရပါစေလို့ ဆုတောင်းနေရ သည်။ ကျောင်းဝတ်စုံလေးများ လျှော်ဖွပ် နေရင်း မိမိ၏ သားသမီးများ သုံး ယောက်စလုံး အတွက်လည်း ကျောင်း ဝတ်စုံအသစ်တစ်ထည်စီ ကို ကျောင်း ဖွင့်ချိန်အမီ ဝယ်ပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားကြောင်း မလှလှဝင်းက ဆို သည်။
မဟာစင်ကြောင့် မိုးရိပ်မြင်နေရ သော်လည်း မိုးကမရွာနိုင်ဘဲ အပူဓာတ် ဖြင့် ခြောက်ကပ်ဆဲ။  မိုးရွာရွာ မရွာရွာ  ကျောင်းဖွင့်ရာသီကတော့ မရှောင် သာ အောင် ရောက်လာပြီ ဖြစ်သည်။ ကျောင်းဝင်းအတွင်း အဖြူ၊ အစိမ်း ကျောင်းဝတ်စုံဖြင့် ပျော်ရွှင်စွာ ဆော့ ကစားရင်း ပညာသင်ကြားနိုင်ရေး အတွက် အချို့သောမိဘများအတွက် ကတော့ အခက်အခဲများစွာဖြင့် ရင်းနှီး ခဲ့ရသည်။ အချို့သော ကလေးများက တော့ ကျောင်းဆို သည်ကို ပင် ငေးကြည့် မနေနိုင်သော ဘဝတွေထဲမှာ။
ပညာရေးဝန်ကြီး ဌာနက ယခု နှစ်တွင် မူလတန်း ပညာရေးအခမဲ့ဟု သတ်မှတ်ကာ လိုအပ်သော ကျောင်း သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ကြေ ညာထားသည်။ အလယ်တန်း အဆင့် အား ကျောင်းအပ်ခ၊ မိဘဆရာ အ သင်းကြေး၊ စာကြည့်တိုက်ကြေးတို့ အတွက် ငွေကျပ် ၁၅ဝဝ မှ ၁၈ဝဝ ကြား၊ အထက်တန်းအဆင့်ကို ကျပ် ၁၉ဝဝ မှ ကျပ် ၂ဝဝဝ အကြား ကောက် ခံမှု ပြုမည့်အပြင် ပုံနှိပ်စာအုပ်ကြေး မှာလည်း ပဉ္စမတန်း၊ အဋ္ဌမတန်း အား ကျပ် ၁၅၅ဝ၊ သတ္တမတန်းအား ကျပ် ၁၇ဝဝ၊ အဋ္ဌမတန်းအား ကျပ် ၂၃ဝဝ၊ နဝမတန်း သိပ္ပံကို ကျပ် ၂၄၅ဝ၊ ဝိပ္ပံကို ကျပ် ၂၆ဝဝ၊ တက္ကသိုလ် ဝင်တန်းအား ဝိပ္ပံ ကျပ် ၃၃ဝဝ၊ သိပ္ပံအား ကျပ် ၃၂၅ဝတို့သာ အသီးသီး ကျသင့်မည် ဟု ကြေညာထားသည်။ ထို့အပြင် ထိုငွေကြေးမှလွဲ၍ ခေါင်း စဉ်အမျိုးမျိုး တပ်၍ မည်သည့်ငွေကြေးမှ မကောက် ခံဖို့ပါ တားမြစ်ထားသည်။
 ထိုငွေကြေးကိုပင် မတတ်နိုင်သူတို့ ရှိနေသည်မှာ နိုင်ငံ၏စီးပွားရေးအဆင့် အတန်းကို မီးမောင်းထိုးပြနေသယောင်။  ကျောင်းအပ်ခ၊ စာရွက် စာတမ်း ကြေးက ကျပ် ၅ဝဝဝ ကျော်ပေမယ့် ကလေးအတွက် နေ့စဉ်စရိတ် အပြင် စားဖို့၊ ဝတ်ဖို့၊ သုံးဖို့ကို မိဘများမတတ် နိုင်ကြ။ ရန်ကုန်မြို့ လယ်တွင် အမှိုက်သိမ်း နေသော စည်ပင်ဝန်ထမ်း လူငယ်လင် မယားက ”ကျွန်မတို့ ကလေးကို ကျောင်းထားချင်တာပေါ့။ ဒါပေမဲ့ ကလေးကို   ကျောင်းကြိုပို့ဖို့က လင်မ ယား နှစ်ယောက်စလုံးက အမှိုက်တွေ လိုက်သိမ်းနေရတယ်။ ဝင်ငွေကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ ကလေးကိုတော့ ကျွန်မတို့ အမှိုက်သိမ်း ရာနောက်ကိုပဲ ခေါ်ရတာပေါ့။ ကလေး ကို လေ့ကျင့်ပေးထားလို့ စာရေးတတ် ဖတ်တတ်နေပါပြီ” ဟု အမှိုက်ပုံဘေး တွင် ထိုင်ပြီး ဗလာစာအုပ်ပေါ် စာရေး နေသော ၄င်းတို့၏ သမီးလေးကို ကျောင်းမထားနိုင်သည့် အခြေအနေ အား ရှင်းပြသည်။
 ”သမီးကျောင်းတက်ချင်တာပေါ့။ ကျောင်းတက်ရရင် အရမ်းနံတဲ့ဟာ တွေကိုလည်း မကိုင်ရဘူးပေါ့။ ပြီးရင် ကားတွေလည်း စီးရမှာပေါ့။ စာမတတ် ရင် ဖေကြီး၊ မေကြီးတို့လိုပဲ အမှိုက် ကျုံး ရမယ်လို့ မေကြီးက ပြောတယ်လေ” ဟု စည်ပင်ဝန်ထမ်း လင်မယား၏ သမီး ငယ်လေးက ၄င်း၏ ခံစားချက် ကို ပြော ပြသည်။မိုးမရွာ၍ ဖားများက ဆူညံစွာ အော်နေသည်။ ထိုကဲ့သို့ အသံမထွက် သော်လည်း ကျောင်းဖွင့်ရာသီ ရောက် တိုင်း ကလေးများ စာသင်ခန်းဆီသို့   လွတ်လွတ်လပ်လပ်ရောက်နိုင်ဖို့အရေး လေးလံသော တာဝန်ကြီးတစ်ရပ်ကဲ့သို့ ရင်မောသက်မ ချနေရသည့် မိဘအုပ် ထိန်းသူ များစွာ၏ မြန်မာ့ပညာရေး အပူမီးကတော့ အသံတိတ်မိုးခေါင်နေ ဆဲ ဖြစ်ပါသည်။
.. www.MyanmarExpress.net
နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသို့ အလုပ်သဘောခရီးစဉ် သွားရောက်ရာမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
From : ..သမ္မတရုံး
နေပြည်တော် မေ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်  အမေရိကန် ပြည်ထောင်စုသို့အလုပ်သဘောခရီးစဉ် သွားရောက် ပြီးနောက်မေ(၂၁)ရက် ဒေသစံတော်ချိန် မွန်းလွဲ(၁)နာရီ(၃၅)မိနစ်တွင် အဖွဲ့ဝင်များနှင့်အတူဝါရှင်တန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတအားအမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသန်းဆွေ၊ စစ်သံမှူးဗိုလ်မှူးကြီးမြင့်သိန်းနှင့် သံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်း များ၊ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကဝါရှင်တန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။
ထို့နောက် မေ(၂၂)ရက် ဒေသစံတော်ချိန်ညနေ(၅)နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးMr. SuhSeoung-hwan၊ နိုင်ငံခြားရေးဝန်ကြီးဌာနသံတမန်ဌာနအကြီးအကဲနှင့် အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်ကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်မြင့်ဟိန်းနှင့် သံရုံး၊ စစ်သံရုံး ဝန်ထမ်းများကကြိုဆိုကြသည်။
ထိုမှတစ်ဆင့် ကိုရီးယားလေကြောင်းခရီးစဉ်ဖြင့်ဆက်လက်ထွက်ခွာခဲ့ရာညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
နိုင်ငံတော်သမ္မတအားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အလားတူ ပြည်တွင်းပြည်ပ သတင်းထောက်များကလည်းလေဆိပ်သို့ လာရောက်သတင်းရယူပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြန်လည်လိုက်ပါ လာသည့် အဖွဲ့ဝင်များအားခရီးစဉ်၏ အောင်မြင်မှုအခြေအနေများကိုဆွေးနွေးမေးမြန်းကြသည်။
နိုင်ငံတော်သမ္မတသည် ရန်ကုန်မြို့မှတစ်ဆင့် ယနေ့ နံနက်(၁ဝ)နာရီတွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိရာဒုတိယသမ္မတများ ဖြစ်ကြ သည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများကနေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။  
ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာ ဒုက္ခသည်စခန်းများ အမိုးအကာအခက်အခဲ ကြုံနေရ၊ မွတ်ဆလင်ဒုက္ခသည်များကို ကူညီနေသည့် ရွေဝါရောင် တော်လှန်ရေး ဘုန်းကြီးများ ဗုဒ္ဓဘာသာများကို ပစ်မထားသင့်
From : ..irrawaddy
မြန်မာနိုင်ငံ နယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင်းမှ ဒုက္ခသည် စခန်းများတွင် ပြီးခဲ့သည့် မဟာဆင် မုန်တိုင်းကာလမှ စပြီး ယနေ့အထိ မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် အမိုးအကာ အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက အမိုးအကာများ ပြင်ခွင့် မပေးခြင်းကြောင့် လည်းကောင်း၊ ပြင်ဆင်ရန် စရိတ်မရှိသောကြောင့် လည်းကောင်း အမိုးအကာ အခက်အခဲ ဖြစ်နေပြီး စခန်းအတွင်းရှိ အဆောင် ၁၀၀ နီးပါး ပျက်စီးယိုယွင်း နေကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာ ခရိုင် တက္ကနာမြို့နယ် လေဒါကျေးရွာအနီးရှိ လေဒါ ဒုက္ခသည် စခန်းမှ ဒုက္ခသည်ရေးရာ ကော်မတီ အဖွဲဝင် ဇော်ဖော့က ဧရာဝတီသို့ ပြောသည်။
“ဆောက်ထားတဲ့ နှစ်ကလည်း ၁၀ နှစ်နီးပါး ဖြစ်နေပြီဆိုတော့ အပျက်အစီးတွေက များတယ်။ အလုပ်အကိုင် ရှိနေတဲ့ လူတွေကျတော့ ကိုယ့်ဘာသာကိုယ် ရှာကြံပြီး ပြင်ဆင်တာတွေ ရှိတယ်။ အဆိုးဆုံးက အလုပ်လုပ်မယ့်သူ မရှိတဲ့ မုဆိုးမ အဆောင်တွေပေါ့။ အခု အစိုးရက အဆောင်တွေကို ပြင်ဆင် ဆောက်လုပ်ခွင့် မပေးတာရယ်၊ နိုင်ငံတကာ အကူအညီ မရတာရယ်ကြောင့် မပြင်နိုင်တာ” ဟု ဇော်ဖော့က ဆိုသည်။
လေဒါ ဒုက္ခသည် စခန်းကို ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အိမ်ထောင်စု ၂၀၀၀ ကျော်ကို Muslim Aid နှင့် NGO Forum for Public Health အဖွဲ့ ၂ ဖွဲ့က ရေနှင့် ဆေးဝါးကုသမှု အကူအညီများ ပေးခဲ့သည်။
ထို့အပြင် ကော့စ်ဘာဇာ ခရိုင် ဦကီယာမြို့နယ် ကူတူပါလန် ကျေးရွာအနီးရှိ ဒုက္ခသည် စခန်းတွင် မိသားစု ၈၀၀၀ ခန့် ရှိနေပြီး ဗလီ တချို့နှင့် လူနေအိမ် တချို့ကို Action Contrela Faim (ACF) က ကူညီမှု အနည်းငယ် ရှိသော်လည်း ဒုက္ခသည် အများစုမှာ ကိုယ်ထူကိုယ်ထသာ လုပ်ကိုင်နေကြရကြောင်း စခန်းကြီးကြပ်ရေး ကော်မတီဝင် နူဒူဟောက်က ပြောသည်။
“မိသားစုတွေကလည်း များတယ်။ ကိုယ့်ဘာသာကိုယ် တတ်နိုင်သူတွေက တဲလေးတွေပြင်တယ်။ လုံးဝ မတတ်နိုင်တဲ့ သူတွေကျတော့ စုပေါင်းပြီး ကူညီပေးရတာတွေ ရှိတယ်။ ဒါတောင် ပလတ်စတစ် အစုတ်အပြဲတွေ၊ မြက်ပင်တွေ၊ ကောက်ရိုးတွေနဲ့ ဖာထေးပြီး အမိုးအကာ လုပ်နေကြရတဲ့ မိသားစုတွေလည်း မနည်းပါဘူး။ သူတို့ တကယ့် တကယ် မိုးကြီးလာရင် မလုံနိုင်ဘူး” ဟု နူဒူဟောက်က ဆိုသည်။
ကူတူပါလန် Register ဒုက္ခသည်စခန်းနှင့် နော်ယာပါရာ ဒုက္ခသည် စခန်းနှစ်ခုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ထားသည့်အတွက် လိုအပ်ချက် အပြည့်အစုံမဟုတ်သည့် တိုင် ထိုက်သင့်သလောက် ကူညီပံ့ပိုးများ ရရှိကြောင်း၊ ယခု မိုးရာသီ ရောက်ရှိချိန် မတိုင်မီ ကတည်းက အမိုးအကာ တချို့ကို ကြိုတင် ပြင်ဆင်ပေးထားကြောင်း ဒုက္ခသည် တဦးဖြစ်သူ ဦးမောင်သိန်းက ပြောသည်။
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်း ကူတူပါလန် Register ဒုက္ခသည်စခန်းနှင့် နော်ယာပါရာ ဒုက္ခသည် စခန်းနှစ်ခုကို UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကာ ကူညီပံ့ပိုးမှုများ ပြုလုပ်နေသော်လည်း ကူတူပါလန် Unregister ဒုက္ခသည် စခန်းနှင့် လေဒါ ဒုက္ခသည်စခန်း နှစ်ခုကို UNHCR က ဒုက္ခသည်အဖြစ် အသိမှတ် မပြုသည့်အတွက် NGO တချို့ကသာ ထောက်ပံ့မှု အနည်းအကျဉ်း ပေးနေရကြောင်း သိရသည်။
ဘင်္ဂလာဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည် စခန်းများအနက် UNHCR က အသိအမှတ်ပြုထားသည် ဒုက္ခသည် စခန်း ၂ ခုမှ ဒုက္ခသည် သုံးသောင်းကျော်ကိုသာ UNHCR က ကူညီနေပြီး ကျန်ဒုက္ခသည် စခန်းနှစ်ခုမှ ဒုက္ခသည် တသိန်း နီးပါးကို UNHCR က ကူညီခွင့်မရကြောင်း၊ ထိုသို့ ကူညီခွင့်မရခြင်းသည် ဘင်္ဂလာဒေ့ရှ် အစိုးရ အနေဖြင့် ယင်းဒုက္ခသည်များကို မြန်မာဘက်ကို ပြန်ပို့လိုခြင်းနှင့် မြန်မာဘက်မှ ဒုက္ခသည်များ ဘင်္ဂလာဒေ့ရှ်တွင် ဆက်လက် မတိုးပွားစေလိုသောကြောင့် ဖြစ်နိုင်ကြောင်း ကော့စ်ဘာဇာ မြို့ထုတ် Thedathbedath သတင်းစာ၏ လက်ထောက် အယ်ဒီတာ အာလန်က ထောက်ပြဖူးသည်။
“ကျနော်တို့ မိုးရာသီကို ကြောက်ဆုံးပဲ။ အလုပ်လည်း ထွက်လုပ်လို့ မရဘူး။ ထင်းရှာ ရောင်းလို့လည်း မရဘူး။ UNHCR ကလည်း မကူညီဘူးဆိုတော့ မိုးတွင်းရောက်ရင် နေရေး၊ ထိုင်ရေး၊ စားရေး၊ ကျန်းမာရေးက အစ လိုအပ်ချက်တွေ ပိုများလာတာပေါ့” ဟု ကူတူပါလန် Unregister ဒုက္ခသည် စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ ဆိုးရွတ်က ပြောသည်။
.. www.MyanmarExpress.net
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြောင်းလဲမှုကို သက်သေပြဖို့ MEG တိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်နေတာ သတ်တမ်း ၃ နှစ် ပြည့်တော့မှာဖြစ်ပေမယ့် သိသာထင်ရှားတဲ့ လုပ်ဆောင်နိုင်မှု တစ်ခုမှ မရှိသေးတာကြောင့် သက်သေပြဖို့ MEG အယ်ဒီတာ က တိုက်တွန်းလိုက်ပါတယ်။
၃ နှစ်အတွင်း ပြည်ပနိုင်ငံ အများအပြားကို သွားရောက်ခဲ့ပေမယ့် လူထုအတွက် ဘာမှ မရရှိခဲ့ပါဘူး။ ပြည်တွင်း နှင့် နယ်အချို့ကို သွားရောက်ခဲ့ပေမယ့်လည်း အရေးပေါ် လိုအပ်နေတဲ့ ရခိုင်ဒေသ နဲ့ မိတ္ထီလာဒေသတွေကိုတော့ မသွားခဲ့ပြန်ပါဘူး။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ညံ့ဖျင်းမှုကြောင့် အနှစ်အနှစ် အလလ စွဲကိုင်ခဲ့ရတဲ့ ရွှေဂုံတိုင်ကျေညာချက်ကို ဖျက်သိမ်းလိုက်ရ တဲ့အပြင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အလိုကျ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာခဲ့ရပါတယ်။
လွှတ်တော်ထဲရောက်လာသော်လည်း ၃ နှစ် အတွင်း ၃ ခုလောက်သာ ထဆွေးနွေးနိုင်ခဲ့ပြီး ဦးရွှေမန်း နှင့် ဦးခင်အောင်မြင့် ဝင်လာတိုင်း မက်တက်ရပ် ပေးနေခဲ့ရပါတယ်။
ဖွဲ့စည်းပုံကို NLD မှ ဦးဆောင်ပြင်မယ်ဟု ပြောခဲ့သော်လည်း ပြည်ခိုင်ဖြိုးမှ အဆိုတင်သွင်းပြီး ဦးဆောင်ပြင်နေပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အားပေး ထောက်ခံခဲ့သည့် စီးပွားပိတ်ဆို့မှုများကလည်း သမ္မတကြီးဦးသိန်းစိန် အစိုးရအဖွဲ့၏ တောင်းဆိုမှုကြောင့် ဆက်တိုက် ပွင့်လာပါတယ်။
ပထမဆုံး အရည်အချင်း စစ် စာမေးပွဲဖြစ်တဲ့ လက်ပံတောင်းတောင် စာမေးပွဲမှာလည်း လုံးဝ ပြီးပြတ်အောင်မြင်အောင် မုလုပ်နိုင်တဲ့အပြင် ဆန္ဒပြခံခဲ့ရပြီး ယခုထိလည်း ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။
 အခြား အသုံးမကျတာတွေကိုလည်း လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ တွေ့ခဲ့ရပါတယ်။
  အဆိုးဆုံးကတော့ မျက်စိစုံလုံးကန်းကာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မမြင်ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မျက်စိကန်းနေသည့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုများကတော့
လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးသဘောတူနိုင်ခဲ့သဖြင့် တိုက်ပွဲ ထိတွေ့မှု အရေအတွက် သိသိသာသာ လျှော့နည်းလာခြင်း (ဒေါ်စု အသံသာပစ်နေပြီး လက်တွေ့လောက်ဆောင်မှု မပါခဲ့) ၊
IMF မှ မြန်မာ့စီးပွားရေး သိသိသာသာ တိုးတက်နေကြောင်း၊ နောက်နှစ်တွေမှာ ပိုမိုတိုးတက်မည်ဖြစ်ကြောင်း ရာခိုင်နှုန်းအတိအကျဖြင့် အမြဲဖော်ပြလာခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊
ကားဈေးများ အဆမတန် ကျဆင်းအောင်လုပ်ပေးသဖြင့် နိုင်ငံတွင်း ကားစီးနိုင်သည့် ပြည်သူအရေအတွက် သိသိသာသာ တိုးလာခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊
ဖုန်းဈေးများ ၁၅၀၀၀၀၀ မှ ၁၅၀၀ ထိ ချပေးသဖြင့် နိုင်ငံတွင်း ဖုန်းကိုင်နိုင်သူအရေအတွက် သိသိသာသာတိုးလားခြင်း (ဒေါ်စု လုပ်ဆောင်မှု တစ်စက်မှ မပါ) ၊
မီဒီယာလွတ်လပ်ခွင့်များ သိသိသာသာ တိုးတက်လာပြီး နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများတွင် အစိုးရမကောင်းကြောင်း တွင်တွင်ကျယ်ကျယ် ရေးသားလာကြခြင်း (အစိုးရချပေးတဲ့ သတင်းစာထုတ်ဝေခွင့်ကို ဒေါ်စုကိုယ်တိုင်ခံစားနေရလို့ ကိုယ်တိုင်တောင် သတင်းစာထုတ်နေ)  ၊
အကျဉ်းသားအများအပြား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အပြင် အစိုးရလုပ်သမျှ အပြစ်မြင်သည့် သမဂ္ဂများ၊ ကွန်ယက်များ၊ အသင်း အဖွဲ့များ သိသိသာသာ တိုးလာခြင်း (ကိုယ်တိုင်တောင် အလုပ်မဖြစ်တဲ့ ကွန်ယက်တွေဖွဲ့ပြီး ရံပုံငွေရှာ ပိုက်ဆံကောက်နေ) ၊
ကုလ အစည်းအဝေးအား သမ္မတကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောနိုင်သည့်အပြင်၊ ကုလသမဂ္ဂ၏ အစဉ်တစိုက် ချီးကျူးထောက်ခံမှုကို ရရှိလျှက်ရှိခြင်း (ကုလရုံးဆီ ဒေါ်စု အနားတောင် မကပ်နိုင်) ၊
အမေရိကန် နှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်နိုင်သည့်အပြင် မြန်မာသမ္မတအား အိမ်ဖြူတော်သို့ ဖိတ်ခေါ်တွေ့ဆုံနိုင်ခြင်း နှင့် စည်းပွားပိတ်ဆို့မှုများ ဖြေလျှော့အောင် ပြောဆိုဆွေးနွေးနိုင်ခဲ့ခြင်း (ဒေါ်စု အိုဘားမားနဲ့တွေ့ပေမယ့် အနမ်းခံတာကလွဲပြီး ဘာမှမတောင်းဆိုခဲ့) ၊
ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်ဆောင်လွန်းသဖြင့် ကမ္ဘာ့ပြုပြင်ပြောင်းလဲရေး သင်္ကေတ ပုဂ္ဂိုလ်ဟု CNN မှ သတ်မှတ်ခြင်းကို ခံခဲ့ရခြင်း (ဒေါ်စု မျက်စိကန်းနေသည်) ၊ 
 နောက်ထပ် ပြောလို့မကုန်တဲ့ ပြောင်းလဲခြင်းတွေ လည်း အများအပြား ရှိပါတယ်။ ကိုယ်တိုင်အပြောင်းအလဲကို ဘာတစ်ခုမှ သက်သေမပြနိုင်တဲ့အပြင် သူတပါးကို သက်သေပြဖို့ တောင်းဆိုနေတဲ့ ၆၇ နှစ်အရွယ် မိုက်ကယ်အဲရစ် မိန်းမ ဒေါ်စုကြည်အား လူထုမှ  စိတ်ပျက်လျှက် ရှိကြောင်း သိရပါတယ်။
.. www.MyanmarExpress.net
၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ